← Chapters

အခန်း ၁၅၀၃

Vol. 101 Ch. 1503

အခန်း ၁၅၀၃

Vol. 101 Ch. 1503

အပိုင်း (၁၅၀၃)

မူလအသွင်သဏ္ဍာန်ကို ပြောင်းလဲပြီးပြီဖြစ်သော ဟောခန်းသခင်ကျိသည် သွေးမျိုးဆက် အသက်ဝင်နိုးထခဲ့ပြီ ဖြစ်သော အားညိုကို မရှုံးတော့ချေ။ အဆုံးသတ်မှာတော့ ၎င်းတို့နှစ်ယောက်လုံးသည် အတူတကွ သတိလစ် မေ့မျောသွားခဲ့ကြ၏။ ၎င်းတို့နှစ်ယောက်တွင် ပရိသတ်ဟူ၍ ထူးထူးခြားခြား မရှိချေ။

“ဂိုဏ်းချုပ်”

ဆေးဟောခန်းအတွင်းမှာတော့ သေသေချာချာ စမ်းသပ်စစ်ဆေးပြီးဖြစ်သော စွန်းပုကုံးသည် သူ၏ နှာခေါင်းစည်းကို ချွတ်ကာဖြင့် ပြောလိုက်သည်။ “ပြဿနာ မရှိပါဘူး။ ခဏလောက် နားပြီးသွားရင် သက်သာသွား ပါလိမ့်မယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်နှင့် ဟောခန်းသခင်ကျိတို့အား သက်ဆိုင်ရာ အိပ်ဆောင်များဆီသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလျက်ရှိသည်။ အကယ်၍ ဖေးအားညို၏ ဝိညာဉ် တည်ရှိနေသေးသည်ဆိုလျှင် ၎င်းတို့နှစ်ယောက်သည် တူညီသည့်ခန္ဓာကိုယ်ကို မျှဝေကာ အသုံးပြုရသလို ဖြစ်နေသည် မဟုတ်ပါလား။

“ဒါက ပြောဖို့ခက်တယ်လေ”

စနစ်က ပြောလိုက်သည်။ “ဖေးအားညိုရဲ့ ဝိညာဉ်က သွေးမျိုးဆက်အသွင်ပြောင်းတဲ့ အချိန်မှာပဲ ပေါ်ပေါက်လာတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သေးတယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သနားစရာ ဟွေ့အာပဲ”

ဤမိန်းကလေးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ လူမြင်ကွင်းဆီသို့ သိပ်၍ ထွက်ပေါ်မလာခဲ့သော်လည်း ကျင့်ကြံခြင်းအရာ၌ သေသေချာချာ ဇွဲရှိရှိနှင့် လေ့ကျင့်တတ်၏။ ရံဖန်ရံခါဆိုသလို စားသောက်ခန်းဆီသို့ သွားရောက်ကာ ကူညီခြင်းကိုလည်း ပြုလုပ်တတ်သည်။

ပထမတုန်းက ရီရှင်းချန်သည် သူ၏ မှတ်ဉာဏ်များကို ပျောက်ဆုံးခဲ့သောကြောင့် ချစ်ခင်နှစ်သက်ရသည့် မိန်းကလေးအား မေ့လျော့သွားခဲ့သည်ဟု ကုန်းရှန့်က ထင်မှတ်ခဲ့၏။ ထို့ကြောင့်ပင် ၎င်းတို့နှစ်ယောက်ကြား အောင်သွယ်လုပ်ရန်ပင် ကြိုးစားခဲ့သေး၏။ နောက်ပိုင်းတွင် ခန္ဓာကိုယ်အား ရီရှင်းချန်မှ သိမ်းပိုက်လိုက်သည် ဖြစ်ကြောင်းသိရှိပြီးသည့်နောက် ဤအတိုင်းသာ ထားရှိခဲ့လိုက်၏။ ဘာပဲဖြစ်ဖြစ် ရီရှင်းချန်သည် အားညိုအား ထိခိုက်စေခဲ့ပြီး ဟွေ့အာနှင့် နီးစပ်သည့်ကိစ္စအား ဖျက်ဆီးခဲ့မိ၏။

“စနစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ပြန်လည်ပြင်ဆင်လို့ ရနိုင်သေးလား”

သူ့တပည့်၏ မွေးဖွားခြင်းသည် တခြားသော အပြစ်မရှိသည့် အသက်တစ်ခုကို ထိခိုက်စေခဲ့ပြီး စုံတွဲတစ်တွဲ အားလည်း ကွဲကွာစေခဲ့၏။ ထိုအရာသည် သိုင်းကျင့်ကြံခြင်းလောကတွင် ရိုးရှင်းလှသည့်ကိစ္စတစ်ခု ဖြစ်သည်ဆိုသော်လည်း ဝိညာဉ် တည်ရှိနေသေးသည်ကို သိရှိသည့်အချိန်မှာတော့ သူသည် တစ်စုံတစ်ခုကို အမှန်ပင် ပြုလုပ်ချင်နေမိ၏။

စနစ်က ပြောလိုက်သည်။ “သီအိုရီအရဆိုရင် သေသွားတဲ့လူတစ်ယောက်က ပြန်ပြီးမရှင်သန်နိုင်ဘူး။ ဒါပေမဲ့ ဝိညာဉ် ရှိသေးတယ်ဆိုရင်တော့ အခွင့်အရေး ရနိုင်သေးတယ်”

“ဥပမာ ပြောရရင်ကော”

“ဥပမာအရဆိုရင် နတ်ဆိုးဘိုးဘေးကြီးရဲ့ ပြန်လည်ရှင်သန်ခြင်း အစီအစဉ်လိုပေါ့”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွား၏။ အမှန်ပင်ဖြစ်၏။ ဥပမာတည်ရှိလို့နေ၏။

ဆိုလိုသည်မှာ ဝိညာဉ်တည်ရှိနေသေးသည်ဆိုပါက ပြန်လည်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးက တည်ရှိလို့နေပေလိမ့်မည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ရီရှင်းချန်၏ အမှားအယွင်းကို ပြန်လည်ကာ ပြုပြင်ပေးချင်မိ၏။ သူသည် တစ်စုံတစ်ခုကို ပြုလုပ်ချင်မိ၏။ ဖေးအားညိုကို ပြန်လည်ရှင်သန်အောင် ပြုလုပ်ပေးချင်မိခြင်းပင်။ ဝိညာဉ် တည်ရှိသေးသည်ဆိုပါက ၎င်းတို့ချစ်သူနှစ်ယောက်သည် နောက်ဆုံးတွင် ပေါင်းဖက်ရပေလိမ့်မည်။

“ဒါပေမဲ့”

စနစ်က ပြောလိုက်သည်။ “ဒါက အရမ်းခက်ခဲလွန်းတယ်”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မငြင်းပယ်ချေ။ ပြန်လည်ရှင်သန်ခြင်း အစီအရင်ဆိုသည်မှာ လွယ်ကူနေသည် ဆိုပါက လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချီကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သော နတ်ဆိုးအင်ပါယာသည် ယခုအထိ ကြိုးစားနေရလိမ့်မည် မဟုတ်ချေ။

“စိတ်သာရှိမယ်ဆိုရင် လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး”

ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ အားပေးလိုက်မိ၏။ “သုညဒဿမသုညတစ် အခွင့်အရေး ရှိမယ်ဆိုရင်တောင်မှ မျှော်လင့်ချက် ရှိနေသေးတယ်”

..............

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ရီရှင်းချန်သည် မေ့မျောနေရာမှ နိုးထလာခဲ့သည်။ ပြီးနောက် သူသည် အခန်းထဲတွင် သူ့ကိုယ်သူ တံခါးသော့ခတ်ထားပြီး အပြင်ဘက်သို့ လုံးဝ မထွက်ခွာခဲ့ချေ။ သူသည် သွေးမျိုးဆက် နိုးထလာခဲ့ပြီးသည့်နောက် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို မှတ်မိလို့နေသည်။ အထူးသဖြင့် သူ့ကိုသူ မထိန်းချုပ် နိုင်ဘဲ ဟွေ့အာဆီသို့ ချဉ်းကပ်ကာ ပြောဆိုခဲ့သည့်စကားလုံးများအကြောင်းပင်။

“ဒါ ငါမဟုတ်ဘူး။ ကျိန်းသေပေါက် ငါမဟုတ်ဘူး”

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏မျက်လုံးထဲတွင်တော့ ရှုပ်ထွေးလှသည့် ခံစားချက်များနှင့် ပြည့်နှက်နေ၏။ ယခင် အတိတ်ဘဝတုန်းကဆိုလျှင် သူသည် ဧကရီလင်းရောင်၏ အစီအစဉ်ချမှတ်ကာ နောက်ကျောကို ဓားနှင့်ထိုးခြင်းကို ခံရခဲ့၏။ ထို့ကြောင့် သူ၏ နှလုံးသားတစ်ခုလုံးကို စည်းခတ်ထားခဲ့တော့၏။ မည်သည့်ခံစားချက်မှသည် သူ၏နှလုံးသားထဲတွင် ပေါ်ပေါက် မလာခဲ့ချေ။ ထို့ကြောင့် သူသည် ဤကဲ့သို့ ချစ်ခြင်းခံစားချက်တရားများနှင့် ပတ်သက်လျက်ရှိသည့် စကားလုံးများကို မည်သို့မှ ပြောဆိုလိမ့်မည် မဟုတ်ချေ။

တကယ်တမ်းမှာတော့ စနစ် ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖေးအားညို၏ ဝိညာဉ်သည် ပျောက်ကွယ်မသွားခဲ့ချေ။ ထိုအရာကို ရီရှင်းချန်သည်လည်း ကောင်းကောင်းခံစားမိ၏။ သို့ပေမဲ့ သူသိရှိသည်ဆိုလျှင်တောင်မှ ဘာလုပ်ရမည် နည်း။ ဖျက်ဆီးပစ်ရန် နည်းလမ်းလည်း မရှိချေ။ သူ၏ ဝိညာဉ်အတွင်းပိုင်းတွင် ပုန်းအောင်းလျက် တည်ရှိနေခြင်း ကိုသာ ခွင့်ပြုပေးရပေလိမ့်မည်။

“မဟုတ်သေးဘူး... ငါ့အနေနဲ့ ဒီကျန်နေတဲ့ ဝိညာဉ်အစိတ်အပိုင်းကို ဖျက်ဆီးပစ်ဖို့ စဉ်းစားရမယ်” ရီရှင်းချန် အနေနှင့် သွေးမျိုးဆက် နိုးထပြီးသည့်နောက် သူ၏ စိတ်အခြေအနေတစ်ခုလုံး ပြောင်းလဲသွားကြောင်းကို ကောင်းကောင်းခံစားမိ၏။ ရံဖန်ရံခါဆိုသလို ဟွေ့အာကိုပင် တွေးတောမိနေသေး၏။ မူလပိုင်ရှင်၏ ဝိညာဉ်သည် သူ့အား ကောင်းကောင်းဒုက္ခပေးလျက် ရှိနေသည်။

“ငါ ကလဲ့စားချေချင်သေးတယ်။ ငါ့ရန်သူကို ငါပြန်ပြီးသတ်ချင်သေးတယ်”

သူ၏ အတွေးများအား လက်ကျန် ဝိညာဉ်အစိတ်အပိုင်းမှ စိုးမိုးသွားမည်ကို သူမည်သို့ ခွင့်ပြုပေးရမည်နည်း။ ယောက်ျားနှင့် မိန်းမကြားတွင် ရှိသော ခံစားချက်များသည် သူ၏ ရည်မှန်းချက်ကို ထိခိုက်နိုင်ပေ၏။

ရီရှင်းချန်၏ မျက်လုံးနှင့် နှလုံးသားများသည် အေးစက်သွားခဲ့၏။ အားနည်းလွန်းလှသည့် ဝိညာဉ်၏ လွှမ်းခြုံမှုသည် ပြန်လည်ကာ ကျရှုံးသွားခဲ့၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

...........

“အစ်မဟွေ့အာ... အဆင်ပြေရဲ့လား” လျှိုဝမ်ရှစ်သည် အခန်းထဲသို့ ဟင်းပွဲများ ယူဆောင်လာကာဖြင့် စိုးရိမ် ပူပန်စွာ မေးလိုက်၏။

“အစ်ကိုအားညိုက အသက်ရှင်လျက် ရှိသေးတယ်လေ။ သူမသေသေးဘူး” ဟွေ့အာသည် သူမဘာသာ တီးတိုး ရေရွတ်လျက်ရှိသည်။

“ဒီတော့”

လျှိုဝမ်ရှစ်သည် ထမင်းကြော်ပန်းကန်အား လှမ်းပေးကာ ပြောလိုက်၏။ “ဗိုက်ကို အရင်ပြည့်အောင် လုပ်တာ ကောင်းမယ်။ ဒါမှ ခန္ဓာကိုယ်က ခုခံနိုင်မှာပေါ့”

“အင်း” ဟွေ့အာသည် သူမ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့သော မျက်ရည်များကို သုတ်ကာဖြင့် ထမင်းကြော်အား တစ်ခါတည်း ဝါးကာ စားလိုက်တော့သည်။ သူမသည် ရက်အနည်းငယ်ကြာ ဆာလောင်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အားရပါးရ စားသုံးနေလေသည်။

လျှိုဝမ်ရှစ်သည် ဘေးတစ်ဖက်မှ အသာစောင့်ကြည့်ပြီးသည့်နောက် အခန်းထဲမှ ပြန်လည်ထွက်ခွာသွားခဲ့၏။ ပြီးနောက် ဂိုဏ်းချုပ်ဆီသို့ သွားရောက်၍ မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်.... အစ်မဟွေ့အာက သနားဖို့ ကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနည်းဆုံးတော့ ငါ ဒါနဲ့ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်လာပြီ။”

သူ့အနေနှင့် ဖေးအားညိုအား ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်အသက်ရှင်သန်ချင်စေချင်သည် ဆိုသော်လည်း ဤအရာကို ပြုလုပ်ရန်အတွက် ကံတရားကလည်း ဖေးမကူညီရန် လိုအပ်နေသေး၏။ ထို့ကြောင့် လက်ရှိအချိန်တွင် ဝိညာဉ်နှစ်ခုအား ခန္ဓာကိုယ်တစ်ခုအတွင်း ထည့်သွင်းထားရန်ကိုသာ ခွင့်ပြုပေးရပေလိမ့်မည်။

“ဟင်း”

စနစ်က သက်ပြင်းချလိုက်၏။ “တပည့်တွေအတွက် လက်ခံသူက တကယ့်ကို စိုးရိမ်ပူပန်တတ်တာပဲ”

ရီရှင်းချန်နှင့် ဖေးအာညိုတို့၏ ကိစ္စသည် ဂိုဏ်းပိုမိုအားကောင်းလာနိုင်သည့် အခြေအနေ၏ ကြားထဲတွင် မတည်ရှိ ကြချေ။ သီးခြားဖြစ်တည်နေသည့် ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် တွေးတောလို့နေခဲ့သည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ဂိုဏ်းသားများ၏ နှလုံးသားရေးရာများကို ဝင်ရောက် ခြယ်လှယ်သည့် အလုပ်မျိုး သူပြုလုပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဆိုသည်ထက် ဖခင်တစ်ယောက်နှင့် ပိုမိုကာ ဆင်တူနေသည် မဟုတ်ပါလား။

.......

ဘုန်း ဘုန်း

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲမှာတော့ ရီရှင်းချန်သည် နတ်ဆိုးသားရဲများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက် လျက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရူးသွပ်လျက်ရှိနေသည့် နွားထီးရိုင်းကြီးတစ်ကောင်ကဲ့သို့ ပြောင်းလဲ သွားခဲ့၏။ လီချင်းယန်နှင့် တခြားသူများ အားလုံးသည် ဆွံ့အလျက် ရှိနေ၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် အသံပို့လွှတ်လိုက်သည်။ “ဂျူနီယာညီလေးရီက တကယ့်ကို ဒေါသထွက် နေတာပဲ။ အစိမ်းရောင်နွားသွေးမျိုးဆက်ကို နိုးထခဲ့တာကြောင့်နဲ့တူတယ်”

ရီရှင်းချန် နိုးထခဲ့သည့် သွေးမျိုးဆက်နှင့်ပတ်သက်၍တော့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဆန်းကြယ်လို့ နေသေးသည်။ မည်သူမှသည် ထိုအရာမှာ ဘာဖြစ်ပြီး မည်ကဲ့သို့ စွမ်းဆောင်ရည်ရှိသည့်အရာဖြစ်ကြောင်း နားမလည်နိုင်ကြချေ။

လီချင်းယန်သည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သူက ဒေါသတွေကို ပုံချနေတာနဲ့တောင် ပိုပြီးဆင်တူ နေသေးတယ်လေ”

ဘုန်း ဘုန်း …..။

ရီရှင်းချန်သည် အချိန်အတိုင်းအတာတစ်ခုအတွင်း ရူးရူးမူးမူး တိုက်ခိုက်လျက် ရှိနေ၏။ နတ်ဆိုးသားရဲများ အားလုံး သည် အသတ်အဖြတ်ခံလိုက်ရ၏။ သူသည်သာလျှင် မောပန်းနွမ်းနယ်စွာဖြင့် မြေပေါ်တွင် မတ်မတ်ရပ်လျက် ကျန်ရှိခဲ့သည်။ ဤစမ်းသပ်မှု၏ ခက်ခဲမှုသည် အလွန်မြင့်မားလွန်းလှ၏။ လီချင်းယန်နှင့် တခြားသောသူများ မလှုပ်ရှားခင်မှာပဲ သူသည် အားလုံးကို ရင်ဆိုင်တိုက်ခိုက်ခဲ့၏။ ဘာမှန်းမသိသည့် သွေးမျိုးဆက်ကို နိုးထပြီးသည့် နောက် သူ၏ တိုက်ခိုက်မှုစွမ်းရည်သည် ကြီးကြီးကျယ်ကျယ် တိုးတက်သွားသည်။

အတိအကျ ပြောရမည်ဆိုလျှင် မျိုးရိုးဗီစပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးသည့်နောက် သူသည် ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်း စွမ်းရည်ကို အသက်မသွင်းခဲ့ဘူးဆိုလျှင်တောင်မှ သူ၏ သွေး၊ မရီဒန်များ အားလုံး သည် အားကောင်းလှသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ ဒန်ထျန်ထဲတွင် ရှိနေသော စွမ်းအင် အမြူတေများနှင့် ပေါင်းစပ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင် ခဲ့၏။

“လာစမ်း”

ရီရှင်းချန်သည် ခေါင်းကို အသာလှည့်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။ “အကုန်လုံးကို ထပ်တိုက် ရအောင်”

“........”

လီချင်းယန်နှင့် စုရှောင်မိုတို့၏ မျက်နှာများတွင် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်နေ၏။ နာရီဝက်ခန့် ကြာပြီးသည့်နောက် အားလုံးသောသူတို့သည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေမှ လျှောက်ထွက်လာခဲ့ကြ၏။ ရီရှင်းချန်မှလွဲလျှင် အားလုံးသောသူတို့၏ နှာခေါင်းများသည် ရွှဲ့စောင်းလျက် ရှိနေပြီး မျက်လုံးများသည် ဖူးယောင်လျက် ရှိနေ၏။

...........................

ဘုန်း

လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ လက်သီးထိုးနှက်သည့်အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လေလှိုင်း များသည် တလိပ်လိပ်နှင့် ဖြစ်တည်လာ၏။

ဘုတ် ဘုတ် ဘုတ် ဘုတ်

ဟယ်ဝူတီသည် အနောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်ခွာပြီးသည့်နောက်မှာမှ ၎င်း၏ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့၏။ သူ၏ လက်များသည် ထုံကျင်လျက်ရှိသည်။

ဟူး ဟူး

သူ၏ရှေ့တွင်တော့ ရီရှင်းချန်သည် ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် စွမ်းအင်များကို စုစည်းပြီးသည့်နောက် ကြီးမားလှသည့် နွားသားရဲကြီး၏ ပုံရိပ်ယောင်သွင်ပြင်သည် သူ၏ အနောက် တွင်ဖြစ်တည်နေ၏။ သူသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ “အမှိုက်”

“.........”

ဟယ်ဝူတီသည် တုန်လှုပ်သွားမိ၏။ “ဒီကောင့်ရဲ့တိုးတက်မှုက မြန်လိုက်တာ”

လွန်ခဲ့သည့် လအနည်းငယ်က ရီရှင်းချန်၏ အားအင်အဆင့်သည် သူ့လောက် မကောင်းလှချေ။ သို့ပေမဲ့ လအနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူ့ကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်။

အားညိုသည် ယုံကြည်ချက် ရှိရှိဖြင့် အော်ဟစ်လိုက်၏။ “တပည့်တွေ ကြားထဲမှာ ကျုပ် အားညိုက အားအကောင်းဆုံးပဲ”

“မလုံလောက်သေးဘူး”

အဝေးတစ်နေရာတွင် မတ်မတ်ရပ်ကာဖြင့် တိုက်ပွဲကို ကြည့်ရှုလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းမှာမူ ခေါင်းကိုခါယမ်းလိုက်မိ၏။ “ဒါက မလုံလောက်သေးဘူး”

အဆင့်ကြီးနှစ်ဆင့် တိုးတက်လာခဲ့ပြီး အစိမ်းရောင်နွားထီးသွေးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့သည်ဆိုသော်လည်း ဧကရီ လင်းရောင်သည် အမြူတေ ပြောင်းလဲခြင်းအဆင့်ကိုးတွင် တည်ရှိနေသူတစ်ယောက်ဖြစ်၏။ အစစ်အမှန် ရှာဖွေခြင်းအဆင့်ဆီသို့ လှမ်းတက်နိုင်ရန်ပင် ဖြစ်နိုင်ချေ တည်ရှိလို့နေသေး၏။ ထို့ကြောင့် အားညိုအနေဖြင့် ကျိန်းသေပေါက် ကြိုးစားရပေလိမ့်မည်။

“ဂိုဏ်းချုပ်”

ရီရှင်းချန်က ပြောလိုက်၏။ “ကျုပ် အပြင်ကိုသွားပြီး အတွေ့အကြုံယူချင်တယ်”

“ကောင်းပြီ” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်၏။ ဂိုဏ်းထဲတွင် ကျင့်ကြံခြင်းဆိုသည်မှာ အိမ်ထဲတွင် ကျင့်ကြံနေခြင်းနှင့်ဆင်တူ၏။ အပြင်ဘက်သို့ သွား၍ ကြီးမားသည့် အခက်အခဲနှင့် ရင်ဆိုင်မှသာလျှင် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။

တစ်ရက်တည်းမှာပဲ ရီရှင်းချန်သည် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

All Chapters