ခြေလှမ်းကြီး! ဒုက္ခလာပေးတာလား?
Vol. 57 Ch. 841
မာဟုန်လည်းလူခေါ်ပြီး တစ်ညလုံးစောင့်ရှောက်ပေးခဲ့သည်။
"ဒီတစ်ခါအောင်မြင်သွားပြီ''
တော်ဝင်ပညာရှင်ကျူးက စိတ်လှုပ်ရှားသံနှင့်ပြောသည်။
တော်ဝင်ပညာရှင်စွန်းကလည်းခေါင်းညိမ့်ပြီး_
"ဒီလောက်အကြာကြီးဒုက္ခပေးနေတဲ့ပြဿနာက အောင်မြင်သွားမယ်မထင်မိဘူး''
"သရုပ်ပြတာဘယ်လိုနေလဲ သွားကြည့်ရအောင်''
တော်ဝင်ပညာရှင်ကျူးက တခြားဘာမှအာရုံမစိုက်နိုင်ဘဲ တော်ဝင်ပညာရှင်စွန်းနှင့်စံအိမ်ထဲအမြန်ပြန်ဝင်သွားသည်။
ဒီရုတ်တရက်ရတဲ့စိတ်ကူးက အာကာသစူးစမ်းရှာဖွေရေးသုတေသနမှာတစ်ဆင့်တက်ဖို့ ကြီးကြီးမားမားခြေလှမ်းဖြစ်ခဲ့သည်။
ဒီခြေလှမ်းက ဒုံးပျံသုတေသနကိုချက်ချင်းအပြီးမသတ်နိုင်သော်လည်း အကြီးအကျယ်တိုးတက်စေသည်။
ဒီပရောဂျက်ကြောင့် ရှင်းကျန့်တယ်နှင့်ဘယ်သူအရင်ပြီးပြီး ပြိုင်နိုင်တော့မည်။
တော်ဝင်ပညာရှင်ကျူးက အထူးစီစဉ်ထားသောအခန်းထဲရောက်သောအခါ တော်ဝင်ပညာရှင်ဖေးပြုံးနေသည်ကိုကြည့်ပြီးမေးလိုက်သည်_
"ဘယ်လိုလဲ?''
တော်ဝင်ပညာရှင်ဖေးက စိတ်လှုပ်ရှားသံနှင့်_
"တက္ကသိုလ်ကသရုပ်ပြစမ်းသပ်ချက်မှာ လုံးဝအောင်မြင်တယ်... လောင်ကျူး... အခုလိုတာက မင်းလျှောက်လွှာတစ်စောင်ရေးဖို့ပဲ... တက္ကသိုလ်ကလူတွေကို ခေါင်းဆောင်လက်မှတ်ထိုးဖို့ပို့ခိုင်းလိုက်... အဲဒါပြီးရင် ငါတို့အစိတ်အပိုင်းတွေ ကိရိယာတွေလုပ်ပြီး ရုပ်ပိုင်းသုတေသနလုပ်လို့ရပြီ''
သူ့စကားနားထောင်ရင်း တော်ဝင်ပညာရှင်ကျူးကလက်သီးတင်းတင်းဆုပ်လိုက်သည်။ သူကအချိန်ဖြုန်းမနေဘဲ စမ်းသပ်ချက်လျှောက်လွှာအမြန်ရေးကာပို့ပေးလိုက်၏။
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလုက မနက်အစောကြီးခေါင်းဆောင်ရုံးခန်းထဲသွားသည်။ ဒီနေ့က အပတ်စဉ်အစီရင်ခံစာတင်ပြရမည့်နေ့ဖြစ်သည်။
တခြားဌာနခေါင်းဆောင်များကလည်း သူ့ကိုအစီရင်ခံကြသည်။
တင်ပြပြီးနောက် ခေါင်းဆောင်ကဝန်ကြီးလုကိုနေခဲ့ခိုင်းသည်။
"တော်ဝင်ပညာရှင်ကျူးတို့က ချင်းလင်အပန်းဖြေစံအိမ်ရောက်တာနည်းနည်းကြာပြီ... အခြေအနေဘယ်လိုရှိလဲ?''
ဝန်ကြီးလုက_
"တော်ဝင်ပညာရှင်ကျုးတို့က စံအိမ်မှာအားဖြည့်နေကြပါတယ်... အခြေအနေကောင်းတယ်... ဒုံးပျံသုတေသနကနောက်တစ်ဆင့်မတက်နိုင်သေးပေမဲ့ နေ့စဉ်သုတေသနအလုပ်တွေနောက်မကျပါဘူး''
ခေါင်းဆောင်ကခေါင်းညိမ့်ပြီး_
"တော်ဝင်ပညာရှင်လီရဲ့ခန့်မှန်းချက်က ဟုတ်မဟုတ်ပဲမသေချာတာ''

သူတို့က ဒီအတွက်မျှော်လင့်နေကြသည်။
တော်ဝင်ပညာရှင်ကျူးတို့သာ ချင်းလင်အပန်းဖြေစံအိမ်မှာအားဖြည့်ရင်း ပါမောက္ခလီခိုင်လိုတစ်ဆင့်တက်သွားရင် ချင်းလင်အပန်းဖြေစံအိမ်ရဲ့တည်ရှိမှုက လုံးဝထူးခြားသွားပြီ။
သူတို့နှစ်ဦးစကားပြောနေစဉ် ဝန်ကြီးလုဖုန်းအရေးပေါ်ဝင်လာသည်။
ဖုန်းကိုင်ပြီးနောက် သူစိတ်မလှုပ်ရှားဘဲမနေနိုင်တော့_
"တကယ်လား? ဒီလောက်ကြီးအဆင့်တက်သွားတာလား?''
ဝန်ကြီးလုကဖုန်းချပြီး ချက်ချင်းသူ့ခေါင်းဆောင်ကိုတင်ပြသည်_
"ခေါင်းဆောင်... မနေ့ညက ချင်းလင်အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်ကျူးတို့က ရုတ်တရက်အကြံရတယ်တဲ့... အထူးဒုံးပျံသုတေသနအဖွဲ့က ညလုံးပေါက်သရုပ်ဖော်စမ်းသပ်ကြတာ... အခုသရုပ်ဖော်တာအောင်မြင်သွားတော့ တော်ဝင်ပညာရှင်ကျူးက အစိတ်အပိုင်းနဲ့ကိရိယာတွေထုတ်ဖို့လျှောက်လွှာတင်တယ်... ရုပ်ပိုင်းသုတေသနဝင်မယ်တဲ့''
"တကယ်?''
ခေါင်းဆောင်လည်းစိတ်လှုပ်ရှားပြီး မတ်တပ်ထရပ်သည်။
တကယ်အလုပ်ဖြစ်တာပဲ။
သူတို့နှစ်ဦးက ရုံးခန်းအပြင်ပြေးထွက်ပြီး အခြေအနေကိုအတိအကျသိအောင် အထူးဒုံးပျံသုတေသနဌာနထဲသွားလိုက်သည်။
အစီရင်ခံစာရပြီး သူတို့နှစ်ဦးပိုပြီးအံ့အားသင့်သွားသည်။
တော်ဝင်ပညာရှင်ကျူးရုတ်တရက်အကြံရတာ ခြေလှမ်းကြီးကြီးပင်။ ဒီခြေလှမ်းကြီးက ဒုံးပျံသုတေသနတွင်အကြီးမားဆုံးပြဿနာကိုဖြေရှင်းပေးလိုက်သည်ဟုဆိုရမည်။
ပြီးတော့ တော်ဝင်ပညာရှင်လီရဲ့ခန့်မှန်းချက်မှန်ကန်ကြောင်းသက်သေပြလိုက်ခြင်းဖြစ်သည်။
ချင်းလင်အပန်းဖြေစံအိမ်က ပိုပိုပြီးအသုံးတည့်လာသည်။
နောက်ကျရင် ချင်းလင်အပန်းဖြေစံအိမ်ကိုထိန်းသိမ်းဖို့ သူအာရုံစိုက်ရတော့မည်။ ဒီအတွက် သူဌေးချင်နှင့် အသေးစိတ်ဆွေးနွေးရမည်။
သူဌေးချင်သာ ချင်းလင်အပန်းဖြေစံအိမ်ကိုရုတ်တရက်ပြောင်းလဲပြီး လက်ရှိပတ်ဝန်းကျင်ကိုထိခိုက်သွားရင် ဒီသက်ရောက်မှုပျောက်သွားနိုင်သည်။
ဒီလိုဖြစ်သွားရင် အကြီးအကျယ်ဆုံးရှူံးရလိမ့်မည်။
ပြီးရင် ဝန်ကြီးလုကို ချင်းလင်အပန်းဖြေစံအိမ်ဆီလွှတ်မည်။
ခေါင်းဆောင်ကအခြေအနေကိုအတည်ပြုပြီး ချက်ချင်းလက်မှတ်ထိုးကာ အထူးဒုံးပျံသုတေသနဌာနတစ်ခုလုံးကို ရုပ်ပိုင်းသုတေသနဝင်ခွင့်ပြုလိုက်သည်။
မကြာမီ တရုတ်သိပ္ပံအကယ်ဒမီမှတရားဝင်ကြေညာချက်ထွက်လာသည်:
'အထူးဒုံးပျံသုတေသနဌာနက အာကာသစူးစမ်းရှာဖွေရေးသုတေသနတွင် အကြီးအကျယ်တိုးတက်ပြီး ရုပ်ပိုင်းထုတ်လုပ်စမ်းသပ်တော့မည်'ဟူ၍။

သတင်းထွက်ထွက်ချင်း ရှင်းကျန့်တယ်၏နည်းပညာရုံးချုပ်က နည်းနည်းကြောင်သွားသည်။ သူတို့ကလျှောက်ကြွားပြီး သူများနိုင်ငံအရှိန်ပျက်အောင်နှောင့်ယှက်ရုံသက်သက်သာ။
ဒီအရှေ့တိုင်းနိုင်ငံကလည်း ဒီအကွက်နဲ့ကြွားပြန်တာလား?
အရင်ကဒီအကွက်သုံးပြီး ဝက်ဝံကြီးကို ဝက်ဝံတွေအများကြီးဖြစ်အောင်လုပ်ခဲ့သည်။
ဒီအကွက်ကို သူများတတ်သွားမယ်လို့ဘယ်ထင်မလဲ? သူတို့ဘယ်လောက်လုပ်နိုင်စွမ်းရှိလဲ မသိဘူးလား? ဒီအကွက်ကိုတောင် လိုက်သင်ရတယ်လို့။
…
မင်မြို့တော်_
ကျိုးဟုန်လည်း ချင်းလင်စံအိမ်မှအရည်အသွေးမြင့်ဟင်းသီးဟင်းရွက်များယူပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနရောက်လာသည်။ တန်းစီပြီးနောက် ဝန်ဆောင်မှုကောင်တာတွင် အချက်အလက်ယူပြီး ဆေးဝါးစစ်ဆေးရေးပုံစံစဖြည့်သည်။
သို့ရာတွင် သူမလုပ်ကိုင်နေသည်ကို ပတ်ဝန်းကျင်မှလူများစိတ်ဝင်စားကုန်ကြသည်။ တအံ့တဩနှင့်တောင်ကြည့်ကြ၏။
"ဒီတစ်ယောက်က ဟင်းသီးဟင်းရွက်တွေယူလာတာလား?''
တန်းစီနေသူတစ်ယောက်က တိုးတိုးပြောသည်။
"ထင်တာပဲ... အဲဒီဟင်းသီးဟင်းရွက်တွေကို ဆေးစစ်မလို့လား?''
နောက်တစ်ယောက်က အံ့ဩသံနှင့်ပြောသည်။
ထိုလူအားလုံးမှာ ကုမ္ပဏီသေးသေးကြီးကြီးအစုံမှလာသူများဖြစ်သည်။ တချို့က သူတို့ထုတ်ကုန်၊ဖော်မြူလာကိုမသုံးခင် ဆေးဝါးအာနိသင်စစ်ဆေးရန်လိုအပ်သောကြောင့် ဆေးဝါးစစ်ဆေးရေးဌာနလာပြီး ဆေးစစ်ကြခြင်းဖြစ်မည်။
မင်မြို့တော်ဆေးဝါးစစ်ဆေးရေးဌာနက နေ့တိုင်းဒီလူတွေအများကြီးကိုလက်ခံရသည်။
တိုတိုပြောရရင် ဒီနေ့ဆေးစစ်ဖို့ထုတ်ကုန်တစ်သုတ်တိုးပြီး နောက်နေ့တစ်သုတ်ပျောက်သွားလိမ့်မည်။ အတော်များများက ဒီအခြေအနေကိုအခွင့်ကောင်းယူ၍ စမ်းသပ်ထားသောထုတ်ကုန်က လုံးဝမအောင်မြင်ချေ။
သို့ရာတွင် ဆေးစစ်ဖို့ဟင်းသီးဟင်းရွက်များယူလာတာ ဒါပထမဆုံးပင်။ ဟင်းသီးဟင်းရွက်များကြား မုန်လာဥဖြူများတောင်တွေ့ရသည်။
နောက်နေတာလား?
ရေဆိုးမြောင်းထဲငါးမျှားချင်ရင်တောင် ဒီလိုမျှားလို့မရဘူးလေ။
ထို့ကြောင့် အနားဝန်းကျင်မှလူများက ကျိုးဟုန်ကိုကြည့်ပြီး တီးတိုးတီးတိုးပြောကြသည်။
ကျိုးဟုန်ကကြားသော်လည်း တိတ်တိတ်လေးသက်ပြင်းချပြီး လျစ်လျူရှုထားလိုက်၏။
ဘာပဲဖြစ်ဖြစ် ဒါသူဌေးခိုင်းထားတာ။ မျောက်လိုကြည့်နေရင်တောင် အလုပ်ကိုအရင်လုပ်ရမည်။

ဝန်ထမ်းကလည်း ကောင်တာပြတင်းပေါက်မှ ကျိုးဟုန်ကိုကြည့်လိုက်သည်။ သူ့မျက်နှာထားက နည်းနည်းထူးဆန်းနေသည်။
ဆေးစစ်ဖို့ဟင်းသီးဟင်းရွက်တွေယူလာတာ ဒီတစ်ခါပဲတွေ့ဖူးသည်။ အမွှေစိန်ရောက်လာပြီဟုတောင် ထင်လိုက်သည်။
ကံကောင်းစွာပင် သူမကကျွမ်းကျင်သူဖြစ်နေ၍ တစ်ဖက်ကလျှောက်လွှာပုံစံကိုမမြင်ရမချင်း ဘာမှမပြောပေ။
လျှောက်လွှာကြည့်ပြီးမှ တကယ်ပြဿနာလာရှာတာဆိုရင် လုံခြုံရေးအစောင့်လက်ထဲအပ်လိုက်ရုံပင်။
ကျူးဟုန်ကအချိန်ယူကာ လျှောက်လွှာပုံစံဖြည့်လိုက်သည်။ ထို့နောက် ဆေးစစ်ချက်လျှောက်လွှာနှင့်ဟင်းသီးဟင်းရွက်များကို ကောင်တာဝန်ထမ်းဆီပေးလိုက်သည်။
ဝန်ထမ်းက အချက်အလက်ကိုယူပြီးဖတ်လိုက်ရာ 'ဒီတစ်ယောက်က တကယ်ပြဿနာလာရှာတာပဲ'ဟု တွေးမိသည်။
(မုန်ညင်း: အာဟာရဓာတ်၊ အားဖြည့်ခြင်း၊ သွေးအားဖြည့်ခြင်း၊ သွေးတိတ်စေခြင်း၊ အပူလျှော့ချပေးခြင်း ဆေးအာနိသင်များအတွက် ဆေးစစ်မည်)
သူမကကြည့်ပြီး ဆွံ့အသွားသည်။
မုန်ညင်းမှာအာနိသင်ရှိတယ်ဆိုပေမဲ့ အာနိသင်က အာနိသင်တစ်ပိုင်း၊ ဆေးဝါးအာနိသင်က ဆေးဝါးအာနိသင်တစ်ပိုင်း။ လုံးဝမတူ။
ဟင်းသီးဟင်းရွက်အတော်များများက တချို့ရောဂါတွေအတွက်အာနိသင်ရှိပေမဲ့ ဟင်းသီးဟင်းရွက်ကို ဆေးလိုသောက်လို့မရဘူးမလား? အာနိသင်ကနည်းလွန်းသောကြောင့် ဆေးဝါးအာနိသင်အဆင့်မရောက်နိုင်။
ဒါကခြားနားချက်ပင်။
ဒီတစ်ယောက်က ဒီလာပြီးဒုက္ခပေးနေတာလား?
ဝန်ထမ်းကတွေးတောနေစဉ် ရုတ်တရက်လျှောက်လွှာပေါ်မှနာမည်မြင်ပြီး ရေရွတ်လိုက်သည်_
"ချင်းလင်စံအိမ်!''
ချင်းလင်စံအိမ်ဟူသောအသံကြောင့် တခြားပြတင်းပေါက်မှဝန်ထမ်းများလည်း စိတ်ဝင်စားသွားသည်။ အပြင်မှာတန်းစီပြီးစောင့်နေသူများတောင် အသံကြားပြီးတအံ့တဩလှမ်းကြည့်ကြသည်။
အခုဆို ချင်းလင်စံအိမ်ကိုမသိသူမရှိလောက်။
ချင်းလင်စံအိမ်က ရှုမျှော်ခင်း 4A နေရာဆိုသော်လည်း သူ့ဂုဏ်သတင်းက ရှုမျှော်ခင်း 5A နေရာများထက်မညံ့။ အင်တာနက်ပေါ်တွင် ပြည်တွင်းထိပ်တန်းရှုမျှော်ခင်းနေရာ ၁၀ ခုထဲတောင်ဝင်နေသည်။
အထူးသဖြင့် ချင်းလင်စံအိမ်ကထူးဆန်းသောကြောင့်ပင်။ အင်တာနက်ပေါ်တွင် ဒဏ္ဍာရီများစွာရှိပြီး အတော်များများက တစ်မူထူးခြားသည်။
ထိုသူဌေးပိုင်သော ချင်းလင်အစားအသောက်ကုမ္ပဏီလည်းရှိသေးသည်။ ချင်းလင်ဆော့၊ ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့် ချင်းလင်အားသစ်လောင်းဆေးအကြောင်းသိပါသလား? အထူးသဖြင့် ပူပူနွေးနွေးနာမည်ကြီးနေသောချင်းလင်ရေပူစမ်းဆေးမှုန့်ပင်။
နာမည်ကြီးလိုက်တာမှ အတောမသတ်။
ဆေးစစ်ဖို့ဟင်းသီးဟင်းရွက်တွေယူလာတဲ့သူက ချင်းလင်စံအိမ်ဝန်ထမ်းလား?
ကျိုးဟုန်ဘယ်သူလဲသိပြီးနောက် အားလုံးအတူတူတွေးမိကြသည်မှာ:
ဒီဟင်းသီးဟင်းရွက်တွေက ပါမောက္ခလီခိုင်လုပ်ထားတဲ့မျိုးစိတ်အသစ်တွေလား?
ဒါက ဂုဏ်သတင်း!
သာမန်လူတစ်ယောက်သာ ဟင်းသီးဟင်းရွက်တွေကိုဆေးစစ်ဖို့ယူလာရင် ဒုက္ခရောက်ပြီ။ ချင်းလင်စံအိမ်ဆိုရင်တော့ မျိုးစိတ်အသစ်ပေါ့။
ဝန်ထမ်းက ကျိုးဟုန်ကိုချင်းလင်စံအိမ်ကမှန်းသိပြီးနောက် ချက်ချင်းဖုန်းထုတ်ပြီးဆက်လိုက်သည်။