ဟင်းသီးဟင်းရွက်ကို ဆေးထင်လား? ၂
Vol. 57 Ch. 855
အရေးကြီးတာက ဒါသူတို့ရုံချန်းစီးပွားရေးပြခန်းမှာဖြစ်သွားတာ။
ကံကောင်းချင်တော့ ပြဿနာတက်တာ မိုဘိုင်းလုပ်ငန်းပြခန်းမှာဖြစ်နေသည်။ ဒီဖြစ်ရပ်က ရုံချန်းနှင့်ဘာမှမဆိုင်။ ဒါကိုကောင်းကောင်းကိုင်တွယ်နိုင်ရင် အမှတ်တောင်ရနိုင်သည်။
ထိုအကြောင်းတွေးပြီး စွန်းရှန်ကအမိန့်ပေးလိုက်သည်_
"မိုဘိုင်းလုပ်ငန်းပြခန်းကိုစစ်ဆေးပြီးတောင်းပန်ခိုင်းဖို့ စက်မှုစီးပွားဌာနကိုသွား... ပြီးတော့ သူတို့ကိုပြန်လေ့ကျင့်ပေးဖို့ သတိပေးစာထုတ်လိုက်!''
"ကောင်းပါပြီ စွန်းရှန်!''
အတွင်းရေးမှူးကခေါင်းညိမ့်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်လည်း ရုံချန်းမိုဘိုင်းစီးပွားရေးပြခန်းမှာ ဘာဖြစ်နေမှန်းသိသွားသည်။
အထူးသဖြင့် ဒီလိုကိစ္စမျိုးက နာမည်ကြီးလွယ်သည်။
သို့ရာတွင် မိုဘိုင်းကုမ္ပဏီလို ကိုယ့်ဖောက်သည်ကိုဒီလိုကတ်သီးကတ်သတ်ပြောသောကုမ္ပဏီများလည်းရှိသည်။
ဒီကုမ္ပဏီတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်နိုင်ငံဆိုတာမေ့နေပုံရသည်။ မသိသူတွေက ဒီကုမ္ပဏီတွေကိုအရင်းရှင်နိုင်ငံကဟုထင်ကြမည်။
မဟုတ်ရင် ဒီလိုဦးနှောက်မရှိတဲ့ကိစ္စတွေဘယ်ဖြစ်လာမလဲ?
အထူးသဖြင့် ဒီလိုသော*က်အဖြစ်အပျက်မျိုးတွေက အများကြီးရှိနေသည်။
လက်ထပ်စာချုပ်ပြရင် လင်မယားဖြစ်ကြောင်းသက်သေမပြနိုင်ဘူးလား?
ID ကတ်ပြရင်ရော ကိုယ်ပါလို့မပြောနိုင်ဘူးလား?
ကိုယ်ဟာလူကြီးဆိုတာ ID ကတ်ကသက်သေပဲမလား?

ခေါင်းလေးဘာလေးသုံးပါဦး၊ ဘာတဲ့လဲ?
ချင်လင်ကစိတ်ပျက်လက်ပျက်နှင့်ဖုန်းချလိုက်သည်။ တခြားသတင်းတွေဖတ်ချင်စိတ်မရှိတော့၍ ဂိမ်းဖန်သားပြင်ကြည့်ပြီး ဇာတ်ကွက်တာဝန်ရှိမရှိလိုက်ကြည့်သည်။
ဂိမ်းဇာတ်ကောင်ကိုဂိမ်းထဲအကြာကြီးလျှောက်ပတ်ခိုင်းသော်လည်း ဘာဇာတ်ကွက်တာဝန်မှမကြုံပေ။
မကြာမီ လင်းလန်ဇီက အထူးမိတ်ဆက်အချက်အလက်များရေးထားသောဘုတ်ပြားများနှင့်ရောက်လာပြီး_
"သူဌေး... ဒါတွေအားလုံးက ဟင်းသီးဟင်းရွက်အသစ်တွေရဲ့ကြော်ငြာဆိုင်းဘုတ်တွေပါ... အရောင်းကောင်တာမှာထားရင် ခရီးသည်တွေတစ်ချက်ကြည့်ရုံနဲ့ ဟင်းသီးဟင်းရွက်အသစ်တွေအကြောင်းတန်းသိမှာပါ''
ချင်လင်ကခေါင်းညိမ့်ပြီး ဆိုင်းဘုတ်ကိုတစ်ချက်ကြည့်သည်။
"အမျိုးအစား: ရုံးပတီသီးအသစ်"
(ထုတ်ကုန်မိတ်ဆက်: စိတ်တက်ကြွစေသောရုံးပတီသီးအမျိုးအစားဖြစ်သည်။ ချင်းလင်ဓာတ်ခွဲခန်းမှပျိုးထောင်ထုတ်လုပ်ထားသော ထုတ်ကုန်အသစ်ဖြစ်သည်။)
ဆေးအာနိသင်များ: ယန်ဓာတ်အားဖြည့်ခြင်း၊ ကျောက်ကပ်၊ ရင်သား၊ အရည်ဓာတ်ဖြည့်ခြင်း!
"အမျိုးအစား: မုန်လာဥဖြူ''
"အမျိုးအစား: မုန်ညင်း''
ပုံမှန်အတိုင်းဆို ဆေးဖက်ဝင်အာနိသင်ကိုကြော်ငြာရန် ဒီနည်းမသုံးနိုင်။ တရားမဝင်။
သို့သော် အခုကမတူ။ ဆေးဝါးစစ်ဆေးရေးဌာနမှဆေးစစ်ချက်များ၊လက်မှတ်များရထား၍ ကိစ္စမရှိပေ။
နောက်ပြီး သူမှာထားသည့်အတိုင်း လင်းလန်ဇီကလည်း မိတ်ဆက်နောက်ကျောတွင်ကြယ်ပွင့်ထည့်ရန်ညွှန်ကြားထားသည်။
ထိုကြယ်ပွင့်က အရည်အသွေး ၁ ကိုကိုယ်စားပြုသည်။

ဥပမာ အရည်အသွေး ၂ အလှအပသခွားသီးတွင် ကြယ်နှစ်ပွင့်ရှိမည်။
"မနက်ဖြန်စထုတ်ကြတာပေါ့!''
ချင်လင်က လင်းလန်ဇီကိုဆိုင်းဘုတ်များပြန်ပေးလိုက်သည်။
"ကောင်းပါပြီ သူဌေး!''
လင်းလန်ဇီလည်း ဆိုင်းဘုတ်ယူပြီး ချင်လင်ရုံးခန်းထဲမှထွက်လာသည်။
…
ချင်းလင်စံအိမ်ကားပါကင်_
ကားတစ်စီးထိုးရပ်ပြီး နည်းနည်းစိတ်ပျက်စရာပုံနှင့်လူတစ်ယောက် ကားပေါ်မှဆင်းလာသည်။ Eternal က သူ့ရှေ့မှချင်းလင်စံအိမ်ကိုကြည့်ပြီး နည်းနည်းစိတ်လှုပ်ရှားသွားသည်။
အရင်နှင့်စာလျှင် ချင်းလင်စံအိမ်မှာခရီးသည်တွေပိုများလာပြီး လေထုကအင်တာနက်မှာပြောကြသလို အရမ်းကောင်းလာသည်။
"အစ်ကိုကူ... ဒါချင်းလင်စံအိမ်လား?''
ခပ်ဟော့ဟော့ဝတ်ထားသောအမျိုးသမီးတစ်ဦးက ခရီးသည်ထိုင်ခုံမှဆင်းလာသည်။ ကားပေါ်မှဆင်းဆင်းချင်း Eternal လက်ကိုသွားချိတ်ပြီး_
"ပြီးရင် ဘယ်သွားလည်ကြမလဲ?''
"အရင်ဆုံး စာရင်းသွင်းပြီး သတို့သမီးခန်းထဲပစ္စည်းတွေထည့်ကြတာပေါ့!''
Eternal ကပြုံးလိုက်သည်။
အမျိုးသမီးက သူ့ကောင်မလေးမဟုတ်။ ဝမ်ရန်ရှယ်ယာဝင်ထားသောဘားတွင်တွေ့ခဲ့သောတစ်ယောက်ဖြစ်သည်။
ဘားက အရင်ထက်ပိုပျော်စရာကောင်းလာသည်။
ဒီအမျိုးသမီးနဲ့ သူဘယ်လိုပတ်သက်လဲ? ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းပျင်းပြီး အထီးကျန်တဲ့အခါ ဘားသွားပြီး ပေးလိုက်ကမ်းလိုက်၊ ပြီးတော့ နေရာရှာပြီးစားလိုက်ပင်။
ဘာပဲဖြစ်ဖြစ် သူကတစ်ကိုယ်တည်းသမား။ ကောင်မလေးမရှိ။ ဘယ်သူ့ကိုမှတာဝန်ယူစရာမလို။ ဘာစိတ်ဖိစီးမှုမှလည်းမရှိ။
ဒီအမျိုးသမီးနာမည်တောင် သူမသိချေ။
ဒီတစ်ခါ ချင်းလင်စံအိမ်လာပြီးပျော်ပါးချင်သော်လည်း တစ်ယောက်တည်းပျင်းစရာကောင်း၍ သူမကိုခေါ်လာခဲ့သည်။
ဒါသူတို့ရဲ့လက်ရှိဆက်ဆံရေးပင်။
တစ်ဖက်က ရွက်သစ်ထွက်ချင်လာရင် သူကတခြားစဉ်းစားမည်။
လက်ရှိသူ့အပေါ် ဝမ်ရန်ကအကြီးအကျယ်လွှမ်းမိုးထားပြီး ဒီကိစ္စကိုသိပ်အရေးမထားမိ။
ဝမ်ရန်ရဲ့မိန်းမက ဘားကပဲမလား?
ပြီးတော့ အိမ်မှာဆက်ချိန်းတွေ့နေရင် တစ်ဖက်ကအပြင်မှာဘာလုပ်နေမလဲ ဘယ်သူသိမလဲ?
"အစ်ကိုကူ... စာရင်းသွင်းပြီးရင် ဘာလုပ်ကြမလဲ?''
အမျိုးသမီးက ချိုချိုသာသာနှင့်မေးသည်။
"မင်းနဲ့ငါက အပျော်ပဲလေ!''
ဝမ်ကူက ညစ်ကျယ်ကျယ်ရယ်လိုက်သည်။
သူ့စကားကြောင့် အမျိုးသမီးက Eternal ကိုယ်ကိုအားနှင့်ရိုက်ပစ်လိုက်ပြီး_
"အစ်ကိုကူ... ရှင်အရမ်းရိုင်းတာပဲ''
"အမြဲတမ်းပါးစပ်နဲ့လိုက်ကိုက်နေတဲ့မင်းလောက်မဆိုးပါဘူး''
Eternal ကလှောင်ရယ်ရယ်လိုက်ပြီး အမျိုးသမီးကိုစံအိမ်ထဲခေါ်သွားသည်။ ဧည့်ကြိုကောင်တာတွင်စာရင်းသွင်းပြီး သူတို့ပစ္စည်းများသွားယူသည်။
ပစ္စည်းများနေရာချပြီးနောက် စံအိမ်ထဲမှနေရာအနှံ့ အမျိုးသမီးကိုလိုက်ပို့၏။
ဘာပဲဖြစ်ဖြစ် သူတစ်နေ့လုံးပြေးမလွတ်နိုင်။
ညရောက်သောအခါ ဝမ်ကူကသူ့ကတိတည်သည်။ သူပျော်ပါးချင်တယ်ပြောရင် သူတကယ်ပျော်ပါးချင်သောကြောင့်ပင်။ နောက်ပြီး အမျိုးသမီးတွေနှင့်က အရမ်းပျော်ဖို့ကောင်းသည်။
သို့ရာတွင် နောက်တစ်နေ့အိပ်ရာနိုးလာသောအခါ ခါးနည်းနည်းနာသလိုခံစားရသည်။
မနက်လည်းအစောကြီးထရသည်။ အလှအပဥနှင့်သခွားသီးသွားယူကြမည်ဟု အမျိုးသမီးကိုကတိပေးထားသောကြောင့်ပင်။
ဘယ်လိုမိန်းကလေးမျိုးဖြစ်ဖြစ်၊ ရုပ်ရည်အလှအပကို အလွန်ဂရုစိုက်ကြသည်။
အလှအပဥနှင့်အလှအပသခွားသီးနှစ်မျိုးမှာ မနက်အစောထယူရသည်။ မဟုတ်ရင် နည်းနည်းမှရမည်မဟုတ်။
စံအိမ်အရောင်းကောင်တာရောက်သောအခါ Eternal တို့က အလှအပဥအရောင်းကောင်တာကိုတန်းသွားပြီး အလှအပဥနှင့်အလှအပသခွားသီးနှစ်မျိုးကိုလုယူကြသည်။
သို့ရာတွင် ဒီတစ်ခေါက် အလှအပသခွားသီးမိတ်ဆက်ကမတူတော့။ နောက်ပြီး အရောင်းစင်တာထဲတွင် အထူးနေရာအမှတ်အသားပြထားသည်ကိုလည်းတွေ့သည်။ ရေးထားသည်က:
'အရည်အသွေးမြင့်ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်'။