← Chapters

ဟင်းသီးဟင်းရွက်က ဆေးထက်စွမ်း!

Vol. 57 Ch. 842

ဟင်းသီးဟင်းရွက်က ဆေးထက်စွမ်း!

Vol. 57 Ch. 842

ထို့အတူ ဆေးဝါးစစ်ဆေးရေးဌာနဝန်ထမ်းက ကျိုးဟုန်ကိုချင်းလင်စံအိမ်ကမှန်းသိသောကြောင့် ဒုက္ခလာပေးသည်မထင်တော့။

ချင်းလင်အစားအသောက်ကုမ္ပဏီကပို့တာ ဒါပထမဆုံးမဟုတ်။ ချင်းလင်အားဆေး၊ ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့် ချင်းလင်ရေပူစမ်းဆေးမှုန့်ကို ဆေးဝါးစစ်ဆေးရေးဌာနပို့ပြီး စမ်းသပ်ဖူးသည်။

အထက်လူတွေကလည်း အသိပေးထားသည်။ ချင်းလင်ကုမ္ပဏီက လာစစ်ဆေးရင် တစ်ခါတည်းဖုန်းဆက်ပြီး အစီရင်ခံရန်၊ စီစဉ်ပေးရန်မှာထားသည်။

ချင်းလင်ကုမ္ပဏီက တစ်နေ့တခြားကြီးပွားလာသည်။ ရုံချန်းမှာဆိုသော်လည်း အနှေးနှင့်အမြန် ရုံချန်းက ချင်းလင်ကုမ္ပဏီနှင့်အလိုက်သင့်ဖြစ်တော့မည်မဟုတ်မှန်း အားလုံးသိကြသည်။

ချင်းလင်ဓာတ်ခွဲခန်းက မင်မြို့တော်စီရင်စုများတွင် မြေစာချုပ်လိုက်ချုပ်နေရသလိုပင်။

ကြီးလာသောကုမ္ပဏီအတွက် သူ့စီးပွားရေးကိုထိပ်ဆုံးဦးစားပေးရမည်။

အရေးအကြီးဆုံးလူက ပါမောက္ခလီခိုင်ပင်။

ပါမောက္ခလီခိုင်ရဲ့မိသားစုနောက်ခံကို မသိသူမရှိလောက်?

မင်မြို့တော်မှာ လီမိသားစုကဘာကိုကိုယ်စားပြုလဲ မသိတဲ့ဌာနမရှိ။ အထူးသဖြင့် လီမိသားစုရဲ့အကြီးဆုံးသားက နောက်ထပ်အလားအလာရှိနေသည်။

ဆေးဝါးစစ်ဆေးရေးတာဝန်ခံကဖုန်းရပြီး ကျိုးဟုန်ကိုဧည့်ခံရန်ချက်ချင်းထွက်လာသည်။ သူကိုယ်တိုင်ထွက်ကြိုပြီးလျှင်_

"ဧည့်ခန်းထဲနားပါဦး... ချင်းလင်စံအိမ်ရဲ့ဆေးစစ်ချက်ကိုအခုချက်ချင်းစီစဉ်ပေးပါမယ်''

"ဒါဆို အားနာစရာတွေဖြစ်ကုန်ပြီ''

ကျိုးဟုန်နည်းနည်းနေရခက်သွားသည်။ ဒီလိုအထူးတလည်ဆက်ဆံခံရတာ ဒါပထမဆုံးပင်။

တန်းစီနေသူများက ထိုမြင်ကွင်းကိုမြင်ပြီး အားကျနေသောအကြည့်များနှင့်။ သို့သော် မထူးဆန်းမိ။ ဒီဌာနတွေက ချင်းလင်စံအိမ်ကလူဆို ပျူပျူငှာငှာဆက်ဆံနေကျ။



ဘာပဲ​ဖြစ်ဖြစ် လုံးဝတရားမျှတရေးကိုအာရုံထားသောအရူးက နည်းနည်းသာရှိသည်။

ကြားမကောင်းပေမဲ့ သူဌေးကြီးမာကို တစ်လသုံးလေးထောင်ရတဲ့သူတွေနဲ့အတူတူတန်းစီခိုင်းရင် ဦးနှောက်မရှိရာမကျဘူးလား?

တာဝန်ခံက ကျိုးဟုန်ကိုဧည့်ခံနေစဉ် ဆေးဝါးစစ်ဆေးရေးဌာနမှစစ်ဆေးရေးဝန်ထမ်းအား ကျိုးဟုန်ယူလာသောဟင်းသီးဟင်းရွက်များကိုချက်ချင်းဆေးစစ်ခိုင်းသည်။

ကျိုးဟုန်လည်း ဆေးဝါးစစ်ဆေးရေးဌာနမှအမြန်ပြန်ထွက်လာသည်။ တာဝန်ခံကိုယ်တိုင်က ချက်ချင်းစမ်းသပ်ခိုင်းရင်တောင် ဟင်းသီးဟင်းရွက်များ၏အဖြေကို နောက်တစ်နေ့အထိစောင့်ရဦးမည်။

စစ်ဆေးရေးဝန်ထမ်းက ဟင်းသီးဟင်းရွက်များကိုမြင်ပြီး နည်းနည်း​ကြောင်သွားသည်။ ဒါပထမဆုံးပင်။ သို့သော် ခေါင်းဆောင်ကစီစဉ်ခိုင်း၍ စမ်းသပ်ချက်ကိုအတည်လုပ်ရတော့မည်။

စစ်ဆေးသူအမျိုးသားက အမှတ်တမဲ့ရုံးပတီသီးကိုယူစစ်လိုက်သည်။

(ရုံးပတီ: စမ်းသပ်ချက်အာနိသင်များ: ရင်သားသွေးလှည့်ပတ်မှုကောင်းစေခြင်း၊ စိုထိုင်းမှုကိုသန့်စင်ပေးခြင်း၊ ကျောက်ကပ်အားကောင်းစေခြင်း!)

နောက်ဆုံးအာနိသင်က မျက်စိကျစရာ။

ရုံးပတီက အင်အားတိုးစေသည်ဟုဆိုနိုင်သည်။ ဒီအာနိသင်များကိုစမ်းသပ်လိုသော်လည်း အမှန်ဟုတ်မဟုတ်မသိ။

စစ်ဆေးသူကချက်ချင်းကိရိယာများယူပြီး ရုံးပတီသီးကိုအရည်ညှစ်ကာ အထူးဖွဲ့စည်းမှုတစ်ခုကိုထုတ်ယူလိုက်သည်။

သူတို့စမ်းသပ်ချက်က တကယ်တော့ရိုးရှင်းသည်။ သူတို့ရည်ညွှန်းစာကြည့်တိုက်တွင် သက်ဆိုင်ရာအချက်အလက်များ၊ နိုင်ငံတွင်းရှိဆေးဝါးမျိုးစုံ၏အချက်အလက်များ အားလုံးပါသည်။

ထိုအချက်အလက်များထုတ်ကာနှိုင်းယှဉ်ကြည့်လျှင် သက်ဆိုင်ရာအာနိသင်အဆင့်ကိုရလိမ့်မည်။

တစ်ခုတည်းသောပြဿနာက ထုတ်ယူသောဖြစ်စဉ်မှာ အထဲတွင်ပိတ်ထားပြီးအချိန်ယူရသည်။

အချိန်လွန်သည်နှင့် စစ်ဆေးသူအမျိုးသား၏မျက်နှာက ပိုပိုပြီးထူးဆန်းလာသည်။



ရုံးပတီသီးမှထုတ်ယူထားသောဓာတ်များတွင် အမှန်ပင်ကျောက်ကပ်အားကောင်းစေသောအာနိသင်ရှိနေသောကြောင့်ပင်။

မြေခွေးလက်သည်း၊ ကန္တာရမြက်၊ ကောင်းကင်စစ်သည်ခြေရာ စသည့် ကျောက်ကပ်အားကောင်းစေသော ဆေးဖက်ဝင်အပင်များစွာရှိသည်။ ဝူကျီကျုံးအားဆေး၊ ကျောက်ကပ်အားဆေး၊ ဂျင်ဆင်းနှင့်သမင်ချိုစသော ထုတ်လုပ်ပြီးသားဆေးဝါးများလည်းရှိသည်။

ထိုဆေးပင်များ၊ ထုတ်လုပ်ထားသောဆေးများအားလုံးတွင် ဒီလိုအာနိသင်မျိုးရှိသည်။ နောက်ပြီး ဆေးပင်နှင့်ဆေးဝါးများဖော်မြူလာမတူသောကြောင့် အာနိသင်အဆင့်ချင်းလည်းမတူကြပေ။

ဆေးဝါးများက ဆေးပင်သက်သက်ထက်ပိုပြီး အာနိသင်ကောင်းသည်။

ထိုအချက်အလက်များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနတွင် အသေးစိတ်နှိုင်းယှဉ်ထားသည်။

သို့သော် အခုရုံးပတီသီးမှထုတ်ထားသောဓာတ်များနှင့်အချက်အလက်ကိုနှိုင်းယှဉ်ကြည့်ရာ လန့်လောက်စရာအဖြေထွက်လာသည်။

ချင်းလင်စံအိမ်ရုံးပတီသီး၏ကျောက်ကပ်အားကောင်းစေသောအာနိသင်က စျေးကွက်ထဲမှဆေးပင်များ၊ဆေးဝါးများထက်ပိုကောင်းနေသည်။

နောက်နေတာလား?

ဟင်းသီးဟင်းရွက်က!

အဲဒီနောက် တခြားတွေးမိပြန်သည်။

ပါမောက္ခလီခိုင်က အံ့ဩစရာပဲ!



ဒီလိုဟင်းသီးဟင်းရွက်မျိုးကို ပါမောက္ခလီခိုင်ပဲပျိုးထောင်နိုင်မှာမလား?

ထို့နောက် ရုံးပတီသီး၏တခြားအာနိသင်နှစ်ခုကိုစမ်းသပ်ကြည့်သည်။ ရင်သားသွေးလှည့်ပတ်မှုကောင်းစေခြင်း၊ စိုထိုင်းမှုကိုသန့်စင်ပေးခြင်းအာနိသင်များကလည်း စျေးကွက်ထဲမှဆေးပင်များ၊ဆေးဝါးများထက်ပိုကောင်းနေသောကြောင့် သူအံ့အားသင့်သွားသည်။

ဒါဘာအဓိပ္ပါယ်လဲ?

ချင်းလင်စံအိမ်ရဲ့ရုံးပတီသီးက ဆေးဖက်ဝင်အာနိသင်ရှိတဲ့ဆေးဝါးတွေနဲ့တူနေသည်။ ပြီးတော့ ဆေးဖက်ဝင်အာနိသင်ကအရမ်းကောင်းသည်။

ဒါ ဆေးဝါးကုမ္ပဏီအတော်များများကိုအရှက်ရစေလိမ့်မည်။

စစ်ဆေးသူအမျိုးသားကအံ့အားသင့်နေစဉ် သူ့ဘေးမှစစ်ဆေးသူအမျိုးသမီးကထပြီးရေရွတ်လိုက်သည်_

"အံ့ဩစရာပဲ... ဒီမုန်လာဥဖြူဘယ်လောက်ထူးဆန်းလဲ နင်တို့တွေးမိမှာမဟုတ်ဘူး''

သူမပြောရင်းဆိုရင်း မုန်လာဥဖြူကိုကောက်ကိုင်ပြသည်။

ထိုမုန်လာဥဖြူက စျေးကွက်ထဲမှဆေးဝါးများထက်ပိုပြီး အာနိသင်စုံနေသည်။

မုန်လာဥဖြူကလေ!

ရှေ့လျှောက် ဒီဝေဒနာတွေခံစားရရင် ဆေးသောက်ဖို့လိုပါဦးမလား? မုန်လာဥဖြူစားတာမကောင်းဘူးလား?

ဝက်နံရိုးနဲ့မုန်လာဥဖြူက မမွှေးဘူးလား?

အရမ်းမွှေးတာပေါ့!

ရုံးပတီနှင့်မုန်လာဥဖြူသာမက ချင်းလင်စံအိမ်မှပို့ထားသောဟင်းသီးဟင်းရွက်များအားလုံးစစ်ဆေးပြီးနောက်တွင် စျေးကွက်ထဲမှဆေးဝါးများထက်အာနိသင်ပိုထက်ကြောင်းသိလိုက်ရသည်။

နောက်နောင် ဒါတွေနဲ့ဆက်စပ်တဲ့ရောဂါတွေမှာ ချင်းလင်စံအိမ်က ဆေးရုံထက်ပိုပြီးနာမည်ကြီးတော့မည်ဟုတောင်တွေးမိသည်။

နောက်ဆုံး သူတို့ကသက်ပြင်းသာချပြီး...

ပါမောက္ခလီခိုင်ကတော့ တကယ်ပါပဲ။

နောက်တစ်နေ့_

ဆေးဝါးစစ်ဆေးရေးဌာနမှဆေးစစ်ချက်များထွက်ပြီဖြစ်ကြောင်း ကျိုးဟုန်ကိုအသိပေးလိုက်သည်။

သူမက ဆေးဝါးစစ်ဆေးရေးဌာနသို့အပြေးလာပြီး ဆေးစစ်ချက်များရသောအခါ သူမမျက်နှာမှာ အတော်စိတ်ဝင်စားဖွယ်ဖြစ်သွားလေသည်။



All Chapters