အခန်း ၁၅၀၈
Vol. 102 Ch. 1508
အပိုင်း (၁၅၀၈)
နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန်နိုင်မှု အစီအရင်များထဲမှတစ်ခုသည်နတ်ဆိုးကျင့်ကြံသူများ၏ သွေးနှင့် ဝိညာဉ်ကို အသုံးပြုကာဖြင့် ပြန်လည်ရှင်သန်ခြင်း အစီအရင်ကို ဖန်တီးခြင်းဖြစ်၏။ဤနေရာသည်နတ်ဆိုး ရေစက်နယ်မြေကြီးပင်ဖြစ်၏။အဆုံးသတ်မှာတော့ထိုအရာများ အားလုံးသည် ကျွင်းချောင်ရှောင်းကြောင့်ပျက်စီးခဲ့ရ၏။ ထို့အပြင်ရောင်မုန့်ယဉ်ကလည်း သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အမွေဆက်ခံ ရရှိခဲ့ရ၏။
ဒုတိယမြောက် ပြန်လည်ရှင်သန်ခြင်းအစီအရင်သည်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကိုပိုင်ဆိုင်သည့်လူဆယ်ယောက်အထက်နယ်မြေ ဆီသို့တက်လှမ်းလာသည်ကို စောင့်ဆိုင်းရန်ဖြစ်၏။ ပြီးသည့်နောက်မှာတော့သွေးကန်ကြီးကို အသုံးပြု၍ ပြန်လည်ရှင်သန်အောင် ကြိုးစားပြီး အားလုံး၏ အလယ်တွင်ထင်ရှားသည့်လူတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာမည်ဖြစ်သည်။
အစီအရင်နှစ်ခုလုံးတွင်တူညီသည့်အရာတစ်ခုရှိသည်။ထိုအရာမှာ မူရင်းခန္ဓာကိုယ်ကို ပြန်လည်ရယူရန် ပင်ဖြစ်၏။ဆိုလိုသည်မှာ နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်ဝိညာဉ်သည်ဖျက်ဆီးမခံရ သေးပေ။ ထို့အတူ ၎င်းအနေဖြင့် ခန္ဓာကိုယ်မရှိဘဲ ပြန်လည်ရှင်သန်နိုင်ရန် မဖြစ်နိုင်ချေ။
“အင်း”
ကျွင်းချောင်ရှောင်းအနေဖြင့်ခေါင်းကို ခါယမ်းကာဖြင့်သက်ပြင်းချလိုက်သည်။ “ဒီလိုဆရာကြီးတွေ ပြန်လည်ရှင်သန်နိုင်ဖို့ဆိုတာက အရမ်းကို ခက်ခဲနေတာပဲ။ ရီရှင်းချန်နဲ့ဖေးအားညိုတို့ရဲ့ဝိညာဉ်တွေဘယ်လို ပြန်ပြီး ခွဲခြားပေးနိုင်မလဲ။ နေအုံး...”
သူ၏ မျက်လုံးများသည်လင်းလက်သွားခဲ့၏။ “နတ်ဆိုးဘိုးဘေးဆီမှာ ခန္ဓာကိုယ်ကို ပြန်လည်ဖြစ်တည်နိုင်စေတဲ့ နည်းလမ်းတစ်ခုခု ရှိနေတယ်ဆိုရင်ငါက ဘာလို့လုပ်လို့မရရမှာလဲ”
ရီရှင်းချန်နှင့်ဖေးအားညိုတို့၏ဝိညာဉ်များသည် ခန္ဓာကိုယ်တစ်ခုတည်းတွင်အတူပူးပေါင်း ဖြစ်တည်နေခဲ့၏။ ထိုအရာများကို အတည်ပြုပြီးသည့်နောက်မှာတော့လက်ရှိပြဿနာသည်တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ရုံနှင့် မပြီးတော့ချေ။တခြားသော တစ်စုံတစ်ယောက်အတွက် ခန္ဓာကိုယ်ကို ဖန်တီးပေးမှ ဖြစ်ပေလိမ့်မည်။ထိုမှသာလျှင် ပြဿနာ ကို ဖြေရှင်းပြီးလိမ့်မည်မဟုတ်ပါလား။
စနစ်က ပြောလိုက်၏။ “လက်ခံသူရဲ့အကြံအစည်က အခု ခန္ဓာကိုယ်ကို ပြန်လည်ရရှိအောင် ကြိုးစားနေတဲ့ နတ်ဆိုးဘိုးဘေးဆီကနေ လုယူဖို့အစီအစဉ် ဖြစ်လိမ့်မယ်”
တွေးတောလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်သူ၏ နဖူးကို ပိတ်ရိုက်ကာဖြင့်ပျော်ရွှင်စွာ ပြောလိုက်မိ၏။ “ဒါက အကြံအစည်ကောင်းပဲဟ”
“........”
စနစ်သည်ဆွံ့အသွားမိ၏။ “မင်းတွေးနေတာ အဲတာ မဟုတ်ဘူးလား”
သူ့အနေနှင့် ပြောဆိုသည်မှာ များသွားသည်သာ မက ကျွင်းချောင်ရှောင်းအား ရဲတင်းသည့်အကြံအစည်တစ်ခုကို ပြုလုပ်ရန် အကြံပေးခဲ့ခြင်းလည်း ဖြစ်နေလေသည်။
အကယ်၍နတ်ဆိုးဘိုးဘေးသည်သာ ပြန်လည်ရှင်သန်ချင်သည်ဆိုပါက ကျိန်းသေပေါက်ထိုခန္ဓာကိုယ်ကို ပြန်လည်လုယူရမှာဖြစ်၏။ ပြီးသည့်နောက်ရီရှင်းချန်သို့မဟုတ်ဖေးအားညို၏ဝိညာဉ်ကို ထိုအထဲသို့ထည့်သွင်းလိုက်မည်ဆိုလျှင် ၎င်းတို့နှစ်ယောက်သည်မတူညီသည့်လူများအဖြစ်သို့ပြောင်းလဲသွားမှာဖြစ်၏။သို့ပေမဲ့ အန္တရာယ်ဖြစ်ထွန်းနိုင်မှုသည်ကြီးမားလှ၏။
ပိုမို၍ အရေးကြီးသည်မှာ ဆယ်ယောက်မြောက်သနေတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်သည်မည်သည့်အချိန်တွင်အထက်နယ်မြေသို့တက်လှမ်းလာမည်ကို မသိချေ။ နှစ်ပေါင်း တစ်ထောင်ကြာမည်သို့မဟုတ် နှစ်ပေါင်း တစ်သောင်းလောက် ကြာမြင့်မည်ဆိုလျှင်အရမ်းဝေးကွာသွားပေလိမ့်မည်။
စနစ်က ပြောလိုက်၏။ “လက်ရှိအခြေအနေမှာ စတိုးကို အားကိုးတာပဲ ကောင်းလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုကို မပြောနဲ့။အနည်းဆုံး ဝိညာဉ်နှစ်ခုကို ခွဲခြားနိုင်တဲ့နည်းလမ်းရှိမှာပဲလေ။ အခက်အခဲနဲ့စွန့်စားရမှုကလည်း နည်းပါးလိမ့်မယ်”
သူ့အနေနှင့် ကြုံတုန်း အရည်အသွေးပြည့်မီလှသော အရောင်းသမားတစ်ယောက်၏အစွမ်းအစ ကို ထုတ်ပြခဲ့ခြင်းပင်ဖြစ်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည်သက်ပြင်းထပ်ချကာဖြင့်ပြောလိုက်မိ၏။ “ဒီတစ်လမ်းပဲ ရှိတော့တာကိုး”
ရီရှင်းချန်နှင့်ဖေးအားညိုတို့အား မတူညီသည့်လူနှစ်ယောက်အဖြစ်သို့ခွဲခြားနိုင်ရန်ဆိုသည်မှာ အချိန်ကိုက်ရန်နှင့်ကံကောင်းရန်လည်း လိုအပ်နေသေး၏။ အလျင်လို၍ မဖြစ်ချေ။သို့ပေမဲ့ကုန်းရှန့်အနေနှင့် နတ်ဆိုးဘိုးဘေး၏ ခန္ဓာကိုယ်ဖြစ်တည်ခြင်း အခြေအနေတစ်ခုအား မမေ့မလျော့စဉ်းစားထားရန်ဆုံးဖြတ်ထားသည်။ ပြီးနောက်သူက ပြောလိုက်သည်။ “ခင်ဗျားပြောတဲ့သွေးကန်ဆိုတာ ဘယ်နေရာမှာလဲ”
“အသုဘခန်းဆောင်ရဲ့ဌာနချုပ်မှာပဲ”
“ဒါဆိုရင်အဲဒီဌာနချုပ်က ဘယ်မှာလဲ”
“ဒါက …”
ဖြောင်း
အားရာသည်လက်ကို ဝှေ့ယမ်းလိုက်သည်။ ပြီးနောက်ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို ထုတ်ယူကာဖြင့်မြေပေါ်သို့ခပ်ကြမ်းကြမ်း ရိုက်နှက်လိုက်၏။ သူမ၏ မျက်နှာလေးသည်တင်းမာခက်ထန်လျက်ရှိသည်။
အသုဘခန်းဆောင်၏ဂိုဏ်းခွဲမှူးသည်အလောတကြီးဖြင့်ပြောလိုက်သည်။ “ဌာနချုပ်ကို တစ်ခါမှမရောက်ဘူးပါဘူး။ တကယ့်ကို အရေးကြီးတဲ့လူတွေကသာ ဌာနချုပ်ဘယ်မှာရှိလဲဆိုတာ သိတယ်။ ပြီးတော့အဓိကဌာနကြီးတစ်ခုက ပင်လယ်နတ်ဘုရားမြို့မှာ တည်ရှိတယ်ဆိုတာကိုတော့ ကျုပ်သိတယ်။ပုံမှန်ဆိုရင်အရေးကြီးတဲ့လူတွေအကုန်လုံးက အဲကိုသွားပြီး အစည်းအဝေး တက်ကြရတယ်လေ”
တစ်ချိန်လုံး အမှောင်ထဲမှာ တည်ရှိနေသည့်အမှောင်ဂိုဏ်းတစ်ခုဖြစ်ပြီး နယ်မြေဟောခန်းနှင့် အချိန်တိုင်း တိုက်ခိုက်လျက်ရှိနေသည့်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်မို့ လျှို့လျှို့ဝှက်ဝှက်နှင့်တည်ရှိနေသည်မှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့၏အဓိက အဖွဲ့ဝင်များသည်သာ ဌာနချုပ်ကို သိရှိနိုင်ပေလိမ့်မည်။တခြားသော အဖွဲ့ဝင်များ သိရှိနိုင်ရန်မှာ အလွန်ခက်ခဲမှာသေချာ၏။
နတ်ဆိုးဘိုးဘေးရဲ့ဒုတိယမြောက် ပြန်လည်ရှင်သန်နိုင်မှုအစီအစဉ်အတွက်ကတော့ဌာနခွဲမှူးတစ်ယောက်သည်အဘယ်သို့သိရှိနေသနည်း။ ပြောရမည်ဆိုလျှင်ဤအရာကြီးသည် လျှို့ဝှက်ချက် ကြီးကြီးမားမား မဟုတ်သော ကြောင့်ပင်။ထို့အပြင်နတ်ဆိုးရေစက်နယ်မြေကြီးဆိုလျှင်အထက်နယ်မြေမှစွမ်းအားမြင့်ကျင့်ကြံသူများ အားလုံး သည်နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်နိုင်သည့် အခွင့်အရေးဖြစ်ကြောင်း သိရှိပြီးသားဖြစ်၏။သို့ပေမဲ့သိရှိသည်က သိရှိသည်သာ ဖြစ်ပေလိမ့်မည်။တစ်ဖက်လူအား တားဆီးရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
နတ်ဆိုးဘိုးဘေးသည်နတ်ဆိုးရေစက်နယ်မြေကို ဖန်တီးသည့်အချိန်တွင်အထက်နယ်မြေ၏ မူလအရင်းအမြစ်နှင့်ချိတ်ဆက်၍ဖန်တီးခဲ့၏။ထို့ကြောင့်အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် များပြားလှသော ဂိုဏ်းအသီးသီးတို့သည်နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်နိုင်သည့် အခြေအနေတစ်ခုကို ဖြစ်တည်စေခဲ့သည်ဆိုလျှင်တောင်မှတားဆီး၍ မရနိုင်ခဲ့ကြပေ။
အကြံအစည်သည်မဆိုးလှချေ။သို့ပေမဲ့အကြံအစည်သည် ကျွင်းချောင်ရှောင်းနှင့် ထိပ်တိုက်တွေ့လျက်ရှိ၏။ တစ်ချိန်လုံး ဆာဗာခိုးလျက်ရှိသည့် ကျွင်းချောင်ရှောင်းလို လူမျိုးနှင့် တွေ့သည့်အချိန်မှာတော့ နှစ်ပေါင်းသောင်းချီဖန်တီးခဲ့သည်အစီအစဉ်သည်ပျက်စီးသွားခဲ့ရ၏။ အစီအရင်သည်ပျက်စီးသွားခဲ့သည်သာမက ရောင်မုန့်ယဉ်သည်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ရရှိခဲ့သည့်အပြင် ကျွင်းချောင်ရှောင်းသည်လည်း ကျောက်ရုပ်တု မျိုးနွယ်၏ သွေးမျိုးဆက်နှင့်ပေါင်းစပ်နိုင်ခဲ့သည်။
..............
ပင်လယ်နတ်ဘုရားမြို့
အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည်မြေပုံတစ်ခုကို ထုတ်ယူကာ ကြည့်ရှုပြီးသည့်နောက်ဤမြို့သည်အနောက်ဘက်ကမ်းခြေမြို့များထဲမှတစ်ခုဖြစ်ကြောင်း သိရှိလိုက်၏။တည်နေရာအရဆိုလျှင်အနောက်ဘက်ပင်လယ်၏အနီးစပ်ဆုံးတွင်တည်ရှိနေ၏။
“နတ်ဆိုးနယ်မြေက အနောက်ဘက်ပင်လယ်ထဲမှာ စည်းခတ်ခံထားရတယ်လို့ ကြားတယ်လေ။ ဒီတော့အသုဘ ခန်းဆောင်က အရေးကြီးတဲ့ဂိုဏ်းခွဲတစ်ခုကို ဒီနေရာမှာလာပြီးတည်ဆောက်ထားတာ ရည်ရွယ်ချက်ရှိရမယ်”ကုန်းရှန့်ကတွက်ချက်လိုက်သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က အော်ဟစ်လိုက်၏။ “ထွက်လာပြီးတော့ ကြည့်ပါအုံး”
ကျွင်းချောင်ရှောင်းသည်အဓိကဟောခန်းထဲမှထွက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့အနောက်ဘက်အရပ်၌ အမဲရောင်အလင်းတန်းကြီးတစ်ခုသည်ကောင်းကင်ပေါ်သို့ထိုးတက်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုအမဲရောင်အလင်းတန်းကြီး၏ အပေါ်တွင်ထူးဆန်းလှသည့်အရေးအကြောင်းများ ဖြစ်တည်နေ၏။ ဘေးအန္တရာယ်တစ်ခုခု ရောက်ရှိလာတော့မည့်ဟန်ပင်မျိုးပင်။
သူသည်အံ့အားသင့်သွားမိ၏။ “ဒါက ရတနာတစ်ခုခု ဖြစ်တည်လာတာမျိုးလား”
မဟုတ်ပေ။ အရောင်မှာ မှားယွင်း လျက်ရှိနေ၏။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝရတနာများ ဖြစ်တည်လာသည့်အခြေအနေ၌ အလင်းတန်းများ သည်တလက်လက်တောက်ပနေပြီး ကြည့်ကောင်းလွန်းလှ၏။သို့ပေမဲ့လက်ရှိကောင်းကင်ပေါ်သို့ထိုးတက်နေသည့်အလင်းတန်းများမှာ အမဲရောင်ဖြစ်ပြီး ခြောက်ခြားဖွယ်ရာ ကောင်းလွန်းနေ၏။ ရတနာတစ်မျိုးမျိုး ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပေါ်လာသည်နှင့် ဆင်တူနေသည်။
“အနောက်ဘက်အရပ်”
ကျွင်းချောင်ရှောင်း၏ အမူအရာသည်ပြောင်းလဲသွားခဲ့၏။ ပြီးနောက်ပြောလိုက်သည်။ “နတ်ဆိုးဘိုးဘေးကြီးက ပြန်လည်ရှင်သန်လာအုံးမှာလား”
သူပြောသည် ပြန်ပြီးရှင်သန်လာအုံးမှာလားဆိုသည့်စကားကို ကြားရလျှင် နတ်ဆိုးဘိုးဘေးသည်ထကာ ဆဲနေပေလိမ့်မည်။ “မင်းကြောင့်...မင်းကြောင့် အုံးမှာလား ဆိုတာ ဖြစ်နေတာ။ မဟုတ်ရင်တစ်ခါတည်း အဆင်ပြေနေပြီ”
ဝှစ် ….။
သူတွေးနေတုန်းမှာပဲ အသုဘခန်းဆောင်မှဌာနခွဲမှူးကို အပြင်သို့ထုတ်ယူကာဖြင့်မေးလိုက်သည်။
တစ်ဖက်လူ သည်သူ့ကိုယ်သူ ဟန်ချက်ညီအောင်ထိန်းချုပ်ပြီးသည့်နောက်အနောက်ဘက်အရပ်တွင်ဖြစ်ပေါ်နေသည့်ပြောင်းလဲမှုကြီးကို မြင်လိုက်ရ၏။ ပြီးနောက်မြေပေါ်သို့ဒူးထောက်ထိုင်ချကာဖြင့်ပြောလိုက်သည်။ “ဆယ်ယောက်မြောက်သန္ဓေနတ်ဆိုးခန္ဓာကိုယ်က ပေါ်ပေါက်လာခဲ့ပြီ။ ကျုပ်တို့ဘိုးဘေးကြီးရဲ့ ပြန်လည်ရှင်သန်မှု ကဘယ်သူမှတားဆီးလို့ရတဲ့အရာ မဟုတ်တော့ဘူး”
“......”
ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်သွားမိ၏။ မကြာသေးခင်အချိန်က သူသည် နှစ်ပေါင်းတစ်သောင်း လောက်စောင့်ရမည်ဟု ထင်မှတ်ခဲ့၏။သို့ပေမဲ့ယခုချက်ချင်းပင်ထိုသန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူက ပေါ်ပေါက်လာခဲ့တော့၏။အခြေအနေတစ်ခုလုံးသည် မြန်ဆန်လွန်းလှ၏။နတ်ဆိုးဘိုးဘေး၏ ပြန်လည်တည်ဆောက်မည့်ခန္ဓာကိုယ်သည်ရီရှင်းချန်နှင့်ဖေးအားညိုတို့အား ခွဲထုတ်နိုင်သည့်အခြေအနေတစ်ခု ဖြစ်နေသည်ဆိုပါက သူသည်ကျိန်းသေပေါက်ဤအရာကို ပြုလုပ်မှာဖြစ်၏။ သူ့အနေနှင့် အသုဘခန်းဆောင်နှင့်ရန်သူ ဖြစ်ရမည်ဆိုလျှင်လည်း ဂရုမစိုက်ချေ။
အသုဘခန်းဆောင်သည်နယ်မြေဟောခန်းနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးဖြစ်သော်လည်း ဖျက်ဆီးခြင်းကို မခံရချေ။ထို့ကြောင့်အားကောင်းလှသည့်အဖွဲ့အစည်းတစ်ခု ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်သည်ဆိုပါက သူ့အနေနှင့် ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် မတိုက်ခိုက်ချင်ပေ။ သို့ပေမဲ့အခြေအနေသည်တိုက်ခိုက်ရန်လမ်းညွှန်လျက်ရှိ၏။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည်ကြောက်လန့်တကြားဖြင့်ရှေ့သို့ပြေးလာခဲ့ပြီးနောက်အော်ဟစ်လိုက်သည်။ “ဂျူနီယာ ညီမလေးရောင်က ပျောက်နေတယ်”
....................
အထက်နယ်မြေ
အမဲရောင်အလင်းတန်းများ ပေါ်ပေါက်လာပြီးသည့်နောက်ကောင်းကင်ပေါ်တွင်ရှုပ်ထွေးလှသည့်ပုံပန်းသွင်ပြင်များဖြစ်တည်လာခဲ့သည်။သိုင်းကျင့်ကြံသူများအားလုံးသည်ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းတို့၏အတွေးသည် ကျွင်းချောင်ရှောင်း၏ အတွေးနှင့် တူညီလျက်ရှိ၏။ ဤကဲ့သို့သော ဖြစ်တည်လာခဲ့သည့် ပတ်ဝန်းကျင်ပြောင်းလဲမှုကြီးတစ်ခုသည်ရတနာတစ်ခု မွေးဖွားလာခြင်း မဟုတ်ဘဲ ကပ်ဘေးသည့်တစ်ခု ဆင်းသက်လာသည်နှင့်တူညီကြောင်း အားလုံးက ခံစားမိနေ၏။
“အင်း.... အချိန်တန်တော့လည်း ရောက်လာတာပါပဲလား”
အထူးလှိုဏ်ဂူ၏ အပြင်ဘက်တွင်တော့ ကြီးမြတ်သူ တုံးကု၏ မျက်နှာသည်လေးနက်တည်ကြည်လျက်ရှိ၏။ ထိုကဲ့သို့သော အမူအရာများသည်ရှားရှားပါးပါးပင် ဖြစ်ပေလိမ့်မည်။အရောင်ကိုသာ သုံးသပ်နိုင်စွမ်းရှိသည့်သာမန်သိုင်းကျင့်ကြံသူများနှင့်မတူဘဲ သူသည်အထဲတွင်တည်ရှိနေသည့်နတ်ဆိုးချီများကိုလည်း ကောင်းကောင်း အာရုံခံမိလျက်ရှိ၏။
“အင်း”
မာဆာတိုကီတာနိုသည်ခေါင်းကိုခါယမ်းကာဖြင့်ပြောလိုက်၏။ “နတ်ဆိုးရေစက်နယ်မြေကိစ္စကြီး ကျရှုံး သွားတုန်းက အချိန်အနည်းငယ်လောက်ထပ်ပြီးနှောင့်နေးနေအုံးမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့အဆုံးသတ်မှာ တော့ဘာမှတောင်မကြာလိုက်ပါလား။ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် တခြားဂိုဏ်းအသီးသီးပေါ်မှာရှိတဲ့နတ်ဆိုးဘိုးဘေးရဲ့အမုန်းတရားက ကြောက်မက်ဖွယ်ရာကောင်းတယ်။ဒီတစ်ကြိမ် ပြန်ပြီး ပြန်လည်ရှင်သန်တဲ့ အစီအစဉ်ကို အောင်မြင်သွားပြီဆိုရင်ကပ်ဘေးကြီးက အထက်နယ်မြေမှာရှိတဲ့သတ္တဝါတွေအပေါ်သက်ရောက်တော့မှာပဲ”
ကြီးမြတ်သူတုံးကုသည် ပြောလိုက်သည်။ “ဒါက ရှုပ်ထွေးလွန်းတယ်”
မာဆာတိုကီတာနိုက ပြောလိုက်၏။ “အထက်နယ်မြေက တကယ့်ကို ရှုပ်ထွေးတော့မှာပဲ”
..................
“သခင်”
လင်းရောင်နယ်မြေ၏ အထက်ကောင်းကင်ယံထက်တွင်တော့ခါးကုန်းကုန်းနှင့် အဘိုးအိုသည်လေထုထဲ တွင်မတ်မတ်ရပ်လျက်ကောင်းကင်ယံထက်တွင်ရှိနေသော အမဲရောင်အလင်းတန်းများကို ကြည့်ရှုကာ ပြုံးလိုက် မိ၏။ သူက ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာတော့လောကကြီးတစ်ခုလုံး ရှုပ်ထွေးတော့မှာ စိုးရတယ်”
“အထက်နယ်မြေက အချိန်အတော်ကြာ ငြိမ်းငြိမ်ချမ်းချမ်းနေခဲ့တာလေ။ ဒီတော့ဒီလိုရှုပ်ထွေးမှုတွေကို ကြုံဆုံပြီးတဲ့နောက်မှာ အုပ်စိုးသူအသစ်တစ်ယောက်ပေါ်လာဖို့မျှော်လင့်မိတာပဲ” ဧကရီလင်းရောင်က ပြောလိုက်သည်။
“........”
ခါးကုန်းကုန်းနှင့် အဘိုးအိုသည်တိတ်ဆိတ်ငြိမ်သက်သွားသည်။သူ၏သခင်သည်နယ်မြေဟောခန်းကို မုန်းတီး သည်ဆိုခြင်းကို သူသိ၏။ သို့ပေမဲ့အထက်နယ်မြေတစ်ခုလုံးကို ရှုပ်ထွေးသွားစေပြီး အုပ်စိုးသူအသစ်ကို ပေါ်ပေါက်စေချင်သည်ဆိုသည်မှာတော့နည်းနည်းများလွန်းနေ၏။
.................
ဆွစ်ဆွစ်
အမဲရောင်အလင်းတန်းများ ကောင်းကင်ပေါ်သို့ထိုးတက်ပြီး မကြာခင်မှာပဲ တည်နေရာအနှံ့ဆီမှအလင်းတန်းများသည်တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ၎င်းအလင်းတန်းများသည်အနောက်ဘက်အရပ်သို့ဦးတည်လျက်ရှိ၏။ ၎င်းတို့ထုတ်ဖော်နေသည့်အော်ရာများကို သုံးသပ်ရမည်ဆိုလျှင်အစစ်အမှန်ရှာဖွေခြင်းအဆင့်၏ထိပ်ဆုံးတွင်ရှိနေသည့်လူများပင်ဖြစ်ပြီး တချို့ဆိုလျှင်ထိပ်ဆုံးထက်ပင်ပိုမို၍ အားကောင်းနေသေး၏။ ထိုသူများမှာ မည်သူများ ဖြစ်သနည်း။ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းပင်ဖြစ်တော့သည်။
ယခင်တုန်းက နယ်ဆိုးနယ်မြေကြီးတစ်ခုလုံး၏ ပျက်စီးမှုသည် ၎င်းတို့၏စဦး ဦးဆောင်ခြင်းကြောင့် ဖြစ်တည်လာခြင်းဖြစ်၏။နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာမည့်အချိန်ကို သိရှိရပြီးသည့်နောက်ထိုကိစ္စများကို ရပ်တန့်သွားအောင်မဖြစ်မနေ ကြိုးစားရပေလိမ့်မည်။ဤအတိုင်း ရပ်ကြည့်နေ၍ မဖြစ်ချေ။
ကောင်းကင်ပေါ်သို့ထိုးတက်လျက်ရှိနေသည့်အမဲရောင်အလင်းတန်းကြီးအပေါ်မှအော်ရာများသည်လူသား ကျင့်ကြံသူများ၏ စိတ်ကို သက်ရောက်စေခဲ့သည့်အပြင်များပြားလှသည့်နေရာအသီးသီးမှနတ်ဆိုးကျင့်ကြံသူ များသည်လည်း အလုံးအရင်းနှင့်ရောက်ရှိလာခဲ့၏။ ၎င်းတို့၏မျက်လုံးများသည်နီရဲနေ၏။ လက်ရှိ အခြေအနေ မှာတော့ပျံသန်းနိုင်သည့်ရတနာများသည်ကောင်းကင်ယံထက်တွင်ရှုပ်ယှက်ခတ်နေ၏။ ထိုကဲ့သို့အမဲရောင်အလင်းတန်းများဆီသို့ဦးတည်ကာ ပျံသန်းလျက်ရှိသည့်အထဲတွင် ကျွင်းချောင်ရှောင်းတစ်ယောက်လည်း ပါဝင်လျက်ရှိ၏။ သူသည်သင်္ဘောကြီး၏ ပဲ့ပေါ်တွင်မတ်မတ်ရပ်ကာဖြင့်မျက်မှောင်ကုတ်လျက်ရှိသည်။
“ကောင်မလေး ဒီနေရာဆီ ထွက်သွားတာပဲဖြစ်မယ်”
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် အပြင်ဘက်သို့ထွက်လာပြီဖြစ်သောကြောင့်ဖော်မြူလာ သဘောတရားအရ ပြဿနာတက်တော့မှာ ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကြီးမြတ်သူတုံးကုသည်မျက်ခုံးများပင်လှုပ်နေ လောက်ပြီဖြစ်၏။