← Chapters

အခန်း ၁၅၀၉

Vol. 102 Ch. 1509

အခန်း ၁၅၀၉

Vol. 102 Ch. 1509

အပိုင်း (၁၅၀၉)

နတ်ဆိုးဘိုးဘေးသည် ပြန်လည်ရှင်သန်နိုင်တော့မှာဖြစ်၏။ရောင်မုန့်ယဉ်ပျောက်ကွယ်သွားမှုသည်ထိုအရာနှင့် ကျိန်းသေပေါက်သက်ဆိုင်နေမှာဖြစ်၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့်ထိုနေရာသို့ကျိန်းသေပေါက်သွားရပေလိမ့်မည်။ထို့အပြင်သည်သူ၏တပည့်သည်သူ၏နှလုံးသားထဲမှာ တစ်လောကလုံးထက်ပိုမိုကာ အရေးကြီးနေ၏။

စောနက ဖြစ်တည်ခဲ့သည့် ပတ်ဝန်းကျင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်မှာ အလွန်ဝေးသော တည်နေရာတွင်တည်ရှိနေသည်။ရောင်မုန့်ယဉ်သည်သက်တန့်အလင်းအတောင်ပံကို အသုံးပြုကာ ပျံသန်းသွားမည်ဆိုလျှင်တောင်မှအဝေးကြီး မရောက်နိုင်သေးချေ။သို့ပေမဲ့ သူတို့အရှိန်တင်မောင်းနှင်ပြီး အချိန်အတော်ကြာသည်အထိ ပျံသန်းပြီးသည့်နောက်ရောင်မုန့်ယဉ်အား ရှာဖွေမတွေ့ရှိသေးချေ။

“တစ်စုံတစ်ခုက လွဲမှားနေပြီနဲ့တူတယ်” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိလိုက်၏။ရှေးရွက်သင်္ဘောကြီးသည်အမြန်နှုန်းအပြည့်ဖြင့်အသက်သွင်းကာ အရှေ့သို့လှမ်းလျက်ရှိ၏။ သူသည်စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ တောက်လျှောက်ကြည့်ရှုနေ၏။ သို့သော်ငြား ရောင်မုန့်ယဉ်ကို ရှာမတွေ့ချေ။

ထူးခြားလွန်းလှချေသည်။ရောင်မုန့်ယဉ်သည်သာမန်လမ်းကြောင်းက မသွားဘဲ တခြားထူးခြားသည့်နည်းလမ်းများကို အသုံးပြုကာ ခရီးနှင်နေသည်လား။ သို့မဟုတ်အနောက်ဘက်အရပ်ဆီသို့မသွားသည်လား မသိပေ။

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ “မြန်မြန်…မိုးဆွေဟောခန်းက လူတွေကို မတူညီတဲ့တည်နေရာအသီးသီးဆီကို ပို့ဆောင်လိုက်”

“ကောင်းပါပြီ” ဂိုဏ်းထဲတွင်ရှိနေသော လီလိုရှုသည်သတင်းကို လက်ခံရရှိပြီးနောက်ချက်ချင်းပဲ လီထျန်းထျန်းနှင့် တခြားသူများကို အပြင်ဘက်သို့စေလွှတ်လိုက်တော့သည်။အားလုံးသောသူများသည်ပျံသန်းကာဖြင့်ပျောက်ဆုံးနေသည့် ရောင်မုန့်ယဉ်ကို ရှာဖွေရန်ထွက်ခွာသွားခဲ့ကြသည်။

ကျွင်းချောင်ရှောင်းသည်သူ၏ ဦးတည်ရာကို မပြောင်းလဲပေ။ အနောက်ဘက်အရပ်ဆီသို့ဆက်လက်ကာ ခရီးနှင်နေ၏။ သူ၏ စိတ်ထဲတွင်ရောင်မုန့်ယဉ်တိုးတိုးတိတ်တိတ်ပျောက်ကွယ်သွားခဲ့ခြင်းသည်ဤရုတ်တရက် ဖြစ်ပေါ်လာခဲ့သည့်အမဲရောင်အလင်းတန်းများနှင့် သက်ဆိုင်နေမည်ဟု ထင်မှတ်မိ၏။ ခရီးစဉ်အဆုံးသို့ရောက်ရှိချိန်တွင်တစ်စုံတစ်ခု ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူက ထင်မှတ်ထား၏။

……………..

ဖောက်

အမည်သေချာမရှိသော တားမြစ်တည်နေရာ၏ အပြင်ဘက်မှာတော့ရီရှင်းချန်သည်အပြင်ဘက်သို့လျှောက်ထွက်လာခဲ့၏။ ဘေးထွက်ဆိုးကျိုးကြောင့်သူ၏အသားအရေတစ်ခုလုံးသည်နီတွတ်လျက်ရှိနေတုန်းပင်။

“ထူးဆန်းတဲ့ရတနာတစ်ခုခု ပေါ်ပေါက်လာခဲ့တာလား” သူသည်ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့အနောက်ဘက်အရပ်၏ကောင်းကင်ယံထက်တွင်အမဲရောင်အလင်းတန်းများ ထွန်းတောက်လျက်ရှိသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင်စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။သူသည်လေ့ကျင့်ရန်အတွက်ဂိုဏ်းမှထွက်ခွာလာခဲ့၏။လက်ရှိမှာတော့အထူးအခြေအနေတစ်ခုဖြစ်ပေါ်နေသည့်အတွက်သူ့အနေနှင့် စိတ်ဝင်စားမိနေ၏။

ဆွစ် ….။

သက်တန့်အလင်းတောင်ပံ ဖြစ်တည်လာပြီးသည့်နောက်သူသည်ကောင်းကင်ပေါ်သို့ပျံတက်လိုက်၏။အားလုံးသောသူများသည်ဤကဲ့သို့သော အမွေအနှစ်များ ရရှိရန်စိတ်ဆန္ဒရှိကြ၏။ ရီရှင်းချန်သည်လည်း ခြွင်းချက် မရှိချေ။ သို့ပေမဲ့တစ်နာရီလောက်ပျံသန်းပြီးသည့်နောက်သူသည်ကောင်းကင်ပေါ်တွင်မထင်မှတ်ဘဲ ရင်းနှီးလျက်ရှိနေသည့်သက်တန့်အလင်းတစ်ခုကို တွေ့ရှိလိုက်၏။သူသည်အံ့အားသင့်သွားမိ၏။ “ဂျူနီယာညီမလေးရောင်”

မှန်ပေသည်။သူ၏ရှေ့တွင်ရောင်မုန့်ယဉ်ပင် ဖြစ်တော့၏။သူမသည်အမဲရောင်အလင်းတန်းများ ထွန်းတောက်လျက်ရှိနေသည့်အနောက်ဘက်အရပ်ဆီသို့ဦးတည်သွားခဲ့ခြင်း မဟုတ်ချေ။အနောက်တောင်ဘက်သို့ဦးတည်သွားခဲ့ခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်း သူမကို ရှာဖွေမတွေ့ရှိသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။အဘယ်ကြောင့်ဆိုသော်လမ်းမှာ လုံးဝခြားနားလျက်ရှိ၏။

“သူဘာလို့တစ်ယောက်တည်း ရောက်လာတာလဲ” ရီရှင်းချန်က မျက်မှောင်ကုတ်မိသွား၏။ ရောင်မုန့်ယဉ်ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်းထဲတွင် အားလုံးက ချစ်မြတ်နိုးရသည့် ဂျူနီယာညီမလေးတစ်ယောက်ဖြစ်ပြီး သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကို အမွေဆက်ခံရရှိခဲ့သည်။ဂိုဏ်းချုပ်သည်သူမအား သမီးအရင်းလေး တစ်ယောက်ကဲ့သို့ပင်ချစ်မြတ်နိုးသည်။အဘယ်သို့တစ်ယောက်တည်း ထွက်ခွာမှုကို ခွင့်ပြုပေးလိမ့်မည်နည်း။

မဟုတ်သေးပေ။ တစ်စုံတစ်ခုမှာ မှားယွင်းလျက်ရှိနေ၏။ လက်ရှိအခြေအနေမှာတော့အားညို၏ဦးနှောက်သည်အလျင်အမြန်ပဲ အလုပ်လုပ်လျက်ရှိနေ၏။ သူသည်အလျင်အမြန်ပဲ ပျံသန်းသွားလိုက်ပြီး ရောင်မုန့်ယဉ်၏အရှေ့တွင်မတ်တပ်ရပ်လိုက်၏။ “ဂျူနီယာညီမလေး…. ဘယ်သွားမို့လဲ”

ဆွစ်

သို့ပေမဲ့တစ်ဖက်လူသည်သူ့အား ကျော်ဖြတ်သွားခဲ့၏။ရီရှင်းချန်သည်ပိုမိုကာ မျက်မှောင်ကုတ်သွား၏။ ရောင်မုန့်ယဉ်သည်သူ့အား ဖြတ်သွားသည့်အချိန်တွင်မျက်လုံးထဲတွင်အနီရောင်အလင်းတန်းများ ထွန်းတောက်လျက်ရှိ၏။ သူမအား ထူးခြားသည့်စွမ်းအင်တစ်ခုက ထိန်းချုပ်ထားသည့်အကြောင်း နားလည်လိုက်မိသည်။

အားညိုသည်အောက်နယ်မြေတွင်ရှိနေသော အင်ပါယာအဆင့်ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်ခဲ့သည်ဆိုသော်လည်း သူ၏ အသိပညာမှာတော့မသေးကွေးလှချေ။ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကို ကြည့်ပြီး သုံးသပ်နိုင်စွမ်းကလည်း မြင့်မား၏။ လက်ရှိအခြေအနေတွင်တစ်စုံတစ်ခု မှားယွင်းနေသည် ဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။ ထို့ကြောင့်ချက်ချင်းဆိုသလိုပဲ ရောင်မုန့်ယဉ်အနောက်သို့အရူးလိုလိုက်တော့၏။ “ဂျူနီယာညီမလေး… ဘာတွေဖြစ်နေတာလဲ”

ရောင်မုန့်ယဉ်သည် ပြန်လည်မဖြေဆိုဘဲ သူမ၏ အမြန်နှုန်းကိုပင်ပိုမိုကာ တိုးမြင့်ခဲ့သည်။

“ကျိန်းသေပေါက်တစ်ခုခုဖြစ်ပြီ။ သူမကို တားရမယ်”

ဆွစ်

ရီရှင်းချန်သည်အလျင်အမြန်ပဲ ပျံသန်းသွားခဲ့၏။ရောင်မုန့်ယဉ်ကို ကျော်တက်ပြီးနောက်သူမ၏ လမ်းကို ပိတ်ရပ်ကာ ပြောလိုက်သည်။ “ဂျူနီယာညီမလေး… ငါနဲ့အတူ ဂိုဏ်းကို ပြန်လိုက်ခဲ့”

“တော်စမ်း”

ဝှစ်ဝှစ်

လက်ဝါးရိုက်ချက်တစ်ခုဆီမှအေးစက်သည့်အလင်းတန်းများသည် ရုတ်တရက်ထွက်ပေါ်လာခဲ့၏။

ဘုန်း

ရီရှင်းချန်သည်အနောက်ဘက်သို့လွင့်စင်သွားခဲ့ပြီး အောက်ဘက်သို့ ပြုတ်ကျသွားခဲ့သည်။မျက်နှာတစ်ခုလုံး သည်အေးစက်သွားခဲ့၏။သွားစမ်း ဆိုသည့်စကားလုံးသည်အေးစက်ကာ မောက်မာလွန်းလှ၏။သူ၏ ဂျူနီယာ ညီမလေး၏ အသံမဟုတ်ပေ။ တစ်စုံတစ်ယောက်သည်ထူးခြားသော စွမ်းအင်များကို အသုံးပြုကာ သူမကို ထိန်းချုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ဟေး ဟေး

ရီရှင်းချန်သည်အနီးအနားတွင်ရှိသော မိုးဆွေဟောခန်း၏ အဖွဲ့ဝင်များကို ဆက်သွယ်လိုက်၏။ “ငါရီရှင်းချန်ပဲ။ ဂိုဏ်းကို မြန်မြန်သတင်းပို့လိုက်။ ဂျူနီယာညီမလေး ရောင်မုန့်ယဉ်က ထူးခြားတဲ့စွမ်းအင်တစ်မျိုးနဲ့ထိန်းချုပ်ခြင်းကို ခံထားရတယ်။အခု အနောက်တောင်ဘက်ယွန်းယွန်းကို သူတစ်ယောက်တည်း သွားနေတယ်”

သတင်းပေးပို့နေစဉ်မှာပဲ သူသည်ရောင်မုန့်ယဉ်အနောက်သို့လိုက်တော့၏။ကျင့်ကြံခြင်းအဆင့်အရဆိုလျှင်အားညိုသည်ရောင်မုန့်ယဉ်ထက်ပိုမိုကာ အားကောင်း၏။ ထို့အပြင်သူမအား အတင်းထိန်းချုပ်ကာဖြင့်ဂိုဏ်းဆီသို့ ပြန်ခေါ်လာနိုင်စွမ်း ရှိနေသည်။သို့ပေမဲ့သူမကို နာကျင်သွားမှာ စိုးသောကြောင့်အနောက်မှလိုက်ကာ ကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မိုးဆွေဟောခန်း၏ သတင်းအချက်အလက် ဖြန့်ဝေမှုသည်အလွန်အားကောင်းလာခဲ့ပြီ ဖြစ်သောကြောင့် အနီးအနားတွင်ရှိနေသော အဖွဲ့ဝင်များအားလုံးသည် ပြိုင်စံရှားဂိုဏ်းဆီသို့သတင်းပေးပို့ခဲ့သည်။လီလိုရှုသည်သတင်းကို လက်ခံရယူပြီးသည့်နောက်ချက်ချင်းပဲ ကျွင်းချောင်ရှောင်းဆီသို့သတင်းပေးပို့လိုက်သည်။

“ဘာ… သူမက အနောက်တောင်ဘက်မှာ ဟုတ်လား”

ဆွစ်

ရှေးရွက်သင်္ဘောကြီးသည်ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီးသည့်နောက်အနောက်တောင်ဘက်သို့ပျံသန်း တော့၏။ကုန်းရှန့်အနေဖြင့်နတ်ဆိုးအင်ပါယာ ပြန်လည်မွေးဖွားလာမှုကို ကြည့်ချင်သည်။သူ့အနေနှင့် အခွင့်အရေး ရမည်ဆိုလျှင် ခန္ဓာကိုယ်တစ်ခုကိုပင်ပိုင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့ပေမဲ့သူ့တပည့်၏တည်နေရာကို သိရှိပြီး ဖြစ်သောကြောင့် သူမ၏ လုံခြုံရေးသည်ဦးစားပေးအဆင့်အဖြစ် ဖြစ်တည်လာခဲ့သည်။ထို့အပြင်သူမအား ထူးဆန်းသည့်စွမ်းအင်တစ်ခုခုနှင့် ထိန်းချုပ်ထားခဲ့သည်ဖြစ်ကြောင်း အားညိုက ပြောခဲ့သည်။ဤတစ်ကြိမ်မှာတော့ ဖြစ်ပေါ်လာသည့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြီးသည်နတ်ဆိုးကျင့်ကြံသူ များကို အလန့်တကြား ဖြစ်စေခဲ့သည်။ အခြေအနေတစ်ခုလုံးသည်နတ်ဆိုးရေစက်နယ်မြေ ဖွင့်လှစ်ခြင်းထက်ပိုမိုကာ လေးနက်ခဲ့သည်။ထို့ကြောင့်သူသည်ချက်ချင်းပဲ သားရဲစီးဟောခန်းမှလူများအားလုံးကို ဆင့်ခေါ်ကာဖြင့်လှုပ်ရှားရန်အမိန့်ပေးလိုက်တော့သည်။

“အားလုံး စုစည်းကြ”

ဆွစ်ဆွစ်

သားရဲစီးဟောခန်း၏ များပြားလှသော အဖွဲ့ဝင်များသည်အပြင်ဘက်သို့ထွက်ခွာရန် ပြင်ဆင်နေကြ၏။ သူတို့၏ခေါင်းဆောင် ကျုံးရီ အမိန့်ပေးမှုအောက်တွင်သူတို့သည် ကျွဲရိုင်းစက်ရုပ်ထဲသို့ဝင်လိုက်ကြ၏။

ဟူး ဟူး

ကျွဲရိုင်းစက်ရုပ်တစ်ထောင်ကျော်တို့သည်ချက်ချင်းပဲ အသက်ဝင်သွားခဲ့၏။မျက်လုံးများသည်တောက်ပလာခဲ့၏။စွမ်းအင်လှိုင်းမျိုးစုံတို့သည်တည်နေရာထဲတွင် ဖြစ်တည်လာခဲ့ပြီး လေများသည်တဝုန်းဝုန်းနှင့် တိုက်ခတ်နေသည်။

“ကျွဲရိုင်းစက်ရုပ်နံပါတ်နှစ်နေရာယူပြီး”

“ကျွဲရိုင်းစက်ရုပ်နံပါတ်သုံး နေရာယူပြီး”

..............

နောက်လိုက်များ၏ သတင်းပို့ချက်များကို ကြားသိပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ်နံပါတ်တစ်ထဲတွင်တည်ရှိနေသည့် ကျုံးရီသည်လက်ကိုဝှေ့ယမ်းကာဖြင့်အရှေ့ဆီမှစတင်ကာ ပျံသန်းတော့သည်။ “သွားကြစို့”

ဆွစ်ဆွစ်

ချက်ချင်းပဲ အင်မော်တယ်တောင်တန်းဆီမှများပြားလွန်းလှသော အလင်းတန်းများ ထွက်ပေါ်လာသည်။ဤမြင်ကွင်းသည်အလွန်တရာ ကြည့်ရှုလို့ကောင်းလှ၏။

“သားရဲစီးဟောခန်းကလူတွေထွက်သွားကြပြီပဲ”

“ကြီးမားတဲ့တစ်စုံတစ်ခုဖြစ်ပြီနဲ့တူတယ်”

အောက်ဘက်တွင်ရှိနေသော အပြင်စည်းတပည့်များအားလုံးသည်ကောင်းကင်တွင်ပျံသန်းသွားကြသော ကျွဲရိုင်းစက်ရုပ်များကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏မျက်လုံးထဲတွင်မနာလိုမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ဤတည်နေရာကြီးတစ်ခုလုံးသည်သိုင်းကျင့်ကြံခြင်းကိုသာ ဦးစားပေးသည့်လောကကြီးဖြစ်၏။သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လွှမ်းမိုးမှုအောက်မှာတော့သူ၏တပည့်များ အားလုံးသည်စက်ရုပ်များကို အသုံးပြုချင်စိတ်ပေါက်လျက်ရှိနေကြသည်။

“ချီးတဲ့မှ...မွန်းစတားတွေအများကြီးပါလား”

ကျွဲရိုင်းစက်ရုပ်ပေါင်းတစ်ထောင်ကျော်ပျံသန်းသွားသည်ကို မြင်ရသည့် အချိန်မှာတော့အနီးအနားတွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးကို အလန့်တကြားဖြစ်စေတော့၏။ ၎င်းတို့သည်ဤကဲ့သို့သောမြင်ကွင်းမျိုးကို ယခင်တုန်းကလည်း မြင်ခဲ့ဖူး၏။ သို့ပေမဲ့ဤတစ်ကြိမ်မှာတော့အရေအတွက်အလွန်များပြားလွန်းလျက်ရှိ၏။

............

အနောက်တောင်အရပ်

တစ်နာရီလောက်ပျံသန်းပြီးသည့်နောက်ရောင်မုန့်ယဉ်သည်လူသူကင်းရှင်းနေသော တောင်ကြားထဲသို့ဆင်းသက်လိုက်၏။မြေပြင်တစ်ခုလုံးကို ကျောက်ပြားများဖြင့်ခင်းကျင်းထားခဲ့ပြီး ၎င်းတို့၏အရှေ့ဘက်တွင်အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူရှစ်ယောက်တို့က မတ်မတ်ရပ်နေ၏။ ၎င်းတို့သည်ခေါင်းကိုငုံ့ထားသောကြောင့်ယောက်ျားလား၊ မိန်းမလားဆိုသည်ကိုပင်ခွဲခြားရန်ခက်ခဲနေ၏။

“ကျုပ်တို့နည်းနည်းနောက်ကျသွားတယ်”အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူအနည်းငယ်တို့သည်အမှောင်ထဲမှလျှောက်ထွက်လာခဲ့ကြသည်။

“နတ်ဆိုးဘိုးဘေးကြီးရဲ့ ပြန်လည်ရှင်သန်မှုကို ဘယ်သူမှတားဆီးလို့မရဘူး။ ကျုပ်တို့အချိန်ဖြန်းလို့မဖြစ်ဘူး။ မြန်မြန်အတားအဆီးအစီအရင်တစ်ခုကို ဖန်တီးကြရအောင်”အမဲရောင်ဝတ်စုံနှင့်လူများထဲမှတစ်ယောက်က ပြောလိုက်သည်။သူ၏အသံသည်သုန်မှုန်ပြီး အိုမင်းရင့်ရော်လွန်းလှ၏။

“ဟုတ်ကဲ့ပါ”

တခြားသူများသည် မြန်မြန်ဆန်ဆန်ပဲ လူစုခွဲကာ မတူညီသည့်တည်နေရာအသီးသီးတွင်မတ်မတ်ရပ်လိုက်၏။ ပြီးနောက် ၎င်းတို့၏လက်ညှိုးဆီမှထူးဆန်းလှသည့်စွမ်းအင်များကို ထုတ်ဖော်ကာဖြင့်ကျောက်ချပ်များပေါ်တွင်မျဉ်းကြောင်းများကို စတင်ကာ ဆွဲယူသည်။

ဒွီ ဒွီ

ချက်ချင်းပဲ အတားအဆီးအစီအရင်တစ်ခုသည်ပေါ်ပေါက်လာခဲ့၏။

“ခင်ဗျားတို့အားလုံး”

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည်ထူးမခြားနားသလို ပြောလိုက်သည်။ “ဝင်ကြတော့”

ဖောက်

လေဝဲကြီးရှေ့တွင်မတ်မတ်ရပ်လျက်ရှိနေသည့်လူသည်အရှေ့ဆီသို့လှမ်းတက်လိုက်၏။ ၎င်းသည်ဦးခေါင်းကို ငုံ့ထားပြီး သည့်နောက်ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံးကို ကြည့်ရှုနေခဲ့၏။ ၎င်းကို ကြည့်ရှုရသည်မှာ လမ်းလျှောက်လျက်ရှိသည့်အလောင်းကောင်ကြီးနှင့်ပင်ဆင်တူနေသည်။

“တစ်၊ နှစ်၊သုံး”

လူရှစ်ယောက်တို့အထဲသို့ဝင်ရောက်သည့်အချိန်မှာတော့ရောင်မုန့်ယဉ်သည်စတင်ကာ လှုပ်ရှားလိုက် ၏။ ရုတ်တရက် ကြီးမားလှသည့်လက်ကြီးတစ်ခုသည်သူမ၏ ပခုံးပေါ်သို့ကျဆင်းလာပြီး သူမကို လှုပ်ရှားခြင်း မပြုရန်တားဆီးလိုက်၏။

“ဟမ်” အမဲရောင်ဝတ်စုံနှင့်လူသည်အနောက်ဘက်သို့လှမ်းကြည့်လိုက်သည်။

ရောင်မုန့်ယဉ်၏အနောက်ဘက်တွင်ရီရှင်းချန်သည်မတ်မတ်ရပ်လျက်ရှိ၏။ သူသည်သူမ၏ ပခုံးကို အသာဖိထားပြီးသည့်နောက်လက်ထဲတွင်ရှိနေသော နတ်ဘုရားပုဆိန်ကြီးကို မြှောက်ကိုင်ကာဖြင့်သတ်ဖြတ်လိုခြင်း အပြည့်ဖြင့်ပြောလိုက်သည်။ “ကျုပ်ရဲ့ ဂျူနီယာညီမလေးကို ထိန်းချုပ်ဖို့အတွက်ခင်ဗျားတို့ကို ဘယ်သူက သတ္တိပေးထား တာလဲ”

အသံနှင့် အရှိန်အဟုန်သည် အားကောင်းပြီး ကြမ်းတမ်းလွန်းလှချေ၏။

All Chapters