ကံဆိုးရှာတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုး! ၂
Vol. 57 Ch. 849
ချင်းလင်အပန်းဖြေစံအိမ်မှာ ဒီလိုလူမျိုးရှိမည်ဟုလုံးဝမထင်မိ။ ပြီးတော့ ချင်းလင်အပန်းဖြေစံအိမ်ကလုံခြုံရေးယူနီဖောင်းဝတ်ထားသတဲ့။
ဗုဒ္ဓေါ!
ဒီနေ့အဖြစ်အပျက်ကြောင့်သာမဟုတ်ရင် သူဘယ်သူလဲသိမှာမဟုတ်။
ချင်းလင်အပန်းဖြေစံအိမ်မှာ မသိတဲ့လျှို့ဝှက်ချက်တွေရှိတာပဲ။
သူဘယ်သူလဲသိပြီးနောက် လျှို့ဝှက်ချက်ကိုမစပ်စုရဲ။ ကိုယ့်သေတွင်း ကိုယ်မတူးချင်။
"စစ်ဆေးမေးမြန်းခန်းက ဘယ်မှာလဲ?''
မာဟုန်ကမေးသည်။
"ကျွန်တော့်နောက်လိုက်ခဲ့ပါ''
ခေါင်းဆောင်ဟုန်က အမြန်လမ်းပြသည်။
မာဟုန်တို့က ခေါင်းဆောင်ဟုန်နောက်လိုက်သွားပြီး ချန်တပေကျန်နေခဲ့သည်။
ချန်တပေမှာ ရုတ်တရက်ခေါင်းမူးသွား၏။
သူတွေ့တွေ့နေတဲ့ဒီခေါင်းဆောင်မာက သာမန်လူဟုတ်ပုံမရ။
ချင်းလင်စံအိမ်လုံခြုံရေးဌာနမှစစ်ဆေးမေးမြန်းခန်းကသိပ်မကြီးပေ။ မာဟုန်က Mike တို့ကိုစစ်ဆေးမေးမြန်းခန်းထဲခေါ်လာပြီး စမေးသည်။
ခေါင်းဆောင်ဟုန်က အလိုက်တသိထွက်လာ၏။ ဒီဌာနရဲ့ကိစ္စတွေမှာ သူဝင်ပါလို့မရမှန်း သူသိသည်။
မာဟုန်ကထိုင်လိုက်ပြီး Mike တို့ကိုအေးစက်စက်ကြည့်ကာ_
"ပြောစမ်း... မင်းတို့က ဘယ်သူတွေလဲ? ဘယ်နိုင်ငံကထောက်လှမ်းခိုင်းလိုက်တာလဲ?''

Mike လည်း ကြောင်နေရာမှအသိဝင်လာသည်။ 'ထောက်လှမ်း'ဆိုသောစကားကြားပြီး သူ့ခန့်မှန်းချက်ကပိုသေချာသွား၍ ချက်ချင်းပင်_
"ငါကတကယ် မင်းတို့ဖမ်းချင်တဲ့သူမဟုတ်ပါဘူး... ငါကပန်းချီကားပဲလာခိုးတာ... မင်းတို့လူမှားနေပြီ''
"မင်းကအခေါင်းထဲမရောက်မချင်း မျက်ရည်မကျဘူးပဲ''
Mike က ခေါင်းမာနေသောကြောင့် မာဟုန်မျက်နှာထားတင်းသွားပြီး သူ့လူတစ်ယောက်အား_
"သူ့ကိုမိတ်ဆက်ပေးလိုက်!''
"သိပါပြီ''
လက်အောက်ငယ်သားတစ်ယောက်က ခေါင်းညိမ့်သည်။
ခဏအကြာ စစ်ဆေးမေးမြန်းခန်းထဲတွင် ညည်းတွားသံများကြားရသည်။
စံအိမ်၏စစ်ဆေးမေးမြန်းခန်းမှာ အသံသိပ်မလုံ။ ခေါင်းဆောင်ဟုန်နှင့်တာဝန်ကျခရီးသွားဌာနရဲများက အထဲမှထွက်လာသောအသံကိုကြားနေရသည်။
ပထမ Mike အသံ၊ နောက် Hogg အသံ။
ထို့နောက် အသံများရောသွားသည်။
ခေါင်းဆောင်ဟုန်မှာ ချွေးစေးများထွက်လာ၏။
ဒီနည်းက ပြင်းလိုက်တာ။
"ခေါင်းဆောင်... ပြဿနာရှိနိုင်လား?''
တာဝန်ကျပတ္တရောင်လှည့်ရဲက စိုးရိမ်သံနှင့်မေးသည်။
ခေါင်းဆောင်ဟုန်ကခေါင်းခါပြီး_
"ငါတို့လုပ်ရင် ပြဿနာရှိနိုင်တယ်... သူတို့ကမရှိဘူး!''
ဟာသပဲ။ ဘယ်လိုလူမျိုးက ဒီဌာနကလူတွေနဲ့ပတ်သက်ချင်မှာလဲ? သူတို့မှာ ကန့်သတ်ချက်လုံးဝမရှိဘူး ဟုတ်ပြီလား?
နောက်ဆုံး ...

စစ်ဆေးမေးမြန်းခန်းမှအော်သံများရပ်သွားပြီး Mike နှင့် Hogg မှာ သူတို့ထိုင်ခုံပေါ်တွင် ရွှံ့ညွန်များလိုပုံကျနေသည်။ လူနှင့်မလိုက်အောင် နှိပ်စက်ခံထားရလေပြီ။
Mike နှင့် Hogg လည်း မာဟုန်ကိုကြည့်ပြီး ကြောက်နေကြသည်။ သူတို့နိုင်ငံတကာသူခိုးနှစ်ယောက်မျက်စိထဲတွင် မာဟုန်တို့က မကောင်းဆိုးဝါးများပင်။
သို့သော် မသင်္ကာစရာကောင်းသည်က သူတို့နှစ်ယောက်ကိုယ်ပေါ်တွင်ဒဏ်ရာဒဏ်ချက်လုံးဝမရှိ။
မာဟုန်၏နည်းက အရမ်းမြင့်သည်ဟုသာပြောရမည်။
မာဟုန်က Mike ကိုအေးစက်စက်နှင့်ဆက်ကြည့်နေပြီး_
"မင်းထပ်ပြီးအနှိပ်စက်မခံချင်ရင် ဘယ်နိုင်ငံကလွှတ်လိုက်တာလဲပြော... ချင်းလင်အပန်းဖြေစံအိမ်ကအခြေအနေကိုဘယ်လိုလုပ်သိတာလဲ?''
Mike ငိုချင်လာသည်။ သူတို့ကိုတကယ် ဘယ်နိုင်ငံကမှထောက်လှမ်းခိုင်းတာမဟုတ်။ စောစောကနှိပ်စက်ပုံကိုတွေးရင်း သူကဖျော့တော့စွာနှင့်_
"ငါတို့ကတကယ် မင်းထင်နေသလိုမဟုတ်ဘူး... ဒီကိုပန်းချီကားလာခိုးတာ... ငါပြောတာယုံပေးပါ''
Hogg ကလည်း အမြန်ဝင်ပြောသည်_
"သူပြောတာအမှန်... သူ့ကိုဒေါ်လာသန်း ၅၀ ပေးပြီးခိုးခိုင်းတာ... ငါကသူ့လက်ထောက်ပဲ... သူကဦးဆောင်သူ... သူ့မှာ ပိုက်ဆံတွေ ရတနာတွေ အများကြီးရှိသေးတယ်''
Hogg စကားကြောင့် Mike က အလန့်တကြားကြည့်လိုက်သည်။
Hogg က Mike ကိုမကြည့်။ ချက်ချင်းအကြည့်လွှဲသွားသည်။
ဒါမာဟုန်လိုချင်တဲ့အဖြေမဟုတ်_
"အရမ်းကောင်းတယ်... ငါကလည်း မင်းတို့လိုခေါင်းမာတဲ့ကောင်တွေကိုလေးစားတယ်''
သူကပြောပြီး သူ့ငယ်သားများကိုအချက်ပြလိုက်သည်။
"သိပါပြီ''
လက်ရဲဇက်ရဲလက်အောက်ငယ်သားများ။
သူ့ပုံစံကြောင့် Mike နှင့် Hogg ခြောက်ခြားသွားသည်။
ခဏအကြာ စစ်ဆေးမေးမြန်းခန်းအပြင်ဘက်တွင် ညည်းသံနှစ်သံထပ်ကြားရပြန်သည်။ အသံက ကြက်သီးထလောက်သည်။
အသံရပ်သွားသောအခါ_
စစ်ဆေးမေးမြန်းခန်းထဲတွင် Mike နှင့် Hogg မှာဇောချွေးများပြန်နေပြီး ပိုကြောက်ရွံ့လာကြသည်။
ဒီလူတွေက လုံးဝဥဿုံမကောင်းဆိုးဝါးတွေ!
"ပြောစမ်း!''
မာဟုန်ကမေးပြန်သည်။
Mike ကကြောက်ကြောက်လန့်လန့်နှင့် အလောတကြီးပြောသည်_
"တကယ် ဒီကိုပန်းချီကားလာခိုးတာပါ... အိုးမိုင်ဂေါ့''
"အရမ်းကောင်းတယ်!''
မာဟုန်က Mike စကားကိုဖြတ်ပြောသည်။ သူအချိန်ထပ်မဖြုန်းချင်တော့။ သူ့ငယ်သားများကိုအချက်ပြလိုက်၏။
"သိပါပြီ''
လက်အောက်ငယ်သားက ခေါင်းညိမ့်သည်။
နောက်ခဏတွင် စူးစူးရှရှအော်သံထပ်ကြားရပြန်သည်။ ဒီတစ်ကြိမ်တွင် အသံက သတ်လိုက်ပါတော့ဟုတောင်းဆိုနေသလိုပင်။
အော်သံရပ်သွားသောအခါ_
Mike နှင့် Hogg မှာ သွေးလန့်ပြီး ကြောက်သေးများထွက်နေလေပြီ။ ဆက်တိုက်နှိပ်စက်ညှဉ်းပန်းခံရသောကြောင့် လုံးဝအတုံးအရုံးလဲနေ၏။
ဒီတစ်ကြိမ်တွင် မာဟုန်မမေးရသေးခင် Mike က လောလောနှင့်_
"ငါတကယ် ပန်းချီကားလာခိုးတာ... ချင်းလင်အပန်းဖြေစံအိမ်ကပန်းချီကားသုံးချပ်ကိုခိုးဖို့ ဒေါ်လာသန်း ၅၀ စရံပေးတဲ့သူရှိတယ်''
"ငါအမှန်ပြောနေတာ... ငါ့ကိုနိုင်ငံတကာကအလိုရှိနေတာ... သူတို့က ငါ့ကိုနိုင်ငံတကာနံပါတ်တစ်သူခိုး Mike လို့ခေါ်တယ်... New York.. Belgium.. Avia တော.. နာမည်ကြီးပြတိုက်တွေကခိုးမှုတွေအားလုံးကျူးလွန်ခဲ့တာ ငါပဲ... ဖြစ်စဉ်အားလုံးကို ငါပြောပြနိုင်တယ်... မင်းတို့ငါ့ကိုဖမ်းထားတာ... ငါကမင်းတို့ဖမ်းချင်နေတဲ့သူလုံးဝမဟုတ်ဘူး''
"ငါ New York မှာ ပြင်ဆင်နေတာကြာပြီ... အိုးမိုင်ဂေါ့''
Mike က မြိုသိပ်မထားနိုင်တော့။ သူလုပ်ခဲ့သမျှအားလုံး ဝန်ခံပစ်လိုက်သည်။
သူကထောက်လှမ်းသူမဟုတ်ကြောင်း သက်သေပြချင်ရုံသာ။ ထောက်လှမ်းသူဟုသတ်မှတ်ခံရရင် သူ့ဘဝဆုံးလိမ့်မည်။ နိုင်ငံတကာနံပါတ်တစ်သူခိုးအဖြစ် ထောင်ထဲဝင်ရရင်တောင် အသက်ရှင်ခွင့်၊လွတ်မြောက်ခွင့်ရှိသေးသည်။