← Chapters

အခန်း ၁၅၀၅

Vol. 101 Ch. 1505

အခန်း ၁၅၀၅

Vol. 101 Ch. 1505

အပိုင်း (၁၅၀၅)

အချိန်တိုအတောအတွင်းမှာပဲ သမဝံပုလွေကုန်သွယ်အဖွဲ့အစည်းသည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။

ဤမြင်ကွင်းကို မြင်ခဲ့ကြသော အဝေးတစ်နေရာရှိ သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံလျက် ရှိနေကြ၏။ ထင်မှတ်ထားသည့်အတိုင်းပင် တစ်ဖက်လူသည် ကြမ်းတမ်းရက်စက်လွန်းသည့် လူတစ်ယောက်ဖြစ်လို့ နေ၏။ ဝေစန်းနင်နှင့် ကျန်းတယ်ပေါင်တို့ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်ရပြီးသည့်နောက် သဘော မတွေ့သောကြောင့် တစ်စုံတစ်ခု အကောက်ကြံရန် ကြံစည်ခဲ့သော မျောက်မျက်နှာနှင့်သိုင်းကျင့်ကြံသူသည် ၎င်း၏ စိတ်ထဲတွင်ရှိနေသော အကြံဆိုးများ အားလုံးကို အလျင်အမြန်ဖြင့် ထိန်းချုပ်လိုက်ရသည်။

အမှိုက်များကို ဖြေရှင်းပြီးသည့်နောက် ရီရှင်းချန်သည် ၎င်းတို့ဆီမှ သိုလှောင်လက်စွပ်များအားလုံးကို သိမ်းယူခဲ့၏။ ပြီးနောက် တော၏ အတွင်းဘက်ဆီသို့ လှမ်းလျှောက် ဝင်သွားလိုက်၏။

“သူဘယ်သူလဲ။ ခုနတုန်းက ပေါ်နေတဲ့ အော်ရာတွေအရဆိုရင် ဒါက… သူက မွန်းစတားသားရဲကြီး တစ်ကောင်နဲ့တောင် ဆင်တူနေတယ်။”

အားလုံးသောသူများသည် ရီရှင်းချန် တိုက်ခိုက်လိုက်သည့်အချိန်တွင် ဖြစ်ခဲ့သော မြင်ကွင်းများကို မျက်လုံးထဲမှ မေ့ပျောက်၍ မရနိုင်ခဲ့ချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသလို ရက်စက်လွန်းလှချေ၏။

“သမန်းဝံပုလွေ ကုန်သွယ် အဖွဲ့အစည်းကတော့ ဒီလိုပဲ အဆုံးသတ်သွားခဲ့တာပဲ။”

“ဒါ သူတို့နဲ့ ထိုက်တန်တဲ့အရာပဲလေ။”

ကျန်းတယ်ပေါင်၏ အားအင်အဆင့်သည် မဆိုးလှချေ။ အမြူတေ အသွင်ပြောင်းလဲခြင်းအဆင့် ၂ ကို ရောက်ရှိနေသည့် လူတစ်ယောက်ဖြစ်သည်။ သူသည် ဤတည်နေရာ အနီးတဝိုက်တွင် မောက်မာလွန်းလှသည့် လူတစ်ယောက်ဖြစ်ပြီး တခြားသောသူများအား ကာကွယ်စောင့်ရှောက်ခ ဟူ၍ပင် လိုက်တောင်းတတ်သည့်သူ ဖြစ်သည်။

ယခုသံတိုင်ကို သွားရောက်ကာ ကန်မိခဲ့ပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အားလုံးသောသူများအနေနှင့် မီးရှူးမီးပန်းများ လွှတ်၍ အောင်ပွဲခံရန်ပင် စဉ်းစားနေမိကြ၏။

ဝေစန်းနင်အတွက်တော့ သူတို့သည် ဘာတစ်ခုမှ ဆက်လက်ကာ ပြောဆိုလိမ့်မည်မဟုတ်ချေ။ သူမသည် သူမ၏ လှပမှုကို အသုံးချကာဖြင့် တခြားသောသူများဆီမှ အရင်းအမြစ်များကို ရယူတတ်သည့် လျှာနှစ်ခွနှင့် မိန်းမတစ်ယောက် မဟုတ်ပါလား။ သူမ၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ပါ၍ တားမြစ်တည်နေရာထဲသို့ ရောက်ရှိသွားသည်ဆိုပါက ဖြစ်ပေါ်လာသည့် အဆုံးသတ်သည် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။

ဟူး …။

ဝမ်းဘဲ ဝမ်းဘဲ ….။

ထိုအချိန်မှာတော့ တော၏ အတွင်းဘက်ဆီမှ အော်ဟစ်သံကြီးများ ထွက်ပေါ်လျက်ရှိနေပြီး မြေပြင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေ၏။ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာများသည် ပြောင်းလဲသွား၏။ ဖြစ်ပေါ် နေသည့်အသံများကို ကြည့်ရှုရမည်ဆိုလျှင် ပိုမိုများပြားလွန်းလှသည့် မွန်းစတားသားရဲများ ထွက်ပေါ်လာသည်နှင့် ဆင်တူနေ၏။

“နောက်ကိုဆုတ်ကြ။ နောက်ကိုဆုတ်ကြ။”

အားလုံးသည် မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြပြီး နောက်ဘက်သို့ ဆုတ်ခွာကာ ထွက်ပြေးကြ၏။ လုံလောက်သည့် လုံခြုံသော တည်နေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ၎င်းတို့သည့် ပေါက်ကွဲသံများကို ကြားလျက်ရှိနေတုန်းဖြစ်ပြီး မြေပြင်တစ်ခုလုံးသည်လည်း တုန်ခါနေသေး၏။ သို့ပေမဲ့ မည်သည့် မွန်းစတားသားရဲ ကမှသည် အပြင်ဘက်ဆီသို့ ထွက်ပေါ်မလာခဲ့ချေ။

“ဒါဘယ်လို အခြေအနေကြီးလဲ။ နေအုံး။ တိုက်ခိုက်တဲ့ အသံတွေတော့ ရှိနေသေးတယ်။ သွားကြည့်ရအောင်။”

သိုင်းကျင့်ကြံသူတစ်ယောက်သည် ပြောလိုက်၏။

“ငါတို့ အထဲကို ဝင်ပြီး ကြည့်ကြမယ်။”

ရဲတင်းလှသော လူများသည် အထဲသို့ ဝင်ရောက်ကာ ကြည့်ရှုခဲ့ကြ၏။ သူတို့သည် ခြုံပုတ်များထဲသို့ ဝင်ရောက်ကာ ချောင်းမြောင်းကြည့်ရှုသည့်အချိန်မှာတော့ စစ်နတ်ဘုရားဝတ်စုံကို ဝတ်ဆင်ထားသည့် ရီရှင်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် နွားသားရဲတစ်ရာကျော်တို့နှင့် တိုက်ခိုက်လျက်ရှိနေ၏။ မြင်ကွင်းသည် ကြောက်ခမန်းလိလိပင် ဖြစ်နေ၏။

ဟူး

အားလုံးတို့သည် သက်ပြင်းအရှည်ကြီးပင် ချလိုက်မိကြ၏။ သူတို့သည် ဤတည်နေရာသို့ ရောက်ရှိသည်မှာ စက္ကန့် အနည်းငယ်သာရှိသေး၏။ သို့ပေမဲ့ တစ်ဖက်လူသည် လှုပ်ရှားတိုက်ခိုက်မှုတစ်ခုခု ထုတ်ဖော်လိုက်သည်နှင့် အမြုတေ အသွင်ပြောင်းလဲခြင်း အဆင့် ၁ ကို ပိုင်ဆိုင်သော မွန်းစတားသားရဲတစ်ဒါဇင်ကျော်တို့သည် တစ်စစီ ဖြစ်ကုန်ကြ၏။

ဝမ်းဘဲ ဝမ်းဘဲ ….။

မွန်းစတားသားရဲများသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်ကြ၏။ ၎င်းတို့အားလုံးသည် ကြောက်လန့် စိုးရွံ့လို့နေခဲ့၏။ သို့ပေမဲ့ ထွက်ပြေးနိုင်ရန် အချိန်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြင့်မြတ်လှသည့် အော်ရာများကို ထုတ်ဖော်နေသည့် ဤလူသားကျင့်ကြံသူသည် အားလုံးသောသူများကို မြန်မြန်ဆန်ဆန် ခုတ်ပိုင်းသတ်ဖြတ် နေသောကြောင့်ပင်။

…….

တစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက် တည်နေရာထဲတွင်ရှိနေသော သစ်ပင်များအားလုံးသည် ပျက်စီးသွားပြီး တည်နေရာအလွတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ အလယ်တွင်တော့ များပြားလှသည့် နွားသားရဲများသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေပြီး သွေးများသည် ချောင်းကဲ့သို့ပင် စီးဆင်းနေ၏။

မူလအားဖြင့် မောက်မာလွန်းလှသော သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့သော မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ကျိန်းသေပေါက် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ ဤတည်နေရာကြီးတစ်ခုလုံးသည် သားသတ်ရုံကြီးတစ်ခုကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။

“ဒါ ကြောက်စရာအရမ်းကောင်းတယ်။ နတ်ဆိုးတစ်ကောင်ကို တွေ့ရသလိုပဲ။”

ရီရှင်းချန်သည် နွားသားရဲများ၏ အရေပြား၊ အရေခွံ့၊ အရိုး၊ သလင်းအမြုတေ တစ်ခုချင်းစီတိုင်းကို သိမ်းဆည်း ပြီးသည့်နောက် အဝေးတစ်နေရာတွင်ရှိနေသော သိုင်းကျင့်ကြံသူများဆီသို့ လှမ်းကြည့်ကာ ပခုံးတွန့်ပြလိုက်၏။

……..

အနောက်ဘက်က နေဝင်သွားခဲ့၏။

ရီရှင်းချန်သည် ကိုယ်ပေါ်တွင် သွေးများနှင့်အတူ နတ်ဆိုးမွန်းစတားတောင်တွေမှ လှမ်းလျှောက်ထွက်လာခဲ့ရ၏။ ဤတစ်ကြိမ် လေ့ကျင့်မှုသည် စိတ်လှုပ်ရှားစရာမကောင်းလှချေ။ သို့ပေမဲ့ အရင်းအမြစ်တော်တော်များများကိုတော့ ရရှိခဲ့၏။ ပြန်သည့်အချိန်တွင် သူသည် ဂိုဏ်းကို ပြန်လည်ပေးအပ် ရပေလိမ့်မည်။ အတိတ်တုန်းက သူသည် အဆင့်နိမ့်နယ်မြေ၌ ရှောင်ကျီနှင့်အတူလေ့ကျင့်ဖို့ အပြင်ဘက်သို့ ထွက်သည့် အချိန်မျိုးတွင် သလင်းအမြုတေများကို ဖွက်ထားတတ်သေးသည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရှိရှိသမျှ ရခဲ့သော အရာများအားလုံးကို ဂိုဏ်းဆီသို့ ပြန်ပေးရန် ပြင်ဆင်ခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို သိရှိသည့်ဆိုပါက ကျိန်းသေပေါက် ကျေးဇူးတင်မိမှာ သေချာ၏။ “အင်း …. ငါအစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်တွေကို သုံးဖြုန်းပေးခဲ့ရတာ ဖြုန်းတီးသလို မဖြစ်ခဲ့ ဘူးပဲ။”

လမ်းတစ်လျှောက်မှာတော့ ရီရှင်းချန်သည် မြေပုံကို ထပ်မံကာ ထုတ်ယူလိုက်၏။ ပြီးသည့်နောက် လေ့ကျင့်ရန် တည်နေရာတစ်ခုကို ရွေးချယ်လိုက်တော့၏။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ တားမြစ်တည်နေရာ တော်တော်များများ ရှိနေသော မွန်းစတားသားရဲများအတွက် ဘေးဒုက္ခကြီးပင် ဆိုက်ရောက်ခဲ့တော့၏။ သူသွားသည့်နေရာတိုင်းသည် ကြီးမားလှသည့် သားသတ်ရုံကြီးတစ်ခုသို့ ပြောင်းလဲခဲ့ရသည်။

ဤအရာမှာ အစသာရှိနေသေး၏။ ရီရှင်းချန်သည် အဝေးကြီးဆီသို့ ဆက်လက်သွားရောက်ရန် စဉ်းစားသေး၏။ အထူးသဖြင့် ဧကရီလင်းရောင်သည် အလွန်တရာအားကောင်းလွန်းလှသောကြောင့် သူ့အနေနှင့် သာမန်လူများထက်ပိုမိုကာ အဆ ၁၀၀ ခန့် အားစိုက်ထုတ်ရမှာဖြစ်၏။

တစ်လကြာပြီးနောက် သူသည် တတိယအဆင့် တည်နေရာထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ပြီးပြီဖြစ်၏။ လက်ရှိအခြေ အနေမှာတော့ ဒုတိယအဆင့် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်ရန် စဉ်းစားထားခဲ့၏။ ဤအရာသည် ရဲတင်းလွန်း လှသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။

ထို့အပြင် အဆင့် ၆ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်း ပင်လျှင် အားလုံးသောသူများကို ခေါ်ဆောင်၍ တစ်ခါတည်းသာရောက်ရှိခဲ့ပြီး၏။ ထို့အပြင် ဝိညာဉ်တောင်ကြားထဲတွင် သေမလိုပင် ဖြစ်ခဲ့ဖူး၏။

…

ပြိုင်စံရှားဂိုဏ်း

လီလိုရှုသည် နေ့စဉ်ပြုလုပ်နေကြအတိုင်း သတင်းလာရောက်ကာ ပေးပို့သည်။ “ဂိုဏ်းချုပ် …. ရီရှင်းချန်က ဒုတိယအဆင့် တားမြစ်တည်နေရာထဲကို ဝင်ဖို့ စီစဉ်နေပုံပေါ်တယ်။”

“ဒီကောင်က …”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ “သူ နည်းနည်းမောက်မာတာပဲ။”

သူ့အနေနှင့် ရီရှင်းချန်ကို ဒုတိယအဆင့် တားမြစ်တည်နေရာထဲသို့ မသွားရောက်ရန် အမိန့်ပေးလိမ့်မည်မဟုတ်ချေ။ ထို့အပြင် ၎င်း၏ အသက်ဝင်လာခဲ့သော သွေးမျိုးဆက်သည် ခရမ်းရောင်ဘုရင်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိနေ၏။ ထို့ကြောင့် ရီရှင်းချန်၏ အားအင်အဆင့်သည် မဆိုးလှချေ။

နေ့လယ်စာစားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထုံးစံအတိုင်း စားသောက်ခန်းထဲဆီသို့ ရောက်ရှိလာခဲ့၏။ စူးရှသည့် ငရုတ်နံ့ကို ရရှိသည့်အချိန်မှာတော့ သူသည် တံတွေးများပင် ကျဆင်းလာခဲ့၏။ “ကောင်မလေး … မင်းဒီနေ့ ငါးခေါင်းချဉ်စပ် လုပ်လာတာလား။”

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်သည် စားသောက်ခန်းအဝင်ဝမှ ပြုံးကာ ပြောလိုက်သည် “အချိန်ကိုက် ရောက်လာတာပဲ။ စီနီယာ အစ်မလျှိုက အထူးဟင်းပွဲတစ်ခုကို ဖန်တီးထားတယ်။”

“အထူးဟင်းပွဲဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်ဆွံ့အသွား၏။ ခဏလောက်ကြာပြီးသည့်နောက် ငရုတ်ကောင်းများ၊ ငရုတ်သီး များဖြင့် ဖန်တီးပြုလုပ်ထားသည့် ဟင်းပွဲတစ်ခုသည် သူ၏ ရှေ့သို့ ရောက်ရှိလာ၏။ “ဒါ ငါးခေါင်းချဉ်စပ်မဟုတ်ဘူးလား။ ဘာတွေ ထူးခြားနေလို့လဲ။”

“ဂိုဏ်းချုပ်။”

လျှိုဝမ်ရှစ်သည် ပြုံးလိုက်သည်။ “ဒါကို စမ်းမြည်းကြည့်ပါအုံး။”

ကျွင်းချောင်ရှောင်းသည် သတိအပြည့်နှင့်ဖြစ်သွား၏။ ဟင်းပွဲ၏ ခပ်လှမ်းလှမ်းဆီသို့ ဆုတ်ခွာပြီးသည့်နောက် မေးမြန်းလိုက်၏။ “ဒီဟင်းပွဲအသစ်ကို ဖန်တီးပြီးတဲ့နောက်မှာ အစာအဆိပ်ဖြစ်တာမျိုး ရှိနိုင်သေးလား။”

ကုန်းရှန့်အနေနှင့် သူမဖန်တီးထားသည့် ပထမဦးဆုံးဟင်းပွဲအသစ်ကို စားသုံးသည့်အချိန်တွင် သတိလစ်မေ့မြောရ သည့် အခြေအနေတစ်ခုကို ကြုံခဲ့ဖူးကြောင်း မမေ့ခဲ့ချေ။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွား၏။ “ဒါက အတိတ်တုန်းက ဖြစ်ခဲ့တာလေ။ အဲဒီအကြောင်း ဆက်ပြီးမပြောလို့မရဘူးလား။ ပြီးတော့ အကြီးအကဲဝေဆီက သင်ယူပြီးတဲ့နောက် ပစ္စည်းအသစ်တွေကို ဖန်တီးပြုလုပ်တဲ့အချိန်မှာ အဆိပ်မရှိအောင်လို့ ကျွန်မ ကြိုးစားနိုင်နေပြီဆိုတာ သိတယ်မဟုတ်လား။”

“ဒါ အမှန်ပဲ။”

ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်၏။ ပြီးသည့်နောက် တူကို ကောက်ကိုင်ကာဖြင့် မေးလိုက်သည်။ “ဒါကို ပုံမှန်အတိုင်းပဲ စားရမှာလား။”

“အင်း။”

“ဒါဆိုရင် စမ်းကြည့်လိုက်မယ်။”

ကျွင်းချောင်ရှောင်းသည် ငါးဖက်တစ်ခုကို တူဖြင့် ကောက်ယူလိုက်၏။ သို့ပေမဲ့ ချက်ချင်းမစားချေ။ ထိုအစား လှမ်းကာ အော်ဟစ်လိုက်၏။ “စွန်းပုကုံး။ မြန်မြန်လာခဲ့။”

ဘေးနား၌ သမားတော် ရှိနေမှသာလျှင် အချိန်မရွေး သူ့အား ကယ်တင်နိုင်စွမ်းရှိပေလိမ့်မည်။ ခဏလောက်ကြာပြီးသည့်နောက် စွန်းပုကုံးသည် အလျင်အမြန်နှင့်ရောက်ရှိလာ၏။ အခြေအနေမကောင်းသည်ကို မြင်ရပြီးနောက် သူသည် သူ၏ ဆေးအဖွဲ့များကိုပါ ခေါ်လာခဲ့၏။ ပြီးနောက် ဂိုဏ်းချုပ်၏ နောက်တွင် မတ်မတ်ရပ်လျက်ရှိပြီး လက်ထဲတွင်လည်း ဆေးပစ္စည်းများကို ကိုင်ဆောင်ကာ အဆင်သင့်ပြင်ထားသည်။

ဂိုဏ်းချုပ် လဲကျသွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် ချက်ချင်းကုသကြမှာဖြစ်သည်။ အရာအားလုံး အဆင်သင့်ပြင်ပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသွားမိ၏။ ထို့ကြောင့် သူ၏ပါးစပ်ထဲသို့ ငါးဖက်ကို ထိုးထည့် လိုက်၏။

ခဏလောက်အရသာခံပြီးသည့်နောက် ထိုအရသာသည် သူ၏ ပါးစပ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ မျက်နှာတစ်ခုလုံး သည်လည်း နီမြန်းသွားခဲ့သည်။

“စပ်လိုက်တာ။ ထုံလိုက်တာ။” ဤခံစားချက်သည် ရိုးတွင်းချဉ်ဆီများအထိသို့ပါ ထိုးဖောက်ဝင်ရောက်သွား၏။

ဟား …. ဟူး … ဟူး ….။

ဟား

ကျွင်းချောင်ရှောင်းသည် ပါးစပ်ကို ဟကာဖြင့် အသက်ကို ပြင်းပြင်းရှူလျက်ရှိသည်။

“ရေပေး … ရေပေး။”

ဤကဲ့သို့သော အစပ်အရသာသည် သူ့အား မီးများမှုတ်ထုတ်သကဲ့သို့ပင် ခံစားရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ တော့ ကျွင်းချောင်ရှောင်းသည် ထုံအမှုကို ခံစားရသည်သာမက ခန္ဓာကိုယ်ထဲတွင်ရှိနေသော သွေးများ လောင်ကျွမ်းနေသလိုပင် ခံစားနေရ၏။ သူ၏ ဒန်ထျန်ထဲတွင် ရှိနေသော အစစ်အမှန်ကျန်းချီများသည် စတင်ကာ စုဝေးလာခဲ့၏။ “ပေါက်ထွက်။ ပေါက်ထွက်တော့မယ်။”

ဤကဲ့သို့သော အတွေးအခေါ်များသည် ကုန်းရှန့်၏ မသိစိတ်ထဲတွင် ဖြစ်တည်လာသည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စားသောက်ခန်း၏ အပြင်ဘက်သို့ ပြေးထွက်ပြီးသည့်နောက် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ပေါ်တွင် မတ်မတ်ရပ်လိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် နီရဲလျက်ရှိနေပြီး သူ၏ မွှေးညှင်းပေါက်များမှ အဖြူရောင်အခိုးအငွေ့များပင် ထွက်ပေါ် နေ၏။

“ဘာတွေဖြစ်နေတာလဲ။”

ထမင်းစားချိန်ဖြစ်သောကြောင့် များပြားလှသော တပည့်များသည် ရောက်ရှိလာခဲ့ကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် တကိုယ်လုံး နီရဲလျက်ရှိပြီး ခန္ဓာကိုယ်ဆီမှ အခိုးအငွေ့များ ထွက်ပေါ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ လာရာ လမ်းမှာရပ်တန့်ကာဖြင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေမိကြသည်။

“ယောကျ်ား”

နှင်းဆီဧကရီကလည်း လှမ်းလျှောက်လာခဲ့၏။ ပြီးနောက်မေးလိုက်၏။ “ဘာတွေဖြစ်နေတာလဲ။”

ဖောက်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ညာခြေထောက်ကို အနောက်ဘက်သို့ လှမ်းဆုတ်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်၏။ လက်များကို ခါးပေါ်သို့ တင်ကာဖြင့် အော်ဟစ်လိုက်၏။

“မီးနဂါးတိုက်ကွက်။”

ဟူး ဟူး

သူ၏ လက်ဝါးဆီမှ ကြမ်းတမ်းလွန်းလှသော အစစ်အမှန် ကျန်းချီများသည် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အလင်းတန်းကြီးသည် ကောင်းကင်ပေါ်သို့ပင် ထိုးတက်သွားခဲ့၏။ ထိုကဲ့သို့သော စွမ်းအင်သည် တိမ်များကို ထိုးဖောက် သွားလုမတက်ပင် ကြမ်းတမ်းလွန်းလှချေသည်။

All Chapters