အခန်း ၁၅၀၀
Vol. 101 Ch. 1500
အပိုင်း (၁၅၀၀)
“ဒင် …ဒင်”
Refresh ပြီး Refresh … အထပ်ထပ် ပြုလုပ်ခဲ့သည်။
တစ်နှစ်တာ VIP အသုံးပြုသူ ဖြစ်လာပြီးနောက် ပစ္စည်းကောင်းတွေတော်တော်များများ ထွက်ပေါ်လာသည်မှာ ငြင်း၍မရချေ။ သို့ပေမဲ့ဈေးကြီးလွန်းပြီး သူ တတ်နိုင်သော အရာများ မဟုတ်သောကြောင့် ကြိတ်မှိတ်ကာ refresh လုပ်၍ကျော်နေရ၏။
“ဈေးဝယ်ခြင်းထဲ ထည့်သိမ်းထားပြီး နောင်ပိုက်ဆံရှိမှဝယ်လို့ရနိုင်မယ့်လုပ်ဆောင်နိုင်မှုမျိုး ဘာလို့ထည့်မထားတာလဲ” ကျွင်းချောင်ရှောင်းသည်ဆွံ့အနေမိသည်။
“မင်း အိမ်မက်ထဲမှာပဲ ရမယ်”စနစ်က ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည်၎င်းအား လျစ်လျူရှုပြီး ဆက်လက်ကာ refresh လုပ်လိုက်သည်။ဆယ်ကြိမ်ကျော် refreshလုပ်ပြီးသည့်နောက်ကျောက်ရိုင်းထုတ်ဖော်စက်ဆိုသည့်အရာကို သူ မြင်လိုက်ရသည်။ ထို့ကြောင့်ပျော်ရွှင်စွာဖြင့်ပြောလိုက်မိသည် “နောက်ဆုံးတော့ .. အသုံးဝင်တဲ့အရာကို တွေ့ပြီပဲ”
ကျောက်ရိုင်းထုတ်ဖော်စက်သည်ဈေးမကြီးလှပေ။ ဆယ်သိန်းသာ ကုန်ကျသည်။အထူးကျောက်ရိုင်းများအား ပိုမို ရရှိလာအောင် ပြုလုပ်ပေးနိုင်သည့်အရာလည်း ဖြစ်နေ၏။
“ပိုပြီး တိုးလာတာလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်တောက်ပလာခဲ့သည်။
မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးသည်အထူးကျောက်ရိုင်းပင်မဟုတ်ပါလား။ ထိုအရာကို အထဲသို့ထည့်သွင်းလိုက်မည်ဆိုလျှင်ကျောက်ရိုင်းများ ပိုမိုကာ ရရှိလာအောင် ပြုလုပ်ပေးနိုင်လိမ့်မည်။
“ဝယ်မယ်”
ခဏလောက်တွေးတောပြီးနောက် ကျွင်းချောင်ရှောင်းသည်ဆယ်သိန်းအသုံးပြုကာ ဝယ်ယူလိုက်တော့သည်။
ဂိုဏ်းစုဆောင်းမှတ်သိန်းနှစ်ဆယ်၊သုံးဆယ်ဖြင့်ဝယ်ယူ၍ရနိုင်သော ပစ္စည်းများကို သူ တွေ့ရှိခဲ့သည်ဆိုသော်လည်း မဝယ်ယူခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်သူတစ်ယောက်တည်းသာ အသုံးပြု၍ရနိုင်သော အရာဖြစ်နေပြီး ဂိုဏ်းတစ်ခုလုံးအတွက်အသုံးဝင်သော အရာမဟုတ်သောကြောင့်ပင်။
ကျွင်းချောင်ရှောင်းသည်မြေအောက်တည်နေရာဆီ သွားလိုက်ပြီး မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးအား ကျောက်ရိုင်းထုတ်ဖော်စက်ထဲ ထည့်လိုက်သည်။
ထုံးစံအတိုင်းပင်ထိုအရာအား အသက်သွင်းရန်သလင်းအမြူတေ သို့မဟုတ်စိတ်ဝိညာဉ်ကျောက်တုံးများ ကို ထည့်သွင်းရန်လိုအပ်နေသည်။နောက်ဆုံးမှာတော့သူသည်သလင်းအမြူတေများအား စွမ်းအင်အဖြစ်ထောက်ပံ့ရန်ထည့်သွင်လိုက်၏။
“စမ်းကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည်ကျောက်ရိုင်းထုတ်ဖော်စက်၏စတင်မည်ဆိုသော ခလုတ်အား နှိပ်လိုက်သည်။
ဒွီ .. ဒွီ ..။
မျက်နှာပြင်ပေါ်ရှိ နံပါတ်များ ပေါ်လာ၏။
ပစ္စည်း - မိခင်အစစ်အမှန်ကျောက်တုံး။
အခြေအနေ - ကိုက်ညီ။
စွမ်းအင် - ၁ %။
အမြန်နှုန်း - ၁၀၀%။
ကျွင်းချောင်ရှောင်းသည်သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့်ထအော်လိုက်မိသည် “အဆင့်မြင့်သလင်းအမြူတေ တစ်ထောင်ကျော်ကို ထည့်သွင်းပြီးပြီ။ စွမ်းအင်က ၁ % ပဲ တက်တယ်။အမြန်နှုန်းက ၁၀၀ % ပဲလား”
ကုန်းရှန့်ထည်သွင်းခဲ့သော သလင်းအမြူတေ များသည်များပြားလှသောတားမြစ်တည်နေရာများထဲမှကောက်ယူခဲ့သည့်သလင်းအမြူတေများဖြစ်၏။အရည်အသွေးသည်အလွန်ကောင်းမွန်လွန်းလှသည်။ဈေးထဲသွား၍ လဲလှယ်မည်ဆိုလျှင်သလင်းအမြူတေ တော်တော်များများ ရရှိမှာ သေချာ၏။
ဟူး ..ဟူး …။
ထိုအချိန်မှာတော့မိခင်အစစ်အမှန် ကျောက်တုံးဆီမှအားကောင်းလွန်းလှသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မြေဆီလွှားများဆီ သက်ရောက်ကုန်သည်။
အမြန်နှုန်း ၁၀၀ ရာခိုင်နှုုန်ဆိုသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးဖြစ်ပေါ်နိုင်မှု နှုန်းသည် နှစ်ဆတိုးတက်သွာခြင်း ဖြစ်၏။
ဒွီ .. ဒွီ ..။
ထည့်သွင်းထားသော စွမ်းအင်ကုန်ဆုံးကြောင်း အသံများထွက်ပေါ်လာသည်။
“……..”
ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားမိ၏။ ဤမျှများပြားသော အရည်အသွေးမြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းခဲ့သည်ကိုတောင်မှခဏအတွင်း ကုန်ဆုံးသည့်အသံမျိုး ထွက်ပေါ်လာခဲ့၏။သောက်ကျိုးနည်းလှချေသည်တကား။
“မဆိုးပါဘူး”
စနစ်က ပြောလိုက်သည် “အနည်းဆုံးတော့မိခင်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးကို ပိုပြီး အားကောင်းစေခဲ့တာပဲ”
“ဒါ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည်သလင်းအမြူတေများအား ထပ်မံထုတ်ယူ၍ ထည့်သွင်းလိုက်၏။
ဟူး ဟူး…။
သိုလှောင်လက်စွပ်ထဲတွင်ရှိသော သလင်းအမြူတေ အားလုံးကို ထည့်သွင်းပြီးချိန်မှာတော့စွမ်းအင်တိုးတက်နိုင်မှုနှုန်းသည် ၅%သို့တိုးတက်လာခဲ့သည်။
“ချီးတဲ့မှ …”
“ဈေးကြီးလိုက်တာ”
ဟမ် …။
ထိုအချိန်မှာပဲ ကုန်းရှန့်၏မျက်လုံးများသည် ပြူးထွက်သွားသည်။စက်၏မျက်နှာပြင်ပေါ်တွင်ရှိနေသော အမြန်နှုန်းသည် ၁၀၀ %မှသည် ၅၀၀%ထိ တိုးတက်သွားသောကြောင့်ပင်။
“နားလည်ပြီ”
စနစ်က ပြောလိုက်သည် “စွမ်းအင်ရာခိုင်နှုန်း တိုးတက်သွားတိုင်း အမြန်နှုန်းကလည်း တိုးတက်သွားတာကိုး”
ကျွင်းချောင်ရှောင်းသည်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာဖြင့်ပြောလိုက်၏ “ဒါက သလင်းအမြူတေ နဲ့စိတ်ဝိညာဉ်ကျောက်တုံးနဲ့လဲနေတဲ့သဘောမျိုးဖြစ်လာတာပဲ”
………
ဆွစ်…။
သူသည်စတိုးအားထပ်ဖွင့်လိုက်သည်။
ဟမ် ..။
စာရင်း၏ အောက်ဆုံးထောင့်တွင်မျိုးရိုးဗီဇ ပြောင်းလဲခြင်း ဆေးရည်ဆိုသော အရာကို သူ မြင်လိုက်ရသည်။ ထို့ကြောင့်အလျှင်အမြန်ပဲ မိတ်ဆက်ကို နှိပ်ကြည့်လိုက်၏
ပစ္စည်း - မျိုးရိုးဗီဇ ပြောင်းလဲခြင်းဆေးရည်။
မိတ်ဆက် -သိုင်းပညာနှင့် သိပ္ပံနည်းပညာကို အခြေခံပြီး တစ်ခေတ်ဆန်းအောင်ဖန်တီးထုတ်လုပ်ထားသော အရာ။
အကျိုးသက်ရောက်မှု -သောက်သုံးပြီးနောက်အသုံးပြုသူ၏ မျိုးရိုးဗီဇကို ပြောင်းလဲပစ်နိုင်ပြီး လူသားမဟုတ်သော အထူးစွမ်းရည်မျိုး ရရှိစေသည်။
အကျိုးမသက်ရောက်မှု -ကျပမ်းမျိုးရိုးဗီဇကိုသာ ရရှိခြင်း။
ဈေးနှုန်း - ဂိုဏ်းဂုဏ်သိက္ခာအမှတ်- ၂၀၀၀။
မှတ်ချက်-တစ်နှစ်လျှင်တစ်ခုသာ ဝယ်ယူခွင့်ရှိ။
“ချီးတဲ့မှ …”
ကျွင်းချောင်ရှောင်းသည်အံ့အားသင့်မိသွားသည် “အရမ်း အားကောင်းလား”
စနစ်က ပြောလိုက်၏ “ကျင့်ကြံခြင်းလောကရဲ့အသုံးအနှုန်းအရဆိုရင်ဒါက သွေးမျိုးဆက်ဆက်ခံမှုပဲ။ ဝယ်ယူဖို့ ကြယ်ဆယ်ပွင့်အာမခံတယ်”
“…….”
ကျွင်းချောင်ရှောင်းသည်အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤအရာသည်မဆိုးလှချေ။ထို့ပေမဲ့သူ့၌ ဂိုဏ်းဂိုဏ်သိက္ခာအမှတ် ၂၀၀၀သာလျှင်ရှိနေ၏။
စနစ်က ပြောလိုက်သည် “ရီရှင်းချန်ကို မျိုးနွယ်တစ်ခုရဲ့သွေးမျိုးဆက်ကို ဆက်ခံရရှိစေမှာလေ။ ဒါက သူ့အဆင့်တက်မှုကို တိုးတက်လာစေလိမ့်မယ်။”
“ဒါ အဓိပ္ပာယ်ရှိတယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွားသည်။
အခွင့်အရေးသည်တစ်ခုတည်း ရှိသည်။မဝယ်လျှင် refreshလုပ်ရပေမည်။
“ပြီးတော့ …”
စနစ်က ထပ်ပြောလိုက်သည် “ဒီအရာက တစ်နှစ်ကိုတစ်ခါဝယ်လို့ရတယ်။အနာဂတ်မှာ ဂုဏ်သိက္ခာမှတ်တွေရှိလာရင်ဝယ်လို့ရနိုင်သေးတယ်။ဂိုဏ်းရဲ့အထက်ပိုင်း အကြီးအကဲတွေနဲ့တပည့်တွေကို ပေးနိုင်တယ်။အားလုံးက ထူးခြားတဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်တယ်”
အစစ်အမှန်အရောင်းသမားတစ်ယောက်သည်ဝယ်သူ၏ စိတ်နေစိတ်ထားကို နားလည်ပြီး ရိုးရှင်းသည့်စကားလုံးများနှင့် ထိရောက်စွာ ရောင်းချနိုင်စွမ်းရှိ၏။
ကျွင်းချောင်ရှောင်းသည်အမှန်ပင်ဆုံးဖြတ်ချက်ချလိုက်ရသည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင်ဤအရာသည်သူ့အတွက်အသုံးမဝင်ချေ။အဘယ့်ကြောင့်ဆိုသော်သူ့၌ ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်ရှိနေသောကြောင့်ပင်။သွေးမျိုးဆက်နှစ်ခု ပေါင်းစပ်သွားမည်ဆိုလျှင်ဘာတွေဖြစ်ကုန်မည်နည်း ဆိုသည်ကို မသိနိုင်ချေ။အကျိုးသက်ရောက်မှုမရှိပါက ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၂၀၀၀ကို ဖြုန်းတီးရာ ကျပေလိမ့်မည်။
“ဒင် …လက်ခံသူသည်ဂိုဏ်းဂုဏ်သိက္ခာအမှတ်ကို အသုံးပြု၍မျိုးရိုးဗီဇ ပြောင်းလဲခြင်း ဆေးရည်တစ်ပုလင်းကို ဝယ်ယူခဲ့သည်။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ပို့ဆောင်ပြီးပါပြီ။”
“ဒင် .. ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ဝ”
ကျွင်းချောင်ရှောင်းသည်ထိုအရာကို ဝယ်ပြီးသည်နှင့်ရီရှင်းချန်ကို တစ်ခါတည်း အကြောင်းကြားလိုက်သည်။
“ဂိုဏ်းချုပ်”
အားညိုသည်အပြင်ဘက်မှလျှောက်ဝင်လာပြီး စိတ်ထဲတွင် ကြိတ်ကာ ရေရွတ်လျက်ရှိနေသည်။ဂိုဏ်းချုပ်သည်သူ့အတွက်ကောင်းမွန်သည့်အရာကို ပေးအပ်မည်လား မသိချေ။
ဘုတ်..။
ကျွင်းချောင်ရှောင်းသည်မျိုးရိုးဗီဇ ပြောင်းလဲခြင်းဆေးရည်ကို စားပွဲပေါ်တင်ကာ ပြောလိုက်၏ “သောက်လိုက်”
ရီရှင်းချန်သည်ပျော်ရွှင်သွားမိသည်။
ပုံပန်းသွင်ပြင်အရဆိုလျှင်ဤအရာသည်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် နှင့်ဆင်တူသည်။သူသည်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီးဖြစ်၏။ထို့ကြောင့်သောက်သုံးလိုက်မည်ဆိုလျှင်နတ်ဘုရားအဆင့်ထက်ပိုမိုကာ မြင့်တက်သွားနိုင်မည်လား။
ဖောက် ..။
ရီရှင်းချန်သည်အလျှင်အမြန်နှင့်ပုလင်းအားကောက်ဖွင့်ကာ တစ်ခါတည်း မော့သောက်လိုက်တော့သည်။
မျိုးရိုးဗီဇ ပြောင်းလဲခြင်းဆေးရည်၏အရသာသည်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်နှင့်ဆင်တူသည်။မွှေးပျံပြီး ငန်ကျိကျိ အရသာကို ပေးစွမ်းသည်။သောက်လို့မဝသလိုပင်ခံစားမိစေ၏။
မဟုတ်သေးဘူး။
သောက်သုံးပြီးပြီ ဆိုသော်လည်း သူ၏ ပင်ကိုယ်စွမ်းရည်စိတ်ဝိညာဉ်အမြစ်သည်တိုးတက်မလာခဲ့ချေ။
ဟူး .. ဟူး…..
အားညိုးတွေးတောနေတုန်းမှာပဲ သူ၏ ခန္ဓာကိုယ်ဆီမှဆန်းကြယ်လွန်းသော အော်ရာများ ထွက်ပေါ်လာသည်။ထိုအော်ရာများသည်တစ်ကိုယ်လုံးသို့ ပြန်နှံ့ပြီး သူ၏ သွေးများထဲသို့စိမ့်ဝင်သွားသည်။သူ၏ သွေးများသည်မီးမြိုက်ခံလိုက်ရသလို ဆူပွက်လာသည်။
အား … အား …။
နှလုံးကွဲမတတ်နာကျင်မှုသည်ချက်ချင်းပဲ ပြန့်နှံ့သွားသည်။ အသားအရေ တစ်လွှာချင်းစီတိုင်း၌ အပူလှိုင်းများ ဖြစ်တည်လာသည်။ ရီရှင်းချန်သည်အသတ်ဖြတ်ခံရတော့မည့်ဝက်တစ်ကောင်ကဲ့သို့အော်ဟစ်လျက်ရှိနေလေ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဒီအသံ .. ဒါက ဂျုနီယာ ညီလေး ရီ ရဲ့အသံ မလား။”
“သွားကြည့်ရအောင်”
ဆွစ် ..ဆွစ် ..။
အားလုံးတို့သည်နဂါးဦးခေါင်း တောင်ထွတ်ဆီသို့ပျံသန်းလိုက်ကြသည်။ဂိုဏ်းချုပ်နေထိုင်ရာ ခြံဝန်းထဲ ခြေချလိုက်ချိန်မှာတော့အကုန်လုံးသည်မျက်လုံးအပြူသားနှင့် ထအော်လိုက်မိကြ၏
“သောက်ကျိုးနည်း”