← Chapters

အခန်း ၁၅၀၂

Vol. 101 Ch. 1502

အခန်း ၁၅၀၂

Vol. 101 Ch. 1502

အပိုင်း (၁၅၀၂)

အရက်မူးလျက်ရှိနေသည့် ရီရှင်းချန်သည် စိတ်ဝိညာဉ်သားရဲတောင်ထွတ်သို့ ခနခနသွားရောက်လေ့ရှိ၏။ ၎င်း၏ သွေးမျိုးဆက် အသက်ဝင်ပြီးသည့် နောက်မှာတော့ အစစ်အမှန် မွန်းစတားကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

ရီရှင်းချန်၏ အစိမ်းရောင် နွားထီးကြီးပုံစံဖြင့် စိတ်ဝိညာဉ်သားရဲတောင်ထွတ်သို့ သွားရောက်ပြန်သည်။ စိတ်ဝိညာဉ်သားရဲဟောခန်းမှ အဖွဲ့ဝင်များကို မည်သည့်အချိန်ကတည်းက ကြည့်မရဖြစ်နေသည်လည်း မပြောပြတတ်ချေ။

အကြီးအကဲညိုသည် သတိအပြည့်ဖြင့် ပြောလိုက်၏။ "ဒီကောင်က မရိုးရှင်းဘူးနော်"

ဟောခန်းသခင်ကျိ၏ လက်ရုံးတစ်ယောက်ဖြစ်သောကြောင့် သူ၏အစစ်အမှန်ပုံသည် နွားသားရဲတစ်ကောင် ဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်၏ ရှေ့မှာတော့ စိတ်မသက်သာသလို ခံစားနေရ၏။ ဤအရာသည် သွေးမျိုးဆက်အစစ်ဆီမှ ရောက်ရှိလာသော အလုံးစုံဖိနှိပ်ခြင်းဖြစ်ကြောင်း နားလည်လိုက်မိသည်။

သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော သာမန်သားရဲသာ ဖြစ်၏။ သို့ပေမဲ့ ၎င်း၏ကျင့်ကြံခြင်းအဆင့်သည် တိုးမြင့်လာသည် ဆိုလျှင်တောင်မှ တော်ဝင်သွေးမျိုးဆက်များနှင့် နှိုင်းယှဉ်၍တော့ မရနိုင်ချေ။ ကြီးမားသည့် ကွားခြားချက်များ ရှိနေ၏။

ခရမ်းရောင်ဘုရင်သည် မထူးခြားသလို ပြောလိုက်သည်။ "ငါသိတယ်"

ဤကြီးမားလှသော နွားထီးကြီးသည် သာမန်နွားမျိုးဆက်မဟုတ်ပေ။ အစိမ်းရောင်နွားမျိုးဆက်သာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ထိုသို့ဆိုလျှင်တောင် ဘာဖြစ်နိုင်မည်နည်း။ သူသည်လည်း နတ်ဘုရားသားရဲ ခွန်သားရဲလည်း ဖြစ်သည်မဟုတ်ပါလား။ ဟောခန်းသခင်ကျိသည် သူ၏ထူးခြားသည့်သွေးမျိုးဆက်နှင့် ပတ်သက်၍အနည်းငယ် ဂုဏ်ယူလျက် ရှိနေ၏။

အထူးထူးသော သွေးမျိုးဆက်များနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း နဂါးမျိုးနွယ်နှင့် ကျောက်ရုပ်ထုမျိုးနွယ်တို့ထက် ပိုမိုရှားပါးလှသော အမျိုးအစားပင် ဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် ယခင်အားအင်အဆင့်ကို ပြန်လည်ရရှိခဲ့ပြီလား။ သူ၏ယခင်အားအင်အဆင့်ကို ပြန်လည်ရရှိရုံသာမက ယခင်ကထက်ပင် ပိုမိုကာအကောင်းလာခဲ့သေးသည်။ လက်ရှိအချိန်မှာတော့ သူသည် အမြူတေပြောင်းလဲခြင်း အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနှစ်ကျင့်ကြံသူပင် ဖြစ်လို့နေခဲ့သည်။

ဤကဲ့သို့သော အဆင့်မျှနှင့် နဂါးကလန်သို့ဝင်ကာ နဂါးဥကို မည်ကဲ့သို့ ခိုးယူခဲ့သနည်း။

ဟောခန်းသခင်ကျိသည် သူ၏ ခွန်သားရဲအသွင်ပြောင်းကာ လေဟာနယ်ထဲတွင် ပုန်းအောင်းနေနိုင်သည်။ သူသည် တိတ်တဆိတ်ပုန်းအောင်းကာဖြင့် ခိုးယူခဲ့ခြင်းဖြစ်၏။

ဝမ်းဘဲ ….။

အစိမ်းရောင်နွားထီးကြီးအဖြစ် အသွင်ပြောင်းလျက်ရှိနေသော ရီရှင်းချန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်းသည် တိုက်ခိုက်လိုခြင်း ပြည့်ဝနေသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

အင်္ကျီကျွတ်လျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် သူ၏လက်ကို အသာမြောက်ကာ ဖြင့် ပန်းရောင်လက်အိပ်ကြီးကို ဝတ်ဆင်လိုက်သည်။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ "ငါရဲ့ဒေါသကို လာဆွရဲတယ်ဆိုမှတော့ မင်းရဲ့သတ္တိကို ချီးကျူးမိပြီ"

ဖောင်း ….။

ရုတ်တရက် အစိမ်းရောင်နွားထီးကြီးသည် မတ်တပ်ထရပ်လိုက်သည်။ ၎င်းသည် နွားဖြစ်သည်။ သို့ပေမဲ့ လူသားတစ်ယောက်အသွင် ပြုလုပ်လျက် ရှိနေ၏။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ ပြီးနောက် ပြောလိုက်မိသည်။ "ဒါဘာကြီးလဲ"

နွားကြီးသည် မတ်တပ်ရပ်ပြီး လူသားတစ်ယောက်ဟန်ပန်မျိုးပြုလုပ်လျက်ရှိသည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်နေ၏။

ကျွင်းချောင်ရှောင်းအား ပိုမို၍ စိတ်ဓာတ်ကျစေသည်မှာ ရီရှင်းချန်သည် နွားကြီးပုံစံဖြင့် မတ်တပ်ရပ်လျက်ရှိနေပြီး ၎င်း၏ခွာနှစ်ဖက်သည် လက်ဝှေ့အိတ်ကြီးနှစ်ခုကဲ့သို့ ဖြစ်တည်နေခြင်းပင်...။

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သားရဲတစ်ကောင်သည် လူသားပုံစံဖြင့် တိုက်ခိုက်ရန်စိန်ခေါ်ခြင်းကို သူပထမဆုံး မြင်ဖူးခြင်းဖြစ်၏။

ဝမ်းဘဲ …။

ထိုအချိန်မှာပဲ ရီရှင်းချန်သည် သူ၏ခွာနှစ်ခုကို ဝှေ့ရမ်းကာဖြင့် ရိုက်ချလိုက်သည်။ များပြားလှသော စွမ်းအင်များသည် တောင်ကြီးတစ်လုံး၏ အလေးချိန်ကဲ့သို့ပင် ကျဆင်းလာသည်။

"မကောင်းတော့ဘူး"

ဟောခန်းသခင်ကျိ၏ အမူအရာသည် အလျင်အမြန်ပဲ ပြောင်းလဲသွား၏။

ဘုန်း ဘုန်း ဘုန်း ……..။

ရှေ့ခွာကြီးနှစ်ခု ကျဆင်းလာသည့် အချိန်မှာတော့ စိတ်ဝိညာဉ်သားရဲတောင်ထွတ်သည် တုန်ခါသွားခဲ့သည်။

ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်သွားမိ၏။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူ့အနေနှင့်ပင် ရင်ဆိုင်ရန် ခက်ခဲလှချေ၏။

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ မျိုးရိုးဗီဇပြောင်းလဲခြင်း ဆေးရည်ကြောင့် ရီရှင်းချန်သည် အစိမ်းရောင်နွားထီးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း ၎င်း၏အားအင်အဆင့်သည် တိုးတက်သွားခဲ့သည်။

သူ့အနေဖြင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ ကုန်ဆုံးသွားသည့်အတွက် ဝမ်နည်းနေသည်လား။ မဟုတ်ပေ။ သူ၏တပည့်များအနေဖြင့် အလုံးစုံသော အားအင်ကို ပိုင်ဆိုင်ရသည်ဆိုပါက ၎င်းအနေဖြင့် ဘာတစ်ခုမှ ဆုံးရှုံးနစ်နာသည်ဟု ခံစားရမည်မဟုတ်ချေ။

စနစ်က ပြောလိုက်၏။ “သူက လက်ရှိအချိန်မှာ သွေးမျိုးဆက်နိုးထတဲ့ အခြေအနေပဲ ရှိသေးတယ်။ အချိန်အနည်းငယ်ယူပြီးရင် ဒါကြီးက မူလပုံသဏ္ဍာန် ပြန်ပြောင်းလဲသွားလိမ့်မယ်"

"ပြောရရင် မျိုးရိုးဗီဇပြောင်းလဲခြင်း ဆေးရည်နောက်မှာ အစိမ်းရောင်နွားထီးကြီးအဖြစ် အသွင်ပြောင်းနိုင်တဲ့ ဝှက်ဖဲတစ်ခုရှိနေတာပေါ့" ကျွင်းချောင်ရှောင်းသည် ပြန်လည်မေးမြန်းလိုက်သည်။

"အမှန်ပဲ"

ဘုန်း ဘုန်း ဘုန်း …။

ဝိညာဉ်သားရဲတောင်ထွတ်ပေါ်တွင် ရေတွက်၍မရသော ပေါက်ကွဲမှုကြီးများ ဆက်တိုက်ဖြစ်ပေါ်နေ၏။ လီချင်းယန်သည် နာနာကျင်ကျင်နှင့် စောင့်ကြည့်နေရ၏။ သူဆောက်လုပ်ခဲ့သော အဆောက်အအုံများသည် တမဟုတ်ချင်း ပျက်စီးနေပြီဖြစ်၏။

"ထင်မှတ်ထားတဲ့ အတိုင်းပဲ"

အစိမ်းရောင်နွားထီးကြီး တိုက်ခိုက်ရာမှ ရပ်တန့်လိုက်သည့် အချိန်မှာတော့ ဖုန်များသည် ငြိမ်သက်သွား၏။ စိတ်ဝိညာဉ်သားရဲတောင်အဝင်ဝသည် ပြိုကျပျက်စီးနေပြီး အရှေ့တွင်ရှိနေသော သိုင်းလေ့ကျင့်ရေး ကွင်းပြင်သည်လည်း ချိုင့်ကြီးကဲ့သို့ ဖြစ်တည်နေသည်။

ထိုသို့ဆိုလျှင် ဟောခန်းသခင်ကျိသည် ဘယ်ရောက်သွားသနည်း။ ဟောခန်းသခင်ကျိသည် နှာခေါင်းမှ သွေးများကျဆင်းနေပြီး ရောင်ကိုင်းနေသော မျက်နှာကြီးဖြင့် ချိုင့်ကြီးထဲတွင် လဲလျောင်းနေ၏။ သူ၏ခြေထောက်များနှင့် လက်များသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။

ခွာနှစ်ဖက် သူ့ဆီသို့ ကျဆင်းလာပြီးနောက် သူသည် ရှောင်တိမ်းရန် အခွင့်အရေးကို မရရှိခဲ့ချေ။ ထို့ကြောင့် ဖိနှိပ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်၏။ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် သူသည် ရှုံးနိမ့်သွားခဲ့သည်။

"အမှိုက်"

အစိမ်းရောင်နွားထီးကြီးသည် သူ၏ပါးစပ်ကိုဟကာဖြင့် လူကဲ့သို့ ပြောဆိုလိုက်၏။ ဤတိုက်ခိုက်မှု၊ ဤဟန်ပန်အမူအရာသည် ၎င်းတို့၏ ညအင်ပါယာပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ အစိမ်းရောင်နွားထီးကြီးသည် စကားပြောနိုင်သေး၏။ ဆိုလိုသည်မှာ ၎င်း၏စိတ်သည် လွှမ်းမိုးခြင်းမခံဘဲ ပုံမှန်တိုင်း ဖြစ်လိမ့်မည့်သဘောပင် ဖြစ်သည်။

"အစ်ကိုကြီး"

ကုကျောင်းရှစ်က ထအော်လိုက်၏။ "အစ်ကိုကြီးတပည့်က မရိုးရှင်းဘူးပဲ။ သူက နွားထီးသွေးမျိုးဆက်ကို ပိုင်ဆိုင်သူဖြစ်နေတာပဲ။ သောက်ကျိုးနည်း။ ဒီကောင် ပိုင်ဆိုင်စရာ သွေးမျိုးဆက် ဒီလောက်ရှားလား။"

အရင်တုန်းက သူသည် ပြိုင်စံရှားဂိုဏ်းမှ များပြားလှသော တပည့်များ၏ အားအင်ကြောင့် အံ့အားသင့်ခဲ့ရသည်။ သို့ပေမဲ့ ယခုလောက်အထိ အံ့ဩမှုမရှိခဲ့ချေ။ ယနေ့မှာတော့ ရီရှင်းချန်၏ ပြုမူဆောင်ရွက်ပုံသည် သူ့အား ထိတ်လန့်စေရုံသာမက အံ့အားလဲသင့်စေခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "မင်းအနေနဲ့ အနာဂတ်မှာ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ်နေတတ်အောင် ကြိုးစားသင့်တယ်"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ မင်းခန့်မှန်းလို့မရတဲ့ အရာတွေက ရှေ့မှာရှိသေးတယ်"

"အများကြီးရှိသေးတယ် ဟုတ်လား"

ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သူသည် အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်သန်လာပြီးနောက် မယုံကြည်နိုင်လောက်အောင် အတွေ့အကြုံများကို ကြုံဖူးသူ တစ်ယောက်လည်းဖြစ်၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိပြီးနောက် သူမြင်တွေ့ခဲ့ရသော အရာများ ၊ သူကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များသည် သိုင်းပညာနှင့်ပတ်သက်သည့် သူ၏နားလည်မှုများကို စောက်ထိုးမိုးမျှော်ပင် ဖြစ်စေခဲ့သည်။

ထွီး

ထိုအချိန်မှာပဲ အစိမ်းရောင်နွားထီးကြီးသည် တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိပြီး တပည့်များနားနေရာ တောင်ထွတ်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။

"အားညို … ဘာလုပ်ချင်တာလဲ" ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာဖြင့် မေးလိုက်သည်။

ဟောခန်းသခင်ကျိကို အကြိမ်ပေါင်းများစွာ ရိုက်နှက်သည်က ပြဿနာမဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းတူတပည့်များကို သွားရောက် ရိုက်နှက်ခြင်းကိုတော့ ထိန်းသိမ်းရပေလိမ့်မည်။

ထွီး …..

ရီရှင်းချန်သည် သူ၏နွားဦးခေါင်းကြီးကို အသာလှည့်ကာဖြင့် တောင်ထွတ်ပေါ်သို့ မှေးတင်လိုက်၏။ သူ၏ နီရဲနေသည့် မျက်လုံးကြီးသည် တဖြတ်ဖြတ်နှင့် လှုပ်ခါလျက်ရှိနေပြီး ထိုမျက်လုံးထဲတွင် ရင်နာစရာကိစ္စများ တည်ရှိနေသကဲ့သို့ပင်။

"အစ်ကိုအားညို … ရှင် …. ရှင်မဟုတ်လား" ဟွေ့အာသည် မေးမြန်းလိုက်၏။

"ဝူး …. ဝမ်းဘဲ"

အစိမ်ရောင်နွားထီးကြီး၏ မျက်လုံးများသည် ပိုမို၍ ခံစားချက်များ အသက်ဝင်လာခဲ့၏။ သူသည် လူသားတစ်ယောက်ကဲ့သို့ နာကျင်မှုမျိုးကို ဖော်ပြနေ၏။ သူသည် ညာဖက်လက်မှ ခွာကြီးကို ခက်ခက်ခဲခဲဆန့်ထုတ်ကာ အမျိုးသမီး၏ မျက်နှာပေါ်ရှိ မျက်ရည်များကို အသာသုတ်ပေးလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်သည်။ "ငါ တောင်းပန်ပါတယ်"

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ရပ်တန့်လိုက်ချင်သည်ဆိုသော်လည်း ချက်ချင်းပင် ရပ်တန့်သွားမိ၏။ ဤအသံနှင့် ဤပုံစံမျိုးသည် ရီရှင်းချန်၏ ပုံပန်းသွင်ပြင်မျိုးမဟုတ်ချေ။ မတူညီသည့် လူသားတစ်ယောက်ကဲ့သို့ပင် သူ့အား ခံစားမိစေ၏။

"အခြေအနေက တစ်ခုပဲရှိတော့တယ်"

"ဘယ်လိုအခြေအနေမျိုးလဲ"

"ရီရှင်းချန်က ပြန်လည်မွေးဖွားလာတဲ့ အချိန်မှာ ဖေးအားညိုရဲ့ ခန္ဓာကိုယ်ကို အရယူခဲ့တယ်။ အားညိုရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုက နိုးထလာတာ ဖြစ်မယ်" စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "ဒါဆိုရင် သူကအခုဘယ်သူလဲ"

"သူက ရီရှင်းချန်နဲ့ ဖေးအားညို နှစ်ခုလုံးပေါ့" စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ ဟွေ့အာကို သွားရောက်၍ပြောဆိုနေသည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ ဖေးအားညို၏ ဝိညာဉ်သည် ဝင်ရောက်ပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ချီးတဲ့မှ"

လက်ရှိအချိန်မှာတော့ စိတ်ဝိညာဉ်သားရဲတောင်ထွတ်၏ တွင်းတစ်ခုထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

ကုကျောင်းရှစ်သည် ကြောင်အသွား၏။ ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံကို မြန်မြန်ဆန်ဆန် ဖြန့်ကျက်၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တွင်းနက်ထဲမှ ထူးဆန်းသည့် ခရမ်းရောင်များ ထွက်ပေါ်လာပြီး ဟောခန်းသခင်ကျိ၏ အရေပြားပေါ်သို့ ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။

ဟူး …။

ရုတ်တရက် ဆန်းကြယ်လှသော အော်ရာများသည် စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်မှ ထွက်ပေါ်လာ၏။ ကြီးမားလှသည့် အရိပ်ကြီးတစ်ခုသည် တဖြည်းဖြည်းဖြင့် အကောင်ဖြစ်တည်လာကာ ကြီးမားလှသည့် ခွန်သားရဲကြီးအသွင် ဖြစ်တည်လာ၏။ ထိုခွန်သားရဲကြီးသည် အနီရောင်အတွင်းခံကို ဝတ်ဆင်ထားသေး၏။

"လာပြီ … ဟောခန်းသခင်ကျိရဲ့ မူရင်ခန္ဓာကိုယ်"

"ဒါက …."

ကုကျောင်းရှစ်သည် မျက်လုံးပြူးသွားမိသည်။ "ဒါက ခရမ်းရောင်ခွန်သားရဲလား။ ငါ့အစ်ကိုကြီးပြောတာ အမှန်ပဲ။ အံ့အားသင့်စရာတွေ အများကြီးရှိသေးတာပဲ။ ဘာပဲကြုံကြုံ စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ဖို့ အမြန်ဆုံးသင်ယူရတော့မယ်။ ငါ့ကို ဘယ်သူသင်ပေးမှာလဲ"

ဝူး ဝူး …..။

သူ၏ မူလခန္ဓာကိုယ်ကို အသွင်ပြောင်းပြီးသော ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် အစောတုန်းက ရိုက်နှက်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်နေတာ သေချာ၏။

ဝမ်းဘဲ ….။

အစိမ်းရောင်နွားကြီး၏ မျက်လုံးများသည်လည်း အနီရောင်အလင်းတန်းများဖြင့် တောက်ပသွား၏။ သူ၏ခန္ဓာကိုယ်ကို နောက်ပြန်ဆုတ်ကာ အော်ဟစ်လိုက်သည်။

စိတ်ဝိညာဉ်သားရဲ ဟောခန်းဆီမှ အခြားေ"အပြင်ကိုသွားပြီး တိုက်ခိုက်ကြ" ကျွင်းချောင်ရှောင်းက လှမ်းအော်လိုက်သည်။

ဟူး … ဟူး …။

ဟောခန်းသခင်ကျိနှင့် အားညိုတို့သည် အပြင်ဖက်သို့ ထွက်ခွာသွားခဲ့၏။

ဘုန်း ဘုန်း …..။

အင်မော်တယ်တောင်တန်း၏ အပြင်ဖက်မှာတော့ နွားတစ်ကောင်နှင့် ခွန်သားရဲကြီးတစ်ကောင်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေ၏။ တိုက်ခိုက်ပွဲသည် အလွန်ပင် ရိုးရှင်းလွန်းလှ၏။ `မင်းကငါ့ကိုထိုး၊ ငါကမင်းကိုထိုးမယ်´ဆိုသည့် သဘောမျိုးပင်ဖြစ်၏။ နာရီအနည်းငယ်လောက် တိုက်ခိုက်ပြီးနောက် ၎င်းတို့နှစ်ယောက်သည် လူသားအသွင်သို့ ပြန်ပြောင်းလဲကာ မြေပေါ်တွင် သတိလစ်မေ့မြောလျက် ရှိနေတော့သည်။

All Chapters