အခန်း ၁၄၉၆
Vol. 101 Ch. 1496
အပိုင်း (၁၄၉၆)
သူ့အနေဖြင့် ဆယ်နှစ်တာ ကတိစကားတိုက်ခိုက်ပွဲတွင် ရီရှင်းချန်အား ဧကရီလင်းရောင်နှင့်တိုက်ခိုက်ရန် ကတိပေးပြီးပြီဆိုမှတော့ နောက်ခြောက်နှစ်မှ ငါးနှစ်အတွင်း ရီရှင်းချန်ကို ပိုအားကောင်းအောင် ပြုလုပ်ပေးရန် နည်းလမ်းတစ်ခုကိုလည်း ရှာဖွေပေးရန် လိုအပ်နေ၏။ အခြားနည်းလမ်းလည်း မရှိချေ။ ဂိမ်းဆာဗာကို ခိုးယူရန်သာ ရှိတော့၏။
"တကယ်တော့"
စနစ်က ပြောလိုက်သည်။ "မင်းဘာသာ အားကောင်းလာအောင်လုပ်ပြီးတော့ တပည့်အတွက် လက်စားချေလိုက်တာ ပိုပြီးတော့ မကောင်းဘူးလား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ "အောက်နယ်မြေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက အားညိုကို စိတ်ထိခိုက်စေခဲ့တယ်။ သူ့ရဲ့အတွင်းစိတ်မိစ္ဆာဆိုးကို ချေဖျက်ဖို့ဆိုတာ အရမ်းအရေးကြီးနေပြီ။ ဒါမှသာ သူက အကန့်အသတ်တစ်ခုကို ဖောက်ထွက်လာနိုင်မှာ"
ကုန်းရှန့်အနေဖြင့် ယောကျာ်းကောင်းတစ်ယောက်မဟုတ်သလို၊ လင်ယောကျာ်းကောင်းတစ်ယောက်လည်း မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းအတွက်ဆိုလျှင် သူသည် ကောင်းမွန်လှသည့် ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်၏။
"ဒီတော့ လက်ခံသူအနေနဲ့ အရင်းအမြစ်တွေကို အကုန်သုံးပြီးတော့ တပည့်အတွက် အဆင့်မြှင့်တင်ပေးတော့မယ်ပေါ့" စနစ်က မေးမြန်းလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သူ့ရဲ့ အတွင်းစိတ်မိစ္ဆာဆိုးကို ချေဖျက်နိုင်မယ်ဆိုရင် ပေးဆပ်ရတဲ့ အရင်းအမြစ်က ထိုက်တန်ပါတယ်"
လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အရင်းအမြစ်များကို အညီအမျှ မျှဝေသည်။ လက်ရွေးစင်တပည့်များသည် ပိုမို၍ရရှိသည် ဆိုသော်လည်း အချင်းချင်း သာတူညီမျှသာ ရရှိကြ၏။
ရီရှင်းချန်အား အလျှင်အမြန် အဆင့်ချိုးဖျက်ချင်လျှင် သူ့အနေဖြင့် ဂိုဏ်းတစ်ဂိုဏ်းလုံးမှ အရာများကို ပေးအပ်မှသာလျှင် ဖြစ်ပေလိမ့်မည်။
ဤအရာများသည် အဓိကဂိုဏ်းများသာ ပြုလုပ်တတ်သော အရာများ ဖြစ်၏။ ၎င်းတို့သည် ရှိရှိသမျှသော အရင်းအမြစ်များကို နုတ်ယူကာဖြင့် တစ်ကယ့်ကို ပါရမီရှိလှသော ဂျူနီယာများအတွက် အသုံးပြုတတ်ကြသည်။ ထိုမှသာလျှင် ထိုဂျူနီယာသည် ပိုမိုကာ အားကောင်းလာမှာ ဖြစ်၏။
ရီရှင်းချန်၏ ပါရမီနှင့် တိုးတက်နှုန်းသည် ထိုကဲ့သို့ ပြုစုပျိုးထောင်ရန် ထိုက်တန်လွန်းလှ၏။ သို့ပေမဲ့ ပြဿနာရှိသည်မှာ လုချင်းချင်း၊ လီချင်းယန်၊ စုရှောင်မိုနှင့် အခြားသော လက်ရွေးစင်တပည့်များသည်လည်း ဤကဲ့သို့ ပြုစုပျိုးထောင်ရန် ထိုက်တန်ကြသူများ ဖြစ်နေခြင်းပင်။ ထို့ကြောင့်ပင် ပြိုင်စံရှားဂိုဏ်းသည် လက်ရွေးစင်တပည့်များကို ညီတူညီမျှ ဆက်ဆံနေရသည်။
၎င်းတို့သည် တစ်ယောက်ချင်းစီ ခေါ်ယူ၍လေ့ကျင့်ပေးရလောက်သော သူများ မဟုတ်ကြေနောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောငိးသည် သိုလှောင်လက်စွပ်လေးကွင်းကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာရှိတယ်။ ယူသွားပြီး လေ့ကျင့်လိုက်။မလုံလောက်ဘူးဆိုရင် ထပ်လာရှာ"
ရီရှင်းချန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သိန်းတစ်ရာဆိုသည်မှာ ဂိုဏ်းတစ်ခုအတွက် အလွန်များပြားလှသည် မဟုတ်ချေ။ သို့ပေမဲ့ လူတစ်ယောက်အတွက်တော့ များပြားလှ၏။
"ဂိုဏ်းချုပ် … ဒါကနည်းနည်းမများဘူးလား"
အားညိုသည် အရင်တုန်းက မောက်မာခဲ့သည်ဆိုသော်လည်း ပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် အရင်းအမြစ်များသည် မည်မျှအရေးကြီးကြောင်း ပိုမို၍သိလာခဲ့၏။ ဂိုဏ်းချုပ်သည် သူ့အား အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး သိန်းတစ်ရာကိုပင် ပေးအပ်လျက် ရှိနေ၏။ ထိုအရာသည် အနည်းငယ် များလွန်းနေသည်ဟု ခံစားနေမိ၏။
"ဒါဆိုရင် ငါနည်းနည်း ပြန်ယူလိုက်ရမလား"
ရွှီး …..။
ရီရှင်းချန်သည် ချက်ချင်းပဲ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်၏။ ပထမတုန်းက သူသည် ငြင်းပယ်ရန် ကြိုးစားခဲ့သေး၏။ သို့ပေမဲ့ ရရှိလာသည့် ခံစားချက်သည် အလွန်ကောင်းမွန်လွန်းလှ၏။ ဤကဲ့သို့ များပြားလှသည့် အရင်းအမြစ်များနှင့်ဆိုလျှင် သူ၏ကျင့်ကြံခြင်းအဆင့်မှာ ပို၍တိုးတက်သွားမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဒါဆိုရင် ငါတို့ချက်ချင်းပဲ စကြမယ်။ အတိုင်းအတာတစ်ခုအတွင်း ဂိုဏ်းတာဝန်တွေကို တစ်ခုမှမလုပ်နဲ့ ။ လက်ရှိ ကျင့်ကြံခြင်းပေါ်မှာသာ အာရုံစိုက်ထားလိုက်"
"ကောင်းပါပြီ"
ရီရှင်းချန်သည် အဓိကဟောခန်းထဲမှ ထွက်ခွာသွားခဲ့၏။ ပြီးနောက် အချိန်နှင့်တည်နေရာ လျို့ဝှက်ဝင်ပေါက်ထဲသို့ ဝင်လိုက်သည်။
ခြောက်နှစ် သို့မဟုတ် ခုနှစ်နှစ်ဆိုသည်မှာ ကြာလှသည်မဟုတ်သလို အချိန်တိုလှသည်လည်း မဟုတ်ချေ။ သူ့အနေဖြင့် ကျင့်ကြံခြင်း၏ အရှိန်ကို အမြန်ဆုံးမြင့်တင်နိုင်ရန် ကြိုးစားရပေလိမ့်မည်။
ထိုမှသာလျှင် သူ၏ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူရောင်ရင်းများ၏ မျှော်လင့်ချက်အတိုင်း နေထိုင်နိုင်မှာ ဖြစ်၏။ တံခါးပိတ်ကျင့်ကြံခြင်းတွင် လိုအပ်သည့်အရာတစ်ခုလည်း ရှိနေသေး၏။ ထိုအရာမှာ ကျင့်ကြံခြင်းလမ်းစဉ် တွင် အစစ်အမှန် သိုင်းယှဉ်ပြိုင်တိုက်ခိုက်မှုအတွေ့အကြုံ လိုအပ်နေခြင်းပင်။
ထို့ကြောင့် နောက်တစ်ရက်အတွင်း လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများသည် အားညိုနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကို ပြုလုပ်ကြ၏။
ထိုသို့ယှဉ်ပြိုင်မှုနှုန်းသည် အလွန်မြင့်မားလှပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော လင်းယွမ်ခန်းမဆောင်၏ စာလုံးများကိုပင် အသက်သွင်း၍ တိုက်ခိုက်ခဲ့ကြ၏။ ထိုသို့တိုက်ခိုက်ခြင်းတွင် ရီရှင်းချန်သည် အခြားသော လက်ရွေးစင်တပည့်များထက် ပိုမိုကာအားကောင်း၏။ သို့သော် အများကြီးမဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲ၏ အရှိန်အဟုန်သည် အလွန်ပင် ကြီးမားပြင်းထန်လွန်းနေသည်။
ဘုန်း ဘုန်း ဘုန်း
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကိုတော့ များပြားလှသည့် အစီအရင်များ ထောက်ပံ့ပေးထားတော့၏။ ကောင်းကင်လက်ဝါးရိုက်ချက်နှင့် အခြားသောတိုက်ကွက်များသည် ရံဖန်ရံခါဆိုသလို ထုတ်ဖော်အသုံးပြုသည် ဖြစ်သောကြောင့် တိုက်ခိုက်ပွဲသည် အလွန်ကြမ်းတမ်းလွန်းလှချေ၏။
ဖောက် ဖောက် ဖောက်
ခနလောက်ကြာပြီးနောက် ရီရှင်းချန်သည် အနောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်၏။ သူသည် ခန္ဓာကိုယ်ကို ကွေးညွှန့်ကာဖြင့် အသက်ကို မနည်းရှုရှိုက်နေရသည်။
"စီနီယာအစ်ကို"
ဟယ်ဝူတီ သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"..."
ရီရှင်းချန်သည် သူ၏နှဖူးပေါ်တွင် ရှိနေသော ချွေးများကိုသုတ်ကာ ပြောလိုက်၏။ "ဒီကောင် အရမ်းအားကောင်းလွန်းတယ်"
သူသည် လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများကို အနိုင်ယူခဲ့၏။ သူ၏အားအင်အဆင့်သည် အခြားသူများထက် ပိုမိုကာ အားကောင်းသည်ဆိုသော်လည်း ဟယ်ဝူတီကိုတော့ တစ်ခါတည်း ရှုံးနိမ့်ခဲ့ရသည်။
တစ်ဖက်လူ၏ရှေ့တွင် သူသည်ဘာမှမဟုတ်သလို ခံစားနေမိ၏။ ရီရှင်းချန်သည်သာမက ကျွင်းချောင်ရှောင်း သည်လည်း ထိုအချင်းအရာကို သတိပြုမိခဲ့၏။
သူ၏ နောက်ဆုံးတပည့်သည် ဂိုဏ်းထဲတွင် သိုသိုသိပ်သိပ် နေထိုင်နေပြီး အသံပင်ထွက်တတ်သူတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ တိုက်ခိုက်သည့်အချိန်မှာတော့ ကောင်းမွန်သည့်တိုက်ခိုက်ချက်များကို ထုတ်ဖော်နိုင်သည်။
"စီနီယာအစ်ကို … ခုနကတိုက်ခိုက်ခဲ့တဲ့ ကောင်းကင်လက်ဝါးရိုက်ချက်က မဆိုးဘူးဆိုပေမဲ့ ပြစ်ချက်တွေ အများကြီးရှိနေတယ်။ ဒီပြဿနာတွေကိုသာ ဖြေရှင်းနိုင်ပြီဆိုရင် ပိုပြီးတော့ တိုးတက်သွားလိမ့်မယ်"
ဟမ့်
ရီရှင်းချန်သည် နှခေါင်းရှုံ့လိုက်၏။ တံခါးပိတ်သည့် တာဝန်ကို ယူထားရသော ဤအကောင်သည် သူ့အား လမ်းညွှန်ပြသနေသည် မဟုတ်ပါလား။
နားနေခန်းထဲ ပြန်ရောက်ပြီးနောက် သူသည် ဟယ်ဝူတီ ပြောခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။ ကောင်းကင်လက်ဝါးရိုက်ချက်ကို ပြန်လည်ကာ သုံးသပ်ခဲ့၏။ ပြီးနောက် ရီရှင်းချန်သည် ပိုမိုကာ နားလည်သွား၏။ သူ၏မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။
“နည်းနည်းလေး လမ်းညွှန်ပြသလိုက်တာနဲ့ တစ်ကယ်ပဲ နားလည်သွားတာကို စီနီယာအစ်ကိုရီရဲ့ နားလည်မှု စွမ်းရည်က မဆိုးဘူး"
ဟဲဝူတီ သည် လမ်းလျှောက်လာရင်း တွေးလိုက်၏။ သူသည် မူလအားဖြင့် ဂိုဏ်းထဲတွင် ဘယ်သူမှသတိမပြုမိအောင်နေရန် စဉ်းစားထားသော်လည်း စီနီယာအစ်ကိုရီသည် ဆယ်နှစ်တာတိုက်ပွဲအတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်ကို မြင်ပြီး စာနာစွာဖြင့် ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်၏။
"ဝူတီ"
ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ခန်းမမှ လမ်းလျောက်ထွက်လာပြီးနောက် သူသည် အဓိကဟောခန်းရှေ့တွင် ရပ်ကာ လက်ကိုဝေ့ရမ်း၍ လှမ်းခေါ်လိုက်သည်။ "လာအုံး"
ဟယ်ဝူတီ၏ စိတ်ထဲတွင် မကောင်းသည့်ခံစားချက်များ ရရှိနေ၏။
ဟုတ်ပေသည်။ အဓိကဟောခန်းသို့ ရောက်ရှိပြီးနောက် ဂိုဏ်းချုပ်သည် စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိနေ၏။ ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။ "မင်းက မရိုးရှင်းဘူးပဲ"
တစ်ဖက်လူသည် ရီရှင်းချန်အား လမ်းညွှန်ပေးနေသည်ကို သူကောင်းကောင်းမြင်ခဲ့၏။ သူ့အား ပိုမို၍အံ့အားသင့်စေသည်မှာ ကောင်းကင်လက်ဝါးရိုက်ချက်ကို နက်နက်နဲနဲ နားလည်နေခြင်းပင် ဖြစ်၏။ ထိုအရာသည် ကုရှောင်းရှစ်ပင်လျှင်စွမ်းဆောင်နိုင်သည့် အရာမျိုးမဟုတ်ချေ။
အတိတ်တုန်းကသာဆိုလျှင် ဟယ်ဝူတီ သည် ပေါ်ပေါ်ထင်ထင်နေထိုင်တတ်သည့် လူတစ်ယောက်မဟုတ်ချေ။ နောက်ဆုံးတပည့်ဆိုသော ဂုဏ်ပုဒ်ကို အသုံးပြုကာဖြင့် သိုသိုဝှက်ဝှက်နေထိုင်တတ်သူ တစ်ယောက်သာ ဖြစ်၏။
"ကျုပ် …. ကျုပ်"
"အားလုံးသောသူတွေမှာ ကိုယ်ပိုင်လျို့ဝှက်ချက်ဆိုတာ ရှိတယ်။ ဒီတော့မင်းမပြောချင်ရင် ငါအတင်းကြီး ဖိအားပေးနေမှာ မဟုတ်ဘူး"
"…..." ဟယ်ဝူတီ သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်ကာဖြင့် ပုခုံးကို ပုတ်လိုက်သည်။ "တကယ်တော့ မင်းကိုစတွေ့ကတည်းက မင်းကမရိုးရှင်းဘူးဆိုတာ သိသားပဲ။ ဒါကြောင့်လည်း မင်းကိုနောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့တာပေါ့"
ဟယ်ဝူတီ သည် နောက်ဆုံးတပည့်ဆိုသည့် စကားကို ကြားရသည့်အချိန်တိုင်း ငိုချင်နေမိ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် နောက်ဆုံးတပည့်ဆိုသည့်အတိုင်း နောက်ဆုံးတံခါးကို အမြဲပိတ်နေရသောကြောင့်ပင်။
"ငါမမှားဘူးဆိုရင် …"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မင်းက မြလား"
အောက်နယ်မြေမှာ ရှိစဉ်ကတည်းက သူသည် နေကာမျက်မှန်ကို အသုံးပြုကာ ကြည့်ရှုခဲ့သောကြောင့် တစ်ဖက်လူသည် နတ်ဘုရားအဆင့်နှင့်အထက် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။
ထို့ကြောင့် အထက်နယ်မြေသို့ ရောက်ရှိပြီးနောက် ၎င်း၏အားအင်အဆင့်သည် တစ်ဖြည်းဖြည်းနှင့် ပို၍အားကောင်းလာခြင်း ဖြစ်နိုင်၏။
"အမှန်ပါပဲ"
"ဒါဆိုရင် ဘာလို့အောက်နယ်မြေကို ရောက်လာတာလဲ"
"ဘာလို့လဲဆိုတော့"
ဟယ်ဝူတီ သည် ခနလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ပြီးနောက် ဝန်ခံလိုက်သည်။ "သက်တန့်ရောင်စဉ်ကျမ်းကြောင့်ပါပဲ"
ကျွင်းချောင်းရှောင်းသည် အံ့အားသင့်မိသွား၏။ ဟယ်ဝူတီ သည် သက်တန့်ရောင်စဉ်ကျမ်းကို မည်ကဲ့သို့ရရှိခဲ့ကြောင်း၊ များပြားလှသည့် ကျင့်ကြံသူများသည် သူ့အား မည်ကဲ့သို့အမဲလိုက်ခဲ့ကြောင်း ပြန်ပြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် သူသည် အောက်နယ်မြေသို့ အတင်းချိုးဖျက်ကာ ထွက်ပြေးလာခဲ့ရကြောင်း ပြောဆိုခဲ့၏။
သို့ပေမဲ့ အရေးကြီးသည့်အကြောင်းအရာကိုတော့ သိုဝှက်ထားခဲ့သည်။ ထိုအရာမှာ သူဖြစ်ပျက်ခဲ့သည်မှာ အထက်နယ်မြေတွင်မဟုတ်ဘဲ အခြားသော လောကတစ်ခုတွင် ဖြစ်ပျက်ခဲ့သည့်အေ"ဒါဆိုရင် သက်တန့်ရောင်စဉ်ကျမ်း နံပါတ် ဘယ်လောက်လဲ"
"တစ်ပါ"
"......."
ကျွင်းချောင်ရှောင်းသည် မျက်နှာပြင်တွင် တည်ငြိမ်နေသည်ဆိုသော်လည်း စိတ်ထဲတွင်တော့ အမှန်ပင်စိတ်လှုပ်ရှားလျက် ရှိနေ၏။ သူသည် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်မှန်းမသိ ဖြစ်သွားခဲ့၏။ သူ ပထမဆုံးဝယ်ယူခဲ့သော သက်တန့်ရောင်စဉ်ကျမ်းသည် ဤကံဆိုးလှသည့် လူဆီမှ စနစ် ခိုးယူခဲ့ခြင်း ဖြစ်နေလေတော့သည်။