သေချာပြင်ဆင်! အစကတည်းကရှုံး! ၂ ၂
Vol. 57 Ch. 846
သတို့သမီးခန်းယူသူအများစုမှာ အတူနေကြသောစုံတွဲများ၊ လက်ထပ်ထားသောစုံတွဲများ၊ ဒါမှမဟုတ် အထူးဆက်ဆံရေးရှိသောယောက်ျားမိန်းမတချို့ဖြစ်ကြသည်။
ယောက်ျားနှစ်ယောက်က အတော်ထူးဆန်းနေသည်။
သို့ရာတွင် နိုင်ငံခြားသားယောက်ျားနှစ်ယောက်ဖြစ်၍ သူတို့သဘောပေါက်သွားပုံရသည်။
"လူကြီးမင်း... ဒါခင်ဗျားတို့ရဲ့သတို့သမီးခန်းပါ... အရမ်းကံကောင်းတဲ့နိုင်ငံခြားဧည့်သည်တွေပဲ... ဒီနေ့ နံ့သာကောင်းကောင်းပေးပြီး မနက်ဖြန်ကျရင် သီးနှံအကောင်းစားတွေရမှာပါ''
ဝန်ဆောင်ပေးသူက သူတို့နှစ်ယောက်ကိုသတို့သမီးခန်းထဲပြပြီး ပြန်ထွက်သွားသည်။
Hogg နှင့် Mike က သတို့သမီးခန်းထဲဝင်ပြီး ဇဝေဇဝါဖြစ်နေသည်_
"Mike... ငါ့အထင် တစ်ခုခုမှားနေသလိုပဲ''
"ဘာဖြစ်လို့လဲ? ငါမူမမှန်တာ တစ်ခုမှသတိမထားမိပါဘူး''
Mike က သံသယသံနှင့်ပြောသည်။
"တို့ကိုခေါ်လာတဲ့သူကြည့်တာ တစ်မျိုးပဲကွ''
Hogg ကရှင်းပြ၏_
"အဲဒီအကြည့်ထဲမှာ အဓိပ္ပါယ်ပါတယ်... ငါသိတယ်''
Mike က ဆွံ့အသွားပြီး_
"Hogg... အဲဒါတွေအာရုံမစိုက်စမ်းပါနဲ့ကွာ... ငါတို့ရောက်လာတာ ပန်းချီကားသုံးချပ်ကြောင့်... ပြီးတော့ ကိုယ်နိုင်ငံထဲနိုင်ငံခြားသားရောက်လာရင် မင်းရောမကြည့်ဘူးလား?''
"အဲလိုဖြစ်မယ်ထင်တယ်''
Hogg ကခေါင်းညိမ့်ပြီး Mike နှင့်ပစ္စည်းများထုပ်ပိုးလိုက်သည်။
ညပိုင်းတွင် နှစ်ယောက်သားရှေ့ကွန်ပျူတာချသည်။
ထိုကွန်ပျူတာမှာ အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ချင်းလင်စံအိမ်နှင့်ချင်းလင်အပန်းဖြေစံအိမ်၏ဖွဲ့စည်းပုံနှင့် ခပ်လှမ်းလှမ်းမှအကြမ်းဖျင်းမြေအနေအထားကို Hogg က ပုံဖော်ထားသည်။
ထို့နောက် Mike ကပုံဖော်ထားသည့်အတိုင်း လှုပ်ရှားရမည်။
သို့ရာတွင် နောက်ဆုံးတစ်ဆင့်ကျန်သေးသည်။ စံအိမ်ဝန်းကျင်လှည့်လည်သောအခြေအနေနှင့်လုံခြုံရေးအစောင့်တာဝန်များကိုတွက်ချက်ပြီး နောက်ပြန်ဆုတ်မည့်လမ်းကြောင်းကို အတိအကျစီစဉ်ထားရမည်။
ပန်းချီကားကိုခိုးယူခြင်းက ပထမအဆင့်သာရှိသေးသည်။ ခိုးပြီးဘာဆက်လုပ်မရလဲ စဉ်းစားရဦးမည်။ သံသယအဝင်မခံရအောင်၊ ဟန်မပျက်ပြန်ထွက်နိုင်အောင်လည်း သေချာလုပ်ရမည်။

ဘာပဲဖြစ်ဖြစ် ယွမ်တစ်ဘီလီယံတန်သောပန်းချီကားသုံးချပ်ဖြစ်၍ အခိုးခံရပါက သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်လိမ့်မည်။ ဒီနေရာသေးသေးလေးကရဲကိုဂရုမစိုက်သော်လည်း စောင့်ကြည့်ကင်မရာမှာမိသွားရင်၊ လုံခြုံရေးအစောင့်တွေမြင်သွားရင် နည်းနည်းဒုက္ခရောက်မည်။
"ဒါသူတို့ပေးတဲ့နံ့သာပဲ''
Hogg က အရည်အသွေးမြင့်နံ့သာအိတ်ကိုကိုင်ပြီး ကြွားတော့မည့်ပုံနှင့်_
"ဒါကိုမီးညှိလို့ရတယ်... မီးညှိပြီးရင် အနံ့ကောင်းကောင်းထွက်လာပြီး စိတ်ကြည်မယ် အာရုံစိုက်နိုင်မယ်''
Hogg ကပြောရင်းဆိုရင်း နံ့သာထွန်းလိုက်ရာ တစ်ခဏအတွင်း အမွှေးနံ့က သတို့သမီးခန်းထဲဖြည်းဖြည်းချင်းပြန့်လာသည်။
နောက်ပြီး အရည်အသွေးမြင့်နံ့သာက အရည်အသွေး ၂ ရှိသည်။
"Hogg... မင်းအဲဒါတွေအရေးစိုက်နေလို့မဖြစ်ဘူး? ငါတို့ရည်ရွယ်ချက်က ပန်းသုံးပွင့်လေ... ငါအခုအပြင်သွားပြီး စုံစမ်းမယ်... တည်နေရာကိရိယာကနေ ငါသတင်းပို့လိုက်မယ်!''
Mike ကပြောပြီး အပြင်ထွက်သွားသည်။
Hogg လည်းကွန်ပျူတာရှေ့ထိုင်ကြည့်လိုက်ရာ အနီစက်လေးတစ်စက်က မြေပုံပေါ်ပေါ်လာသည်။
Mike ၏တည်နေရာပင်။ Mike ရောက်နေသည့်နေရာကိုအတိအကျပြောနိုင်ပြီး Mike ကလည်း သူရောက်နေသည့်နေရာမှသတင်းအချက်အလက်ပြန်ပို့နိုင်သည်။
သို့ရာတွင် ခဏသာကြာသည်။
Hogg က Mike လှုပ်ရှားနေသည်ကိုကြည့်ရင်း ရုတ်တရက်နည်းနည်းပင်ပန်းသလိုဖြစ်လာ၏။ သူ့အထက်မျက်ခွံနှင့်အောက်မျက်ခွံတိုက်ပွဲဖြစ်ပြီး နောက်ဆုံးမနေနိုင်ဘဲ ကွန်ပျူတာပေါ်မှောက်လျက်သားအိပ်ပျော်သွားတော့သည်။
စံအိမ်ထဲ၌_
Mike က ခရီးသည်ဟန်ဆောင်ပြီး တောင်တန်းစံအိမ်ကိုလျှောက်ပတ်သွားသည်။
ယခုအခါ ချင်းလင်စံအိမ်ညများမှာ အတော်သက်ဝင်လှုပ်ရှားနေပြီ။ Mike အပြင်ထွက်တာမထူးဆန်းသော်လည်း နိုင်ငံခြားသားဖြစ်၍ အာရုံစိုက်ခံရသည်။
Mike က လုံးဝဂရုမစိုက်။ အပန်းဖြေစံအိမ်ရောက်သောအခါ အပန်းဖြေစံအိမ်ပတ်ဝန်းကျင်ကိုစတင်စူးစမ်းတော့သည်။ အပန်းဖြေစံအိမ်ကိုစူးစမ်းပြီးနောက် အပန်းဖြေစံအိမ်မှကားပါကင်အခြေအနေကိုဆက်လေ့လာသည်။ ဒီလိုနှင့် နောက်ပြန်ဆုတ်မည့်လမ်းကြောင်းကို ကောင်းကောင်းသိနိုင်မည်။

မကြာမီ Mike က အပန်းဖြေစံအိမ်အပြင်ဘက်တွင် လျှို့ဝှက်ကင်မရာရှိကြောင်းသိလိုက်ရသည်။ သူကချက်ချင်း သူ့လက်ပေါ်မှာနာရီကိုနှိပ်လိုက်သည်။
နာရီတွင် GPS စနစ်နှင့်အချက်ပြသတိပေးပါသည်။ သူနှိပ်လိုက်သောအခါ ဒီနေရာမှာစောင့်ကြည့်ကင်မရာရှိသည်ဟူသောသဘောသက်ရောက်သည်။
အချိန်အတော်ကြာပြီးနောက် Mike ကအခြေအနေအလုံးစုံကိုနားလည်သွားသည်။ ထို့နောက် သတို့သမီးခန်းထဲပြန်လာသည်။ သို့သော် သတို့သမီးခန်းထဲဝင်လိုက်ရာ Hogg ကမှောက်လျက်သားအိပ်ပျော်နေသည်ကိုတွေ့လိုက်ရလေသည်။
“???”
Mike ကရုတ်တရက်ခံစားချက်မကောင်း၍ ကွန်ပျူတာကိုချက်ချင်းကြည့်လိုက်သည်။ ထင်တဲ့အတိုင်း၊ စမှတ်ကလွဲပြီး ဘာအမှတ်အသားမှမရှိ။
ဒီကောင်!
သူလုပ်ထားသမျှ အလကားဖြစ်ကုန်ပြီလား?
"Hogg... ထစမ်း''
Mike က Hogg ကိုဖြတ်ရိုက်လိုက်သည်။
Hogg ကကြမ်းပေါ်လဲကျပြီး နာမှသာလန့်နိုးလာ၏။ သူကအိပ်ချင်မူးတူးနှင့်_
"Mike... ဘာလို့ပြန်လာတာလဲ?''
"ခွေးကောင်''
Mike က စိတ်ပျက်ပျက်နှင့်_
"မင်းကပြန်မေးနေတယ်? ငါဒီလောက်အကြာကြီးထောက်လှမ်းထားတာကို မင်းကအိပ်နေတာလေ... သတို့သမီးခန်းအပြင်ထွက်တဲ့အမှတ်ပဲမှတ်ထားတာ''
“???”
Hogg နည်းနည်းကြောင်သွားသည်။
သူနည်းနည်းငိုက်သွားပုံရသည်။ သူကအလောတကြီးအချိန်ကြည့်လိုက်ပြီးမှ ချက်ချင်းတောင်းပန်လိုက်သည်_
"Mike... ငါပြောတာနားထောင်ဦး... ဒါငါ့အမှားပါ... အဲဒါကြောင့် ငါအပြင်ထွက်ပြီးထောက်လှမ်းမယ်... မင်းကမှတ်လိုက်!''
Mike စိတ်မဆိုးစေချင်။
သူတို့ကစီးပွားဖက်များဆိုသော်လည်း နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကိုပိုအားကိုးနေရသည်။
"သွားလုပ်တော့!''
Mike က စိတ်ဆိုးဆိုးနှင့်အော်လိုက်၏။
ဒါသူ့အတွက်အမှားကြီး။ ဒီလိုအမှားမျိုးက အရေးကြီးချိန်မှာ သေစေနိုင်သည်။
Hogg သာ ဒီလိုအမှားထပ်လုပ်ရင် သူ့အဖော်ကိုလဲဖို့စဉ်းစားရတော့မည်။
Hogg က အချိန်မဆိုင်းရဲ။ Mike လက်ထဲမှတည်နေရာပြနာရီနှင့်တာဝန်လွှဲပြောင်းယူကာ အိပ်ချင်မူးတူးနှင့် သတို့သမီးခန်းအပြင်ထွက်လာသည်။
ထိုအချိန်တွင် Mike ကကွန်ပျုတာရှေ့ထိုင်ပြီး သရုပ်ဖော်ပုံကိုကြည့်လိုက်သည်။ သို့ရာတွင် ကြည့်ရင်းကြည့်ရင်း သူလည်းတဖြည်းဖြည်းနှင့် ငိုက်မြည်းလာလေသည်။