မောင်နှမများ
Vol. 123 Ch. 1716
ထန်းယွမ်၏ အိမ်တော်မှထွက်လာပြီးနောက် ရှီမာယူယူမှာ စိတ်ဓာတ်ကျ သွားရသည်။ ဝူလင်းယူသည် နတ်ဆိုးလောကတွင် အခက်အခဲများစွာ ရင်ဆိုင် နေရသော်လည်း သူမတွင် သူ့ကိုကူညီရန် အင်အားမရှိပေ။
အင်အား အင်အား… သူမသာ နည်းနည်းလောက်ပိုအားကောင်းလိုက်ရင်
သူမသည် လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းကာ စိတ်ကိုလျော့လိုက်သည်။ သူမ သန်မာလာနှုန်းမှာ အလွန် စိတ်ပျက်ဖွယ်ကောင်းလှသည်။
“ဟေ့ မင်း ရပ်လိုက်” အနီရောင်အရိပ်တစ်ခုသည် ခေါင်မိုးမှထွက်လာ ကာ သူမရှေ့သို့လာပြီး လမ်းပိတ်လေသည်။
“မင်းကဘယ်သူလဲ” ရှီမာယူယူသည် သူမကိုအကဲခတ်လိုက်သည် “မင်းက မြင့်မြတ်သောသားတော် အတူခေါ်လာခဲ့မိန်းမလား”
“မင်း ဘယ်လိုလုပ်သိတာလဲ” ထိုမိန်းကလေးသည် အနည်းငယ် အံ့ဩ သွားသည်။
“ပညာရှိစံအိမ်တော်မှာ အကုန်လုံးက အဖြူဝတ်တယ်လေ အများဆုံး တော့ ပန်းထိုးမတူကြတာပဲရှိတာ တစ်ဖက်မှာတော့ မင်းရဲ့အနီရောင်ဝတ်ဆုံက အရမ်းကိုထင်းနေတာ၊ မြင့်မြတ်သောသားတော် ခေါ်လာတဲ့မိန်းကလေးအပြင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းရဲ့ တုံ့ပြန်မှုက တကယ်မြန်တာပဲ ငါ့နာမည်က ဟုန်ဝေ” ဟုန်ဝေ ပြောလိုက်သည်။
ရှီမာယူယူ သူမကိုခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် သူမကို ကျော်ဖြတ်သွားချင်သော်လည်း ဟုန်ဝေသည် နောက်တစ်လှမ်းဆုတ်ကာ ဆက် ပြီးလမ်းပိတ်ထားလေသည်။
“ဘာလိုချင်လို့လဲ” ရှီမာယူယူသည် ရှေ့မှ မိန်းကလေးကို ကြင်နာမှု ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။
“မင်းက တကယ်ရိုင်းတာပဲ၊ ငါဘယ်သူလဲဆိုတာ ပြောပြီးသွားတာကို ဘာလို့မင်းနာမည်ကိုမပြောတာလဲ ယဉ်ကျေးမှုအရတော့ပြန်ဖြေရမှာမသိဘူး လား” ဟုန်ဝေ သူမကို အပြစ်တင်လေသည်။
မြင့်မြတ်သော သားတော်ပြန်ခေါ်လာသူမှာ ဝူလင်းယူ၏ လက်အောက်မှ လူဖြစ်သည်ကိုတော့ သူမသိသော်လည်း ခံစားချက်မကောင်းလှပေ။ သူမသည် မည်သည်ကိုမှ ဂရုမစိုက်ပေ။ ပျော်ပျော်ပါးပါးနေတတ်သော မိန်းကလေးမျိုးဆို ပိုဆိုးသည်။
သူမသည် ဟုန်ဝေကိုကြည့်ပြီးပြောလိုက်သည် “မင်းကို တခြားသူတွေက အလိုလိုက်ရင်လိုက်မယ် ဒါပေမဲ့ ဒီကမ္ဘာကြီးက မင်းအတွက်လည်ပတ်နေတာ မဟုတ်ဘူးဆိုတာတော့ သိသင့်တယ် ဒီနေ့ ဝူလင်းယူမျက်နှာကြောင့် မင်းကို လွှတ်ပေးလိုက်မယ် နောက်တစ်ခါဆိုတာတော့ မရှိဘူး”
သူမသည် ‘ဝူလင်းယူ’ ဆိုသည့် စာလုံးသုံးလုံးကို လေးလေးပင်ပင်ပြောပြီး သူတို့ကို သတိပေးလိုက်သည်။ သူမ ဆိုလိုသည့် ဝူလင်းယူမှာ မြင့်မြတ်သော သားတော်အတုကို ပြောခြင်းမဟုတ်ကြောင်းကို ဟုန်ဝေသိသင့်သည်။ ပြောပြီး နောက်တွင် သူမသည် ဟုန်ဝေကိုဖြတ်လျှောက်ပြီး တစ်ချက်မှပင် မကြည့် တော့ပေ။
“ငါ့ကိုဘာလုပ်လိုက်တာလဲ” သူမ ထိတ်လန့်သွားသည်။ တကယ်တော့ သူမသည် ထိုကိစ္စကို သတိမထားမိလိုက်ပေ။
“ပညာလေး နည်းနည်းပေးလိုက်တာ နှစ်နာရီလောက်နေရင် အဆင်ပြေ သွားလိမ့်မယ်” ရှီမာယူယူ၏ အသံသည် နောက်မှထွက်လာရာ သူမသည် ခြေထောက်ကို ဆောင့်ပစ်ချင်လောက်သည်အထိ ဒေါသထွက်သွားသည်။
“ဘာတွေကြည့်နေတာလဲ ငါ့ကိုဆက်ကြည့်နေရင် မင်းတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်” သူမသည် ထိုလူများကို အော်ဟစ်လိုက်သည်။
ပညာရှိစံအိမ်တော်မှလူများသည် သူမ၏ ထူးခြားသော သရုပ်မှန်ကို သိကြသည်။ သူမ သူတို့ကိုအော်လိုက်သည်နှင့် ထိုနေရာမှကျိုးနွံစွာပင် ထွက် သွားကြလေသည်။ ဟုန်ဝေသည် နှစ်နာရီကြာအောင် စောင့်ပြီးမှပင် ခန္ဓာကိုယ် ကိုပြန်လှုပ်ရှားနိုင်တော့လေသည်။
သူမသည် ထန်းယွမ်၏ နန်းတော်ဆီသို့ ဒေါသတကြီးပြေးသွားလိုက် သည်။ သူ ပျင်းရိစွာဖြင့် အိပ်ရာပေါ်တွင် အိပ်ပျော်နေသည်ကိုမြင်သောအခါ သူမ ဒေါသများပိုထွက်လာသည်။
“အစ်ကို့ မျက်လုံးကြီးဖွင့်ပြီးတော့ ညီမအနိုင်ကျင့်တာကို ကြည့်နေမှာ လား” သူမသည် ထန်းယန်၏ မျက်နှာချင်းဆိုင်တွင် ဒေါသတကြီးထိုင်လိုက် သည်။
ထန်းယွမ်သည် ခေါင်းမ,ပြီး သူမကိုကြည့်လေသည် “မင်း ပြဿနာရှာ လာပြန်ပြီလား”
“အစ်ကိုက ညီမအစ်ကိုဟုတ်လား မဟုတ်ဘူးလား ညီမက အစ်ကိုရဲ့ ညီမပါနော် ဟုတ်ပြီလား ညီမအပြင်မှာ အနိုင်ကျင့်ခံရတာကို ဒီအတိုင်းကြည့် နေပြီးတော့ ညီမကပဲ ပြဿနာရှာတယ်လို့ ပြောလိုက်သေးတယ်” ဟုန်ဝေ သည် ချက်ချင်းပင် သူ့လက်ထဲမှစာအုပ်ကိုလုယူလိုက်သည်။
“ငါ မင်းကိုမကူညီချင်တာမဟုတ်ဘူး ကူညီလို့မရတာ” ထန်းယွမ် ပြော လိုက်သည် “ငါအဲဒီမိန်းကလေးကို မပြစ်မှဦးရဲဘူး ဒါပေမဲ့ မင်းကတော့ သူမ ခံစားချက်မကောင်းတဲ့အချိန်မှာ သွားရန်စတာလေ၊ အဲဒါက ပြဿနာရှာတာ မဟုတ်ရင်ဘာလဲ”
“သူမကို မပြစ်မှားရဲဘူးဟုတ်လား သူမက မြင့်မြတ်သောသမီးတော် အစ်ကိုက စံအိမ်တော်ဒုသခင်လေ ဟုတ်ပြီလား အားကိုးလို့ကိုမရဘူး” ဟုန်ဝေ သည် ဒေါသတကြီး ပြောလေသည်။
“သူမက သာမာန်မြင့်မြတ်သောသမီးတော်မဟုတ်ဘူး မင်းပဲ ဒီကိုလာပြီး ကစားချင်တယ်လို့ပြောလို့ပဲ မင်းကိုခေါ်လာတာလေ၊ ငါ့ကိုဒုက္ခမပေးဖို့ဆိုရင် ပြောလိုက်မယ် ဒီကမ္ဘာမှာ သူမက မင်းပြစ်မှားလို့မရတဲ့ နံပါတ်တစ်ပဲ ပြိးတော့ သူမကို ထပ်ပြီးပြဿနာသွားမရှာရင်ကောင်းမယ် အမှားလေးတစ်ခုက ငါတို့ သရုပ်မှန်ကိုပေါ်သွားနိုင်တယ် ဒါပေမဲ့ ပြဿနာကြီးဆိုရင် သခင်ကအပြစ်ပေး လိမ့်မယ်” ထန်းယွမ် ကြိမ်းမောင်းလိုက်သည်။
“ကျွတ် သခင်က မြင့်မြတ်သောသားတော်ဖြစ်ပေမဲ့ သူက ရှီမာယူယူဆို တဲ့တစ်ယောက်ကိုပဲ ဂရုစိုက်တာမလား အစ်ကိုက မြင့်မြတ်သောသမီးတော် အတွက် အပြစ်ပေးခံရမှာတဲ့လား… သူက မျက်နှာများတဲ့လူမဟုတ်ဘူး အဲဒီ မြင့်မြတ်သောသမီးတော်က မဖြစ်ရင်…” ဟုန်ဝေသည် ထိုစကားပြောမည် အပြုတွင် မျက်နှာထားမှာ ထိတ်လန့်သွားပြီး ပါးစပ်ကိုပိတ်လိုက်သည် “သူမက အဲဒီမိန်းကလေးလို့ ပြောလိုက်တာလား ရှီမာယူယူ”
ထန်းယွမ်သည် စာအုပ်ကိုပြန်လုလိုက်ကာ သူမသည် လုံးဝတုံးအ,ခြင်း မရှိသည်မှာ တော်သေးသည်ဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟုန်ဝေသည် မှင်တက်နေသည်။ သူမ ခုနက တကယ်ပဲ အဲဒီမိန်းမကို ပြစ်မှားမိလိုက်တာလား။ ရွှတ် ရွှတ် ရှီမာယူယူက သူမကို အရေခွံခွာပြီး ရေမြောင်းထဲကို ပစ်ထည့်လိုက်မှာတော့ မဟုတ်ဘူးမလား။
“စောစောက ဘာလို့သတိမပေးတာလဲ အစ်ကိုက ညီမရဲ့ အစ်ကိုဟုတ်ရဲ့ လား” သူမသည် ထန်းယွမ်အား ဝမ်းနည်းစွာဖြင့် ကြည့်လေသည်။
“အင်း ငါ့ကိုအရင်မမေးဘဲ သူမကိုဘယ်သူက ပြဿနာသွားရှာဖို့ပြောလို့ လဲ” ထန်းယွမ်သည် သူမကိုလုံးဝ သနားခြင်းမရှိပေ “မင်းက တစ်ခုခုလုပ်မယ် ဆို ဘယ်တော့မှဦးနှောက်မသုံးဘူး မင်းလည်း ကိုယ့်ဘာသာသိဦးမှပဲ”
“သူမက မြင့်မြတ်သောသားတော်ရဲ့ အာရုံစိုက်တာကိုခံရတာကြောင့်ပဲ မဟုတ်ဘူးလား သူမဖြစ်လိမ့်မယ်လို့ ဘယ်ထင်မလဲ” ဟုန်ဝေသည် ညည်းညူ လိုက်သည် “အားယား အစ်ကို စာမဖတ်နဲ့တော့ ညီမကိုဖြေရှင်းချက် စဉ်းစားကူ ပါဦး သခင် ညီမကို မြောင်းထဲပစ်မှာကို ကြောက်တယ်”
“စိတ်ချပါ သူမက မင်းကိုအပြစ်ပေးပြီးပြီဆိုတော့ ထပ်ပြီးပညာပေးတော့ မှာမဟုတ်ဘူး သူမက အဲလိုမျိုးအကျင့်ပုတ်တဲ့သူမဟုတ်ဘူး” ထန်းယွမ်သည် လုံးဝပင် စိုးရိမ်ပူပန်ခြင်းမရှိပေ “သူမကိုသာ ထပ်ပြီးသွားမထိနဲ့တော့”
“ဒါပဲလား သေချာလား” ဟုန်ဝေသည် စိုးရိမ်စွာဖြင့် ပြောလေသည်။
“ဟုတ်ပြီ မြန်မြန်ထွက်သွားလိုက်တော့ ဒီမှာနေပြီး ငါ့ကိုမနှောင့်ယှက်နဲ့ တော့” ထန်းယွမ်သည် စိတ်ရှုပ်စွာဖြင့် လက်ကိုယမ်းပြီး သူမကိုနှင်ထုတ်လိုက် သည်။
ဟုန်ဝေသည် နန်းတော်အပြင်သို့ထွက်လာပြီး ရေရွတ်လိုက်သည် “ငါ့လို ခပ်တုံးတုံးအပြုအမူတွေ မလုပ်ဖို့မြင့်မြတ်သောသားတော်ကို ပြောထားရမယ်”
ရှီမာယူယူ ကျုံကျန်းဟန်ယွဲ့၏ အဆောင်သို့ရောက်သောအခါ ခံစားချက် များငြိမ်သွားလေပြီ။ မြင့်မြတ်သောသားတော်အတု ပြောသွားသည်များကို တွေးမိသောအခါ ပညာရှိစံအိမ်တော်မှ ထားရှိသောအခြေအနေများသည် ဆွဲဆောင်မှုရှိသဖြင့် မဟာမိတ်ဖွဲ့ရန် အခွင့်အရေးရှိသလို ခံစားမိသည်။
“မဖြစ်တော့ဘူး မဟာမိတ်ဖွဲ့ပြီးတဲ့အထိ မစောင့်ဖို့ သူတို့ကိုသတိပေးရ မယ် နောက်ကျသွားရင်လည်း အဲတော့မှ အဖြေရှာဖို့စဉ်းစားရမယ်”
သူမသည် မီအာကို ကျုံကျန်းဟန်ယွဲ့အသွင်ပြောင်းခိုင်းကာ သူမသည် မထင်ရှားသော အစေခံပုံစံပြောင်းလိုက်ပြီး ထိုနေရာမှ တည်ငြိမ်စွာပင် ထွက်ခဲ့ လိုက်သည်။ ဘေးကင်သော နေရာတစ်ခုကိုရှာပြီးနောက် ကံကောင်းလေးနှင့် သူ၏ ကာကွယ်ရေးရှေးဟောင်းဝိညာဉ်သားရဲများကို ခေါ်ထုတ်လိုက်သည်။
“ကံကောင်းလေး မင်းကိုပြောစရာရှိတယ်…”
သူမသည် ကံကောင်းလေးကို လက်ရှိအခြေအနေပြောပြပြီးနောက် ပြော လိုက်သည် “ဒီမြို့ကနေ မင်းထွက်သွားလို့ရအောင် ငါ နည်းလမ်းစဉ်းစားမယ် အဲဒါမှ မင်းနည်းလမ်းရှာပြီး မင်းအဖေကိုသွားရှာနိုင်မှာ”
ကံကောင်းလေး ခေါင်းညိတ်လိုက်သည်။
“မင်းသွားရင် မင်းအဖေကို ဒီသတင်းပြောလိုက် ပြီးရင် သူ့ဘေးကနေ မခွာနဲ့ဟုတ်ပြီလား” သူမ ပြောပြီးနောက် ဟိန်းသံလေးကိုခေါ်လိုက်သည် “ဟိန်းသံလေးက မင်းတို့နဲ့အတူလိုက်လိမ့်မယ် သတင်းတစ်ခုခုရရင် သူက တစ်ဆင့်မင်းတို့ကိုပြောလိုက်မယ်”
ဟိန်းသံလေးနှင့် ကံကောင်းလေးတို့သည် တွဲဖက်ညီကြသည်။ အခု ရှေးဟောင်းဝိညာဉ်သားရဲများ ဒုက္ခတွေ့နေချိန်တွင် သူ၏ တာဝန်ကို လွဲရှောင် ရန်မဖြစ်နိုင်ပေ။ သို့သော် သူ့စိတ်ထဲမှအစီအစဉ်ကို သူကိုယ်တိုင်ပင်သိသည်။
ကံကောင်းလေးသည် သူမနှင့်မခွဲချင်သော်လည်း အနည်းငယ်ရင့်ကျက် လာပြီဖြစ်သည်။ သူသည် အခြေအနေကို နားလည်သဖြင့် သဘောတူလိုက် သည်။
ရှီမာယူယူသည် ကောင်းကင်အားပြောလိုက်သည် “သူတို့ကို ပို့ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”
လေထဲမှလူသည် ခေတ္တမျှတွေဝေသွားပြီးနောက် ကံကောင်းလေးရှေ့ တွင် လေဟာပြင်ဝင်ပေါက်ပေါ်လာသည်။ ကံကောင်းလေးနှင့် တခြားသူများ ထွက်သွားမှပင် ဝင်ပေါက်ပိတ်သွားခဲ့သည်။
သူတော်စင်မြို့တော်တွင် ကျွမ်းကျင်သူများစွာရှိသော်လည်း လေဟာပြင် တွင် အပြောင်းအလဲဖြစ်သွားသည်ကို မည်သူမှသတိမထားမိပေ။ သူမသာဆို လျှင် လုပ်နိုင်မည်မဟုတ်ပေ။
***