← Chapters

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၂)

Vol. 6 Ch. 169

ခင်ပွန်းလောင်းအားပြန်ပေးဆွဲခြင်း (၂)

Vol. 6 Ch. 169

"မိန်းကလေးရှန်း တရားရုံးသခင် ပြန်ရောက်လာပါပြီ။ အရှေ့ကခန်းမဆီကိုသွားပေးပါ"

အစေခံက လင်းလုံလာပြီဖြစ်၍ ရှန်းရုန်ရှင်းအား အခစားဝင်ရန်ခေါ်လိုက်သည်။ သူမသည် ရှေ့ခြံဝန်းဆီသို့လျင်မြန်စွာလျှောက်လာကာရှန်းရုန်ရှင်းအား ကူညီပေးကာ ပြောလိုက်သည်။

"ရပါတယ်။ ငါအခုပဲသွားလိုက်မယ်"

ရှန်းရုန်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ၎င်းတို့ကို ကြာရှည်စွာဒုက္ခပေးပြီးဖြစ်သောကြောင့် နှုတ်ဆက်ကာထွက်သွားချင်ပြီဖြစ်၏။

"သွားတော့မှာလား"

လင်းလုံက မျက်ခုံးပင့်ကာ လက်ထဲရှိလက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်သည်။

"ငါကြားတာ‌တော့ ယီယွဲ့နဲ့ ကျင်းယွီတို့က လတ်တ်လော ချင်းဟယ်မှာရောက်နေတာတဲ့။ သူတို့ကိုတွေ့ရင် ငါနှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါဦး"

သူမ သိနေသည်လော။ ထိုနှစ်ဦးသည် သူမ၏ကြားဝင်နှောင့်ယှက်လိုက်မှုကြောင့် ထွက်ပြေးနိုင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ကိုပြန်ခေါ်ရန် သူမတွင်တာဝန်ရှိသည်ဟု ဆိုလိုသည်မဟုတ်လော။

ရှန်းရုန်ရှင်းက မျက်မှောင်ကြုပ်လိုက်ကာ ခေါင်းငုံ့ပြီး အကျိုးအမြတ်ကို စဉ်းစားနေမိသည်။ သူမသည် ထိုနေရာမှထွက်သွားချင်သည်မှာ ချင်းဟယ်သို့သွားလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ချင်းဟယ်သို့ ပြန်သွားသည်နှင့် သူမမည်သည့်အချိန်ကျမှ ထွက်လာနိုင်တော့မည်နည်း။

သူမ၏ခင်ပွန်းလောင်းကို ယခုထက်ထိ ရှာမတွေ့သေးပေ။ ထို့ကြောင့် လမ်းတစ်ဝက်ဖြင့် လက်မလျော့နိုင်။

ဖခင်ဖြစ်သူမသေခင်တွင် ယခုနှစ်တွင် ထိုတာဝန်ကိုပြီးမြောက်ရန် သူမကို၎င်းတို့က တောင်းဆိုခဲ့ကြသည်။ ထိုသို့မှမဟုတ်လျှင် သူမသည် ချင်ဖုန်းကျိုက်ကို လက်လျော့ရမည်ဖြစ်ကာ အနီးအနားမြို့မှသူတစ်ဦးနှင့်လက်ထပ်ပြီး ဆူညံပွက်လောရိုက်တတ်သောဝမ်းကွဲတစ်ယောက်၏ဇနီးဖြစ်လာရပေမည်။

မဖြစ်ပေ။ ချင်ဖုန်းကျိုက်သည် သူမ၏အိမ်ဖြစ်ကာ သူမသည်လည်း မည်သည့်နေရာကိုမှ မသွားချင်ပေ။

သို့သော် နှစ်သစ်ကးမရောက်ခင် ငါးလသာလိုတော့ကာ ထိုအချိန်တွင် သူမသည် ခင်ပွန်းလောင်းအား မည်သည့်နေရာမှသွားရှာရမည်နည်း။

"ဘာလဲ။ ညီနောင်အဖွဲ့ကဘယ်သူကမှ ဒီမိန်းကလေးကိုမျက်စိမကျဘူးတဲ့လား"

လင်းလုံ၏ကွဲပြားသောအသံသည် သူမနားထဲသို့ရောက်လာပြီး ရှန်းရုန်ရှင်းတစ်ယောက် သူမ၏အတွေးများကို သတိမထားမိဘဲ ကျယ်လောင်စွာအော်ပြောနေသည်ကို သိလိုက်ရ၏။

ညီနောင်အဖွဲ့မှအဖွဲ့ဝင်တစ်ယောက်။ အချို့သောချောမောသည့်လူငယ်လေးများမျက်နှာသည် သူမမျက်စိရှေ့တွင်ပင် အရောင်ဖျက်ကနဲဖြစ်သွား၏။

"သူတို့အားလုံးက ကောင်းကြပါတယ်..."

စစ်ဖန်းချန်၏ ပြိုင်စံရှားချောမောသောမျက်နှာသည်သာ သူမစိတ်ထဲတွင် စွဲကျန်နေသည်။ သို့သော်လည်း

"ကျွန်မက အသက်(၁၆)နှစ်တောင်ရှိနေပြီ"

စစ်ဖန်းချန်သည် (၁၃)နှစ်သာရှိသေးကြောင်းကြားလိုက်ရသောအခါတွင် စိတ်အားငယ်မိသွားသည်။

"ကိစ္စမရှိပါဘူး။ မင်းက သူ့ထက် အသက်ကြီးတဲ့ပုံမပေါက်ဘူး"

လင်းလုံကမူ သဘောမတူပေ။ လူကြီးများကြားတွင် ဇနီးက ပို၍အသက်ကြီးသောစုံတွဲမျိုးရှိသည်။ ဥပမာအားဖြင့် အဒေါ်ယွင်နှင့် သူမ၏မွေးစားအဖေ ဦးလေး‌လောင်တို့ပင်ဖြစ်သည်။

"ကျွန်..ကျွန်မက သူ့ထက် အသက်ကြီးတဲ့ပုံမပေါက်ဘူးလား"

ရှန်းရုန်ရှင်းက ထိုစကားကိုကြားသောအခါတွင် အနည်းငယ်မျှတွေဝေသွားမိသည်။

အမှန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အရွယ်အစားအားဖြင့် သူမသည် စစ်ဖန်းချန်၏လည်ပင်းလောက်သာရှိကာ သူသည် ထို့ထက်ထွားလာဦးမည်မှာပြောစရာပင်မလိုပါ။ နောက်နှစ်နှစ်အထိလည်းဖြစ်နိုင်သည်။ သူသည် သူမထက် ခေါင်းတစ်လုံးစားမျှ အရပ်ပိုရှည်လာနိုင်သည်။ ထို့နောက် သူမသည် အပြည့်အဝဖွံ့ဖြိုးပြီးဖြစ်ကာ နောက်နှစ်နှစ်တိုင် ထပ်မထွားလာနိုင်တော့ပေ။

အသွင်အပြင်တွင်မူ သူသည် ချောမောခံ့ညားကာ လူရည်လည်သည်။ သူမနှင့်မျက်နှာချင်းဆိုင်ရသောအခါတွင်မူ မျက်နှာပေးက ဒေါသထွက်နေတတ်သော်လည်း ချောမောနေဆဲဖြစ်၏။ သူမသည်မူ ချင်ဖုန်းရွာတွင် ရွှေရောင်ပန်းပွင့်လေးဟုပင် တင်စားနိုင်သော်လည်း ထိုတိုင်းပြည်ကြီးတွင်မူ လင်းလုံနှင့်သူမ၏မိခင်ကိုမြင်ပြီးသည့်နောက် နူးညံ့သောအလှပဂေးလေးအဖြစ်သာမှတ်ယူနိုင်ကာ မနှိုင်းယှဉ်သာတော့ပေ။

ထိုသို့ကွာခြားမှုဖြင့် သူမသည် စစ်ဖန်းချန်အား မည်သို့တပ်မက်ရဲတော့မည်နည်း။

အဆက်မပြတ်ခေါင်းခါမိ၏။

"ကိစ္စမရှိပါဘူး။ မေ့လိုက်တော့။ အခြားသူပဲ အပြင်မှာထွက်ရှာကြည့်တော့မယ်"

သူမက မိမိဘာသာ ညည်းတွားမိ၏။

လင်းလုံက သူမကိုကြည့်နေကာ ဘာမျှမပြောပေ။ သူမသည် ရှန်းရုန်ရှင်းဆီသို့ ချင်းဟယ်မြို့၏လတ်တလောသတင်းများနှင့်အတူ အမှာစကားပါးလိုက်၏။

"အကူအညီလိုရင် ငါ့ကိုပြောပါ"

စကားတစ်ခွန်းကိုသာ ပြောလိုက်ပေသည်။ သူမသည် ရှန်းရုန်ရှင်း၏တုံ့ပြန်မှုကိုစောင့်မနေတော့ဘဲ ခန်းမအပြင်သို့သာလျှောက်သွားပြီး ဘေးခန်းရှိ နားနေခန်းဆီသို့သွား၏။

သူမ၏ဓားဒဏ်ရာမှာ သက်သာခါစရှိသေးကာ အလုပ်များလွန်းမှုကြောင့် သူမအား ရှန်းဝေ့က အိပ်ရာဆီသို့ အတင်းအကြပ်ခေါ်သွားမည်ကို အဖြစ်မခံနိုင်ပေ။

"ဘာ? ကျန်းယန်ဓားပြ?"

သူမသည် မည်သည့်အချိန်က ကျန်းယန်ဓားပြဖြစ်လာပါသနည်း?

ရှန်းရုန်ရှင်းက သတိပေးစာကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။ သတိပေးစာမှ လတ်တလောသတင်းများအရ ချင်းဟယ်မြို့သည် သူမကို လိုက်ဖမ်းနေသည့်ပုံပေါ်၏။

ထိုသူပင်ဖြစ်ရမည်။ ဖုအန်းကျီ၏ သတိပေးခြင်းဖြစ်ပေမည်။ သူသည် သူမတစ်ယောက်တည်းလမ်းချော်သွားမည်ကိုမမြင်လိုသောကြောင့် သူမပုံတူကိုကူးယူကာ ချင်းဟယ်မြို့အရှင်ဆီသို့ သတင်းပို့ခဲ့ပေသည်။

"ဖုအန်းကျီ!"

ရှန်းရုန်ရှင်းတစ်ယောက် အံ့ကြိတ်မိသည်။

'ငါ့ကိုယုံလိုက်။ ဒီအဒေါ်က ခင်ပွန်းတစ်ယောက်ခေါ်လာပြီး လက်စားချေပြမယ်။'

"ဟေး အဲ့မိန်းကလေးက နေမကောင်းနေတာလား။ သူက မနက်စောစောထပြီး အနံ့အရသာပြည့်စုံတဲ့ ကွေ့ဟွားကိတ်မု့န်တွေဘယ်လိုလုပ်ရမလဲ ထသင်နေတယ်လို့ အစ်မကြီးဆီကကြားခဲ့တယ်။ အဲ့တာတင်မကသေးဘူး။ နောက်ဖေးခြံထဲမှာလည်း အနံ့မွှေးတဲ့ကွေ့ဟွားပန်းစိုက်ထားသေးတယ်ဆိုလား။ ဒီရွှေရောင်ကွေ့ဟွားပင်တွေက အလှဆင်ဖို့အတွက်ပဲဆိုတာ သူမသိတာများလား"

လင်းရှီက စားပွဲပေါ်ရှိ ကွေ့ဟွားပန်းမုန့်ကိုလှည့်လိုက်ကာ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူသည် မနက်စာတိတ်တဆိတ်စားနေသည့်အစ်ကိုကြီး လင်းရှောင်နှင့် တာဝန်ချိန်မဟုတ်သောညီအစ်ကိုများကိုစောဒကတက်နေခြင်းဖြစ်သည်။

"ရှင်းရှင်းလေးပဲ။ အချစ်နာကျနေတာ"

စစ်ချင်းယန်က သူ၏မျက်ခုံးမွှေးထူထူကိုပင့်ကာ စကားလုံးအချိုု့ကို ပြောလိုက်ပြီး ချောင်းဟန့်လိုက်သည်။

"အဟွတ် အားယန် တိုက်ရိုက်ကြီးမပြောနဲ့လေ။ တစ်ယောက်ယောက်တော့ ရှက်နေတော့မှာပေါ့"

ကျန်းဟွေ့အန်းက တိတ်ဆိတ်နေသောစစ်ဖန်းချန်ကို အပြုံးတစ်ဝက်ဖြင့်ကြည့်ကာ အကြံပြုလိုက်၏။

"အစ်မကြီးက ထောက်မပြဘူးဆိုရင်တောင်မှ အားလုံးက သိပြီးသားပါ"

စစ်ချင်းယန်က သဘောထားကွဲလွဲနေ၏။

"ရိုးရိုးသားသားပြောရရင် အားချန် သူမမင်းနဲ့အသင့်လျော်ဆုံးပဲ။ အနည်းဆုံးတော့ သူက အရင်ကမင်းနားကပ်နေကြတဲ့မိန်းကလေးတွေထက် အများကြီးပိုပြီး မျက်စိပသာဒဖြစ်တယ်။ မင်းထက် သုံးနှစ်ကြီးတယ်ဆိုတာကတော့ ဆိုရိုးရှိတယ်မလား။ သုံးနှစ်ကြီးတဲ့မိန်းမက ရွှေတုံးကိုကိုင်ထားတယ်ဆိုလားပဲ?"

လျန်ရှုယီက တက်ကြွစွာဖြင့် ယနေ့မနက်၏လက်ဖက်ရည်ပွဲခေါင်းစဉ်တွင် ဝင်ပြောလိုက်သည်။

စစ်ဖန်းချန်ကြားသောအခါတွင် ပတ်ပတ်လည်ထိုင်နေကြသောညီအစ်ကိုများကို မျက်စောင်းထိုးကာ

"ငါ့ကိုပဲ သူနဲ့တွဲမပေးနေကြနဲ့။ စောစောစီးစီး မချည်နှောင်မိချင်သေးဘူး"

"စောစောစီးစီးတဲ့လား။ မင်းဆိုလိုတာက နောင်နှစ်နှစ်လည်းရောပြီးရင်တော့ သူနဲ့သံယောဇဉ်ဖြစ်လည်း ဝမ်းသာမိမှာပေါ့လေ"

တက်ကြွဖျတ်လတ်သော လင်းရှီက စစ်ဖန်းချန်၏စကားထဲမှ ဟာကွက်ကိုဖမ်းကာ သူ့အား ခနဲ့လိုက်သည်။

"မင်းတို့တွေ ဘာပြောပြော လုံးဝမဖြစ်နိုင်ဘူး"

စစ်ဖန်းချန်က အသံနှိမ့်ကာ သတိပေးလိုက်၏။

"ဟေး ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ အချိန်ကျလာခါမှ ပြောရအောင်။ ဘာပဲဖြစ်ဖြစ် အခုအစ်မကြီးက မင်းကို သူ့ကိုအိမ်ပြန်ပို့ပေးဖို့ အမိန့်ပေးထားတယ်လေ။ အဲ့တာမှ ချစ်စရာကောင်းတဲ့မိန်းကလေးကို မြို့က ဓားပြဆိုပြီး မဖမ်းကြတော့မှာ"

လင်းရှီပုခုံးတွန့်၍ လင်းလုံ၏အမိန့်အသစ်ကိုကြေညာလိုက်သည်။

"ဘာလို့ငါလဲ?"

"ဘာလို့လဲဆိုတော့ မင်းက အစ်မကြီးရဲ့ အနီးဆုံးလက်အောက်ငယ်သားဖြစ်နေလို့ပဲ"

၎င်းတို့အားလုံးသည် အရေးကြီးသောကိစ္စများဖြင့် အလုပ်များနေကြသည်။ သူသည်သာ တစ်နေ့လုံးဘာမှလုပ်စရာမရှိဘဲ ပင်လယ်သို့သွားမည်သင်္ဘောများတည်ဆောက်နေသည့်သင်္ဘောကျင်းထဲတွင်ထိုင်ကာ လေးနက်သောနည်းပညာရှင်များ၏ဂုဏ်သတင်းကိုခိုးယူနေပေသည်။

'သေစမ်း'

စစ်ဖန်းချန်က ကျိန်ဆဲမိသည်ကို မျိုချလိုက်သည်။ သူအကြောက်ဆုံးမှာ မျက်နှာပေးအေးစက်စက်နှင့် အစ်မကြီးပင်ဖြစ်သည်။

—

"တကယ်တော့...ကျွန်မဘာသာ ပြန်နိုင်ပါတယ်"

ရှန်းရုန်ရှင်းက တီးတိုးပြောကာ သူမဘေးရှိ စစ်ဖန်းချန်ကို အကြံပြုလိုက်သည်။ သူ့ကို သူမနှင့်အတူ ပြန်ခေါ်သွားချင်သည်မှာ အမှန်ဖြစ်သော်လည်း ထိုသို့ပုံစံမျိုးဖြင့်မဟုတ်ပေ။ သူသည် သူမကို ချင်ဖုန်းကျိုက်သို့ ပြန်ပို့ရန် ဖိအားပေးခံထားရပေသည်။

"ပါးစပ်ပိတ်ထား"

စစ်ဖန်းချန်က စကားအချို့ကို တစ်မူထူခြားစွာအော်ပြောလိုက်၏။ ထို့နောက်တွင် စကားတစ်လုံးမှပင်မပြောဘဲ သူမလက်ထဲမှအိတ်ကိုယူကာ သူမကိုမြင်းစီးစေပြီး ချင်းဟယ်မြို့ဆီသို့ သွားကြတော့သည်။ ၎င်းတို့သည် မြို့သို့ နေ့တစ်ဝက်ဖြင့်ပင်ရောက်ကာ ဒုက္ခကြီးအားဖျက်ဆီးပစ်မိရန် ဆုတောင်းနေမိသည်။

ရှန်းရုန်ရှင်းက တံတွေးမြိုချလိုက်ကာ သူမဘာသာ သတ္တိမွေးလိုက်၏။ မည်သို့ပင်ဖြစ်စေ လင်းလုံသည် သူမအတွက် အခွင့်အရေးကောင်းရှာထားပေးသောကြောင့် သူမသည် အကောင်းဆုံးပစ်မှတ်ကို ထိသင့်ပေသည်။ တရှီမှ ချင်ဖုန်းကျိုက်သို့ဆိုလျှင် သုံးရက်မှငါးရက်အထိ ခရီးထွက်ရမည်ဖြစ်သော်လည်း သူမသည် ကြာနိုင်သမျှကြာရန် အချိန်ဆွဲထားချင်မိသည်။ သူသည်သာ ချင်ဖုန်းကျိုက်အကြောင်းပို၍လေ့လာမိလျှင် စိတ်ပြောင်းကာ သူမနှင့်ချစ်ကျွမ်းဝင်မိပေမည်။

'နင်လုပ်နိုင်တယ် ရှန်းရုန်ရှင်း။ မင်းရဲ့ ချင်ဖုန်းကျိုက်ကိုခေါင်းဆောင်မှုကို ယူသွားလိုက်။ ဒီလူကို မင်းအိမ်ကို ယောင်္ကျားအဖြစ်ခေါ်သွားလိုက်။'

"ရှန်းရုန်ရှင်း မင်းဘာသိဘာသာနေလို့မရဘူးလား။ မင်းက အစိုးရကလိုက်ဖမ်းနေတဲ့ ရာဇဝတ်သားဆိုတာ မသိဘူးလား။ အခြားသူတွေနဲ့အချိန်ဖြုန်းဖို့ အချိန်တွေပေါနေတာလား"

သူမအတွက် ကိစ္စများလိုက်ရှင်းပေးနေရသော စစ်ဖန်းချန်က စိတ်ထဲတွင် ဒေါသကိုထိန်းမထားနိုင်တော့ပေ။ သူသည် လက်မောင်းကိုပတ်တီးဖြင့်ပတ်ကာ ပါးစပ်မှသွေးကိုသုတ်နေသော ရှန်းရုန်ရှင်းကို ဆူနေလေသည်။

ပထမဆုံးနှစ်ကြိမ်တိုက်ပွဲမှာ သာမန်တိုက်ပွဲမျှသာဖြစ်သောကြောင့် သူမဘာသာ အလွယ်တကူဖြေရှင်းနိုင်သော်လည်း ယနေ့ ၎င်းတို့နှင့်ဆုံသောဓားပြများမှာ ချင်းဟယ်နှင့် တဟွေ့ရှိ အခြားမြို့များမှလိုက်ဖမ်းနေကြသော မယှဉ်နိုင်လောက်သည့် မြင်းသူခိုးများဖြစ်ကြသည်။ အနည်းငယ်ကံမကောင်းလျှင်ပင် သူမအသက်ကို ဆုံးရှုံးနိုင်ပေသည်။

"အဟွတ်...အဲ့လူတွေက ကျန်းယန်ဓားပြအစစ်တွေဆိုတာ သဘောမပေါက်ဘူးလား။ ကျွန်မက ချင်းဟယ်ကထွက်လာတော့ သူတို့ပုံတွေကို မြို့တံခါးမှာကပ်ထားတာတွေ့လိုက်တယ်။ တကယ်ပြောတာ။ ကျွန်မ ရှင့်ကိုလိမ်နေတာမဟုတ်ဘူး"

ရှန်းရုန်ရှင်းက အလျင်စလိုဖြင့် ရှင်းပြလိုက်၏။

ဓားကြီးများ၊ ဓားရှည်များကိုင်ထားကြသော မုတ်ဆိတ်မွှေးနှင့်လူတစ်စုသည် ကသောင်းကနင်းဖြစ်အောင်မွှေကာ အားလုံးကိုကြောက်အောင်လုပ်နေသည့် ကျန်းယန်မှလတ်တလောလူဆိုးအဖွဲ့ပင်ဖြစ်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ။ မင်းက သူတို့နဲ့ ဘာလုပ်စရာရှိလို့လဲ"

စစ်ဖန်းချန်က ပြောလိုက်ကာ သူမကိုမြင်းပေါ်သို့တင်ပေးလိုက်ပြီး ဦးဆောင်သွားစေသည်။

ရှန်းရုန်ရှင်းတစ်ယောက် အကူအညီမဲ့စွာ သက်ပြင်းချမိသည်။ သူမသည် ငွေတုံးငါးရာဆိုသောဆုကိုမမက်သော်လည်း သိုင်းပညာတွင်ထူးချွန်သည်ဟုခံစားမိပေသည်။ ထိုဓားပြများကိုဖယ်ရှားရန် အဘယ့်ကြောင့် အစိုးရအား မကူညီရမည်နည်း။ သို့မဟုတ်လျှင် လူများ၏တည်ငြိမ်အေးချမ်းမှုကို ကူညီရာကျပေမည်။

"ငါဒီလောက်မိုက်မဲတာမျိုး မမြင်ဖူးဘူး။ မင်း သူတို့နဲ့တေါ့တော့ မပုန်းနေယုံတင်မကဘူး။ မျက်နှာချင်းပါဆိုင်လိုက်သေးတယ်။ မင်းသိုင်းပညာကကောင်းတယ်ဆိုပေမဲ့ မိန်းကလေးတစ်ယောက်အတွက်ကတာ့ မထိုက်တန်ပါဘူး။ သူတို့ကိုသာ အရှင်ဖမ်းမိရင်..."

စစ်ဖန်းချန်သည် ရုတ်တရက်ပင် သူစိတ်ပျက်နေရသည့်အကြောင်းကို နားလည်သွား၏။ သူကြောက်နေသောကြောင့်ပင်။ သူသည်သာ နှေးကွေးစွာချခဲ့လျှင် သူမသည် အမှန်ပင် ထိုဓားပြများဆီမှအဖမ်းခံရနိုင်သည်။ ထို့နောက်တွင်မူ...သူဆက်၍ပင်မတွေးရဲတော့ပေ။

"တောင်းပန်ပါတယ်။ ရုတ်တရက်ကြီးဖြစ်သွားတော့ ကျွန်မလည်း မတွေးမိလိုက်ဘူး"

ရှန်းရုန်ရှင်းက သူ၏စိတ်ပူနေသောလေသံကိုကြားသောအခါတွင် သူမ၏နှလုံးသားတို့နွေးထွေးသွားပြီး အသံခပ်တိုးတိုးဖြင့်ရှင်းပြလိုက်သည်။

"နောက်တစ်ခေါက်ကျရင် အဲ့လောက်စိတ်ကြီးဝင်မနေနဲ့။ မင်းစွမ်းရည် အောင်မြင်မှုနဲ့ဆို သတိမထားမိဘဲ ပုန်းမိဖို့အလွယ်လေး။ သူတို့နဲ့ တိုက်ရိုက်ကြီးသွားမချနဲ့"

စစ်ဖန်းချန်က မျက်ခုံးပင့်ကာ သူမ၏အတွေးကို ခြယ်လှယ်လိုက်သည်။ သူမသည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာနေခဲ့လျှင် ဓားပြများနှင့်တွေ့ရနိုင်သည်။ သူမကို အန္တရာယ်အားရင်ဆိုင်ရန် သင်ကြားပေးရန် လိုအပ်၏။

"ကောင်းပါပြီ"

သူအံ့ဩသွားသည်မှာ ရှန်းရုန်ရှင်းက သူ၏သင်ကြားပေးမှုကို ပြန်မပက်မဘဲ အပြုံးချိုချိုလေးဖြင့် သူ၏အကြံကိုလက်ခံလိုက်ခြင်းဖြစ်သည်။

"ဒါနဲ့...ရှင် ယီယွဲ့နဲ့ အခြားသူတွေအတွက် စိတ်ပူနေတာလား"

စစ်ဖန်းချန်သည် သူမကို အချိန်အတော်ကြာလျစ်လျူရှုထားသည်ကိုမြင်သောကြောင့် သူမက မျက်ခုံးပင့်ကာ သူမစဉ်းစားမိသည်ကိုမေးလိုက်မိသည်။

စစ်ဖန်းချန်က ရှန်းရုန်ရှင်း၏မျက်လုံးများကိုကြည့်လိုက်သည်။ သူ၏အမူအရာမှာ မဲမှောင်သွားကာ ခံစားချက်မှာလည်း မကောင်းပေ။

စစ်ဖန်းချန်သည် လျန်ယီယွဲ့အတွက် ခံစားချက်ရှိနေကြောင်းကို လင်းလုံဆီမှ သူမကြားခဲ့ပေသည်။ သူသည် ယီယွဲ့ကို ကြိုက်နေခြင်းဖြစ်ပေမည်။ လျန်ယီယွဲ့သည် တရှီအရှင်၏သမီးဖြစ်ကာ ဗျပ်စောင်းတီးခြင်း၊ ကျားထိုးခြင်းနှင့် လက်ရေးလှများ၊ ပန်းချီဆွဲခြင်းများတွင် ကျွမ်းကျင်ပေသည်။ သူမ၏အသွင်အပြင်သည် ရှန်းရုန်ရှင်းလိုချင်မိသော ချစ်စဖွယ်ကောင်းကာ ရှက်တတ်ငေသာပုံစံဖြစ်မည်ဟု ဆိုရပေမည်။

သူမသည် ထိုသို့မိန်းကလေးမျိုးဖြင့် မယှဉ်နိုင်ပေ။ သေခြင်းအဆုံးသတ်နားတွင်ရပ်မိပြီးသားဖြစ်သွားပေမည်။

ချင်ဖုန်းကျိုက်သို့ ပြန်ပြီးနောက်တွင် တောင်အောက်သို့ဆင်းရန် နည်းလမ်းရှာရပေမည်။ ဖုအန်းကျီအားရှာပြီးနောက်တွင် သူမသည် ကျန်းယန်မှဓားပြတစ်ယောက်ဖြစ်သည်ဆိုသောကိစ္စကိုလည်း ဖြေရှင်းရမည်။ ထိုအခါတွင် သူမသည် တရှီသို့သွားမည်မဟုတ်ပေ။ သူမသည် အခြားဦးတည်ရာသို့သွားကာ အရှေ့အရပ်သို့ဦးတည်နိုင်ပြီး သူမခင်ပွန်းကိုသွားရှာပေမည်။

နှစ်သစ်ကူးမတိုင်ခင်တွင်ပင် သူမပြီးမြောက်နိုင်ပါသည်လော။

"ဘာလို့ သက်ပြင်းချနေတာလဲ။ ငါမင်းကို အပြစ်မတင်ပါဘူး။ စိတ်မပူပါနဲ့။ သူတို့ကအရမ်းတော်ပါတယ်"

လျန်ယီယွဲ့ နှင့် ကျန်းယင်းယွီတို့အကြောင်း စဉ်းစားကာ စစ်ဖန်းချန်တစ်ယောက် ဒေါသမထွက်ဘဲ မနေနိုင်ပေ။ မိန်းကလေးမျာအားလုံးက မည်သို့ဖြစ်၍ ခေါင်းမာကာ အကြောက်အလန့်မရှိကြပါသနည်း။ အဒေါ်လျန်ကဲ့သို့ ဣန္ဒြရှိကာ ကျက်သရေရှိကာ နူးညံ့သိမ်မွေ့ကာဖြင့် မနေနိုင်ကြသည်လော?

***

All Chapters