← Chapters

အခန်း ၁၄၉၈

Vol. 101 Ch. 1498

အခန်း ၁၄၉၈

Vol. 101 Ch. 1498

အပိုင်း (၁၄၉၈)

ဝှစ်

ရီရှင်းချန်သည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှ လျှောက်ထွက်လိုက်၏။ သူ၏ အော်ရာများသည် ယခင်ကထက် ပိုမိုကာ အားကောင်းလာခဲ့တော့၏။ အမှန်ပင်ဖြစ်သည်။ သူသည် အမြူတေပြောင်းလဲခြင်း အဆင့်သုံးဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ ဤအရာမှာ လေးလသာ ကြာမြင့်ခဲ့၏။ သာမန်ကျင့်ကြံသူများ၏ အမြင်ဖြင့် ကြည့်ရှုမည်ဆိုလျှင် ဤအရာမှာ မနှေးကွေးလှချေ။ မနှေးကွေးသည့်အပြင် အလွန်တရာပင် မြန်ဆန်လို့ နေခဲ့၏။

သို့ပေမဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး သိန်းတစ်ရာကို အသုံးပြုပြီးသည့်နောက် အဆင့်တစ်ခုကိုသာလျှင် မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် သာမန်ကျင့်ကြံသူများ တတ်နိုင်သည့်အရာမျိုးလည်း မဟုတ်ချေ။ အရင်းအမြစ်များကို အားကိုးသည်ဆိုလျှင်တောင်မှ ပြဿနာမရှိနိုင်ချေ။ ထိုအပြင် ကျွင်းချောင်ရှောင်း အနေဖြင့် အရင်းအမြစ်များ အများအပြားကို ပေးစွမ်းနိုင်စွမ်း ရှိနေ၏။ သူသည် ရှိရှိသမျှသော အရာအားလုံးကို အသုံးပြု ကာဖြင့် ရီရှင်းချန်အား ကူညီရန် စဉ်းစားထားခဲ့သည်။

သို့ပေမဲ့ တစ်စုံတစ်ယောက်၏ အဆင့်မြှင့်တက်လာသည်နှင့် အမျှ အဆင့်ချိုးဖြတ်ရန်အတွက် အရင်းအမြစ်များ ကို မှီခိုနေ၍ မရတော့ချေ။ လောက၏ နိယာမများကို နားလည်ရန်လည်း လိုအပ်နေသေး၏။

ဥပမာအားဖြင့် ရီရှင်းချန်သည် လက်ရှိအခြေအနေ၌ အမြူတေအသွင်ပြောင်းလဲခြင်း၏ ချီအသွင်ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာလျှင် လိုအပ်တော့၏။ အရင်းအမြစ်များကို အသုံးပြု၍ အဆင့်ချိုးဖြတ်ရန် ပြုလုပ်၍ မရတော့ချေ။ သူ့ကိုယ်ပိုင်အားအင်အဆင့်ကို အသုံးပြုကာ အဆင့်ချိုးဖြတ်မှ ရပေလိမ့်မည်။

ပြောရမည်ဆိုလျှင် အဆင့်ကိုးဆီသို့ ရောက်ရှိရန်အတွက် အဆင့်ကြီးသုံးဆင့် တည်ရှိနေ၏။ အရင်းအမြစ်များကို မည်မျှ အသုံးပြုသည်ဆိုလျှင်တောင်မှ ဤအဆင့်ကြီးသုံးဆင့်သည် အလွန်တရာ ခက်ခဲလွန်းလှ ချေ၏။ ဥပမာအားဖြင့် ထိုက်ရွှမ်အကြီးအကဲပင်ဖြစ်သည်။ ၎င်း၏အဆင့်သည် ရီရှင်းချန်နှင့် တူညီသည့် အမြူတေ ပြောင်းလဲခြင်းအဆင့်သုံးတွင် တည်ရှိနေ၏။ သို့ပေမဲ့ အဆင့်လေးကို ရောက်ရှိရန်မူ အလွန်တရာ ဝေးကွာလျက် နေသေး၏။

အဘယ်ကြောင့်ဆိုသော် သူ့အနေနှင့် လုံလောက်သည့်နားလည်မှုကို ရရှိရန် လိုအပ်နေသောကြောင့်ပင်။ ထိုက်ရွှမ်အကြီးအကဲ၏ နှလုံးသားသည် သိုင်းကျင့်ကြံခြင်းတွင် မရှိချေ။ သို့ပေမဲ့ ကံကြမ္မာဖတ်ခြင်းနှင့် အစီအရင် များ ဖန်တီးခြင်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့၏။ အတိတ်တုန်းက သူသည် ကျင့်ကြံနေတုန်း အမြူတေ အသွင် ပြောင်းလဲခြင်းအဆင့်သုံးဆီသို့ အမှတ်မထင် ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ ထပ်မံ၍ အဆင့်တက်ရန်ဆိုသည်မှာ သူ့အတွက် အလွန်တရာ ခက်ခဲနေခဲ့သည်။

အဆင့်သုံး၊ အဆင့်ခြောက်၊ အဆင့်ကိုး - ထိုအရာများသည် အဆင့်ချိုးဖြတ်ရန်အတွက် အလွန်ခက်ခဲသည့် အဆင့်များသာဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ ခက်ခဲလှသည်ဆိုခြင်းများသည် ကျွင်းချောင်ရှောင်း အပေါ်သို့ သက်ရောက်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် အဆင့်တက်ရန်အတွက် အထူးတာဝန်များကို ပြည့်စုံရန်သာ လိုအပ်နေခဲ့၏။ သူ့အနေနှင့် သိုင်းနည်းစနစ်နှင့် လောက၏နိယာမများကို နားလည်ရန် မလိုအပ်ချေ။

“အင်း... ငါ့အနေနဲ့ ဒီအဆင့်မှာ အကြာကြီး ပိတ်မနေစေဖို့ မျှော်လင့်မိတယ်” ရီရှင်းချန်သည် စိတ်ထဲမှ ကြိတ်ကာ ဆုတောင်းလိုက်မိ၏။ နောက်ထပ် လဝက်ခန့် ကျင့်ကြံပြီးသည့်နောက်မှာတော့ သူသည် မည်သည့်တိုးတက်မှုကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ပြဿနာတစ်ခုခု ရှိလာသည်ဆိုပါက သူ့အနေနှင့် ဂိုဏ်းချုပ်ကို သွားရောက်ကာ ရှာဖွေရပေလိမ့်မည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်၏။ “ဖြူမဲညီနောင်တို့ကိုသာ သွားမေး လိုက်တော့”

သူသည် တာဝန်များကို ပြုလုပ်ပြီး အဆင့်တက်ခဲ့သူဖြစ်၏။ ထို့ကြောင့် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ မည်သည့်နားလည်မှုမျိုးကိုမှ မပိုင်ဆိုင်ခဲ့ချေ။ ထို့ကြောင့် လုံလောက်သည့် သိုင်းပညာအတွေ့အကြုံ များမရှိဟု ဆိုရမည်ဖြစ်သည်။

ရီရှင်းချန်သည် ဖြူမဲညီနောင်တို့ကို သွားရောက်ကာ ရှာဖွေခဲ့၏။

“ချီအသွင်ပြောင်းလဲခြင်းအဆင့်ဆိုတာက စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့အတွက် တကယ့်နေရာပဲ။ ဒီတော့ ကောင်းကင်နဲ့မြေကြီးအတွင်းမှာရှိတဲ့ အစစ်အမှန် စိတ်ဝိညာဉ်စွမ်းအင်တွေကို နက်နက် နဲနဲနဲ့ နားလည်ဖို့ ကြိုးစားရလိမ့်မယ်။ ဒါမှ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့စွမ်းအင်အရင်းအမြစ်တွေကို ပြောင်းလဲ လိုက်နိုင်မှာပေါ့” အမဲရောင်နတ်ဆိုးသည် ရှင်းပြလိုက်သည်။

“ဒါနဲ့ အစောင့်အရှောက်တို့... အဆင့်ချိုးဖြတ်ဖို့ ဘယ်လောက်ကြာခဲ့လဲ” ရီရှင်းချန်က မေးလိုက်၏။

“နှစ်ငါးရာလေ”

“နှစ်လေးရာကျော်ကျော်”

“ချီးတဲ့မှ”

အဖြူရောင်နတ်ဆိုးသည် ရုတ်တရက် ထအော်လိုက်သည်။ “မင်းက ငါ့ထက် တစ်နှစ်ပဲ မြန်တာလေ”

“လေးရာကိုးဆယ်နဲ့ကိုးနှစ်ကလည်း နှစ်လေးရာကျော်ပဲ မဟုတ်ဘူးလား။ ငါ ဘာမှားလို့လဲ” အမဲရောင်နတ်ဆိုး သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။

“..........”

ဤညီအစ်ကိုနှစ်ယောက်သည် ထပ်မံကာ ရန်ဖြစ်ကြပြန်၏။ ရီရှင်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ကာ ထွက်ခွာလာခဲ့၏။ အထက်နယ်မြေ၏ အစောင့်အရှောက် နှစ်ယောက်တို့သည် သိုင်းပညာနှင့် ပတ်သက်လျှင် ပါရမီရှင်များဟု သတ်မှတ်နိုင်၏။ ၎င်းတို့သည်ပင်လျှင် အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်သုံး ဆီမှ အဆင့်လေးဆီသို့ ချိုးဖြတ်ရောက်ရှိရန် နှစ်ငါးရာခန့် ကြာမြင့်ခဲ့၏။ ထိုသို့ဆိုလျှင် သူ့အနေနှင့် ခြောက်နှစ်၊ ခုနှစ်နှစ် အတွင်း မည်ကဲ့သို့ ကျော်ဖြတ်ရမည်နည်း။

“အားညို”

ကျွင်းချောင်ရှောင်းက အားပေးလိုက်၏။ “မင်းအနေနဲ့ ဘာကိုမဆို ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ထားမျိုး ရှိမှ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပေါ့”

ရီရှင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျုပ် အဆင့်ကို ချိုးဖြတ်နိုင်မလား။ မချိုးဖြတ်နိုင်ဘူးလားဆိုတာတော့ ဂိုဏ်းချုပ်အပေါ် မူတည်နေပြီ။ ဒီတော့ ဆေးလုံးတွေ ဘာတွေ ပေးပါတော့”

..................

“အလျင်မလိုနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ ဖန်တီးလိုက်ပါအုံးမယ်”

အထူးတာဝန် (၄) ပြည့်စုံရန် အချိန်ကာလသည် ရက်အနည်းငယ်သာလျှင် ကြာမြင့်ခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ဆုလာဘ်များအပေါ်တွင် မျှော်လင့်ချက် တည်ရှိနေခဲ့၏။ သူ့အား အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ချိုးဖြတ် ရောက်ရှိနိုင်သော ဆေးဖော်မြူလာကိုသာ မပေးအပ်နိုင်ဘူးဆိုလျှင်တောင်မှ ချီအသွင်ပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်နိုင်သည့် ဖော်မြူလာလောက်ကို ပေးစွမ်းသည်ဆိုလျှင် ကောင်းပေလိမ့်မည်။

“မပေးရင် ဘာဖြစ်လဲ” စနစ်က မေးလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း... ဒါဆိုရင်လည်း စတိုးထဲပဲ သွားရတော့မှာပေါ့”

လွန်ခဲ့သည့် ငါးလလုံးလုံး တပည့်များသည် တာဝန်များကို တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ၎င်း၏ ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းအောင်မြင်မှုအမှတ်များနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည် နေ့စဉ် တိုးတက်လျက် ရှိနေ၏။ လက်ရှိအချိန်တွင် တော်တော်ပင် စုမိဆောင်းမိ ဖြစ်နေတော့၏။ တခြား ရွေးချယ်စရာလည်း မရှိနေလျှင် စတိုးထဲသို့ဝင်ကာ အမှတ်များကို ရူးရူးမူးမူး သုံးပစ်ရန်လည်း စဉ်းစားထားခဲ့၏။ ဥပမာအားဖြင့် သူသည် တစ်နှစ်တာ ဗွီအိုင်ပီ အသုံးပြုသူအကောင့်ကိုပင် ဝယ်ယူရန် စဉ်းစားထားခဲ့၏။

..............

ရက်အနည်းငယ်ကြာပြီးသည့်နောက်

“ဒင်... အထူးတာဝန်ပြည့်စုံသည်”

“ဒင်... လက်ခံသူသည် ကျောက်စိမ်းတောင်တန်းရှိ ကြီးမားလွန်းလှသည့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို အောင်မြင်စွာ ရရှိခဲ့၏။ ထို့ကြောင့် လိုအပ်ချက်များသည် ကိုက်ညီသွားခဲ့သည်။ အထူးတာဝန်သည် ပြည့်စုံသည်။ ပြည့်စုံသည့်နှုန်းထား တစ်ရာရာခိုင်နှုန်း။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်သိန်းကို ရရှိခဲ့၏”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် -၃၄၄၀၀၀၀”

“ဒင်... လက်ခံသူသည် အထက်နယ်မြေ၏ အထူးတာဝန်နံပါတ်လေးကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ စည်းဖွင့်ခြင်းအဆောင် နံပါတ်လေး တစ်ခု၊ စကားအတည် တစ်ခုတို့ရရှိ၏”

“ဒါ ဘာလဲ” ဆုလာဘ်ကို ကြားသိပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြိုလဲလုမတတ် ဖြစ်နေ တော့၏။ ပြည့်စုံမှုနှုန်းသည် တစ်ရာရာခိုင်နှုန်း တည်ရှိသောကြောင့် စည်းဖွင့်ခြင်းအဆောင် နံပါတ် (၄) ကို ရရှိခဲ့ခြင်း ဖြစ်နေသည်လား။

“ပြီးတော့ စကားအတည် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို သေသေချာချာ ပြန်လည်ကြည့်ရှုပြီးသည့်နောက် ပျော်ရွှင်သွားမိ၏။ “ဒါကတော့ ပစ္စည်းကောင်းတစ်ခုပဲ”

ယခင်တုန်းက သူသည် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက် ထိုသို့သောအရာတစ်ခုကို ရရှိခဲ့၏။ ထို့ကြောင့် လုချင်းချင်း၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ခါတည်း တိုးမြှင့်ပေးနိုင်ခဲ့သည်။ ယခု ရီရှင်းချန်အား အစစ်အမှန်ရှာဖွေခြင်းအဆင့်ရောက်အောင် တစ်ခါတည်း ကူညီပေးနိုင်ပေတော့မည်။

ဟား ဟား ဟား ဟား

ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို အုပ်ကာကာဖြင့် ရယ်မောလိုက်၏။ “အင်း... ဆေးလုံးဖော်မြူလာ တွေထက် ပိုပြီးတော့ ကောင်းတာပဲ”

ဆေးလုံးဖော်မြူလာများ ဆိုသည်မှာ ဆေးပင်များကို ရှာဖွေရန် လိုအပ်နေ သေး၏။ သို့ပေမဲ့ ဤစကားအတည်ဆိုသောအရာမှာ မိမိဖြစ်စေချင်သောနာမည်နှင့် ကျင့်ကြံခြင်းအဆင့်ကို အော်လိုက်သည်နှင့် တစ်ခါတည်း တိုးတက်ရောက်ရှိသွားစေနိုင်သည့်အရာဖြစ်သည်။

စနစ်သည် ဆွံ့အသွားမိ၏။ “ငါ တကယ်ပဲ ပြောင်းပြန်ပြောလို့ရနေတဲ့ စနစ်များလား”

လက်ခံသူလိုချင်တာကို ရရှိရန် သူမမျှော်လင့်ခဲ့ပေ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူမမျှော်လင့်သည့်အတိုင်းပင် လက်ခံသူသည် ရရှိခဲ့သည်။ “ဟင်း... ငါ့ရဲ့အခြေအနေက ဟယ်ဝူတီထက်တောင် ပိုပြီးဆိုးရွားနေတာပဲ”

“ဒင်.... လက်ခံသူသည် အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်ခုနှစ်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။”

ဟူး... ဟူး

ကျွင်းချောင်ရှောင်း အနေဖြင့် ပျော်ရွှင်လျက် ရှိနေတုန်းမှာပဲ ချက်ချင်းမျက်နှာတစ်ခုလုံး အေးခဲသွားခဲ့၏။ သူ၏ အတွေးနှင့် ဝိညာဉ်များသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ စုစည်းသွားခဲ့တော့၏။ အဆင့်ခုနှစ် အမြူတေအသွင် ပြောင်းလဲခြင်းကျင့်ကြံသူဆိုသည်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်ဟုပင် သတ်မှတ်နိုင်၏။ ထို့ကြောင့် တာဝန် များကို ပြုလုပ်ပြီး အဆင့်တက်နေသည့်သူသည် ကြီးမားလှသည့် သိုင်းကျင့်ကြံခြင်းအသစ်ထဲတွင် အသားကျလာ ခဲ့ပြီးသည့်နောက် အထဲတွင် ရှိနေသည့် လောက၏ နက်နဲသည့် နိယာမများကို ရူးရူးမူးမူး စုပ်ယူတော့၏။

ဒွီ

ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အစစ်အမှန်လောကဆီသို့ ပြန်လည် ရောက်ရှိလာ၏။ သူသည် နာကျင်စွာဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ထားမိတော့၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဂိမ်းဆာဗာကို ခိုးယူ၍ အဆင့်တက်သူတစ်ယောက်ဖြစ်သောကြောင့် ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ပတ်သက်သော နားလည်မှုဟူ၍ တစ်စုံတစ်ခုမှ မရှိချေ။ ထို့ကြောင့် ထိုအရာများ အားလုံးကို ဦးခေါင်းအတွင်းသို့ သွပ်သွင်းလိုက်သလို ဖြစ်ခဲ့သောကြောင့် နာကျင်မှုကို ခံစားနေရခြင်းပင်။

အတိုချုပ် ပြောရမည်ဆိုလျှင် သူသည် သူ၏ သိစိတ်နှင့် ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သည့် အသိပညာများကို ထည့်သွင်းခံလိုက်ရခြင်းပင်။ ဟူး..... နာကျင်မှုသည် တစ်နာရီခန့် ကြာမြင့်ခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် အထက်အဆင့်နှင့် အသားကျခဲ့ပြီးသည့်နောက် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ်ဖြင့် ထိုင်လျက်ရှိနေ၏။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “အဆင့်တစ်ခုပဲ တက်တာလား”

“ဒါ သာမန်ပဲလေ” စနစ်သည် ထူးမခြားသလို ပြောလိုက်၏။ အချိန်တိုင်း အဆင့်ကြီးသုံးဆင့်ကို ချိုးဖြတ်ရောက်ရှိ မည်ဆိုလျှင် အထက်နယ်မြေမှ လူများသည် မည်ကဲ့သို့ ဆက်လက်ကာ အသက်ရှင်ရမည်နည်း။

...............

အထူးတာဝန်နံပါတ် (၄) ပြည့်စုံမှုနှုန်းသည် တစ်ရာ ရာခိုင်နှုန်းသာလျှင် ရှိ၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်၊ ဆုလာဘ်နှင့် အဆင့်တိုးတက်မှုများသည် အကန့်အသတ်နှင့် တည်ရှိနေ၏။ သို့ပေမဲ့ ဤအရာများသည် ကျွင်းချောင်ရှောင်း အား အမှန်ပင် စိတ်ဓာတ်ကျစေခဲ့၏။

“ထားတော့။ ထားတော့။ အားညိုကို အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို အရင်ချိုးဖြတ်နိုင်အောင် လုပ်ရမယ်” သူသည် ရီရှင်းချန်အား အလောတကြီးဖြင့် အဓိကဟောခန်းဆီသို့ လာရောက်ရန် လှမ်းခေါ်ခဲ့တော့၏။ ကျွင်းချောင်ရှောင်း၏ ပထမဦးဆုံးအတွေးသည် သူ၏တပည့်အား အဆင့်တက်ရန် ပြုလုပ်ချင်ခြင်းပင်။

သူသည် အရည်အသွေးပြည့်ဝလှသော ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်မို့ တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက် မဟုတ်ချေ။ သူ၏တပည့်အား သူ့ထက်ပို၍ အဆင့်မြင့်မားသည့် အခြေအနေသို့ တွန်းတင်နိုင်မည်ဆိုလျှင်လည်း ကိစ္စမရှိချေ။

“ဂိုဏ်းချုပ်”

ရီရှင်းချန်သည် အဓိကဟောခန်းထဲသို့ လျှောက်လာပြီးသည့်နောက် မေးမြန်းလိုက်၏။ “ဘာကိစ္စ ရှိလို့လဲ”

ကျွင်းချောင်ရှောင်းသည် လက်များကို ယှက်ကာဖြင့် ပြောလိုက်သည်။ “တကယ်လို့ မင်းမှာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ဘယ်အဆင့်ဆီကို ရောက်ချင်လဲ”

“အထက်နယ်မြေတစ်ခုလုံးမှာ အားအကောင်းဆုံးအဆင့်ပေါ့”

“.......”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ လဲပြိုလုမတတ် ဖြစ်သွားတော့၏။ ဤဆုတောင်းသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ကျိန်းသေပေါက် ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ချေ။

“ဒီထက်ပိုပြီး နည်းနည်း နိမ့်လိုက်အုံး”

“အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်”

“ဒီထက် နည်းနည်းလောက် နိမ့်လိုက်အုံး”

“အမြူတေပြောင်းလဲခြင်းအဆင့်ကိုးကို ချိုးဖြတ်ပြီး အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ကာနီးပေါ့”

ဖြောက်

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ပြောသလိုဖြစ်စမ်း”

“တောင်းဆုလား” ရီရှင်းချန်သည် ဆွံ့အသွားမိသည်။

ဂိုဏ်းချုပ်သည် ကြီးမားလွန်းလှသော ခရုခွေကဲ့သို့ အရာကြီးကို ထုတ်ကာဖြင့် အော်လိုက်၏။

“ရီရှင်းချန်ကို တိုးတက်အောင်လုပ်လိုက်”

“အကြောင်းအရာ”

“ငါ့တပည့်မလို့ပဲ”

“လိုအပ်ချက်သည် ပြည့်စုံသည်”

စကားအတည် ခရုခွေသည် ချက်ချင်းပဲ လောကကြီးနှင့် ပေါင်းစပ်ကာဖြင့် အမှုန်များအဖြစ် ပြောင်းလဲကာ ရီရှင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

ရီရှင်းချန်၏ အဆင့်သည် ရုတ်တရက် တိုးတက်သွားခဲ့သည်။ “ဟင်... ငါ အမြူတေအသွင်ပြောင်းလဲခြင်းအဆင့် (၄) ကို ချိုးဖြတ်ရောက်ရှိခဲ့တာပဲ”

“ဟုတ်တာပေါ့”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်း သူ၏ အမူအရာ များသည် အေးခဲသွားသည်။ သူသည် မျက်လုံးအပြူးသားဖြင့် ဖြစ်သွား၏။ “အမ် အစစ်အမှန်ရှာဖွေခြင်းအဆင့် မဟုတ်ဘူးလား”

All Chapters