← Chapters

အခန်း ၁၅၀၁

Vol. 101 Ch. 1501

အခန်း ၁၅၀၁

Vol. 101 Ch. 1501

အပိုင်း (၁၅၀၁)

ရီရှင်းချန်သည်မျိုးရိုးဗီဇ ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်ထဲရှိ သွေးများ ကျွမ်းလောင်သလို ခံစားလိုက်ရသည်။သူ၏ တစ်ကိုယ်လုံးသည်နာကျင်လျက်ရှိပြီး မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့မဲ့လျက်ရှိသည်။

“အားညို”

ကျွင်းချောင်ရှောင်း ထအော်လိုက်သည်။

စနစ်က ပြောလိုက်၏ “စိတ်မပူနဲ့။သူက သွေးမျိုးဆက်နဲ့ပေါင်းစပ်နေတာ။ လက်ခံသူ ကျောက်ရုပ်ထု သွေးမျိုးဆက်ကို နိုးထတုန်းကလိုပဲ”

“…..”

ကျွင်းချောင်ရှောင်းသည်တိတ်ဆိတ်ငြိမ်သက်သွားသည်။

အား ..အား …။

ရီရှင်းချန်သည်တောက်လျောက်အော်ဟစ်လျက်ရှိနေ၏။

လက်ရှိအချိန်မှာတော့သူ့အား မည်သူမှမကူညီနိုင်ပေ။ သူ့ကိုယ်သူသာလျှင်အားကိုး၍ ဤအခြေအနေဆီမှကျော်ဖြတ်ရပေလိမ့်မည်။

သူ အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဆိုလျှင်ထူုးခြားသော သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ကျရှုံးခဲ့လျှင်တော့သူ၏ နာမည်ဂုဏ်သိက္ခာကို ဆုံးရှုံးပေလိမ့်မည်။

သူ နောင်တရနေသည်လား။

မဟုတ်ပေ။

ရီရှင်းချန်သည်လုံးဝ နောင်တမရပေ။

မျိုးရိုးဗီဇ ပြောင်းလဲခြင်းဆေးရည်သည်သူ့အား နာကျင်မှုများ ကို ခံစားရစေသည်ဆိုသော်လည်း နှောင့်နှေးခြင်းမရှိဘဲ သောက်သုံးမိပေမည်။ပိုမိုအားကောင်းလာရန်အလို့ငှာ သူသည်သေဆုံးခြင်းကို ကြောက်လန့်နေမည်မဟုတ်ချေ။

“အားညို …”

ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ ကြိတ်ကာ အားပေးလျက်ရှိ၏ “တောင့်ထား”

အား … အား ..။

အော်ဟစ်သံသည်ကြောက်ခမန်းလိလိ ဖြစ်ပြီး ကြက်သီးမွှေးညှင်းများပင် ထစေသည်။

တစ်ချိန်တည်းမှာပဲ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် မြန်မြန်ဆန်ဆန်အသွင်ပြောင်းလျက်ရှိပြီး သူ၏ မျက်လုံးများသည်လည်း နီရဲလာသည်။အသားပေါ်တွင်ထူးခြားသော အရေးအကြောင်းများလည်း ထင်ပေါ်လာ၏။

စနစ်က ပြောလိုက်သည် “ပေါင်းစပ်တော့မယ်”

“လာစမ်း .လာစမ်း …”

ကျွင်းချောင်ရှောင်းသည်လက်သီးကို ဆုပ်ကာဖြင့်အားပေးလျက်ရှိသည်။သူ၏ အမူအရာကို ကြည့်ရသည်မှာ သူကိုယ်တိုင်သွေးမျိုးဆက်အသစ်တစ်ခု ဆက်ခံနေရသကဲ့သို့ပင်။

သူအားပေးနေသည်ကို ရီရှင်းချန်မှာတော့မကြားနိုင်ချေ။နာကျင်မှုသည်သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်းထိ တိုးဝင်ရောက်ရှိနေသည်။ထို့ကြောင့်အကြားအာရုံလည်း အသက်မဝင်တော့ချေ။ သူ၏ စိတ်နှင့်ဝိညာဉ်သည် ပြိုလဲလုမတတ်ပင်။

ဝမ် …။

သူ့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားသည်။နာကျင်မှုများသည်လည်း လွင့်ပြယ်သွား၏။

ရီရှင်းချန်သည်ကြောင်အအဖြင့်သာမာန်ပုံစံရှိသော ရွာလေးးတစ်ခု၏ ရှေ့တွင်မတ်မတ်ရပ်လျက်ရှိသည်။သူသည်အံ့အားတသင့်ဖြင့်ပြောလိုက်သည် “ပုံရိပ်ယောင် မြင်ကွင်းတစ်ခုလား”

“လာ… ငါ့နောက်လိုက်ခဲ့”

ရုတ်တရက်အသံတစ်ခုသည်သူ၏ အနောက်ဘက်ဆီမှပေါ်လာ၏။

ရီရှင်းချန်သည်အသာ နောက်လှည့်ကြည့်လိုက်ချိန်မှာတော့မိုးတွေရွာပြီးနောက်ရွံ့များပွထ နေသည့်လမ်းတစ်ခုပေါ်တွင်ပြေးလွှားနေသည့်ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုကလေး၏ လက်ထဲတွင်စက္ကုစွန်အပျက်လေးတစ်ခု ရှိနေသည်။

ဝှစ် ..။

စွန်ကြိုးသည်ရီရှင်းချန်၏ ခန္ဓာကိုယ်ကို ဖြတ်ဝင်သွားသည်။ ထိုအချင်းအရာသည်သူ့အား ပုံရိပ်ယောင်မြင်ကွင်း တစ်ခု ဖြစ်ကြောင်း သက်သေပြလိုက်သလိုပင်။သူသည်အခြေအနေ တစ်ခုလုံးအား ဘေးမှရပ်ကြည့်နေသူဖြစ်ပြီး ကလေးလေးသည်သူ တည်ရှိနေသည်ကို မသိရှိပေ။

“ဖေးအားညို”

ထိုအချိန်မှာတော့ရွံလမ်းပေါ်မှမိန်းကလေးတစ်ယောက်သည်အပြေးလှမ်းလာသည်။သူမ က အော်ဟစ်လိုက်၏ “ရပ်စမ်း”

ဖေးအားညိုဟုတ်လား။

ကျွင်းချောင်ရှောင်းသည်ထိတ်လန့်တုန်လှုပ်စွာဖြင့်အလျှင်အမြန်နောက်လှည့်ကြည့်လိုက်သည်။

မကြာမီမှာပဲ သူသည်ကလေး၏ ရုပ်သွင်ကို သေချာမြင်လိုက်ရသည်။ထိုသူသည်သူ ခန္ဓာကိုယ်ကို လုယူခဲ့သော ဖေးအားညိုပင် ဖြစ်တော့၏။

နေအုံး ..။

မိန်းကလေးကိုလည်း သူ ရင်းနှီးနေသည်။

ရီရှင်းချန်သည်တစ်စုံတစ်ခုကို တွေးတောမိပြီး မျက်မှောင်ကုတ်လိုက်မိ၏ “ဟွေ့အာ လား”

“လာ .. နောက်က လိုက်လေ။ မိရင်စွန်ကို ပြန်ပေးမယ်” လူငယ်လေးသည်ပြောင်စပ်စပ်ဖြင့် ပြုံးလျက်ရှိသည်။

ဘုတ် ..။

မိန်းကလေးသည်ချော်လဲကာဖြင့်မျက်နှာတစ်ခုလုံး ဗွက်များပေကုန်၏။

“ဟားဟား…”

လူငယ်သည်ရယ်မောကာ ပြောလိုက်သည် “ညစ်ပတ်အိုး …”

“နင် …”

မိန်းကလေးသည်မျက်နှာပေါ်ရှိ ရွံ့များကို သုတ်ကာဖြင့်ပါးပေါ်သို့ပဲစေ့အရွယ်မျက်ရည်မျာုး ကျဆင်းလာ၏။

“ဘာလို့ငိုနေရတာလဲ”

လူငယ်သည်အသာလှမ်းလာပြီး စွန်အား အသာကမ်းပေးလိုက်သည် “ရော့ .. ယူလိုက်”

“မယူဘူး”

မိန်းကလေးသည်စွန်အား ရွံ့ထဲသို့ဒေါသတကြီးဖြင့်ပစ်လွှတ်လိုက်၏။

“ဟွေ့အာ”

လူငယ်သည်မျက်နှာငယ်လေးနှင့် ပြောလိုက်သည် “ငါ ကစတာပါ။ဘာလို့ဒေါသထွက်နေတာလဲ”

ထင်ထားတဲ့အတိုင်းပဲကိုး .. ဤမိန်းကလေးသည်ဟွေ့အာပင် ဖြစ်နေလေ၏။

ရီရှင်းချန်သည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ဒါသူတို့ငယ်ငယ်တုန်းကကိုး။ ဒါနဲ့ဘာလို့ငါက ဒါကို မြင်နေရတာလဲ”

ဖူး ..။

နာကျင်မှုသည်သူ၏ သိစိတ်ထဲ ပြန်လည် ရောက်ရှိလာသည်။သူသည်အမှတ်မထင်ဖြင့်ဦးခေါင်းကို ဆုပ်ကိုင်လိုက်မိ၏။

ဆွစ် …။

ရုတ်တရက် မြင်ကွင်းတစ်ခုလုံးသည်ပြောင်းလဲသွားသည်။သူသည်နက်မှောင်လျက်ရှိနေသော တောကြီးတစ်ခုထဲသို့ရောက်ရှိသွားသည်။လူရွယ်လေး အားညိုသည် ကြီးမားလှသော သစ်သားတုတ်ကြီးကို ကိုင်ကာဖြင့်ရှေ့မှဝံပုလွေကြီးအား ခုခံလျက်ရှိသည်။သူ၏ နောက်တွင်တော့ထိတ်လန့်ကြောက်ရွံ့နေသော ဟွေ့အာ က ရှိလို့နေသည်။

“အားညို … ငါကြောက်တယ်”

“မကြောက်နဲ့ .. ငါ ကာကွယ်ပေးမယ်”

နောက်ဆုံးမှာတော့သူသည်ဝံပုလွေရိုင်းကြီး၏ ကုတ်ခြစ်ခြင်းကို ခံခဲ့ရသည်။ကံကောင်းစွာဖြင့်ရွာမှလူများ လိုက်ပါလာကြခြင်းပင်။သူတို့နှစ်ယောက်အား အချိန်မီ ကယ်တင်ပေးလိုက်နိုင်၏။

တခြားသော မြင်ကွင်းများ ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း အနှစ်ချုပ်ရမည်ဆိုလျှင်ထိုကဲ့သို့သော အခြေအနေများ မှ တဆင့်ဖေးအားညိုနှင့်ဟွေ့အာ တို့သည်တစ်ယောက်နှင့်တစ်ယောက်တို့၏ခံစားချက်များ ပိုမိုကာ တိုးတက်လာခဲ့ကြသည်။

သို့ပေမဲ့ရီရှင်းချန်မှာ အမှန်ပင်ဇဝေဇဝါ ဖြစ်မိနေ၏ ။ အဘယ့်ကြောင့် ဤနှစ်ယောက်ကြား ကိစ္စများအား သူ လာရောက် ကြည့်ရှုနေရသနည်း။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို လုယူပြီး ဝိညာဉ်ပျက်ဆီးသွားခဲ့ချိန်တွင်မှတ်ဉာဏ်အစိတ်အပိုင်း တစ်ချို့ကျန်ရစ်ခဲ့တာ ဖြစ်နိုင်သည်။

ဆွစ် …

ဆွစ် ..။

မြင်ကွင်းသည်ထပ်မံ ပြောင်းလဲသွားပြန်သည်။အရာအားလုံးသည်လူငယ်လေး အားညို နှင့်ကလေးမလေး ဟွေ့အာ တို့နှင့်သက်ဆိုင်သော အရာများကြီးဖြစ်သည်။

ဒွီ …။

ခဏကြာပြီးနောက်ဖေးအားညိုလူပျိုဖော်ဝင်သည့်အရွယ်သို့ရောက်ရှိလာသည်။သူသည်ဟွေ့အာ၏ရှေှုတွင်မတ်မတ်ရပ်ပြီးနောက်သူ့ထက်ခေါင်းတစ်လုံးနိမ့်သော ဟွေ့အာ အား ပြောလိုက်၏ “အရွယ်ရောက်လာရင်ငါနင့်ကို လက်ထပ်မယ်”

“အစ်ကို အားညို”

ဟွေ့အာသည် ၏မျက်နှာသေးသေးလေးသည်ရှက်သွေးဖြာသွားခဲ့သည်။

“ဟုတ်တယ်”

ဖေးအားညိုသည်အဝေးတစ်နေရာတွင်ချည်ထားသော အစိမ်းရောင်နွားထီးကြီးအား လက်ညိုးထိုးပြကာ ပြောလိုက်၏ “မင်းကို လက်ထပ်ဖို့ဒါနဲ့တင်တောင်းမယ်။ ပြီးတော့မင်းကို တဘဝလုံး စိတ်ချမ်းသာစေ ရမယ်”

ချမ်းသာသော မိသားစုများသည် မြင်းကောင်းမြင်းသန့်များ၊ ဈေးကြီးလွန်းသော အိမ်မွေးသတ္တဝါများကို အသုံးပြု၍မိန်းမတောင်းလေ့ရှိသော်လည်း သာမာန်မိသားစုများမှာတော့ နွားများ၊ ဆိတ်များဖြင့်သာ မိန်းမ တောင်းရသည်။

ခွီ ..။

ဟွေ့အာသည်ပါးစပ်ကို အုပ်ကာကာဖြင့်ပြောလိုက်သည် “အစ်ကိုအားညို .. ဒီနွားထီးကြီးအကြောင်းပဲ အမြဲပြောနေတော့တာပဲ”

ဖေးအားညိုသည်ရှေ့ဆီသို့အသာလှမ်းလျှောက်ပြီး သူမ၏ လက်လေးကို အသာဆွဲကိုင်လိုက်သည်။ ပြီးနောက်လေးလေးနက်နက်ပြောလိုက်၏ “ငါမင်းကို နွားကြီးလိုပဲ တစ်ဘဝလုံး စောင့်ရှောက်မယ်”

ဝမ်းဘဲ ….. ဘူး ..။

ရီရှင်းချန်သည်နားစွင့်ကာ ထောင်ထားသည်။သူ၏ ဝိညာဉ်သိစိတ်၌ စူးရှသည့်နာကျင်မှုများ ဖြစ်တည်လာသည်။ သူသည်ဦးခေါင်းကို ဆုပ်ကိုင်ပြီး မြေပေါ်ပင်ဒူးထေက်ကျလာသည်။သူ၏ အရေပြားပေါ်ရှိ အရေးအကြောင်းများသည်ပိုမိုကာ တောက်ပလာခဲ့သည်။

အား …။

အား ….။

ကြက်သီးထလောက်စရာ အော်ဟစ်သံကြီး ထွက်ပေါ်နေ၏။

ဆွစ်. …။

ထိုအချိန်မှာတော့လီချင်းယန်၊ရှောင်ကျီ နှင့် တခြားသူများသည်နဂါးဦးခေါင်းတောင်ထွတ်ပေါ်သို့အပြေးရောက်လာကြသည်။ ခြံဝန်းထဲတွင်သူတို့ မြင်နေရသော အရာကို ကြည့်ရှုပြီးနောက် မျက်လုံးများပင် ပြူးထွက်သွားမိကြ၏။ အဘယ့်ကြောင့်ဆိုသော်သူတို့မြင်နေရသည်မှာ … အစိမ်းရောင်နွားကြီးတစ်ကောင်ပင် ဖြစ်နေလေသည်။

“ဟ”

ကျွင်းချောင်ရှောင်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။

သူ၏ မျက်စိရှေ့မှာဆိုလျှင်ရီရှင်းချန်၏နဖူးပေါ်၌ ချိုလေးနှစ်ခုပင်ထွက်လျက်ရှိနေသေးသည်။

“မျိုးရိုးဗီဇ ပြောင်းလဲမှုအောင်မြင်”စနစ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည်အစိမ်းရောင်နွားထီးကြီးကို လက်ညိုးထိုးကာ စိတ်ပျက်လက်ပျက်နှင့်ထအော်လိုက်မိသည် “ချီးတဲ့မှ .. လူကနေ နွားဖြစ်သွားတာ။ ဒါ ဘယ်လို မျိုးရိုးဗီဇ ပြောင်းလဲမှုလဲ။ အားညိုလယ်စိုက်ရတော့မှာလား”

“ဒါကို သာမာန်နွားတစ်ကောင်လို့လက်ခံသူ ထင်နေတာလား”

“ဘာ …”

ကျွင်းချောင်ရှောင်း ထအော်လိုက်သည် “ဒါက လောင်ဇီ စီးတဲ့ နွားစိမ်းလို့တော့မပြောနဲ့နော်”

လောင်ဇီ (တာအိုပညာရှင်)

“လောင်ဇီ ရဲ့စီးတော်နွားဆိုရင်လက်ခံသူရဲ့တပည့်အတွက်အကောင်းဆုံးဖြစ်ပြီပဲ။ တိုက်ခိုက်မှုစွမ်းရည်အရဆိုရင်မျောက်ဘုရင်နဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ” စနစ်က သတိပေးလိုက်၏။

ထိုအချိန်မှာပဲ အစိမ်းရောင်နွားကြီးသည်ရုတ်တရက် ကြီးထွားလာပြီး ခြံဝန်းတစ်ခုလုံး ကို ပျက်ဆီးစေသည်။

မြင်ကွင်းကို ကြည့်ရှုပြီး လီချင်းယန်သည်ရင်ဘတ်ကိုပင်ဆုပ်ကိုင်လိုက်မိ၏ “ဒါက လေ့ကျင့်ရေးကွင်းပြင်ပျက်ဆီးတာထက်ဆိုးတယ်”

“ဝေါင်း ..”

နွားစိမ်းကြီးသည်ပေတစ်ရာခန့်ကြီးမားလာသည်။၎င်းသည်ကျယ်လောင်စွာ အော်ဟစ်လိုက်ချိန်မှာတော့တည်နေရာတစ်ခုလုံးပင်တုန်ခါသွားစေခဲ့သည်။

“အားကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းသည်မျက်လုံးပင် ပြူးထွက်သွားမိ၏။

ကုကျောင်းရှစ်သည်အလျှင်အမြန်နှင့်ပြေးလာပြီးနောက်အံ့အားတသင့်နှင့်ပြောလိုက်သည် “ဒါဘယ်လိုနွားမျိုးလဲ”

တစ်ဖက်မှထွက်ပေါ်နေသော အော်ရာများကိုကြည့်ရှုရမည်ဆိုလျှင်ဤအကောင်သည်သာမာန်နွားမဟုတ်ကြောင်း သိသာစေသည်။တစ်စုံတစ်ခု၏ သွေးမျိုးဆက် နိုးထခဲ့ပုံပေါက်၏။

“အစ်ကိုအားညို”

တပည့်များနေထိုင်ရာ တောင်ထွတ်ပေါ်မှာတော့ ကြီးမားလွန်းလှသော အစိမ်းရောင်နွားကြီးကို ကြည့်ပြီး ဟွေ့အာသည်မျက်ရည်များ မထိန်းချုပ်နိုင်သလို ကျဆင်းလာမိသည်။

သူမ အဘယ့်ကြောင့်ငိုနေရသနည်း။

ဖေးအားညိုသူမကို တင်တောင်းမည်ဟု ပြောဆိုခဲ့သော နွားကြီးနှင့် တစ်ပုံစံတည်း တူညီနေသောကြောင့်ပင်။

ရှင် ကျွန်မကို တောင်းရမ်းမှာ စောင့်မျှော်နေခဲ့တယ်။ဒါပေမဲ့လောကကြီးက ကျွန်မတို့နှစ်ယောက်ကို ခွဲခြားလိုက်ပြီ။

ဝမ်းဘဲ ….။

အစိမ်းရောင်နွားထီးကြီးသည်နဂါးဦးခေါင်းတောင်ထွတ်ပေါ်၌ ရပ်လျက်ဒေါသတကြီး အော်ဟစ်နေသည်။၎င်းသည်စိတ်ဝိညာဉ်သားရဲ တောင်ထွတ်ဆီသို့လှမ်းခုန်ပြီး ဟောခန်းရှေ့တွင်ထိုင်လျက်ရှိနေသော ခရမ်းရောင်ဘုရင်အား စူးစိုက်ကြည့်ရှုနေလေသည်။

ဟမ့် ..။

ဟောခန်းသခင်ကျိသည်ရုတ်တရက်မတ်တပ်ထရပ်ပြီး ဂိုဏ်းဝတ်စုံကို ချွတ်လိုက်သည်။ ပြီးနောက်ခေါင်းကို ခါယမ်းကာဖြင့်ပြောလိုက်၏ “ဘာ .. ငါ့ကို စိန်ခေါ်ချင်တာလား။ လာစမ်း..”

All Chapters