← Chapters

ကံဆိုးရှာတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုး!

Vol. 57 Ch. 848

ကံဆိုးရှာတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုး!

Vol. 57 Ch. 848

Mike က ထောက်ချောက်ဆင်ခံရသည်ဟုသာထင်နေသည်။

တစ်ဖက်က ဒေါ်လာသန်း ၅၀ နှင့်ကမ်းလှမ်းလာတာ လုပ်ဇာတ်ဟု သူယုံကြည်သွားသည်။

မဟုတ်ရင် ဒီလောက်ကိုယ်ခံပညာကောင်းတဲ့သူတွေအများကြီးနဲ့ ဒီမှာဘယ်လိုလုပ်ပြီးချောင်းတိုက်ခံရမလဲ?

ဒီလူတွေအကုန်လုံးက နိုင်ငံအသီးသီးကအေးဂျင့်တွေ၊နိုင်ငံတကာရဲတွေထက်တောင် ပိုကျွမ်းနေသည်။

ပြီးတော့ သူ့အရည်အချင်းက ဟိုလူရဲ့ပြိုင်ဘက်လုံးဝမဟုတ်။

ထောင်ချောက်ဆင်ဖမ်းတာမဟုတ်ရင် ရှုမျှော်ခင်းနေရာမှာဘယ်လိုလုပ်ပြီး ကျွမ်းတဲ့သူတွေအများကြီးရှိနေပါ့မလဲ?

Mike စကားကြောင့် မာဟုန်က Mike ရှေ့အေးအေးဆေးဆေးလျှောက်သွားပြီး မေးလိုက်သည်_

"မင်းကိုဖမ်းဖို့ထောင်ချောက်ဆင်တယ်? ဘာတွေပြောနေတာလဲ? အခုမင်းဘယ်သူဆိုတာအမှန်အတိုင်းပြောရင် ငါမင်းကိုအပြစ်လျှော့ပေါ့ပေးမယ်''

အဓိပ္ပါယ်မရှိတာတွေ ယုံစရာလား?

တော်ဝင်ပညာရှင်တွေက ဒီမှာ၊ တော်ဝင်ပညာရှင်တွေအောင်မြင်ထားတဲ့ဒုံးပျံသုတေသနက ဒီကသုတေသနကွန်ပျူတာထဲမှာ။

သူတို့ရှေ့ကနှစ်ကောင်က အင်မရှိအားမရှိမဟုတ်။ အထူးအေးဂျင့်တွေဖြစ်နိုင်သည်။ အချက်အလက်တွေသာအခိုးခံရရင် ပြဿနာတက်ပြီ။

ဒီလိုအောက်တန်းကျတဲ့နည်းနဲ့ သူ့ကိုစိတ်ထွေအောင်လုပ်နေတာ၊ ဘယ်လိုလုပ်ယုံရမှာလဲ?

မာဟုန်စကားကြောင့် Mike ကအံ့အားသင့်သွားပြီး_

"မင်းငါ့ကိုမသိဘူး? မင်းချောင်းတိုက်တာမဟုတ်ဘူးလား?''



အခုမှ နည်းနည်းတောင်ကြောင်သွားပြီ။

ဒီလောက်ကျွမ်းတဲ့သူတွေအများကြီးရှိတာ တစ်ယောက်ယောက်ကိုကိုင်တွယ်ဖို့ဟု သူတထစ်ချယုံကြည်ထားသည်။

အခုတော့ သူများအစား သူကဝင်ပြီးမိုင်းနင်းမိတာပေါ့။

"ငါက မင်းဖမ်းချင်တဲ့သူမဟုတ်ဘူး... ယုံရဲ့လား?''

Mike မှာ ငိုချင်သော်လည်း မျက်ရည်မထွက်။

သူခိုးတာမတော်ပါဘူးပြောရင်လည်း သူဝန်ခံရဦးမည်။

သို့ရာတွင် သူမကျွမ်းကျင်သောကြောင့်မဟုတ်။ သူကံမကောင်းခြင်းသာ။

သူဘယ်သူ့ကိုအကြောင်းပြရမလဲ?

Mike စကားကြောင့် မာဟုန်ကမျက်နှာမဲမှောင်သွားပြီး_

"သူတို့က အခေါင်းမမြင်ရရင် ဝန်ခံမှာမဟုတ်ဘူး... မန်နေဂျာချန်ကို သူတို့ကိုထားဖို့ ဖျော်ဖြေဖို့ နေရာစီစဉ်ခိုင်းလိုက်ပါ''

ဒီလိုခေါင်းမာတဲ့ပြိုင်ဘက်မျိုးတွေ့ဖူးတာ ဒါပထမဆုံးမဟုတ်။

တစ်ဖက်ကပြောထွက်လာအောင်လုပ်ဖို့ နည်းလမ်းတွေအများကြီးရှိသည်။

အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များ၊လုံခြုံရေးအစောင့်များကလည်း ချန်တပေကိုဆက်သွယ်လိုက်ကြသည်။

ချန်တပေကဖုန်းရပြီး အပန်းဖြေစံအိမ်ဆီတန်းပြေးလာသည်။

အပန်းဖြေစံအိမ်ကိုလူစိမ်းတွေအဝင်ခံရတာ ပေါ့သေးသေးမဟုတ်။

ဒါသူဌေးနေတဲ့နေရာ၊ တော်ဝင်ပညာရှင်တွေရှိတဲ့နေရာ။

Mike တို့ကိုဖမ်းထားတာတွေ့သောအခါ ချန်တပေကသက်ပြင်းချလိုက်သည်။

"ခေါင်းဆောင်မာ... ဒီနှစ်​ယောက်ကဘယ်သူတွေလဲ သိလား? သူတို့ကဘာလုပ်ချင်တာလဲ?''

သူက မာဟုန်ကိုမေးသည်။

"မန်နေဂျာချန်''

မာဟုန်ကပြောသည်_

"သူတို့အတွက်နေရာစီစဉ်ပေးပါဦး... ဒီအပန်းဖြေစံအိမ်ထဲမှာမကောင်းဘူး... သူဌေးချင်နဲ့တော်ဝင်ပညာရှင်တွေကိုအနှောင့်အယှက်ဖြစ်မှာစိုးတယ်''

"သိပြီ... ငါ့နောက်လိုက်ခဲ့''

ထို့နောက် ချန်တပေက ခေါင်းဆောင်ဟုန်ကိုခေါ်ပြီး အပန်းဖြေစံအိမ်အပြင်ထွက်သွားသည်။

ဒီနှစ်ယောက်ကိုစစ်မေးရမယ့်နေရာက ခေါင်းဆောင်ဟုန်တို့ခရီးသွားဌာနရဲများရှိသောလုံခြုံရေးအခန်းပင်။

နောက်ပြီး ခေါင်းဆောင်ဟုန်တို့သာ စစ်ဆေးမေးမြန်းခွင့်ရှိသည်ဟု သူထင်သည်။ လုံခြုံရေးအစောင့်များက ဒီလိုလုပ်ခွင့်မရှိသောကြောင့် ခေါင်းဆောင်ဟုန်တို့ကိုအသိပေးရမည်။

မာဟုန်ကလည်း သူ့လူများအား Mike နှင့် Hogg ကိုအပန်းဖြေစံအိမ်အပြင်ခေါ်ထုတ်စေသည်။ လက်ရှိအခြေအနေအရ Mike နှင့် Hogg မှာ ပြန်ခုခံနိုင်စွမ်းတောင်မရှိ။

Mike က သူတို့စကားသိပ်နားမလည်သော်လည်း ဒီလူတွေက သူတို့ကိုကိုင်တွယ်ဖို့နည်းလမ်းရှာနေမှန်းသူသိသည်။

"အားလုံးပဲ... ငါက မင်းတို့ဖမ်းချင်တဲ့သူမဟုတ်ပါဘူး... မင်းတို့လူမှားနေပြီ''

Mike ကမျက်စိမျက်နှာပျက်နေသည်။ ထိုလူအုပ်ကိုကြည့်ပြီး သူဒုက္ခရောက်တော့မည်မှန်း သူသိသည်။ သူကသူများအစားခံရသည်ဟုထင်သည့်အတိုင်းသာ ရှင်းပြနိုင်သည်။

"အဓိပ္ပါယ်မရှိတာတွေပြောလှချည်လား!''

မာဟုန်ကအေးစက်စက်နှင့်ထေ့သည်။

ချက်ချင်းပင် တစ်ယောက်က Mike ကိုတံတောင်နှင့်တွတ်လိုက်၍ Mike နှာခေါင်းသွေးယိုပြီး မူးမေ့မတတ်ဖြစ်သွား၏။

သူ့ကိုမြင်ပြီး Hogg ကချက်ချင်းပါးစပ်ပိတ်လိုက်သည်။

သူ့အခြေအနေကဆိုးနေပြီ။ ထပ်မဆိုးချင်တော့။ Mike ကိုဖော်ကောင်လုပ်ပြီး သူအလွတ်ရုန်းဖို့တောင်တွေးနေသည်။

ရှုံးပြီဆိုမှတော့ နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကပိုပြီးပြစ်မှုကြီးမည်မှန်း သူသိသည်။ သူကအထောက်အပံ့မျှသာ။

Mike နှင့် Hogg ကို တောင်တန်းစံအိမ်ထဲမှခရီးသွားဌာနရဲများ၏လုံခြုံရေးအခန်းထဲခေါ်လာသည်။ ခေါင်းဆောင်ဟုန်က သူ့လူများနှင့်အသင့်စောင့်နေသည်။

သူလည်းစိတ်ပူနေသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်အပန်းဖြေစံအိမ်ဘယ်လောက်အရေးကြီးမှန်း သူသိသည်။ အပန်းဖြေစံအိမ်မှာ သူဌေးချင်ရှိသည့်အပြင် တော်ဝင်ပညာရှင်များနှင့် တစ်ဘီလီယံတန်သောပန်းချီကားသုံးချပ်လည်းရှိသည်။

ချင်းလင်အပန်းဖြေစံအိမ်မှာတစ်ခုခုဖြစ်ရင် သေချာပေါက်နာမည်ကြီးမည်။ အဲဒီအချိန်ကျရင် သူတို့အားလုံးအစစ်ဆေးခံရမည်။

အထူးသဖြင့် ပတ္တရောင်လှည့်ဖို့သူစီစဉ်ပေးထားသောလူများက သတိမထားမိခဲ့။ ဒါကအကြီးမားဆုံး မျက်စိလျှမ်းခြင်းပင်။

ခေါင်းဆောင်ဟုန်က ချန်တပေနှင့်လူနှစ်ယောက်ကိုမြင်ပြီး ချက်ချင်းရှေ့ရောက်လာကာ_

"မန်နေဂျာချန်... ဒီနှစ်ယောက်ကို ကျွန်တော့်လက်ထဲအပ်လိုက်ပါ... ကျွန်တော်တို့စစ်မေးပြီး သူတို့ရည်ရွယ်ချက်ကိုသိအောင်လုပ်မယ်''

ချန်တပေကခေါင်းညိမ့်ပြီး မာဟုန်ဘက်လှည့်ကာ_

"ခေါင်းဆောင်မာ... ဒီလူတွေကိုခေါင်းဆောင်ဟုန်ဆီလွှဲပေးလိုက်ပါ... သူတို့က အရာရှိတွေပါ''

မာဟုန်ကရှေ့ရောက်လာကာ ဖုန်းခေါ်လိုက်ပြီး_

"ကျွန်တော် ချင်းလင်စံအိမ်လုံခြုံရေးကိုလွှဲပေးမလို့''

သူကဖုန်းချပြီးနောက် ခေါင်းဆောင်ဟုန်အား_

"ပြီးရင် မင်းဆီဖုန်းလာလိမ့်မယ်... ငါယူလိုက်မယ်''

ခေါင်းဆောင်ဟုန်နှင့်ချန်တပေက မာဟုန်ကိုအလန့်တကြားကြည့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ?

သို့ရာတွင် မကြာမီ အမှန်ပင်ခေါင်းဆောင်ဟုန်၏ဖုန်းမြည်လာသည်။

နံပါတ်က မြို့တော်ရဲဌာနတဲ့။

သူကချက်ချင်း ဖုန်းကိုင်လိုက်သည်။

ဒီနံပါတ်က အတုမဟုတ်။ ပြီးတော့ ဘယ်သူမှအတုမလုပ်နိုင်။

ခေါင်းဆောင်ဟုန်ကဖုန်းချပြီးနောက် မာဟုန်ကိုမယုံနိုင်ပုံနှင့်ကြည့်ကာ_

"လူကြီးမင်း... ညွှန်ကြားစရာရှိရင် ပြောသာပြောပါ''

All Chapters