အခန်း ၁၅၀၇
Vol. 102 Ch. 1507
အပိုင်း (၁၅၀၇)
ငါးအစပ်ဟင်းအား ပါးစပ်နှင့်အပြည့် စားသောက်ပြီးသည့် အခါမှာတော့ သူ၏ဒန်ထျန်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမိုကာ ပေါက်ကွဲထွက်လာခဲ့တော့၏။ လျိုဝမ်ရှစ်သည် ဤအရာကို တစ်ခါမှ မစမ်းသပ်ခဲ့ဖူးသောကြောင့် ဘာဖြစ်မည်မှန်း သေချာမသိချေ။ ပုံရိပ်ရောင်အစီအရင်ထဲတွင် ရှိနေသော ရီရှင်းချန်မှာတော့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ပြီး ဖြစ်သည်။
ခွက်တစ်ခုလုံးအပြည့် စားသောက်ခဲ့သည်မဟုတ်ဘူး ဆိုလျှင်တောင်မှ သူ့အား ပေးအပ်သော ဟင်းပွဲ၏ တစ်ဝက်လောက် စားသောက်ခဲ့ခြင်း ဖြစ်၏။ ဤအရာသည် အမှန်ပင် ပေါက်ကွဲလွယ်ခဲ့၏။ အားညို၏ လည်ပင်း၊ မျက်နှာတစ်ခုလုံးသည် နီမြန်လျက်ရှိနေပြီး သူ၏အသားအရေကလည်း နီမြန်းလာခဲ့တော့၏။ အထူးသဖြင့် ၎င်း၏မွေးညင်းပေါက်ဆီမှ အငွေ့များထွက်ပေါ်နေပြီး ထိုအရာသည် ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်နေ၏။
ဟူးဟူးဟူး
သူ၏ဒန်ထျန်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်များသည် ရူးရူးမူးမူးဖြင့် လှည့်ပတ်လျက် ရှိနေ၏။ ချီများသည်လည်း ဆက်တိုက်ဆိုသလို များပြားလာခဲ့ပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မတတ်ပင်။ သိုင်းကျင့်ကြံသူတစ်ယောက်၏ အမြင်အရပြောရလျှင် ဤအရာသည် လူသားတစ်ယောက်မဟုတ်တော့ချေ။ ခေါင်းအစ ခြေအဆုံး မွန်းစတားကြီးတစ်ကောင် ဖြစ်နေသည်။
ထူးခြားသည့် စွမ်းအင်များနှင့် ဖြစ်တည်လာခဲ့သော စိတ်ဝိညာဉ်သားရဲများသည် လက်ရှိအချိန်မှာတော့ ကြောက်ရွံ့နေကြ၏။ ၎င်းတို့အားလုံးသည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားနေကြရ၏။
ဖောက်
ထိုအချိန်မှာပဲ ရီရှင်းချန်သည် ရှေ့ဆီသို့ ခက်ခက်ခဲခဲ လှမ်းလျှောက်ထွက်လာ၏။ သူ၏မျက်လုံးများသည် နီရဲလျက်ရှိနေပြီး သူ၏ ညာဖက်လက်တစ်ခုလုံးသည် မီးအပူပေးထားသော သံမဏိချောင်းကဲ့သို့ပင် ဖြစ်တည်နေ၏။ လက်ထဲတွင် ကိုင်ထားသော ပုဆိန်ကြီးသည်လည်း မီးကင်ထားသကဲ့သို့ပင် နီတွတ်လျက်ရှိ၏။
"ဒါ နတ်ဘုရားစွမ်ရည်တစ်ခုလား၊ အဆင့်မြင့် သိုင်းနည်းစနစ်တစ်ခုများလား"
ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကို ကြည့်ရှုပြီးနောက် လာရောက်ကာ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ခန့်မှန်းမိနေကြသည်။
သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ လျိုဝမ်ရှစ် ချက်ပြုတ်ထားသော ငါးအစပ်ဟင်းကို စားသုံးပြီးနောက် စွမ်းအင်များ ပေါက်ကွဲထွက်မလို ဖြစ်နေခြင်းပင်။ ထို့ပြင် ပါးစပ်ထဲတွင် ရှိနေသော အစပ်အရသာသည် မည်သို့မျှ မခံစားနိုင်တော့ဘဲ ပါးစပ်ထဲမှ မီးတောက်များ ထွက်ပေါ်လုမတတ်ပင် ။
လက်ရှိအချိန်မှာတော့ ရီရှင်းချန်သည် ကြောက်မက်ဖွယ်ရာကောင်းလှသော နွားထီးကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ စိတ်ဝိညာဉ်သားရဲရှစ်ကောင်တို့သည် အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို တွန့်လိမ်ကာဖြင့် ထွက်ပြေးရန် ကြိုးစားကြသည်။
"……." သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။
အဆင့်ငါး သို့မဟုတ် အဆင့်လေး သိုင်းကျင့်ကြံသူများသည် ဤကဲ့သို့သော အော်ရာမျိုးကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဤမီးတောင်ကဲ့သို့ ဖြစ်တည်နေသော လူသားသည် စိတ်ဝိညာဉ်သားရဲ ရှစ်ကောင်တို့ကို ထွက်ပြေးအောင် ပြုလုပ်နေ၏။ ထိုသို့သော ကိစ္စမျိုးကို သူတို့ကြားတောင် မကြားဘူးချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ မျက်မြင်ကိုယ်တွေ့ တွေ့နေရသည်။
"သေစမ်း"
အလွန်အားကောင်းလှသော အခြေအနေတွင် ရှိနေသော ရီရှင်းချန်သည် တစ်ဖက်လူများအား အဘယ်သို့ လွှတ်ပေးတော့မည်နည်း။ တစ်ချိန်တည်း လေထဲသို့ ခုန်တက်ပြီးနောက် လက်ထဲတွင် ရှိနေသော ပုဆိန်ကြီးကို ဝေ့ရမ်းကာဖြင့် အားလုံးသော စိတ်ဝိညာဉ်သားရဲများကို သတ်ဖြတ်ပစ်လိုက်တော့၏။
ရွှီ …။
ကြက်သွေးရောင် တောက်လျက်ရှိနေသော မီးတောက်များသည် နေရာအနှံ့ဆီသို့ တောက်လောင်လျက် ရှိနေ၏။ ခနလောက်ကြာပြီးသည့်နောက် ရီရှင်းချန်သည် သူ၏ပုဆိန်ကြီးအား မြေပေါ်သို့ ပစ်ချလိုက်၏။ မတူညီသည့် နေရာအသီးသီးမှာတော့ စိတ်ဝိညာဉ်သားရဲ ရှစ်ကောင်တို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားပြီ ဖြစ်သည်။
၎င်းတို့ထင်မှတ်ထားသည်မှာ အမှန်ပင် ဖြစ်၏။ ဤမီးတောင်ကဲ့သို့ ပေါက်ကွဲထွက်မလို ဖြစ်နေသော ဤလူသားသည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သူတို့အနေဖြင့် ထွက်ပြေးခြင်းကိုပင် မပြုလုပ်နိုင်ကြတော့ချေ။
"ကြောက်စရာပဲ။ ဒါတကယ့်ကို ကြောက်ဖို့ကောင်းတယ်"
သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့၏ အားအင်အဆင့်သည် ဝိညာဉ်သားရဲများနှင့် ယှဉ်ပြိုင်၍ရနိုင်သော အားအင်အဆင့်ဖြစ်၏။ သို့ပေမဲ့ သူတို့အားလုံးသည် ဝိညာဉ်သားရဲ ရှစ်ကောင်လုံးကိုတော့ သတ်ဖြတ်နိုင်ခြင်း မရှိကြချေ။ မည်ကဲ့သို့သော အံ့အားသင့်စရာ စွမ်းအင်မျိုးကို ပိုင်ဆိုင်သောကြောင့် တစ်ဖက်လူသည် ကြီးမားလှသော စွမ်းအင် ထုတ်ဖော်နိုင်နေသနည်းကို ၎င်းတို့ မသိရှိဟြူး ဟူး …။
ရီရှင်းချန်သည် အလွန်မောပန်းလျက် ရှိနေ၏။ သူ့အနေဖြင့် စွမ်းအင်များကို အလွန်အကျွံ ထုတ်သုံးသောကြောင့် ပင်ပန်းနေခြင်း မဟုတ်ချေ။ ပါးစပ်ထဲတွင် ရှိနေသော အစပ်အရသာသည် သူ၏ အာရုံကြောနှင့် ဦးနောက်ကို သတ်ရောက်မှု ဖြစ်စေသောကြောင့်ပင်။
"တိုက်ခိုက်မယ်"
ရီရှင်းချန်သည် ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီးနောက် လူအုပ်ဆီသို့ အကြည့်စိုက်လိုက်၏။ လက်ထဲတွင်တော့ ကောင်းကင်ပုဆိန်ကြီးသည် ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ထိုပုဆိန်ကြီးသည် မီးများတောက်လောင်လျက် ရှိနေ၏။
"မကောင်းတော့ဘူး။ ဒီကောင် ရူးနေပြီပဲ။ နောက်ကိုဆုတ်ကြ။ နောက်ကိုဆုတ်ကြ"
သိုင်းကျင့်ကြံသူများသည် အလျင်အမြန်ပဲ ပြန်လည်ထွက်ခွာသွားခဲ့ကြ၏။ ၎င်းတို့ထဲတွင် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် အမြူတေပြောင်းလဲခြင်း ကျင့်ကြံသူများလည်း ပါဝင်လျက်ရှိနေ၏။ သို့ပေမဲ့ တစ်ဖက်လူူ၏အော်ရာများသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ ထို့ကြောင့်အားလုံးသောသူများ ကြောက်ရွံ့ကြသည်မှာ သဘာဝပင် ဖြစ်သည်။
အားလုံးသောသူများ ထွက်ပြေးသွားသည်ကို သိရှိပြီးနောက် ရီရှင်းချန်သည် သူ၏တိုက်ခိုက်လိုစိတ်များကို ဖိနှိပ်ပြီး ပုံရိပ်ယောင် ဝိညာဉ်အစီအရင်မှ အလျင်မြန်ဆုံး ပြန်လည်ထွက်ခွာလိုက်၏။
သူသည် စမ်းချောင်ငယ်လေးတစ်ခုကို အရင်ဆုံးရှာဖွေပြီးတော့ ပါးစပ်ထဲတွင် ရှိနေသော အစပ်အရသာများ ပျောက်ကွယ်သွားစေရန် ရေများကို ရူးရူးမူးမူး သောက်သုံးလျက်ရှိသည်။
အဆုံးသတ်မှာတော့ သူသည် ရေသောက်လေ ပိုမိုကာ ရေဆာလာလေဖြစ်၏။ ငါးအစပ်ဟင်း တစ်ပန်းကန်ကို စားသုံးပြီးနောက် ဘေးထွက်ဆိုးကျိုးသည် အချိန်အတော်ကြာ ကြာမြင့်ခဲ့၏။ သူ၏ အသားရောင်တစ်ခုလုံးသည် သွေးကဲ့သို့ပင် နီတွတ်လျက်ရှိနေတော့၏။
"စပ်လိုက်တာ။ တအားစပ်လွန်းတယ်"
တောနက်ထဲမှာတော့ ရီရှင်းချန်သည် ကျယ်လောင်စွာ အော်ဟစ်လျက် ရှိ၏။ ထိုအသံသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသို့ပင် ပဲ့တင်ထပ်လျက် ရှိသည်..။
ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ရီရှင်းချန်၏ ကိစ္စများကို သိရှိပြီးနောက် ပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ "ဒီကောင် ပို့လိုက်တဲ့ဟာတွေကို တစ်ခါတည်းအကုန်စားလိုက်တာတော့ မဟုတ်ပါဘူးနော်"
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာသည်။ "စမ်းသပ်ပြီးသွားပါပြီ။ ဟင်းပွဲတစ်ခုလုံးကို စားလိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံးက နီရဲသွားပါလိမ့်မယ်။ "
"တခြားဘေးထွက်ဆိုးကျိုးတွေ ရှိသေးလား"
"မရှိပါဘူး"
"ဒါဆိုလည်း ကောင်းတာပဲ"
ကျွင်းချောင်ရှောင်းက စိတ်သက်သာရာ ရသွား၏။ ပြီးနောက် မေးလိုက်သည်။ "ဒါနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်ပြောင်းသွားတာက ဘယ်လောက်ကြာမှာလဲ"
"အင်း"
လျိုဝပ်ရှစ်သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ "အရည်အသွေးအရဆိုရင် အမြန်ဆုံးက ဆယ်ရက်နဲ့ အနည်းဆုံးဆိုရင် နှစ်လက သုံးလအထိ ကြာမယ်ထင်တယ်"
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် မေးလိုက်မိသည်။ "ဘယ်လိုစမ်းသပ်ခဲ့တာလဲ"
"ဟောခန်းသခင်ကျိကို ငါးဟင်းတစ်ပန်းကန်လုံး ကျွေးလိုက်တာလေ"
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ စိတ်ဝိညာဉ်အာရုံကိုဖြန့်ကာ စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်သို့ ကြည့်ရှုလိုက်သည့် အခါမှာတောာ့ ခန္ဓာကိုယ်တစ်ခုလုံး နီရဲလျက်ရှိနေပြီး လျှာကိုထုတ်ကာ တစ်ဟူးဟူးလုပ်လျက်ရှိနေသော ခရမ်းရောင်ဘုရင်ကို မြင်လိုက်ရတော့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးသွေးတုံးကြီးကဲ့သို့ပင် နီတွတ်နေသည်။
"ဟင်း …. ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် … ကျိ"
ရီရှင်းချန်သည် သူကိုအနီရောင်အဖြစ် ပြောင်းလဲသွားစေသည့် အခက်အခဲကို ကြံကြံခံရင်ဆိုင်ပြီး သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်လျက် ရှိနေ၏။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည်လည်း ကျင့်ကြံခြင်း သို့မဟုတ် တာဝန်များကို ပြုလုပ်ရင်းနှင့် ထုံးစံအတိုင်း အလုပ်များနေကြသည်။ ဤအတောအတွင်း ထိုက်ရွှမ်အကြီးအကဲသည် ကျွဲရိုင်းစက်ရုပ်ကို အဆင့်မြင့်တင်ထား ခဲ့သည်။
အဆင့်မြင့်တင်ထားသော စက်ရုပ်များသည် သားရဲစီးဟောခန်းဆီသို့ တစ်ခုပြီးတစ်ခု ရောက်ရှိနေခဲ့သည်။ အရေအတွက်သည် တစ်ရာမှနှစ်ရာ၊ သုံးရာအထိ ဆက်တိုက်တိုးတက်နေခဲ့၏။
ကျွင်းချောင်ရှောင်းသည် ရံဖန်ရံခါဆိုသလို လာရောက်ပြီး စစ်ဆေး၏။ စက်ရုပ်အား လေ့ကျင့်ရန်အတွက် အသက်သွင်းနေသည့် အဖွဲ့ဝင်များကို မြင်ရသည့်အချိန်မှာတော့ သူသည် တပြုံးပြံးနှင့် ဖြစ်လို့နေခဲ့သည်။
ဂိုဏ်းသည် လုံလောက်အောင် အားမကောင်းသေးချေ။ ထို့ကြောင့် သူ့အနေဖြင့် အခြားသော အဆင့်မြင့်ဂိုဏ်းများအား စိန်ခေါ်၍ မဖြစ်နိုင်သေးချေ။
သူ့တွင် ကျွဲရိုင်းစက်ရုပ် အရေအတွက်တော်တော်များများ ရှိနေသည်ဆိုပါက အရေးအကြောင်း အခြေအနေမျိုး တွင် တိုက်ခိုက်နိုင်လိမ့်မည်။ အရေအတွက်အားဖြင့် ကျွဲရိုင်းစက်ရုပ် တစ်ထောင်မှ တစ်သောင်းနီးပါးခန့်ရှိလျှင် အကောင်းဆုံးဖြစ်၏။
စနစ်သည် ဆွံ့အသွားသည် "စားလိုက်အိပ်လိုက်။ စက်ရုပ်တွေထဲဝင်ပြီး တိုက်ခိုက်ဖို့စဉ်းစားလိုက်နဲ့ ဟုတ်နေတာပဲ။ မင်းက ကြိုးကြိုးစားစားနဲ့ လေ့ကျင့်နေကြတဲ့ ကျင့်ကြံခြင်းလောကအတွက် အဆိပ်ပဲ"
"ဘာလို့လဲ"
ကျွင်းချောင်ရှောင်းသည် သေသေချာချာ စဉ်းစားမနေချေ။ "ဒီမှာ ဒီလိုမျိုးတွေလုပ်ပေးဖို့ ခွင့်မပြုပေးထားဘူးလား"
သာမန်ကျင့်ကြံသူများသည် ၎င်းတို့၏ အရင်းအမြစ်များကို ရှာဖွေရင်း အချိန်များကို ကုန်ဆုံးခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ စက်ရုပ်များကို ဖန်တီးရင်း အခြားသူများကို တိုက်ခိုက်ရန် စီစဉ်လျက် ရှိနေသည်။ ဤအရာသည် ကျင့်ကြံခြင်းလောက ကိုသွေဖယ်အောင် ပြုလုပ်နေခြင်းနှင့်ပင် ဆင်တူလှ၏။
"ဆိုးတာပဲ"
ကျွင်းချောင်ရှောင်းအနေဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ငါ့အနေနဲ့ အစစ်အမှန်တိုက်ခိုက်မှုပုံစံကို စမ်းသပ်ဖို့ အခွင့်အရေးမရသေးတာပဲ"
သူ့တွင်များပြားလှသော ကျွဲရိုင်းစက်ရုပ်များ တည်ရှိနေ၏။ သို့ပေမဲ့ ထိုအရာများကို အသုံးပြု၍ အစစ်အမှန်တိုက်ပွဲတစ်ခု မတိုက်ခိုက်ရသေးချေ။ ထို့ကြောင့် များပြားလှသော ကျွဲရိုင်းစက်ရုပ်များကို အသုံးပြု၍ ဝင်ရောက်ကာ တိုက်ခိုက်မည်ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို ခန့်မှန်းရန် ခက်ခဲလွန်းလှသည်။
ဤကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်ကို အပြစ်တင်ရမည်ဆိုလျှင် သူ၏ဆရာ ကြီးမြတ်သူ တုံးကုကိုသာလျှင် အပြစ်တင်ရေပမည်။
အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သူတုံကုသည် အလွန်စွမ်းအားကြီးသောကြောင့် အခြားသောဂိုဏ်းများသည် ကုန်းရှန့်အား လာရောက် အနိုင်မကျင့်ရဲကြချေ။ ထို့ကြောင့် ကုန်းရှန့်အနေဖြင့် ၎င်း၏ တိုက်ခိုက်ရေး အတွေ့အကြုံကို ကောင်းကောင်းပင် မစမ်းသပ်ရဟု ဆိုရမည်။ အောက်နယ်မြေတုန်းကတော့ သူသည် ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် ဟောင်ချီဂိုဏ်း၊ နတ်စမ်းချောင်းဂိုဏ်း စသည့် ဂိုဏ်းပေါင်းများစွာနှင့် ပြဿနာတတ်ခဲ့ရ၏။ လက်ရှိအချိန်မှာတော့ အလွန်ပင် သာသာယာယာနှင့် နေထိုင်နေရ၏။
"သခင်"
အားရာ၏ အသံသည် သူ၏နားထဲ၌ ေ"ဒီလူနဲ့ ဆက်ပြီးတော့ ညှိနှိုင်းဆွေးနွေးအုန်းမှာလား"
မည်သူနည်း။ အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှုုးပင် ဖြစ်၏။ များပြားလှသည့် ကိစ္စများကို ပြုလုပ်နေရသောကြောင့် သူသည် တစ်ဖက်လူအား ထျန်းယွမ်အကျဉ်းထောင်ထဲတွင် ပိတ်ထားကြောင်း မေ့ပင်မေ့နေမိ၏။ အားရာသာ သတိမပေးပါက သူသည် တစ်ချက်ကလေးမှ သတိရလိမ့်မည် မဟုတ်ချေ။
ဝှစ်
အတွေးတစ်ချက်နှင့်ပင် သူသည် အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခဲ့၏။ ပထမထပ်ဆီသို့ ရောက်ရှိသွားသည့် အခါမှာတော့ သူသည် မတ်တပ်ပင် မရပ်ရသေးချေ။ အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှုုးသည် တုန်တုန်ယင်ယင် ဖြင့် ရောက်ရှိလာကာ ပြော၏။ "ကျုပ်ပြောမယ်။ ကျုပ် အရာအားလုံးကို ပြောပါမယ်"
မေ့လျော့နေသည့် အချိန်အတောအတွင်းတွင် တစ်ဖက်လူသည် အားရာ၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ လက်ရှိအချိန်မှာတော့ သူ့ကိုယ်ကိုသူ လူသားလား၊ သရဲလားဟုပင် ခွဲခြားနိုင်စွမ်း မရှိတော့ချေ။
"ဒါဆိုရင် အသုဘခန်းဆောင်က ဘယ်နေရာမှာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
"အနောက်ဖက် ပင်လယ်မှာပါ"
"အင်း … ကျွန်းပေါ်မှာပေါ့ "
အသုဘခန်းဆောင်၏ ဂိုဏ်းခွဲမှုးက ပြောလိုက်၏။ "အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း နဲ့ အဓိက ကလန်တွေ၊ မွန်းစတားကလန်တွေက ပူးပေါင်းပြီးတော့ နတ်ဆိုးဘိုးဘေးကို သတ်ဖြတ်ပစ်ခဲ့တယ်။ နောက်တော့ အသုဘခန်းဆောင်က အနောက်ဖက်ပင်လယ်ဆီ ရွေ့ပြောင်းခဲ့ကြတယ်။ သူတို့အနေနဲ့ စည်းအစီအရင်တွေ ပြုခဲ့ရုံတင်မကဘူး၊ ထောင်ချောက်တွေကိုလည်း လုပ်ထားသေးတယ် "
နတ်ဆိုးဘိုးဘေးအကြောင်းပြောရလျှင် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးရေစက်နေရာကြီးအား ပြန်လည်ကာ သတိရသွားမိ၏။ ထိုအရာကြီးသည် နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန်နိုင်မည့် အရာများထဲမှ တစ်ခုဟုလည်း ပြောဆိုခဲ့၏။ ထို့ကြောင့် သူကမေးလိုက်သည်။ "နတ်ဆိုးဘိုးဘေးဆီမှာ တရြှိသေးတယ် မဟုတ်လား"
အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှုုးသည် ကြောင်အသွား၏။ နတ်ဆိုးဘိုးဘေးတွင် ပြန်လည်ရှင်သန်နိုင်သည့် အရာတစ်ခု ထပ်၍တည်ရှိနေခြင်းမှာ အသုဘခန်းဆောင်၏ လျို့ဝှက်ချက်ပင် ဖြစ်၏။ အဘယ့်ကြောင့် တစ်ဖက်လူက သိရှိသွားရသနည်း။
"သူမပြောဘူးနဲ့တူတယ်"
"ပြော …. ပြောပါ့မယ်"
အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှုုးသည် အလောတကြီးဖြင့် ပြောလိုက်၏။ "နတ်ဆိုးဘိုးဘေးက သူ့ရဲ့ သန္ဒေနတ်ဆိုးခန္ဓာကိုယ်ကို အပိုင်းတွေခွဲပြီးတော့ အောက်နယ်မြေဆီ စေလွှတ်ခဲ့တယ်။ ပြီးတော့ သင့်တော်တဲ့ ဆက်ခံသူတွေကို ရှာရမှာပေါ့။ အဲဒီ ဆက်ခံသူတွေက အထက်နယ်မြေကို တက်လာနိုင်ရင် သွေးကန်ကြီးကို အသက်သွင်းပြီးတော့ နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို ပြန်ရရှိနိုင်လိမ့်မယ်"
"သူက ဘယ်နှစ်ခုလောက် ခွဲခဲ့တာလဲ"
"ဆယ်ခုပါ"
"အခု ဘယ်နှစ်ခုလောက် အထက်န်မြေကို ရောက်နေပြီလဲ"
"ကိုးခုပါ"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ "ဆိုလိုတာက သန္ဒေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ အခြားကျင့်ကြံသူတစ်ယောက်သာ အထက်နယ်မြေကို တက်လာနိုင်ခဲ့ရင် နတ်ဆိုးဘိုးဘေးကြီးက သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ရရှိသွားမှာပေါ့"
"ဒါက အမှန်ပဲ"
အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှုုးသည် မေးသမျှမေးခွန်းများကို ပြန်လည်ကာ ဖြေဆိုခဲ့၏။ သူ့အနေဖြင့် ဤအတောအတွင်းတွင် မည်မျှခက်ခဲ့သည့် အရာများကို ကျော်ဖြတ်ခဲ့ရသည်ဆိုသည်ကို သူသာလျှင် သိရှိပေလိမ့်မည်။
…………
ဗွက် ဗွက်
ယစ်ပုလ္လင်နှင့် ဆင်တူနေသည့် မဲမှောင်သည့် တည်နေရာကြီးမှာတော့ သွေးကန်ကြီးသည် ပွက်ပွက်ဆူလျက် ရှိနေ၏။
"လာပြီ လာပြီ"
တည်နေရာလေးခုတွင် ထိုင်လျက်ရှိနေသော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုလေးယောက်တို့သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဆယ်ယောက်မြောက် သန္ဒေနတ်ဆိုးခန္ဓာပိုင်ရှင်က အထက်နယ်မြေကို တက်လာခဲ့ပြီပဲ"