← Chapters

သေချာပြင်ဆင်! အစကတည်းကရှုံး!

Vol. 57 Ch. 845

သေချာပြင်ဆင်! အစကတည်းကရှုံး!

Vol. 57 Ch. 845

ချင်းလင်အပန်းဖြေစံအိမ်_

လေ့ကျင့်ရေးခန်း_

မာဟုန်နှင့်အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များမှာ ချင်လင်ကြောင့်လုံးဝပွဲကျသွားသည်။

မာဟုန်က အမောတကောနှင့်၊ ချွေးတလုံးလုံးနှင့်၊ ဆက်မလုပ်နိုင်တော့သော်လည်း ချင်လင်ကမူ သက်သက်သာသာနှင့် အင်ပြည့်အားပြည့်နှင့် ထိုင်လိုပ်ထလိုက်လုပ်နေဆဲပင်။

မာဟုန်သင်ပေးထားသောအကွက်က သူ့တကိုယ်လုံးမှအင်အားမှန်သမျှကို လုံးဝထုတ်ယူနိုင်စွမ်းရှိသည်။ ဆယ်ကြိမ်ကျော်ကျော်လုပ်ပြီးနောက် သူ့တကိုယ်လုံးအပူတက်လာပြီး လုပ်လေလေ၊ နေရထိုင်ရကောင်းလေလေပင်။

မာဟုန်ကတိတ်တိတ်လေးဘေးထွက်နေပြီး ရှက်သလိုလိုခံစားလာရသည်။

သူကကျွမ်းကျင်သူ၊ ဒါပေမဲ့ အခု အနိုင်ယူခံရပြီ။

သူကဘေးနားလျှောက်သွားကာ ချင်းလင်အားဖြည့်လက်ဖက်ရည်တစ်ပုလင်းသောက်ရင်း သူဌေးချင်လေ့ကျင့်ခန်းလုပ်နေသည်ကိုသာကြည့်နေတော့သည်။

အငြိမ်းစားအထူးတပ်ဖွဲ့ဝင်လုံခြုံရေးအစောင့်များက လေ့ကျင့်ရေးရပ်ပြီး သူတို့သူဌေးကိုသာကြည့်နေကြသည်။

သူဌေးကိုကြည့်သောအကြည့်များတွင် လေးစားမှုကတဖွားဖွားနှင့်။ ဒီလေးစားမှုက သူဌေးရဲ့အဆင့်အတန်းနှင့်မဆိုင်။ သူတို့ရသောလစာနှင့်လည်း မဆိုင်ပေ။

တပ်ထဲတွင် အားကောင်းသူများကိုလေးစားပြီး ချစ်ကြောက်ရိုသေရသည်။

သူတို့သက်လုံနှင့်ခွန်အားကို ခေါင်းဆောင်မာဟုန်တို့ကအနိုင်ရခဲ့ပြီး အခုခေါင်းဆောင်မာဟုန်မှာ သူဌေးကြောင့် သူ့ယုံကြည်မှုဆုံးရှုံးသွားလေပြီ။



ချင်လင်ကစိတ်ရှိသလောက်လေ့ကျင့်ခန်းလုပ်ပြီးမှ ရပ်လိုက်သည်။ သူလည်း ချင်းလင်အားဖြည့်လက်ဖက်ရည်တစ်ပုလင်းယူပြီးသောက်လိုက်သည်။

မာဟုန်သင်ပေးသောလေ့ကျင့်နည်းက အတော်ထိရောက်သည်ဟုဆိုရမည်။ ဒီလေ့ကျင့်ရေးပြီးမှ သူ့ခန္ဓာကိုယ်ကဟန်ချက်ညီသွားသလိုခံစားရသည်။

"ခေါင်းဆောင်မာ... အားတဲ့အခါ ဆက်ပြီးဝေမျှပေးပါဦး!''

ချင်လင်နှင့်မာဟုန်က တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်စကားပြောပြီး လေ့ကျင့်ရေးအခန်းအပြင်ထွက်သွားသည်။

"ကျွတ်... ကျွတ်''

မာဟုန်က ဆွံ့အနေဆဲ။

သူဌေးချင်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက တရားလွန်ပဲ။ သူ့ကိုထပ်ပြီးမျှဝေရရင် ရူးတော့မှာပေါ့။

ချင်လင်က လေ့ကျင့်ရေးအခန်းအပြင်ထွက်လာပြီး ရေချိုးလိုက်သည်။ သူ့အတွက်လည်း ရေပူစမ်းပြင်ခိုင်းပြီး အနမ်းငါးကုထုံးပါခံသည်။

…

လင်းလန်ဇီက ဆေးစစ်ချက်များကိုင်ပြီး အံ့ဩနေသောမျက်နှာထားနှင့် အပန်းဖြေစံအိမ်ထဲဝင်လာသည်။

ကျိုးဟုန် မင်မြို့တော်မှပြန်ယူလာသောဆေးစစ်ချက်များပင်။ ဆေးစစ်ချက်များဖတ်ပြီး သူမလုံးဝအံ့ဩမိသည်။

ပါမောက္ခလီခိုင်ရဲ့ဟင်းသီးဟင်းရွက်မျိုးစိတ်အသစ်တွေက တကယ်အံ့ဩစရာပဲ။

ဟင်းသီးဟင်းရွက်တွေရဲ့ဆေးစစ်ချက်က စျေးကွက်ထဲကဆေးပင်၊ဆေးဝါးတွေထက်တောင် ပိုကောင်းနေသေးသည်။

အပန်းဖြေစံအိမ်ဧည့်ခန်းဘက်ဝင်လာပြီးနောက် ချင်လင်ကရေပူစမ်းဘက်မှထွက်လာသည်ကိုမြင်၍ လင်းလန်ဇီကအပြေးသွားပြီး ဟင်းသီးဟင်းရွက်ဆေးစစ်ချက်များကို ချင်လင်အားပြောပြသည်_

"သူဌေး... ဒါမင်မြို့တော်ကနေ ကွင်းဆင်းအဖွဲ့ကပြန်ယူလာတဲ့ အရည်အသွေးမြင့်ဟင်းသီးဟင်းရွက်တွေရဲ့စမ်းသပ်ချက်တွေပါ''

ချင်လင်က ဟင်းသီးဟင်းရွက်စမ်းသပ်ချက်များကိုယူလိုက်သည်။ စမ်းသပ်ချက်တွင် ဟင်းသီးဟင်းရွက်များ၏ဆေးဖက်ဝင်အာနိသင်အမျိုးမျိုးနှင့်သက်ဆိုင်ရာအဆင့်များပါပြီး ဆေးဖက်ဝင်အာနိသင်ကအမြင့်ဆုံးဖြစ်သည်။

တစ်နည်းဆိုသော် အရည်အသွေး ၁ ဟင်းသီးဟင်းရွက်များ၏အာနိသင်က စျေးကွက်ထဲမှအလားတူဆေးဝါးများထက်အာနိသင်ပိုကောင်းနေသည်။



လုံးဝမထင်မိ။

အရည်အသွေး ၁ က ဒီလောက်ကောင်းလား?

စျေးကွက်ထဲကဆေးတွေ ဒီလောက်စုတ်ချာကြောင်း ယုံချင်လာသလိုလိုပင်။

ဒါပေမဲ့ ဒါလည်းကောင်းသည်။ ဒါမှသူတို့ကြေညာတဲ့အခါ ပိုပြီးအံ့ဩစရာကောင်းနေလိမ့်မည်။

"မန်နေဂျာလင်း... HR ဌာနကို ကြော်ငြာဆိုင်းဘုတ်တွေပိုလုပ်ခိုင်းပါ... ဒီအရည်အသွေးမြင့်ဟင်းသီးဟင်းရွက်တွေကိုကြော်ငြာဖို့ ဆေးစစ်ချက်အဖြေတွေကိုအသုံးချရမယ်!''

ချင်လင်လည်း ဆေးစစ်ချက်အဖြေများကိုကြည့်ပြီးနောက် လင်းလန်ဇီကိုညွှန်ကြားလိုက်သည်။

အရင်ကဒီလိုအလုပ်မျိုးကို ချင်ရန်၏ထောင်စုနှစ်ထုတ်လုပ်ရေးကိုလွှဲပေးသည်။ သို့ရာတွင် ချင်းလင်စံအိမ်ဖွံ့ဖြိုးကြီးမားလာသည်နှင့်အမျှ ဒီလိုရိုးရိုးရှင်းရှင်းအလုပ်မျိုးကို HR ဌာနကလည်း ကိုယ်တိုင်လုပ်လာသည်။

နောက်ပြီး ချင်ရန်၏ထောင်စုနှစ်ထုတ်လုပ်ရေးက အခုကြီးထွားလာပြီဖြစ်၍ ဒီလိုအော်ဒါတွေအများကြီးရှိနေသည်။ ဒီလိုအလုပ်မျိုးကို သူတို့လက်ထဲပေးဖို့မလို။

"ကောင်းပါပြီ သူဌေး!''

ချင်လင်ညွှန်ကြားပြီးနောက် လင်းလန်ဇီလည်းအပန်းဖြေစံအိမ်မှထွက်ပြီး စံအိမ်ပြန်လာကာ HR ဌာနကိုရှင်းပြလိုက်သည်။

အချိန်ကုန်လွန်သွားသည်။

တဖြည်းဖြည်းမိုးမှောင်လာ၏။

ချင်းလင်အပန်းဖြေစံအိမ်နှင့်ခပ်လှမ်းလှမ်းတွင် နိုင်ငံတကာနံပါတ်တစ်သူခိုး Mike က သစ်ပင်ပေါ်တွင်လဲလျောင်းအနားယူရင်း အမဲလိုက်ရမည့်အချိန်စောင့်နေသည်။

သူ့အဖော်ကမှန်ဘီလူးသုံးကာ စံအိမ်လုံခြုံရေးအစောင့်များ၏ပတ္တရောင်လမ်းကြောင်းနှင့်ကင်းလှည့်ချိန်ကိုလေ့လာနေဆဲပင်။

ဒီအတိုင်း တစ်ရက်တစ်ညကြာသွားသည်။

နိုင်ငံတကာသူခိုးဖြစ်လာပြီး နိုင်ငံအသီးသီးမှအထူးအေးဂျင့်များ၊ နိုင်ငံတကာရဲများနှင့် ရှင်းကျန့်တယ်မှ FBI တောင်ဘာမှမတတ်နိုင်ခြင်းမှာ သူသတိရှိသောကြောင့်ပင်။

ဘာမှမလှုပ်ရှားခင် သူ့ပစ်မှတ်ကိုသေသေချာချာပိုင်နိုင်ရမည်။

ပစ်မှတ်က သူ့ရှေ့မှာရှိနေတဲ့ရှုမျှော်ခင်းနေရာကသာမန်အပန်းဖြေစံအိမ်မှာဆိုရင်တောင်မှပေါ့။

နောက်ဆုံး ...

ဒုတိယနေ့တွင် Mike က နောက်တစ်လှမ်းလှမ်းရန်အသင့်ပြင်ထားသည်။

သူတို့က အမည်မသိကားတစ်စီးနှင့်ချင်းလင်စံအိမ်ထဲမောင်းဝင်လာပြီး သူတို့ကိုယ်သူတို့သာမန်နိုင်ငံခြားခရီးသည်များလိုဟန်ဆောင်လာသည်။

"Mike... ဒီစံအိမ်ထဲကလေက မြို့ထဲကထက်တောင်ပိုကောင်းသေးတယ်... အံ့ဩစရာပဲ''

"Hogg... ဒါတွေမတွေးနဲ့... ငါတို့တာဝန်က ပန်းချီကားသုံးချပ်ရဖို့ပဲ''

သူတို့နှစ်ဦးကစကားပြောရင်း စံအိမ်ဧည့်ကြိုကောင်တာဆီလျှောက်လာပြီး နိုင်ငံခြားသားများအတွက်သီးသန့်ပြတင်းပေါက်တွင်စာရင်းသွင်းသည်။

ဧည့်ခန်းကောင်တာဝန်ထမ်းကလည်း တက်တက်ကြွကြွနှင့်_

"လူကြီးမင်းတို့နှစ်ဦး... သတို့သမီးခန်းနံပါတ်က ၆၇ ပါ... သတို့သမီးခန်းရောက်ရင် ဝန်​ဆောင်မှုပေးတဲ့ဝန်ထမ်းကိုမေးနိုင်ပါတယ်... ပြီးတော့ ဒီနေ့ကျွန်တော်တို့စံအိမ်ရဲ့အယောက် ၁၀၀ မြောက်နိုင်ငံခြားခရီးသည်ဖြစ်တဲ့အတွက် လက်ဆောင်ဆုကြီးရှိပါတယ်''

ဤသည်က စံအိမ်မှစီစဉ်ပေးထားသော စပရိုက်သေးသေးလေးဟုဆိုရမည်။

ချင်လင်ကလည်း အချိန်နှင့်အမျှ ပစ္စည်းတချို့ပြင်ဆင်ပေးထားပြီး စံအိမ်စီစဉ်သူဆီလွှဲပေးထားသည်။ များသောအားဖြင့် အရည်အသွေး ၂ ပစ္စည်းများပင်။

"ကျေးဇူးအများကြီးတင်ပါတယ်!''

Mike ကလည်း အင်မတန်ယဉ်ကျေးသောနိုင်ငံခြားသားဧည့်သည်လိုကျေးဇူးတင်လိုက်ပြီး သူ့အဖော် Hogg ကိုလမ်းညွှန်ဆိုင်းဘုတ်များအတိုင်း သတို့သမီးခန်းထဲခေါ်သွားသည်။

သတို့သမီးခန်းရောက်သောအခါ Mike နှင့် Hogg က ဝန်ဆောင်ပေးသူဆီသွားပြီး အခန်းထဲဝင်လိုက်သည်။

ယောက်ျားနှစ်ယောက်တစ်ခန်းတည်းနေသောကြောင့် သတို့သမီးတဝိုက်မှလူများက သူတို့ကိုထူးထူးဆန်းဆန်းကြည့်ကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ကသတို့သမီးခန်းကို အင်တာနက်ပေါ်မှာ 'sex ခန်း' လို့ တချို့ကပြောကြတယ်မလား။



All Chapters