ပြီးပြီ၊ လုံးဝပြီးပြီ! ၂
Vol. 57 Ch. 852
မာဟုန်ခေါင်းညိမ့်လိုက်သည်။
လက်ရှိအခြေအနေအရ နိုင်ငံတကာသူခိုးကမပူးပေါင်းဘဲမနေရဲ။
ညပိုင်းမြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။
နောက်တစ်နေ့_
မာဟုန်စိတ်ကြည်နေသည်။
ရုံးချုပ်က နိုင်ငံတကာသူခိုးနှစ်ယောက်ပြောထားသောရတနာသိုက်တည်နေရာမှန်ကြောင်းအတည်ပြုထားသည်။
ဒီလိုပစ္စည်းမျိုး တရုတ်ကိုပြန်သယ်နိုင်တာ အတော်လေးအဓိပ္ပါယ်ရှိသည်။ နိုင်ငံတကာသူခိုးနှစ်ယောက်၏ရွှေမည်းများကိုလည်း အဆက်အသွယ်များမှတဆင့်ပြန်လွှဲပေးထားသည်။
ဒီငွေတွေက နည်းနည်းမှအသုံးမဝင်။
ချင်းလင်စံအိမ်မှရုံးခန်းအလွတ်ကိုလည်း သေချာပြင်ဆင်ထားသည်။
Mike နှင့် Hogg ကို ထိုအခန်းထဲတွင်ထားသည်။
နှစ်ယောက်သားမှာ အစကလုပ်ဖော်ကိုင်ဖက်များဖြစ်သော်လည်း အခုဘယ်လိုကြည့်ကြည့် မျက်စိဆံပင်မွေးစူးနေကြသည်။
ဒီပတ်ဝန်းကျင်ကြောင့်သာမဟုတ်ရင် နှစ်ယောက်သားထသတ်နေလောက်ပြီ။
"သတိထားနော်... ကိုယ့်အသက်ကိုယ်ကယ်နိုင်မကယ်နိုင်က ဒီတစ်ခါပူးပေါင်းမှုအပေါ်မှာမူတည်တယ်''
မာဟုန်က သူတို့နှစ်ယောက်ကိုအေးစက်စက်ကြည့်လိုက်သည်။

နိုင်ငံတကာသူခိုးနှစ်ယောက်က အမြန်ခေါင်းညိမ့်ပြသည်။
မနေ့ကအဖြစ်အပျက်ကြောင့် မာဟုန်တို့ကိုတွေ့တိုင်း ကြောက်စိတ်ပေါ်နေသည်။
ခဏအကြာ ချင်လင်လည်း ပန်းချီကားသုံးချပ်နှင့်ရောက်လာသည်။ သူ့ဘေးတွင် အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များက သူ့ကိုစောင့်ရှောက်ရန်လိုက်လာသည်။
ချင်လင်က ပြင်ဆင်ထားသောရုံးခန်းထဲတွင် ပန်းချီကားသုံးချပ်ချပြသည်။
Mike နှင့် Hogg က ဇဝေဇဝါနှင့် ပန်းချီကားသုံးချပ်ကိုကြည့်လိုက်သည်။
သူတို့ဒီကိုလာတာ ဒီပန်းချီကားသုံးချပ်ခိုးဖို့။ သူတို့ကျရှုံးမယ်လို့ ဘယ်ထင်မလဲ? ပိုးစိုးပက်စက်ကိုကျရှုံးသွားတာ။
အခု ဒီပန်းချီကားသုံးချပ်ကိုလာချပြတော့ လက်တောင်မလှမ်းရဲတော့။
"ဟိုဘက်ကိုဆက်သွယ်လိုက်ပါ!''
မာဟုန်က Mike ကိုဖုန်းပြန်ပေးလိုက်သည်။
ဖုန်းကိုစစ်ဆေးထားပြီးဖြစ်သည်။ ဘာမှပြဿနာမရှိ။
Mike က တုံ့ဆိုင်းမနေရဲ။ ချက်ချင်းဖုန်းယူပြီး ပန်းချီကားသုံးချပ်ကိုသေချာရိုက်လိုက်သည်။ ထို့နောက် တစ်ဖက်ကသာဆက်နိုင်သောနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
ဒါဟိုလူကြီးပေးတဲ့နံပါတ်။ သူတာဝန်ပြီးမြောက်မှ သူ့ကိုဆက်ရမည်။
ဒီတာဝန်ပြီးရင် ဒီနံပါတ်နဲ့ဘယ်သူ့ကိုမှဆက်မရတော့။
အခု ဒီနံပါတ်သုံးပြီး ဟိုလူကြီးနဲ့ဖောက်သည်ကိုအကွက်ဆင်ရမည်။ သူကစိတ်ပါလက်ပါပူးပေါင်းပေးသည်။

ဘာပဲဖြစ်ဖြစ် ဒီရှုမျှော်ခင်းနေရာလာပြီး ပန်းချီကားခိုးရမယ့်တာဝန်ကြောင့် သူမိုင်းမိတာ၊ သူ့ကိုဒီလောက်အဖြစ်ဆိုးစေတာ။
အဲဒါအားလုံး သူတို့ကြောင့်ပဲ။
…
ဟော်လန်_
အမ်စတာဒန်အမျိုးသားပြတိုက်_
US ဒေါ်လာသန်း ၅၀ စရံပေးပြီး Arsda ကသတင်းစောင့်နေသည်။ အမှန်အတိုင်းပြောရရင် သူစိတ်မလှုပ်ရှားဘဲမနေနိုင်။
ဘာပဲဖြစ်ဖြစ် သန်း ၅၀ က ပြည်သူပိုင်လေ။
ပန်းချီကားပြန်ယူနိုင်ရင် ဂုဏ်ထူးဆောင်နိုင်သူဖြစ်မည်။ သို့သော် ပြန်မယူနိုင်ပါက ဒေါ်လာသန်း ၅၀ က ပြဿနာတက်ပြီ။
သို့ရာတွင် ဗန်ဂိုးပန်းချီကားက စွန့်စားထိုက်သည်။ နောက်ပြီး ပန်းချီကားနှစ်ချပ်လည်းထပ်ရနိုင်သည်။ 'ပီကာဆိုပန်းချီကားနဲ့ စပိန်တွေဆီကပိုက်ဆံဘယ်လိုရအောင်လုပ်မလဲ'တောင် စဉ်းစားထားသည်။
အဓိကက ရှုမျှော်ခင်းနေရာတစ်ခုကနေ နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကိုခိုးခိုင်းတာဖြစ်သောကြောင့် အန္တရာယ်မရှိနိုင်ပေ။
ထိုအချိန်တွင်_
အတွင်းရေးမှူးကပြေးဝင်လာပြီး_
"မစ္စတာ Arsda... Mike ဆီက သတင်းရပြီ''
"ဘာတဲ့လဲ?''
Arsda က ချက်ချင်းမတ်တပ်ထရပ်ပြီးမေးသည်။
"Mike က စာပို့ထားတယ်... ပန်းချီကားသုံးချပ်ခိုးပြီးပြီတဲ့... ဗီဒီယိုရိုက်ပြီးတောင် သက်သေပြထားသေးတယ်!''
အတွင်းရေးမှူးက လောလောနှင့်ပြောသည်။
အတွင်းရေးမှူးကပြောလည်းပြော၊ ဗီဒီယိုကိုလည်းပြသည်။
ဗီဒီယိုကိုသေသေချာချာရိုက်ပြထား၍ ပန်းချီကားသုံးချပ်၏လက်ရာအလွန်မြင့်ကြောင်းကိုပါသိနိုင်သည်။ ခဏကြည့်ပြီးနောက် Arsda က အစစ်မှန်းသိလိုက်သည်။
နောက်ပြီး တမူထူးခြားသောပန်းချီကားသုံးချပ်၏လက်ရာမှာထိပ်တန်းကျလွန်း၍ အချိန်တိုအတွင်း တုပရေးဆွဲရန်မဖြစ်နိုင်ချေ။
နိုင်ငံတကာနံပါတ်တစ်သူခိုး Mike တောင် ဒါကိုတုပရေးဆွဲမည့်ပန်းချီဆရာရှာဖို့အချိန်မရနိုင်။
ထို့ကြောင့် ထိုပန်းချီကားသုံးချပ်ကအစစ်ဟုအကြမ်းဖျင်းသတ်မှတ်နိုင်သည်။
နိုင်ငံတကာနံပါတ်တစ်သူခိုးဟူသော Mike ၏နာမည်က အလကားမဟုတ်။ သို့ရာတွင် သူစဉ်းစားကြည့်ရာ နိုင်ငံတကာနံပါတ်တစ်သူခိုးအနေနှင့် ရှုမျှော်ခင်းနေရာကခိုးယူဖို့မခက်ပေ။
"မြန်မြန်လုပ်... ဟိုလူကြီးကို Mike ဆီကပန်းချီကားအမြန်ပို့ခိုင်း''
Arsda က လောလောနှင့်ပြောသည်။
အတွင်းရေးမှူးက အနေခက်သွားပြီး_
"လူကြီးမင်း... ဟိုလူကြီးကပြောတယ်... Mike က ကျွန်တော်တို့ကိုမယုံဘူးတဲ့... Mike ပန်းချီကားယူမလာခင် နောက်ထပ် US ဒေါ်လာသန်း ၅၀ လွှဲပေးတဲ့''
"ငါ US ဒေါ်လာသန်း ၅၀ လွှဲထားပြီးပြီလေ''
Arsda က စိတ်လောသွားပြီး_
"နောက်ထပ်သန်း ၅၀ လွှဲပြီးမှ ပန်းချီကားမပို့ပေးရင် ဘယ်လိုလုပ်မလဲ? Mike က ငါတို့ကိုအချဉ်မှတ်နေတာလား?''
အတွင်းရေးမှူးကအမြန်ပြောပြသည်_
"ဟိုလူကြီးကစိတ်ချပါလို့ပြောတယ်... Mike အကြောင်းသတင်းတွေအများကြီးရှိလို့ Mike ကိုခိုင်းရဲတာတဲ့... Mike က မသိတတ်ရင် နိုင်ငံတကာရဲနဲ့ Mike ကိုဖမ်းပြီး ပိုက်ဆံပြန်ရအောင်လုပ်မယ်တဲ့... သူ့နာမည်ပျက်ခံမှာမဟုတ်ပါဘူး''
Arsda က နားထောင်ရင်း အတွေးများသွားသည်။
အမ်စတာဒန်အမျိုးသားပြတိုက်မှူးအနေနှင့် သူ့မှာလျှို့ဝှက်အဆက်အသွယ်များရှိသည်။ ပြတိုက်ကနိုင်ငံ့ရတနာအများစုကို ထိုအဆက်အသွယ်များမှတဆင့်ရခဲ့သည်။
ထို့ကြောင့် ဒီလူကြီးနှင့်သိနေခြင်းပင်။ သူကလည်း ဟော်လန်မှဖြစ်၍ အစိုးရအာဏာသုံးပြီး သူ့ကိုအချိန်မရွေးဆွဲချနိုင်သည်။
တစ်ဖက်က အာမခံရဲမှတော့ သူ့စွန့်စားသင့်လား စဉ်းစားရတော့မည်။
ဗီဒီယိုထဲမှပန်းချီကားသုံးချပ်ကိုကြည့်ရင်း နောက်ဆုံး Arsda ကအံကြိတ်ကာ နောက်တစ်ကြိမ်စွန့်စားရန်ဆုံးဖြတ်လိုက်သည်။ အမ်စတာဒန်ပြတိုက်က နောက်ထပ် US ဒေါ်လာသန်း ၅၀ ထုတ်တာ ပြဿနာမရှိနိုင်။
သူကဒီကိစ္စမပြီးမချင်း အတွင်းရေးမှူးကိုလျှို့ဝှက်ထားခိုင်းသည်။ ထို့နောက် ပြတိုက်မှဒေါ်လာသန်း ၅၀ ကို လူကြီးဆီလွှဲခိုင်းလိုက်သည်။ တစ်ခါတည်း သူကအတွင်းရေးမှူးအား_
"ငါငွေလွှဲထားပြီးပြီ... သက်ဆိုင်ရာဌာနတွေကို သူ့ကိုသေချာစောင့်ကြည့်ခိုင်းထား... Mike တစ်ခုခုလုပ်တာနဲ့ ချက်ချင်းသူ့ကိုထိန်းချုပ်ပါ''
အခု US ဒေါ်လာသန်း ၁၀၀ ဖြစ်သွားပြီ။ သူသတိထားရတော့မည်။ Mike ဘက်ကလှုပ်ရှားလိုက်တာနှင့် ဟိုလူကြီးဆီက Mike အကြောင်းတွေအရယူပြီး သူ့အဆက်အသွယ်များနှင့်နိုင်ငံတကာရဲကိုအမြန်ဆုံးဖမ်းခိုင်းကာ US ဒေါ်လာသန်း ၁၀၀ ပြန်ရအောင်လုပ်မည်။