သေချာပြင်ဆင်! အစကတည်းကရှုံး! ၃
Vol. 57 Ch. 847
သူကငိုက်မြည်းလာသောကြောင့် တစ်ခုခုမှားနေသလိုခံစားရပြီး ချက်ချင်းပင်အိပ်ချင်စိတ်ကိုတင်းခံလိုက်သည်။
အရည်အသွေး ၂ နံ့သာ၏အာနိသင်က လူတစ်ယောက်တောင့်ခံနိုင်သည်ထက်ပိုအားကောင်းသည်။ နိုင်ငံတကာနံပါတ်တစ်သူခိုးဖြစ်သော Mike ကလည်း အရည်အသွေး ၂ နံ့သာကို အချိန်တစ်ခုအထိတောင့်ခံထားနိုင်သည်။
သို့သော် ၁၀ မိနစ်၊ မိနစ် ၂၀၊ နာရီဝက်ကြာပြီး Hogg ပြန်ရောက်လာသောအခါ Mike ကကွန်ပျူတာပေါ်မှောက်ပြီး ဟောင်တောင်ဟောက်နေလေပြီ။
Hogg...
ခဏကြာပြီးနောက် Hogg က Mike ကိုနှိုးလိုက်သည်။
ဒီတစ်ကြိမ်တွင် Mike လည်းအချိန်ကြည့်ပြီး တစ်ခုခုမှားနေမှန်းသိလိုက်သည်။ ထို့နောက် ရုတ်တရက်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
"မဟုတ်သေးဘူး!''
"အင်း!''
နှစ်ယောက်သား တစ်သံတည်းထွက်လာသည်!
နိုင်ငံတကာသူခိုးများဖြစ်သောသူတို့နှစ်ယောက်က နံ့သာကိုချက်ချင်းအကြည့်ရောက်သွားပြီး ငြိမ်းလိုက်ကြသည်။
ခဏအကြာ အိပ်ချင်စိတ်ကအတော်ပျောက်သွားကြောင်း Mike လည်းသိလိုက်သည်။
"Hogg''
Mike က Hogg အား_
"စိတ်ရှုပ်စရာကွာ... မင်းပြောတော့ ဒီပစ္စည်းက စိတ်ကြည်တယ်ဆို? ဘာလို့ဒီလိုဖြစ်ရတာလဲ? Hogg''
"ဖြစ်နိုင်တာက... ငါသိတာနဲ့နည်းနည်းကွာနေလို့ပေါ့''
Hogg က အိုးတိုးအမ်းတမ်းနှင့်ပြန်ပြော၏။
"သော*က်!''
Mike က တန်းဆဲလိုက်သည်။
သွားလိုက်ပြန်လိုက်နဲ့ အချိန်ကုန်သွားတာပဲ။
နောက်ပြီး သံသယအဝင်မခံရအောင် နှစ်ယောက်သား သတို့သမီးခန်းတွင်တစ်ညအိပ်လိုက်ရတော့သည်။ နောက်တစ်နေ့တွင် Mike က ခရီးသည်ဟန်ဆောင်ကာ အပြင်ထွက်ပြီး အခြေအနေကိုထောက်လှမ်းပြန်သည်။
ဒီတစ်ခါ မတော်တဆရယ်လို့မရှိ။
Mike သတို့သမီးခန်းပြန်ရောက်သောအခါ Hogg က အကောင်းဆုံးလုပ်ထားသည်။
"အခု ညရောက်ဖို့ထိုင်စောင့်ရုံပဲရှိတော့တယ်''
Mike က လမ်းကြောင်းကိုမှတ်သားပြီးပြောသည်။
နှစ်ယောက်သားက အားမွေးထားကြသည်။ ညရောက်သောအခါ ခရီးသည်အတော်များများအိပ်မောကျနေစဉ် သူတို့နှစ်ယောက်လှုပ်ရှားကြသည်။ အပန်းဖြေစံအိမ်တွင် ပုန်းခိုရမည့်နေရာကို အလွယ်တကူရှာရသည်။
ထိုနေရာမှာ စောင့်ကြည့်ကင်မရာလွတ်သောနေရာဖြစ်ပြီး အပန်းဖြေစံအိမ်ထဲလုံးဝအသံမထွက်ဘဲဝင်နိုင်သည်။
နိုင်ငံတကာသူခိုးများဖြစ်သောသူတို့နှစ်ယောက်က ဖျတ်ဖျတ်လတ်လတ်နှင့် အပန်းဖြေစံအိမ်ထဲအသာလေးဝင်လိုက်သည်။
အထဲတွင် အလှစိုက်ဝါးနေရာဖြစ်ပြီး ဝါးတောထဲတွင်အမှောင်ဖုံးနေသောကြောင့် ဘယ်သူမှသတိမထားမိ။
"ခဏလေး... ၁၀ စက္ကန့်အတွင်း အစောင့်နှစ်ယောက်ဖြတ်သွားလိမ့်မယ်''
Mike က အချိန်ကြည့်ပြီး Hogg ကိုတိုးတိုးပြောသည်။
……
"အင်း!''
Hogg က ခေါင်းညိမ့်လိုက်၏။
အမှန်ပင်။ ခဏအကြာ လုံခြုံရေးအစောင့်နှစ်ယောက် ဧည့်ခန်းရှေ့ဖြတ်လာသည်။
သူတို့တွက်ထားတဲ့အတိုင်း ကွက်တိ။
ထိုအချိန်တွင် Mike ကလည်း သူ့မှန်ဘီလူးထုတ်ကာ ဧည့်ခန်းထဲလှမ်းကြည့်လိုက်ပြီး_
"ဧည့်ခန်းထဲမှာ တာဝန်ကျအစောင့်နှစ်ယောက်ပဲရှိတယ်... ငါတို့ဝင်သွားရင် တစ်ယောက်စီကိုတာဝန်ယူရမယ်... ပြီးရင် စက္ကန့် ၃၀ အတွင်း မှန်ကိုခွဲပြီး ပန်းချီကားယူပြေးရမယ်''
"အင်း!''
Hogg က ခေါင်းညိမ့်သည်။

နောက်ခဏတွင် နှစ်ယောက်သားလှစ်ခနဲပြေးပြီး အမြန်ဆုံးအရှိန်နှင့် အပန်းဖြေစံအိမ်ဧည့်ခန်းထဲရောက်လာကြသည်။
နိုင်ငံတကာသူခိုးများဖြစ်၍ အရှိန်ကထူးထူးခြားခြားပင်။
Mike ကဧည့်ခန်းထဲဝင်ပြီး တာဝန်ကျတစ်ယောက်ဆီ တန်းပြေးသွားသည်။ အစောင့်နောက်ရောက်သောအခါ သူမလှုပ်ရှားနိုင်ခင် ကုတ်ပိုးကိုဖြတ်ရိုက်လိုက်သည်။
ထို့နောက် အစောင့်က ကြမ်းပေါ်လဲကျသွား၏။
Mike က ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်သည်။
ဒီလောက်ကတော့ ငှက်ပျောသီးအခွံနွှာသလောက်ပဲ။
Hogg ကလည်း သူ့ကိုကြည့်ပြီး လက်နှေးမနေ။ အစောင့်နောက်တစ်ယောက်နောက်ရောက်သွားသည်။ သာမန်အစောင့်ကို သူကိုင်တွယ်နည်းက Mike ထက်မညံ့။
သို့သော် အစောင့်ကိုဖြတ်ရိုက်မည်အပြုတွင် အစောင့်ကချက်ချင်းနောက်ပြန်လှည့်ပြီး သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။
ထိုအစောင့်က မာဟုန်၏အဖွဲ့ထဲမှတစ်ယောက်ပင်။
Mike က အစောင့်တစ်ယောက်ကိုရိုက်လိုက်တာသူသိသည်။
Hogg ကိုထပ်လုပ်ခွင့်ပေးပါ့မလား?
Hogg မျက်နှာထားတန်းပြောင်းသွားသည်။ သူကချက်ချင်းပြန်တိုက်ချင်သော်လည်း အစောင့်ကသန်သန်မာမာနှင့် သူ့ပခုံးပေါ်ပစ်တင်ပြီး ကြမ်းပေါ်ကိုင်ပေါက်လိုက်လေသည်။
Hogg တစ်ယောက်တန်းပါသွားသည်။
Mike လည်း လန့်သွား၏။
Hogg အင်အားကို သူအသိဆုံး။ ကမ္ဘာအနှံ့မှကိုယ်စားလှယ်များ၊ နိုင်ငံတကာရဲများတောင် မယှဉ်နိုင်။
ဘာတွေဖြစ်ကုန်တာလဲ? ဒီစံအိမ်အစောင့်က Hogg ကိုကိုင်ပေါက်လိုက်တယ်တဲ့!

နောက်နေတာလား?
ထိုအချိန်တွင် ခြေသံများကြားရသည်။ အစောင့်ဟန်ဆောင်ထားသူက မာဟုန်တို့ကိုသတိပေးသောကြောင့်ပင်။
ထို့နောက် အချက်ပေးသံကြားရသည်။
Mike လည်း အခြေအနေမကောင်းတော့မှန်းသိသည်။ သူကချက်ချင်း အစောင့်ဆီပြေးသွားပြီး တိုက်ခိုက်သည်။
နိုင်ငံတကာနံပါတ်တစ်သူခိုးဖြစ်၍ အစောင့်ထက်ပိုသာသည်။ လေးငါးချက်တိုက်ပြီးနောက် အစောင့်ကနောက်ပြန်ကျသွား၏။ ထို့နောက် Hogg ကိုလှမ်းဆွဲပြီးအော်လိုက်သည်_
"ဆုတ်.. ဆုတ်.. အစီအစဉ်ပျက်ပြီ!''
Hogg မျက်နှာအတော်ပျက်သွားသည်။ Mike နှင့်အတူတွဲပြီး ပြတိုက်များစွာခိုးခဲ့သော်လည်း ဒီလောက်မြန်မြန်ကျရှုံးသွားတာ ဒါပထမဆုံးပင်။
ဒီစံအိမ်က ထူးဆန်းလိုက်တာ။ အစောင့်က ဒီလောက်ကျွမ်းတယ်တဲ့။
Mike နှင့် Hogg က ချက်ချင်းစံအိမ်ဧည့်ခန်းအပြင်ပြေးထွက်လာရာ လုံခြုံရေးယူနီဖောင်းနှင့်လူများက သူတို့ဝိုင်းလိုက်သည်။
ဒီလူတွေလောက်ကို Mike နှင့် Hogg က ဂရုမစိုက်။ သာမန်အစောင့်များကို အသာလေးချနိုင်သည်။ အစီအစဉ်ပျက်သွားရင်တောင် ဟန်မပျက်ထွက်နိုင်သေးသည်။
သို့သော် လုံခြုံရေးအစောင့်များကိုစတိုက်တိုက်ချင်း တစ်ခုခုမှားနေမှန်း Mike သိလိုက်သည်။ ဒီလူတွေက သာမန်လုံခြုံရေးအစောင့်တွေလုံးဝမဟုတ်။ နိုင်ငံတကာရဲတွေထက်တောင် သန်မာနေသည်။
Mike မျက်နှာပိုပျက်သွား၏။
ထိုလူများက အပန်းဖြေစံအိမ်မှအငြိမ်းစားအထူးတပ်ဖွဲ့ဝင်အစောင့်များဖြစ်လေသည်။ သူတို့ဝိုင်းတိုက်ခိုက်သောကြောင့် Mike နှင့် Hogg က ဧည့်ခန်းထဲပြန်ဆုတ်လာရသည်။
ထိုအချိန်တွင် လက်သီးကြီးတစ်လုံး Mike ဆီပစ်ဝင်လာသည်။
မာဟုန်ပင်။
Mike က အန္တရာယ်အငွေ့အသက်ကိုခံစားမိ၍ အမှတ်တမဲ့ခုခံဖို့ကြိုးစားလိုက်သော်လည်း ထိုလက်သီးအောက်တွင် အင်အားမဲ့သွားသည်။ တစ်ခဏချင်း သူ့ပခုံးကိုအထိန်းခံရပြီး သူဘာမှပြန်မလုပ်နိုင်သေးခင် သူ့တစ်ကိုယ်လုံးလေပေါ်မြောက်သွားကာ ကြမ်းပေါ်ကိုင်ပေါက်ခံရသည်။
သူမထနိုင်ခင် လူနှစ်ယောက်ရောက်လာပြီး သူ့ကိုဖိချကာ မလှုပ်နိုင်အောင်ချုပ်ထားသည်။
Mike ကိုထိန်းထားပြီးနောက် Hogg ကိုချက်ချင်းလိုက်ခံရသည်။ သူ့ကိုလည်း မာဟုန်ကကန်ပြီး မှောက်ပစ်လိုက်သည်။ သူကကြမ်းပေါ်လဲကျပြီး သွေးတစ်ပွက်စာအန်ထွက်သွားလေသည်။
Hogg ကိုလူနှစ်ယောက်ကလာချုပ်၍ သူလည်းမယုံနိုင်အောင်ဖြစ်နေသည်။
ဒီအပန်းဖြေစံအိမ်မှာ ဘယ်လိုလုပ်ပြီး ဆရာ့ဆရာကြီးတွေရှိနေတာလဲ?
ယုတ္တိမရှိလိုက်တာ။
ပြီးတော့ အရှေ့တိုင်းက ဘယ်လိုဖြစ်ပြီးဒီလောက်ကြောက်စရာကောင်းသွားတာလဲ? သာမန်ရှုမျှော်ခင်းနေရာက ဒီလောက်လုံခြုံရေးကောင်းလို့ အရှေ့တိုင်းက ကြေးစားတွေအတွက်တားမြစ်ဇုံဖြစ်နေတာလား?
Mike က အဖမ်းခံရပြီး ဒေါသတကြီးနှင့်_
"မင်းတို့ကောင်တွေက ပန်းချီကားခိုးတော့မယ်ဆိုတာသိလို့ ဒီလောက်အများကြီးနဲ့ခြုံခိုတိုက်တာလား? သော*က်... ထောင်ချောက်ပဲ!''