Chapters

ကံဆိုးရှာတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုး! ၃

Vol. 57 Ch. 850

ကံဆိုးရှာတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုး! ၃

Vol. 57 Ch. 850

Hogg ကလည်း ဝင်ပြောသည်_

"သူပြောတာအမှန်ပဲ... အဲဒီခိုးမှုတွေအားလုံး သူလုပ်ခဲ့တာ... ငါကအကူလောက်ပဲ... သူ့မှာ US ဒေါ်လာတစ်ဘီလီယံနဲ့ရွှေမည်းအကောင့်တစ်ခုရှိတာ ငါသိတယ်... မေတ္တာကမ်းရိုးတန်းကတစ်နေရာမှာ နိုင်ငံအစုံကရှေးဟောင်းပစ္စည်းတွေသူဝှက်ထားတယ်... အဲဒီပစ္စည်းတွေဘယ်မှာလဲ သူ့ကိုစစ်မေးလို့ရတယ်... ငါပြောတာအမှန်တွေ''

Mike က မျက်လုံးပြူးပြီး Hogg ကိုစိုက်ကြည့်သည်။

ဒီတစ်ခါ မာဟုန်တို့ပါ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

……

ဒီအခြေအနေမှာတောင် ဒီနှစ်ကောင်က ဒီလိုစိတ်ရှိသေးတယ်။ သူတို့သာခေါင်းမာတဲ့ကောင်တွေမဟုတ်ရင် သူတို့ပြောတာအမှန်တွေပေါ့။

"ခေါင်းဆောင်... သူတို့အမှန်တွေပြောနေတာဖြစ်မယ်''

တစ်ယောက်က မာဟုန်ကိုတအံ့တဩနှင့်မေးသည်။

အမှန်ပဲ။ သူတို့မျက်လုံးထဲကအကြောက်တရားက အတုအယောင်မဟုတ်။ သူတို့သာကြောက်ချင်ယောင်ဆောင်နေရင် မျက်လုံးကဂနာမငြိမ်ဖြစ်နေမည်။

အထူးသဖြင့် ဟိုကောင် Hogg။ သူလုံးဝသွေးပျက်နေသည်။

"သူတို့ပြောတာတွေ စစ်ဆေးကြည့်စမ်း''

မာဟုန်က ထိုလူကိုပြောသည်။ သူကတုံ့ဆိုင်းမနေဘဲ ကွန်ပျူတာထုတ်ပြီးအလုပ်စသည်။

ခဏအကြာ ထူးဆန်းသောမျက်နှာထားနှင့် မာဟုန်ဘက်လှည့်ပြီး_

"ခေါင်းဆောင်မာ... ကြည့်ပါဦး!''

မာဟုန်ကသွားကြည့်ပြီး သူလည်းအံ့ဩသွားသည်။ အမှန်ပင် Mike အကြောင်း သတင်းအများကြီးရှိနေသည်။

နောက်ပြီး ဒီသတင်းတွေသာအမှန်ဆိုရင် Mike က လုံးဝအံ့ဩစရာပင်။ သူကနိုင်ငံတကာနံပါတ်တစ်သူခိုးဖြစ်ပြီး ခိုးမှုများစွာကျူးလွန်ခဲ့သည်။ နိုင်ငံအသီးသီးမှအထူးအေးဂျင့်များ၊နိုင်ငံတကာရဲများတောင် ဒီလူကိုဘာမှမတတ်နိုင်ကြ။

နိုင်ငံတကာရဲများက အကြိမ်ကြိမ်ချောင်းဖမ်းခဲ့သော်လည်း အမြဲတမ်းလွတ်မြောက်သွားသည်။

သို့ရာတွင် ကြောက်လန့်နေသောမျက်နှာနှစ်ခုကိုကြည့်ရင်း 'နိုင်ငံတကာရဲတွေက အသုံးမကျလိုက်တာ'ဟုထင်မိသည်။

"သတင်းမှန်ရင် အတည်ပြုပါ''

မာဟုန်က သတိနှင့်အမိန့်ပေးသည်။

ထိုသတင်းများနှင့် Mike ၏အချက်အလက်များက နှစ်များစွာခြားနေသည်။

သတင်းအမှန်ဖြစ်ပြီး အဲဒီတုန်းက ချင်းလင်စံအိမ်မရှိသေး၊ ချင်းလင်အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်တွေအဆင့်တက်တာ ဘယ်သူမှမသိသေးရင်တောင် သတိထားတာပိုကောင်းသည်။

ခဏအကြာ Mike အကြောင်းသတင်းနှင့်အချက်အလက်များကအမှန်ဖြစ်ကြောင်း လူတချို့ကအတည်ပြုလာသည်။

တစ်နည်းပြောရရင် ဒီလူကတကယ်ပဲ ချင်းလင်အပန်းဖြေစံအိမ်ကိုပန်းချီကားလာခိုးတဲ့နိုင်ငံတကာနံပါတ်တစ်သူခိုးပေါ့။

အမှားကြီးမှားတာပဲ။

"ခေါင်းဆောင်... Mike က နိုင်ငံတကာနံပါတ်တစ်သူခိုးပါ''

သူ့ဘေးမှလူက သတိပေးသည်_

"သူ့ဆီမှာ ဒေါ်လာတစ်ဘီလီယံနဲ့ နိုင်ငံတကာကနိုင်ငံ့ရတနာတွေရှိတယ်... သူ့ကိုဖမ်းမိမှတော့ သူ့ဆီကအဲဒီပစ္စည်းတွေပြန်ယူရမယ်... ပြီးတော့ သူ့ဘေးကကောင်... အဲကောင်က Mike နဲ့အတူရှိနေမှတော့ သူလည်းမဟုတ်တာတွေအများကြီးလုပ်ထားရမယ်''

မာဟုန်ကနားထောင်ရင်း ရုတ်တရက်ထူးထူးဆန်းဆန်းပြုံးလိုက်သည်။ ဒီစကားအဓိပ္ပါယ်ကိုသူသိသည်။

Mike က သူတို့ပြောတာနားလည်ပုံရပြီး ဝင်ပြောသည်_

"သူ့နာမည်က Hogg... သူ့မှာ US ဒေါ်လာသန်း ၃၀၀ နဲ့ဆွစ်ဇာလန်ဘဏ်အကောင့်တစ်ခုရှိတာ ငါသိတယ်... သူ့လက်ထဲမှာလည်း အဖိုးမဖြတ်နိုင်တဲ့ရတနာတွေအများကြီးပဲ... တိရစ္ဆာန်တွေရဲ့ခေါင်းဖြစ်မယ်... သူ့လက်ထဲကအဲဒီပစ္စည်းတွေကြောင့် သူ့ကိုအဖော်လုပ်ခိုင်းခဲ့တာ''

"Mike... မင်းဘာတွေပြောနေတာလဲ?''

Hogg ကနားထောင်ရင်း စိုးရိမ်လာပြီး Mike ကို ဒေါသကြည့်နှင့်ကြည့်သည်။

"ငါအမှန်ပြောနေတာ''

Mike ကပြောသည်_

"မင်းလက်ထဲကရတနာတွေက ဒီနိုင်ငံရဲ့ရတနာတွေဖြစ်မယ်''

မာဟုန်တို့အားလုံး Hogg ကိုကြည့်လိုက်ကြသည်။

ထိုခဏတွင် Hogg မှာ သူ့တစ်ကိုယ်လုံးရေခဲရိုက်ခံရသလိုအေးစက်သွားလေသည်။