အခန်း ၁၄၉၉
Vol. 101 Ch. 1499
အပိုင်း (၁၄၉၉)
ရီရှင်းချန်သည်အမှန်ပင်စိတ်လှုပ်ရှားမိနေသည်။
အဘယ့်ကြောင့်ဆိုသော်တတိယအဆင့်အမြူတေ အသွင်ပြောင်းခြင်းအဆင့်မှသည်စတုတ္ထအဆင့်အမြူတေ အသွင်ပြောင်းခြင်းအဆင့်ဆီသို့တိုးတက်ရောက်ရှိသွားခဲ့သောကြောင့်ပင်။သူ၏ ဒန်ထျန်ထဲတွင်ရှိနေသော စွမ်းအင်များသည်အမှန်ပင်သန့်စင်လွန်းသော ကျန်းချီ များအဖြစ်ပြောင်းလဲသွား၏။
ရှောင်ကျီ ပြောသည်မှာ အမှန်ပင်ဖြစ်သည်။
သူ ပိုပြီး အားကောင်းလာမည်လား၊ အားမကောင်းဘူးဘူး ဆိုသည်မှာ ဂိုဏ်းချုပ်ပေါ်တွင်မူတည်နေသည်။ဂိုဏ်းချုပ်ကို ယုံကြည်ရပေမည်။
ရီရှင်းချန်သည်စိတ်လှုပ်ရှားလျက်ရှိနေသည်။သို့ပေမဲ့ထိုင်လျက်ရှိနေသော ရီရှင်းချန်မှာတော့အမှန်ပင်ခေါင်းကိုက်လျက်ရှိ၏။
အဆင့်ကြီးတစ်ခုလုံး ထိုးတက်သွားရမည်ဟု ပြောခဲ့သည်မဟုတ်လော။ အဘယ့်ကြောင့်အမြူတေ ပြောင်းလဲခြင်း အဆင့်သုံးမှအဆင့်လေး ဆီသို့သာ တိုးတက်ခဲ့ရသနည်း.
“ဒါက အရမ်းရိုးရှင်းတယ်လေ”
စနစ်က ပြောလိုက်သည် “အမြူတေ ပြောင်းလဲခြင်းအဆင့်သုံးကနေလေး ၊ ခြောက်ကနေ ခုနှစ် ၊ ကိုးကနေ အစစ်အမှန်ရှာဖွေခြင်း အဆင့်တွေကို ကျော်ဖြတ်တာက အဆင့်ကြီးပဲ”
“…….”
ကျွင်းချောင်ရှောင်းသည်သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ ပြောလိုက်မိသည် “ငါအတွေးလွန်သွားခဲ့တာပဲ”
“စနစ်ရဲ့ပစ္စည်းတွေက မှော်ဆန်လွန်းတယ်ဆိုပေမဲ့ကောင်းကင်က ငြင်းပယ်ရလောက်တဲ့ အရာမျိုးတော့မဟုတ်ဘူး။ ဒီတော့လောကရဲ့ဟန်ချက်ကို ဂရုစိုက်ဖို့လိုတယ်”
တစ်ခါသုံးပစ္စည်းဖြစ်ပြီး အသုံးပြုပြီးပြီလည်း ဖြစ်သည်မို့ စနစ်သည်ယုံကြည်ချက်ရှိရှိဖြင့်ပြောဆိုလျက်ရှိနေ၏။
“အားညို”
ကျွင်းချောင်ရှောင်းသည်စိတ်တည်ငြိမ်စွာဖြင့်ပြောလိုက်သည် “ကြိုးစား .. ငါ့ကို စိတ်မပျက်စေနဲ့”
“ဂိုဏ်းချုပ် …”
ရီရှင်းချန်သည်အားပြတ်သလို ပြောလိုက်သည် “ပြောတုန်းက အမြူတေ အသွင်ပြောင်းခြင်း အဆင့်ထိပ်ဆုံးဆီ ရောက်မယ်ဆို ….”
“သွားစမ်း”
ကျွင်းချောင်ရှောင်းသည်တံခါးဆီ လက်ညိုးညွှန်ကာ ပြောလိုက်သည် “မြန်မြန်”
ရီရှင်းချန်သည်အသာနောက်ဆုတ်လိုက်သည်။အဓိက ဟောခန်းထဲမှလျှောက်ထွက်လိုက်ပြီးနောက်သူ၏ မျက်လုံးများသည်ထွန်းတောက်လျက်ရှိ၏။
ယခင်တုန်းက အဆင့်လေးဆီသို့မည်သည့်အချိန်တွင်အဆင့်ချိုးဖြတ်နိုင်မည်နည်း မသိသောကြောင့်စိတ်လက်ပူပန်ခဲ့ရသည်။ယခု အဆင့်ကျော်ဖြတ်ပြီးပြီမို့အနာဂတ်အတွက်မျှော်လင့်ချက်အပြည့်နှင့် ဖြစ်လာခဲ့သည်။
သူသည်စိတ်ဝိညာဉ်အသွင်ပြောင်း အဆင့်သို့ရောက်ရှိခဲ့သည့်အပြင်လုံလောက်သည့်သိုင်းအရင်းအမြစ်များလည်း ရရှိနေသည်မို့ မြန်မြန်ဆန်ဆန်အဆင့်ချိုးဖြတ်သွားရန်ယုံကြည်ချက်ရှိနေသည်။အဆင့်ခြောက်မှသည်အဆင့်ခုနှစ် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ချိုးဖြတ်ရန်မှာတော့ဂိုဏ်းချုပ်အပေါ်သာ ပုံအပ်ထားလိုက်ပေမည်။
…..
အဆင့်ချိုးဖြတ်ပြီးနောက်ရီရှင်းချန်သည်အမှန်ပင်စိတ်အား တက်ကြွလျက်ရှိနေသည်။သူသည်ကျင့်ကြံမည့်လုပ်ငန်းစဉ်ကိုပင်သေသေချာချာ အစီအစဉ်ချမှတ်ထားသည်။
သူ ထင်မှတ်ထားသလို အဆင့်ချိုးဖြတ်မှုမျိုး မဖြစ်ခဲ့သော်လည်း ကျွင်းချောင်ရှောင်းသည်သေချာတွေးကြည့်လိုက်တော့သူ့တပည့်၏အခက်ခဲဆုံးသော အခြေအနေကြီးကို ကျော်ဖြတ်နိုင်ရန်ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်လိုက်မိ၏။
ဟူး …။
သူသည်အသက်ကို ပြင်းပြင်းရှုလိုက်သည် “စတိုးကို သုံးမယ်”
ခြောက်လလောက်စုဆောင်းထားခဲ့သော ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးသွားမည်ကို ကုန်းရှန့်မစိုးရိမ်ချေ။အဘယ့်ကြောင့်ဆိုသော်တစ်နေ့၌ ဘာမှန်းမသိဘဲ အားလုံး သုံညဖြစ်သွားသည့်အခြေအနေမျိုး ကြုံနိုင်သည် မဟုတ်ပါလား။
ထို့အပြင်ရီရှင်းချန်သည်အဆင့်တစ်ခုသာ တက်ခဲ့သည်။ထို့ကြောင့်၎င်းနှင့် ဧကရီလင်းရောင်တို့၏ ကြားတွင်ကွာခြားချက်မှာ ကြီးမားလွန်းနေသေးသည်။ ထပ်မံကာ အဆင့်တက်နိုင်မည့်အရာမျိုးကို ရှာဖွေပေးနိုင်မှ ဖြစ်ပေလိမ့်မည်။
ရေမိုးချိုး ၊ အမွေးတိုင်ထွန်း ၊ စီနီယာအဖြူဆီ ဆုတောင်းပြီးနောက်သူသည်အရာအားလုံး အတွက်အဆင်သင့် ဖြစ်နေပေသည်။သူသည်စတိုးကို ဖွင့်လိုက်၏။
ဒင် …ဒင်…။
ငါးကြိမ်တိတိ refresh လုပ်ခဲ့သော်လည်း ဘာတစ်ခုမှထပ်မတွေ့ခဲ့ပေ။
ကျွင်းချောင်ရှောင်းသည်အသားကျနေပြီဖြစ်သောကြောင့်ထိုအရာအတွက်စိတ်လှုပ်ရှားမှုစိုးစေ့မှမရှိတော့ပေ။
“ဒင် .. လက်ခံသူသည်တစ်လစာ refresh လုပ်ခွင့်အကန့်အသတ်ကုန်ဆုံးသွားသည်။ထို့ကြောင့်တစ်လစာ သို့မဟုတ်တစ်နှစ်စာ VIP အသုံးပြုသူ အဖြစ်စာရင်းပေးပါ”
အသံ ထွက်ပေါ်လာပြီးနောက်သူ၏ မြင်ကွင်းရှေ့တွင်ရွေးချယ်စရာ နှစ်ခု ပေါ်လာသည်။တစ်ခုသည်တစ်လစာ VIP ဖြစ်ပြီး တစ်ခုသည်တစ်နှစ်စာ VIP ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ဒုတိယ ရွေးချယ်ခွင့်ကို နှိပ်လိုက်၏။
“ဒင် …အကောင့်စာရင်းပေးခြင်းအောင်မြင်သည်။လက်ခံသူသည်တစ်နှစ်စာ VIP အသုံးပြုသူ ဖြစ်ခဲ့သည်။ လစဉ် refreshလုပ်ခွင့်သည်ငါးကြိမ်မှသုံးဆယ်ကြိမ်ထိ တိုးတက်ခဲ့သည်။စနစ်၏ မြင်ကွင်းသည်ဘောစိများသာ ခံစားနိုင်သည့်အော်ရာအပြည့်နှင့် မြင်ကွင်းအဖြစ်ပြောင်းလဲသွားမည်ဖြစ်ပြီး ချစ်စဖွယ်မိန်းကလေး စနစ်အသံကို ပြောင်းလဲနိုင်ခွင့်ရှိသည်။”
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၂၉၄၀၀၀၀၀”
ဝှစ် …။
ချက်ချင်းပဲ စတိုးသည်ရွေဆိုင်ကြီးတစ်ခုအလား ခန့်ညားသော အသွင်အပြင်အဖြစ်ပြောင်းလဲသွားတော့သည်။
ကျွင်းချောင်ရှောင်းသည်ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ဇိမ်ပဲ။ ဘောစိကျွင်း”
“ဒင် … VIPအသုံးပြုသူ … ချစ်စဖွယ်မိန်းကလေး စနစ်အသံကို ပြောင်းလဲမည်လား”
“ပြောင်းရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် လျှင်လျှင်မြန်မြန်ပဲ ပြောလိုက်သည် “ငါဟိုသောက်ရူးရဲ့အသံကို အချိန်အတော်ကြာ သည်းခံပြီး နားထောင်ခဲ့ရတာလေ။”
“……..” စနစ်။
“ဒင် .. ချစ်စဖွယ်မိန်းကလေး၏ အသံ အသက်ဝင်သည်။”
အသံထွက်ပေါ်လာပြီးနောက်ယောကျာ်းအသံမှသည်မိန်းကလေး တစ်ယောက်၏အသံအဖြစ်ပြောင်းလဲသွားခဲ့၏။တကယ်ပင်နားဝင်ပီယံ ချိုသာလှချေ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားသည် “ဒါပဲလား”
“တခြားဘာလိုသေးလို့လဲ” စနစ်က မေးလိုက်၏။
မိန်းကလေးအသံဖြစ်သော်လည်း ကြားနေကျ အသံနေအသံထားနှင့် ငြူစုသော လေသံကြီးကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြက်သီးပင်ထသွားမိသည်။
“ချီးတဲ့မှ .. ပြန်ပြောင်း .. ပြန်ပြောင်း .. ဒီအသံလေး နှင့် ဒီအသံနေ အသံထားကြီး .. ခွီး …” ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ ပြောင်းလဲလိုက်သည်။
“ဒင် .. ဆွဲဆောင်မှုရှိပြီး သံလိုက်ဓာတ်အပြည့်ပါသော ညီငယ်လေး စနစ်၏အသံ ပြန်လည် ပြောင်းလဲသည်”
“……” ကျွင်းချောင်ရှောင်း။
ကျွင်းချောင်ရှောင်းသည်ကျန်တာတွေကို စိတ်မဝင်စားတော့ပေ။ သူ့၌ refresh လုပ်ခွင့် နှစ်ဆယ့်ငါးခါထပ်ထိုး လာသည်မဟုတ်ပါလား။
လာစမ်း … refresh ကို စိတ်လိုလက်ရ လုပ်ပစ်လိုက်မယ်။
ဘုတ် …။
ကျွင်းချောင်ရှောင်းသည်ခြေထောက်ကို စားပွဲပေါ်ကောက်တင်ပြီး ဇိမ်ကျကျ ဖြင့်အရှိန်ယူလိုက်သည်။
သူသည်တလစာ VIP အသုံးပြုသူဖြစ်ပြီး သာမာန်ညောင်ညမဟုတ်ချေ။
ဒင် ..။
Refresh လုပ်ပြီးနောက်ကုန်ပစ္စည်းများ ပြောင်းလဲသွား၏။
ချီးတဲ့မှာ …။
ကျွင်းချောင်ရှောင်းသည်ထိုင်ခုံပေါ်မှခုန်ချလုမတတ်ပင် ဖြစ်သွားမိသည်။
VIP အသုံးပြုသူ၏ refresh သည်လည်း ကောင်းမွန်သည့်ပစ္စည်းများ ပေါ်မလာခဲ့ချေ။ ပေါ်လာသမျှသည်လည်း တစ်ခုမှအသုံးမဝင်ချေ။
သို့ပေမဲ့အသုံးမဝင်သော်လည်း ပေါ်လာသည့်ပစ္စည်းများမှာတော့ကောင်းမွန်လွန်းလှသည်။
အထူးမှော်တိုက်ပွဲဝင်ချပ်ဝတ်။
နဂါးသတ် ၊နတ်ဘုရားသတ်ဝတ်စုံ။
အဆင့်ကိုး အဆိပ်ဆေး။
နာမည်ကို ကြည့်လိုက်သည်နှင့်ကြောက်မက်ဖွယ်ရာ ကောင်းမှန်း သိသာလွန်းလှ၏။
သေချာကြည့်ရှုပြီးနောက်စိတ်ချမ်းသာရာ ရသလို ပြန်လည် ခံစားလာမိပြန်သည်။
“ခံစားလို့ကောင်းလား” စနစ်က မေးလိုက်၏။
“အင်း”
ပိုက်ဆံသုံးရခြင်း၏ အနှစ်သာရကို သူ တကယ်ပဲ နားလည်သွားခဲ့သည်။
သို့ပေမဲ့အထူးမှော်တိုက်ပွဲဝင်ချပ်ဝတ်ဆိုသည်ကို နှိပ်ကြည့်ပြီး ဂိုဏ်းစုဆောင်းမှတ်သိန်းငါးဆ်ဆိုသောအရာကို မြင်ရချိန်မှာတော့ စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “ဈေးကြီးလိုက်တာ”
“အဆင့်ကို မကြည့်ဘူးလား။ ဒါ တာအိုအဆင့်ကွ”
အထက်နယ်မြေတွင်အသုံးအဆောင်ပစ္စည်းများ၏အဆင့်ကို ဂိုဏ်းများလိုပင်သတ်မှတ်ထားသည်။ရွှမ် ၊အစစ်အမှန် ၊တာအို ၊ အင်မော်တယ်ပင်။
ရွှမ်သည်တည်နေရာချိုးဖြတ်ခြင်းနှင့် အမြူတေ ပြောင်းလဲခြင်း စဦးအဆင့်များ ကိုင်ဆောင်သင့်သည်အရာများဖြစ်ပြီး အစစ်အမှန်သည်စိတ်ဝိညာဉ်အသွင်ပြောင်း အဆင့်များ ကိုင်ဆောင်သည်ဖြစ်ကာ တာအိုသည်အစစ်အမှန်ရှာဖွေခြင်း အဆင့်များ အတွက်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားသည် “ငါမတတ်နိုင်ဘူး။ မတတ်နိုင်ဘူး”
နောက်တော့သူသည်တလက်လက်တောက်ပနေသည့်အရာများကိုဆက်လက်ကာ ကြည့်ရှုလိုက်သည်။အစစ်အမှန်အဆင့်သည်ပင်သန်းနှစ်ဆယ်လောက်ကုန်ကျနေသည်။
ကုန်းရှန့်သည်ငိုချင်စိတ်ပင်ပေါက်နေမိ၏။
ပစ္စည်းများများ ဝယ်ယူရန်မှာ မလွယ်လှချေ။ဈေးမှာ အလွန်ကြီးလွန်းလှသည်။
“ဘာပဲပြောပြော တစ်ခုလောက်တော့ဝယ်သင့်တယ်ထင်တယ်”
ကျွင်းချောင်ရှောင်းသည်အနီးဆုံးရှိ ပစ္စည်းအားထောက်ကြည့်လိုက်တော့ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၂၀၀၀ ဖြစ်လို့နေသည်။သူသည်ခုံပေါ်မှပင်လျောကျသွားရ၏။
ဈေးကြီးလွန်းသည်မှာ ပြဿနာမဟုတ်ချေ။ သူ ဖြည်းဖြည်းချင်း စုဆောင်းကာ ဝယ်ယူသွားနိုင်သေးသည်။လက်ရှိ သူ၏ တပည့်အဆင့်တိုးတက်စေရန်အလျှင်လိုနေသည်က အရေးကြီးသည်။
“refresh”
စနစ်က ပြောလိုက်၏ “အခွင့်အရေးက ၂၄ ကြိမ် ကျန်သေးတယ်။ refreshလုပ်ရင်း တစ်စုံတစ်ခု အကျိုးရှိတာ ရမှာပါ”
ကျွင်းချောင်ရှောင်းသည်ထိုအရာကို ဇဝေဇဝါအဖြစ်ဆုံးဖြစ်၏။သူ refresh လုပ်လိုက်မည်ဆိုလျှင်ယခုတွေ့ထားသည့်ပစ္စည်းကောင်းများသည်ပျောက်ကွယ်သွားဦးမည်မဟုတ်ပါလား။
“မတတ်နိုင်ဘူးလေ။ တပည့်ကို ကူညီချင်တယ်ဆိုရင်ဒါကို လုပ်ရမှာပဲ” စနစ်က တရားပြလိုက်ရသည်။
“အဆင်ပြေပါတယ်”
ကျွင်းချောင်ရှောင်းသည်အံကြိတ်ကာ ပြောလိုက်၏ “လုပ်ကွာ … refresh”