Chapters

ပြီးပြီ၊ လုံးဝပြီးပြီ! ၃

Vol. 57 Ch. 853

ပြီးပြီ၊ လုံးဝပြီးပြီ! ၃

Vol. 57 Ch. 853

မဟုတ်ရင် ဒေါ်လာသန်း ၁၀၀ ၏နောက်ဆက်တွဲပြဿနာများကို သူခံနိုင်မည်မဟုတ်ပေ။

ချင်းလင်အပန်းဖြေစံအိမ်_

မကြာမီ မာဟုန်လည်း ချင်လင်ကိုရှာပြီး_

"သူဌေးချင်... ဟိုဘက်ကကျန်တဲ့ဒေါ်လာသန်း ၅၀ ကိုလွှဲထားပါတယ်... ကြည့်ရတာ ဒီပန်းချီကားသုံးချပ်ကိုအရယူဖို့ လုံးဝစိတ်ဆုံးဖြတ်ထားပုံပါပဲ... ဒီပိုက်ဆံတွေကိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ သူဌေးချင်?''

"ခေါင်းဆောင်မာ... ဒါခိုးတာပဲ... ခင်ဗျားသာဆိုရင် ဘယ်လိုလုပ်မလဲ?''

ချင်လင်က ဒေါ်လာသန်း ၅၀ ကိုလုံးဝစိတ်မဝင်စား။ ဒီလိုငွေမျိုးကိုမထိချင်။ တစ်ဖက်ကိုစိတ်ပျက်သွားအောင်သာလုပ်ချင်သည်။

Mike အဖမ်းခံရတဲ့သတင်းထွက်လာရင် သူဘယ်လိုဖြစ်သွားမလဲ ကြည့်ချင်သည်။

စုစုပေါင်း US ဒေါ်လာသန်း ၁၀၀ ဘယ်နေရာမှာမှ နည်းနည်းနောနောပမာဏမဟုတ်။ ဒါကိုသာပစ်လိုက်ရရင် သွေးအန်ထွက်နိုင်သည်။

မာဟုန်က ချင်လင်၏ရည်ရွယ်ချက်ကိုသဘောပေါက်သည်။ သူကခေါင်းဆောင်ဟုန်ကိုရှာကာ Mike နှင့် Hogg ကိုလက်လွှဲပေးပြီး အလေးအနက်မှာသည်_

"ခေါင်းဆောင်ဟုန်... ဒီနှစ်ကောင်ကို မင်းတို့ရုံချန်းရဲလက်ထဲအပ်လိုက်မယ်... သူခိုးတွေပန်းချီကားခိုးနေတုန်းမိတဲ့အကြောင်း တို့နဲ့ဘာမှမဆိုင်ကြောင်း ကြေညာလိုက်ပါ''

နိုင်ငံတကာသူခိုးနှစ်ယောက်ကိုဖမ်းမိကြောင်း အစီရင်ခံပြီး တစ်ချိန်တည်းမှာ အပြင်လောကကိုသတိပေးလိုက်သလိုဖြစ်သောကြောင့် ချင်းလင်အပန်းဖြေစံအိမ်ကိုသတိထားမိလာသည်။

သို့ရာတွင် Mike နှင့် Hogg ကိုကိုင်တွယ်သောမာဟုန်တို့ပေါ်သွား၍မဖြစ်သောကြောင့် ရုံချန်းရဲကိုမှတ်တမ်းပေးရသည်။

ခေါင်းဆောင်ဟုန်က ခေါင်းညိမ့်လိုက်သည်။ မာဟုန်တို့ကအထူးအဆင့်အတန်းရှိမှန်း သူသိသည်။ နောက်ပြီး သူနှင့်စီရင်စုဌာနရဲများက ဒီမှတ်တမ်းရသည့်အတွက်အလွန်ဝမ်းသာကြသည်။

Mike က ကမ္ဘာ့နံပါတ်တစ်သူခိုး။ အတော်ဆုံးအေးဂျင့်တွေ၊နိုင်ငံတကာရဲတွေတောင် ဖမ်းနိုင်တဲ့သူမဟုတ်ပေ။

နှစ်ရက်ကြာပြီးနောက် ရုံချန်းဌာနသတင်းက အင်တာနက်ပေါ်ရိုက်ခတ်သွားတော့သည်။

နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကို ချင်းလင်အပန်းဖြေစံအိမ်မှာပန်းချီကားခိုးနေတုန်းဖမ်းမိတယ်!

ရှုမျှော်ခင်းခရီးသွားဌာနရဲတွေက လက်ပူးလက်ကြပ်မိတာ!

ထိုသတင်းထွက်ထွက်ချင်း အားလုံးစိတ်ဝင်စားသွားကြသည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနံပါတ်တစ်သူခိုးပါနေတာ သာမန်ကိစ္စမဟုတ်။

နောက်ပြီး အင်တာနက်ပေါ်မှာ ရှာနိုင်ဖွေနိုင်သူများရှိသည်။ မကြာမီ တချို့က နိုင်ငံတကာနံပါတ်တစ်သူခိုးအကြောင်းများနှိုက်ထုတ်လာပြီး လိုင်းပေါ်တင်ကြသည်။

ဒါက ပိုလန့်စရာ!

"၆၆၆၆... နိုင်ငံတကာရဲတွေတောင်မဖမ်းနိုင်တာ... ချင်းလင်စံအိမ်ခရီးသွားဌာနရဲကဖမ်းမိသတဲ့''

"ရုံချန်းရဲက ဟုတ်လှချည်လား!''

"ဒီတော့ ချင်းလင်စံအိမ်ရဲ့ခရီးသွားပတ္တရောင်လှည့်ရဲက အထူးနိုင်ငံတကာရဲတွေလား?''

“……”

ထိုသတင်းက အင်တာနက်ပေါ်မြန်မြန်ဆန်ဆန်ပြန့်သွားပြီး နိုင်ငံတကာအဆင့်ရှိသောလူအတော်များများကိုမျက်နှာဖြတ်ရိုက်လိုက်သလိုဖြစ်စေသည်။ အထူးသဖြင့် နိုင်ငံတကာမှုခင်းဆိုင်ရာရဲများပင်။

ဟော်လန်_

Arsda က ရုံးခန်းထဲထိုင်ပြီး လူကြီးဖုန်းကိုစောင့်နေသည်။

ဒေါ်လာသန်း ၅၀ ထပ်လွှဲပြီးနောက် ပန်းချီသုံးချပ်ကိုပိုပြီးစိတ်လောနေ၏။ Mike က သူတို့ကိုမလှည့်စားဝံ့ဟုလည်း သူယုံကြည်ထားသည်။

သူအတွေးများနေစဉ် သူ့အတွင်းရေးမှူးကအလောတကြီးပြေးဝင်လာသည်။

"ဘယ်လိုလဲ?''

Arsda ကမေးသည်_

"Mike နဲ့ပန်းချီကားသုံးချပ်အကြောင်း သတင်းရလား?''

အတွင်းရေးမှူးက လောလောနှင့်_

"မစ္စတာ Arsda... တစ်ခုခုတော့​ဖြစ်ပြီ... ဒီသတင်းကိုကြည့်... Mike ပန်းချီကားခိုးနေတုန်း ခရီးသွားဌာနရဲကဖမ်းမိတာတဲ့''

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

သတင်းကြားပြီး Arsda မယုံနိုင်_

"Mike က ခိုးထားတဲ့ပန်းချီကားကိုဗီဒီယိုရိုက်ပြီး ဟိုလူကြီးကိုတောင်ဆက်သွယ်သေးတာမလား? ဘယ်လိုလုပ်ပြီး ခိုးနေတုန်းမိတာဖြစ်မလဲ?''

Arsda ကပြောနေရင်း မျက်လုံးပြူးသွားသည်။

သူလှည့်စားခံရပြီဟု ချက်ချင်းတွေးမိသည်။

အဓိကက US ဒေါ်လာသန်း ၁၀၀ ပေးလိုက်ရပြီး Mike က စီရင်စုရဲဆီပါသွားတာ။ သူတို့ Mike ကိုဖမ်းပြီး ပိုက်ဆံပြန်ယူလို့မရတော့။

သူတို့ပိုက်ဆံကို စီရင်စုရဲကပြည်သူပိုင်သိမ်းထားလောက်ပြီ။

"မြန်မြန်... ဟိုလူကြီးကိုချုပ်စမ်း''

Arsda က အလောတကြီးပြောသည်။

အတွင်းရေးမှူးက မျက်နှာပိုပျက်သွားပြီး_

"ဟိုလူကြီးလည်း သတင်းရပြီး ပြေးပြီ!''

ငါတို့တော့ သွားပြီ!

ထိုသတင်းကြားပြီး Arsda မိုက်ခနဲဖြစ်သွားကာ သူ့ထိုင်ခုံပေါ်နောက်ပြန်လန်ကျသွားလေသည်။