အခန်း ၁၅၁၀
Vol. 102 Ch. 1510
အပိုင်း (၁၅၁၀)
ပထမဦးဆုံး ဂိုဏ်းချုပ်သည် သူ၏ တပည့်ကို ကာကွယ်ခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ ဂျူနီယာညီမလေးကို စီနီယာအစ်ကိုက ကာကွယ်ပေးလျက်ရှိနေ၏။ ရီရှင်းချန်သည် ကျွင်းချောင်ရှောင်း၏ ကာကွယ်ပေးတတ်သည့် သဘာဝကို အမွေဆက်ခံရယူခဲ့သည်နှင့်ပင် ဆင်တူတော့၏။ သူ့အနေနှင့် သူ၏ ဂိုဏ်းတူရောင်းရင်းများကို အနိုင်ကျင့်ရန် မည်သူ့ကိုမျှ ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။
“စီ …. စီနီယာအစ်ကို”
အနောက်ဘက်တွင် မတ်မတ်ရပ်လျက်ရှိနေသည့် ရောင်မုန့်ယဉ်သည် ခေါင်းကိုမော့ကာဖြင့် ကြည့်ရှုလိုက်၏။ သူမ၏ မျက်လုံးများသည် တစ်ခါတစ်ရံ ကြည်လင်ရှင်းလင်းနေပြီး တစ်ခါတစ်ရံတွင်တော့ နီရဲလျက်ရှိ၏။ သူမသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျွန်မ … ကျွန်မ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘူး။ ကြောက် … အရမ်းကြောက်တယ်။”
“မကြောက်နဲ့။”
ရီရှင်းချန်က ပြောလိုက်သည်။ “စီနီယာအစ်ကို ဒီမှာရှိနေမှတော့ ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်လို့မရဘူး။”
ဟူး …….။
စွမ်းအင်များ၏ ဖုံးလွှမ်းမှုအောက်တွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ စစ်နတ်ဘုရား၏ ချပ်ဝတ်ပေါ်ပေါက်လာ၏။ မျက်လုံး များသည် နွားရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် အေးစက်လာခဲ့၏။
“လာခဲ့စမ်း။”
“ကောင်လေး”
အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် လေးလေးနက်နက်အသံဖြင် ပြောလိုက်၏။ “မင်းက ငါတို့ရဲ့ ပွဲကို နှောင့်နှေးအောင် လုပ်နေတာလား။”
ပြောပြီးသည့်နောက် သူသည် လက်ကို ယမ်းခါလိုက်သည်။
ရွှီး ရွှီး ….။
အစီအရင်များကို ရေးဆွဲလျက်ရှိနေသည့် များပြားလွန်းလှသော နောက်လိုက်များသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ ကြ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အမြုတေပြောင်းလဲခြင်း အဆင့် ၅ သို့မဟုတ် အဆင့် ၆ နှင့်အထက် ဖြစ်၏။
တားမြစ်တည်နေရာများထဲမှ နတ်ဆိုးသားရဲများဆိုလျှင် ရီရှင်းချန်အတွက် ပြဿနာကြီးမဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ သူရင်ဆိုင်ရသည်မှာ လူသားသိုင်းကျင့်ကြံသူများ ဖြစ်၏။ ဦးနှောက်အသုံးပြုနိုင်ခြင်းမှာ ကွာခြားလွန်းလှ၏။ ထို့အပြင် အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ၎င်းတို့အားလုံးသည် နတ်ဆိုးကျင့်ကြံသူများဖြစ်ကြသည်။
ထို့ကြောင့် အဆင့် ၄ အမြုတေပြောင်းလဲခြင်းအဆင့်သာရှိသော ရီရှင်းချန်အတွက် ကြီးမားလှသည့် စမ်းသပ်မှုပင် ဖြစ်၏။ ကြောက်ရွံ့စရာမလိုချေ။ ဘယ်သူ့နေနေ ကျိန်းသေပေါက် တိုက်ခိုက်ရပေလိမ့်မည်။ ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို မြှောက်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဒီမှာ ဘာပွဲတွေ ညာပွဲတွေလုပ်ရအောင် စိတ်မဝင်စားဘူး။ ကျုပ်ရဲ့ ဂျူနီယာညီမလေးကို ထိခိုက်အောင်လုပ်ရဲတဲ့ လူတွေအကုန်လုံးက ကျိန်းသေပေါက် သေဆုံးရမယ်။”
အမှန်ပင် ဟိတ်ဟန်ကြီးလှပြီး အကြင်နာတရားကင်းမဲ့လှသော အားညိုသည် သူ၏ ဂျူနီယာညီမလေးအပေါ် ချစ်မြတ်နိုးမှုအား ထုတ်ဖော်ပြသနေသည့် အခိုက်အတန့်ပင်ဖြစ်သည်။
ဤတည်နေရာအတွင်းတွင်ရှိနေသော လူများ၏ အော်ရာများသည် ဆိုးသွမ်းလွန်းလှ၏။ ဤအရာသည် ရောင်မုန့်ယဉ် ကို ထိန်းချုပ်ထားသည့်အရာနှင့် ပတ်သက်ဆက်နွယ်နေနိုင်ခဲ့၏။
သူမကို လွတ်မြောက်မှု ပြန်လည်ကာ ရယူချင်သည်ဆိုပါက အကောင်းမွန်ဆုံးသော နည်းလမ်းသည် အားလုံးသော သူများကို သတ်ဖြတ်ရမှာဖြစ်၏။ ဤတည်နေရာတွင် ကျွင်းချောင်ရှောင်းဆိုပါက သတိအပြည့်နှင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူသည် ဝတ္ထု၏ မင်းသားတစ်ယောက်ဖြစ်သည်မို့ အလွန်တရာ ရက်စက်၍လည်း မဖြစ်သေးချေ။ သို့ပေမဲ့ ရီရှင်းချန်မှာတော့ မည်သည့်အရာကိုမျှ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
“သေစမ်း။”
အတွေးတစ်ချက်နှင့်ပင် အားညိုသည် ရောင်မုန့်ယဉ်ကို အနောက်ဘက်သို့ အသာတွန်းကာဖြင့် ချီနံရံကြီးတစ်ခုကို ဖန်တီးကာ တားဆီးပေးလိုက်၏။ ပြီးနောက် ပုဆိန်ကြီးကို ကိုင်မြှောက်ကာဖြင့် တိုက်ကွက်ကို ထုတ်ဖော်ကာ ရှိရှိသမျှသော လူများကို ဝင်ရောက်ကာ သတ်ဖြတ်တော့၏။
“မကောင်းတော့ဘူး။”
ဝိုင်းပတ်ထားခဲ့သော အမဲရောင်ဝတ်စုံနှင့်လူများသည် လျင်လျင်မြန်မြန်ဖြင့် အနောက်သို့ ဆုတ်ခွာလိုက်ကြ၏။ အားအင်အဆင့်အရဆိုလျှင် ဤလူငယ်ကလေးကို ကြည့်ရှုရသည်မှာ အဆင့် ၄ အမြုတေပြောင်းလဲခြင်းအဆင့်သာ တည်ရှိ၏။ အဘယ့်ကြောင့် အားအင်များသည် ပိုမိုကာ အားကောင်းနေရသနည်း။
ချပ်ဝတ်နှင့် သွေးအမျိုးအစားကြောင့်လို့ ဆိုရမည်ဖြစ်၏။ အားညိုသည် အဆင့် ၄ အမြုတေပြောင်းလဲခြင်းအဆင့်ကို ဝင်ရောက်ခါစ ဖြစ်သည်ဆိုသော်လည်း သူ၏ လင်းယွမ်ခန်းမဆောင်မှ စာလုံးကို အသက်သွင်းလိုက်ပြီးသည့်နောက် အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့၏။
လင်းယွမ်ခန်းမဆောင်မှ စာလုံး၏ အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပြီဆိုလျှင်တောင်မှ သူ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာလိမ့်မည်ဖြစ်၏။ အစိမ်းရောင်နွားထီးကြီး သွေးမျိုးဆက် အသက်ဝင်ခဲ့သည်ကို ထည့်တွက်နေစရာပင်မလိုချေ။
ဘုန်း ဘုန်း
အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့ပြီး အလင်းများသည် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ အမဲရောင်ဝတ်စုံနှင့်လူများသည် ကြိုတင်ကာ ရှောင်ရှားခဲ့သည်ဆိုသော်လည်း ၎င်းတို့အနေနှင့် ပုဆိန်ကြီး၏ အရှိန်အဝါကို မည်သို့မျှ မရှောင်ရှားနိုင်တော့ဘဲ အနောက်ဘက်သို့သာ အတင်းဆုတ်ခွာခဲ့ရသည်။
ကံဆိုးစွာဖြင့် ၎င်းတို့၏ မျက်နှာများကို သေသေချာချာ မမြင်ရချေ။ အဘယ့်ကြောင့်ဆိုသော် မျက်နှာဖုံးများ တပ်ထား သောကြောင့်ပင် ဖြစ်၏။
ခေါင်းဆောင်သည် အမြုတေပြောင်းလဲခြင်းအဆင့် ၄ ကျင့်ကြံသူ တစ်ယောက်အနေနှင့် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်ပြသမည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ချက်ချင်းပဲ အော်ဟစ်လိုက်သည်။ “မြန်မြန်။ ကောင်မလေးကို လုလိုက်။”
ဤအချိန်သည် တိုက်ခိုက်ရမည့်အချိန်မဟုတ်ချေ။ မြန်မြန်ဆန်ဆန်ဖြင့် အထက်ပိုင်းအကြီးအကဲများမှ ပေးအပ်ထား သည့် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ရန်သာ ရှိတော့၏။
ကိုးယောက်မြောက် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်ကို ပြန်လည်ခေါ်ဆောင်ခြင်းသည် ပိုမိုကာ အရေးကြီးသည့် အရာဖြစ်လို့ နေသည်။
ဟူး ဟူး ….။
ရီရှင်းချန်သည် သူ၏ ပုဆိန်ကြီးကို ဝှေ့ယမ်းကာဖြင့် ရောင်မုန့်ယဉ်ရှေ့တွင် မတ်မတ်ရပ်ကာ ကာကွယ်ပေးထား၏။ သူ့အနေနှင့် လမ်းတစ်ခုလုံးကို ပိတ်ကာ ရပ်နေသည့် နွားကြီးတစ်ကောင်ကဲ့သို့ပင်။
လုယူမည်လား။ ယနေ့ သူ၏ ဂျူနီယာညီမလေးကိုသာ မကာကွယ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် ယခင်ဂိုဏ်းခေါင်းဆောင်ဝမ်၏ နာမည်ကို ဖျက်သိမ်းရပေလိမ့်မည်။
ယခင်ဂိုဏ်းခေါင်းဆောင်ဝမ် “ငါနဲ့ ဘာဆိုင်လို့လဲကွာ။”
ရွှီး ရွှီး
ထိုအချိန်မှာတော့ များပြားလွန်းလှသော မျက်နှာဖုံးတပ် သိုင်းကျင့်ကြံသူများသည် အရိပ်များထဲမှ ပျံသန်းရောက်ရှိ လာခဲ့ကြ၏။ လူအရေအတွက်သည် တဖြည်းဖြည်းများပြားလာပြီး ၁၀၀ ကိုပင် ကျော်လွန်လာခဲ့၏။ ကံကောင်းစွာဖြင့် ၎င်းတို့၏ အားအင်အဆင့်သည် မမြင့်မားလှချေ။ အများဆုံး အမြုတေပြောင်းလဲခြင်းအဆင့် ၁ သာလျှင် တည်ရှိ၏။
“ဒါက နည်းနည်း ပြဿနာများတယ်။”
အစောကြီးကတည်းက တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ရီရှင်းချန်သည် မျက်မှောင်ကုတ်သွားမိခဲ့၏။ ဤနေရာတွင် များပြားလွန်းလှသော သိုင်းကျင့်ကြံသူများ ပါဝင်လျက်ရှိနေပြီး အမြုတေအသွင်ပြောင်းလဲခြင်း အဆင့် ၅ နှင့် အဆင့် ၆ ကျင့်ကြံသူများပင် တည်ရှိနေ၏။ ထို့ကြောင့် ဂျူနီယာညီမလေးကို ကာကွယ်ပေးရန်ဆိုသည်မှာ ခက်ခဲပေလိမ့်မည်။
“သတင်းပေးပို့ထားတာ ကြာနေပြီပဲ။ ဘာလို့ ဘယ်သူမှ ရောက်မလာသေးတာလဲ။”
ရီရှင်းချန်သည် စိုးရိမ်ပူပန်မိသည့်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ သူ့ကိုယ်သူ အားကိုးရမည်ကိုလည်း ကောင်းကောင်းနားလည်မိ၏။ ထို့ကြောင့် ပုဆိန်ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ကာဖြင့် အရှေ့တွင် သူ့အား လမ်းပိတ် ကာရပ်လျက်ရှိနေသည့် အမဲရောင်ဝတ်စုံနှင့်လူပေါင်း ၁၀၀ ကျော်တို့ကို စူးစိုက်ကြည့်ရှုလိုက်၏။ သူ့အနေနှင့် အစဦး ဝင်ရောက်ကာ မတိုက်ခိုက်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူများသည် ရောင်မုန့်ယဉ်ကို လုယူသွားမှာ ဖြစ်၏။ ထို့ကြောင့်ဤတည်နေရာတွင် နေ၍ ခံစစ်အနေအထားပင် ခုခံရပေလိမ့်မည်။
“သွားကြ။”
ဝှစ် ဝှစ်
ချက်ချင်းပဲ အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ များပြား လွန်းလှလွန်းသော အမဲရောင်ဓာတ်သဘာဝများသည် ဖြစ်တည်လာပြီး တောင်ကြားတစ်ခုလုံးသည် ကြောက်မက် ဖွယ်ရာကောင်းသည့် အခြေအနေတစ်ခုဆီသို့ ပြောင်းလဲသွား၏။
ဘုန်း ဘုန်း
ပုဆိန်ကြီးကို ဝှေ့ယမ်းပြီးသည့်နောက် ရီရှင်းချန်သည် ရူးရူးမူးမူးဖြင့် တားဆီးတိုက်ခိုက်လျက်ရှိနေ၏။ သို့ပေမဲ့ တစ်ချို့သောလူများ၏ ဝင်ရောက်တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ခဲ့ချေ။ ထို့ကြောင့် အနောက်ဘက်သို့ ဆုတ်ခွာခဲ့ရပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ဆူဝေလာခဲ့သည်။
အဆင့်နှင့် ဖိနှိပ်ခြင်း၊ လူအရေအတွက်နှင့် ဖိနှိပ်ခြင်း။
သူ့အနေနှင့် ရောင်မုန့်ယဉ်ကို ကာကွယ်ပေးနေရသည်ဖြစ်သောကြောင့် ခံစစ်အနေအထားမှလည်း ဖောက်ထွက်၍ မရနိုင်ချေ။ အားညို၏ အခြေအနေသည် အမှန်ပင် ဆိုးရွားနေခဲ့၏။
“အချိန်မဖြုန်းနဲ့။”
အမဲရောင်ဝတ်စုံနှင့်သိုင်းကျင့်ကြံသူများ၏ ခေါင်းဆောင်သည် အော်ဟစ်လိုက်သည်။ “မြန်မြန်။ ဒီအနှောင့်အယှက်ကို သတ်ပစ်လိုက်။ ပြီးရင် မိန်းကလေးကို ခေါ်ခဲ့တော့။”
“ကောင်းပါပြီ။”
အားလုံးသောသူတို့သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် အရှေ့ဆီသို့ ရူးရူးမူးမူး တက်လှမ်းလာ၏။ ဟုတ်ပေ သည်။ သူတို့သည် ရောင်မုန့်ယဉ်ကို အသက်ရှင်လျက်နှင့် ပြန်လည်ခေါ်ဆောင်သွားရမည်ဖြစ်၏။ လက်ရှိအခြေအနေတွင် တားဆီးထားသည့် အခြေအနေသည် တည်ရှိနေသည်ဆိုလျှင်တောင်မှ ထိုအရာကို သတ်ဖြတ်ပြီး ခေါ်သွားမှာဖြစ်၏။
ဘုန်း ဘုန်း
ဘုန်း ဘုန်း
ရီရှင်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် သူ့အား တိုက်ခိုက်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူများကို ပြန်လည်ရင်ဆိုင်နေ၏။ သူသည် သူ၏ ဂျူနီယာညီမလေး၏ အနားတွင် နီးနီးကပ်ကပ် တည်ရှိနေပြီး တစ်ဖက်လူများ ခြေတစ်လှမ်းမှ မတိုးနိုင်စေရန်အတွက် ကြံ့ကြံ့ခံ့ကာ ရင်ဆိုင်နေခဲ့၏။ ပေးဆပ်ရသည့်တန်ဖိုးသည် ထပ်တလဲလဲ တိုက်ခိုက်ခံရပြီး အနောက်ဘက်သို့ လွှင့်စင်နေခြင်းပင်။
သေသေချာချာ တွေးတောရမည်ဆိုပါက ပြိုင်စံရှားဂိုဏ်းအနေနှင့် စတင်တည်ထောင်ပြီးကတည်းက စတေးခံလိုက်ရ သည့် တပည့်ဟူ၍ မရှိခဲ့ချေ။ ဂိုဏ်းအတွက် စတေးခံရသည့် အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပြီဆိုလျှင်တောင်မှ သူသည် အဘယ့်ကြောင့် မပြုလုပ်ရမည်နည်း။
ဝှစ် ဝှစ်
ထိုအချိန်မှာ တိုက်ခိုက်လျက်ရှိနေသည့် တည်နေရာထဲမှာတော့ ရွှေရောင်အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ အမဲရောင်ဝတ်စုံနှင့် ကျင့်ကြံသူများသည် မျက်လုံးများ စူးသွားသောကြောင့် အလျင်အမြန် မျက်လုံးကိုပင် မှိတ်လိုက်ကြရ၏။
ရောင်မုန့်ယဉ်၏ ရှေ့တွင် ရီရှင်းချန်သည် မတ်မတ်ရပ်လျက်ရှိနေသေး၏။ သူ၏ စစ်နတ်ဘုရားဝတ်စုံသည် တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်နေပြီဖြစ်သည်။
တောက်ပလျက်ရှိနေသည့် ရွှေရောင်ချပ်ဝတ်ကြီးက အစားထိုး ရောက်ရှိနေ၏။ အေးစက်သည့် မျက်နှာသွင်ပြင်ကို ကြည့်ရှုမည်ဆိုလျှင် သူသည် ယခင်ကထက်ပိုမိုကာ အဆင့်တစ်ခုဆီသို့ တိုးတက်ကာ ချောမောသွားခဲ့၏။ “ဒါက ရွှေချပ်ဝတ်ပါလား။”
အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်၏ အသံသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားသည်။
ဆွစ် ….။
ရီရှင်းချန်သည် သူ၏ လက်ကို မြှောက်ပြီးသည့်နောက် ပုဆိန်ကြီးသည် ပျောက်ကွယ်သွားခဲ့တော့၏။ ချက်ချင်းပဲ ထိုပုဆိန်ကြီးနေရာတွင် တလက်လက်တောက်ပနေသည့် ရွှေရောင်လှံကြီးက ပေါ်ပေါက်လာခဲ့၏။
“ဒါက ရွှေလှံပဲ။”
အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ်ခေါင်းဆောင်သည် တွေးလိုက်မိ၏။ ဤပစ္စည်းနှစ်ခုသည် ကျင်းဟောင်ပိုင်ဆိုင်သည့် အရာဖြစ်ကြောင်း သူတို့သိရှိ၏။ အဘယ့်ကြောင့် တစ်ဖက်လူ၏ လက်ထဲတွင် ရောက်ရှိနေရသနည်း။
ကျင်းဟောင် သတ်ဖြတ်ခံလိုက်ရလေသည်လား။ ပစ္စည်းနှင့်ရတနာများဆိုသည်ကို ခိုးယူခဲ့လေသည်လား။
အန္တရာယ်များလှသော အခြေအနေတွင် လူပေါင်းများစွာတို့သည် ရီရှင်းချန်တစ်ယောက် သူ၏ သွေးမျိုးဆက်ကို အသက်သွင်းကာ တိုက်ခိုက်မည်ကို အားလုံးက စောင့်မျှော်နေပေလိမ့်မည်။ သို့ပေမဲ့ ရီရှင်းချန်သည် သူ၏ သွေးမျိုးဆက်ကို အသက်မသွင်းဘဲနှင့် နတ်ဘုရားအဆင့် လက်နက်နှစ်ခုကို ထုတ်ဖော်ကာ တစ်ဖက်လူများကို တိုက်ခိုက် ရန် ကြံစည်ခဲ့၏။
ရီရှင်းချန်အနေနှင့် တောက်ပလှသော ရွှေရောင်ချပ်ဝတ်ကြီးနှင့် ရွှေရောင်လှံကို ကိုင်ဆောင်ရသည့်အချိန်မှာတော့ ၎င်း၏ မရီဒန်နှင့် မွေးညှင်းပေါက်များအားလုံးသည် ချိတ်ဆက်သွားမိပြီးသည့်နောက် တိုက်ခိုက်လိုစိတ်များသည် ပိုမို ကာ အားကောင်းလာခဲ့သည်။
“ခင်ဗျားတို့အားလုံး”
အားညိုသည် အားလုံးကို မော့ကြည့်ကာဖြင့် ပြောလိုက်၏။ “သေဖို့ပြင်ထားကြ။”
ဝှစ် ဝှစ်
ရွှေရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ကို ပိုမိုကာ အားကောင်းစေခဲ့ပြီး သူ့အား ရွှေရောင်သူတော်စင်ကြီး တစ်ပါးကဲ့သို့ပင် ဖြစ်တည်နေခဲ့သည်။
လက်ရှိအခြေအနေမှာတော့ တည်နေရာတစ်ခုလုံး၏ အလင်းတန်းများကို သူပိုင်ဆိုင်သည်။ အောင်မြင်မှုကို ပိုင်ဆိုင်သည်။ အထက်နယ်မြေတစ်ခုလုံးကို အလင်းရောင်များ ပေးစွမ်းနိုင်သည့် လူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ထင်မှတ်လာ၏။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ လေတိုးသံများသည် အဝေးတစ်နေရာဆီမှ ပေါ်ပေါက်လာခဲ့တော့၏။ ရောင်စုံအလင်းတန်းများသည် ကောင်းကင်ယံအထက်တွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထူးဆန်းလှသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ပျံသန်းလာခဲ့၏။ ထိုအရာများသည် ရီရှင်းချန်၏ ရွှေရောင်နတ်ဝတ်စုံထက်ပင် ပိုမိုကာ အားကောင်းလွန်းလှသည်။
“ဂျူနီယာညီလေးရီ။”
လီချင်းယန်၏ အသံကို သူ ကြားလိုက်ရ၏။ “ငါတို့ ရောက်လာပြီ။”
“……..”
ရီရှင်းချန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အားမာန်များနှင့် ပြည့်နှက်သွားသည်။ သူ့အနေနှင့် အပြင်းအထန် တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီးပြီဆိုမှ တစ်ဖက်လူများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ရောက်ရှိလာခဲ့၏။
သို့ပေမဲ့ အားညိုသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ထို့အပြင် အချိန်ကိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ကြောက်ရန်မလိုတော့ချေ။ များပြားလွန်းလှသော ကျွဲရိုင်းစက်ရုပ်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဂျူနီယာ ညီမလေးရောင်သည် ကျိန်းသေပေါက် အန္တရာယ်အတွင်း မှ လွတ်မြောက်သွားပြီ ဖြစ်သည်။
“အမှိုက်တွေ။”
ရီရှင်းချန်သည် သူ၏ လှံကြီးကို မြှောက်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “မင်းတို့အားလုံး ငရဲပြည်သွားဖို့ ပြင်ထားတော့။”
အနီးကပ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည့်အချိန်မှာတော့ အနောက်ဘက်တွင် ရှိနေသည့် စက်ရုပ်များသည် အရှေ့ဆီသို့ ပျံသန်းလာခဲ့ပြီး တောင်ကြားတစ်ခုလုံးပေါ်သို့ ဆင်းသက်လာခဲ့၏။ ဤအရာသည် ဘာကို ဆိုလိုသနည်း။
အားညိုတစ်ယောက် အန္တရာယ်ရောက်ရှိလာသည့်အချိန်တွင် စစ်သည်ပေါင်း ၁၀၀၀ ကျော်တို့သည် သူ၏ နောက်တွင် ပေါ်ပေါက်လာခဲ့ခြင်းပင်။ သူ၏ ယခင်ဘဝတုန်းက ဆိုလျှင် သတ်ဖြတ်ခံရသည့်အချိန်၌ သူအနီး မည်သူ့မှ မရှိခဲ့ချေ။ အရာရာပြောင်းလဲခဲ့ပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
မြေပြင်တစ်ခုလုံးသည် တုန်ခါလျက်ရှိ၏။ ခဏလောက်ကြာပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ်များသည် တစ်ခုပြီး တစ်ခု ရီရှင်းချန်၏ အနောက်တွင် ပေါ်လာခဲ့၏။ ၎င်းတို့၏ မျက်လုံးများသည် ဆာလောင်လျက်ရှိနေသည့် သားရဲများကြီး ကဲ့သို့ပင် တောက်ပလျက်ရှိနေပြီး မျက်နှာဖုံးတပ်ကာဖြင့် ဝတ်ဆင်ထားသည့် အမဲရောင်ဝတ်စုံနှင့် ကျင့်ကြံသူများကို ကြည့်ရှုနေ၏။
“အမြုတေပြောင်းလဲခြင်းအဆင့် အဆင့် ၁ ကျင့်ကြံသူ ၁၀၀ ကျော်ပါလား။”
ပြိုင်စံရှားဂိုဏ်း၏ ဒိုင်ယာရီတွင် အဖွဲ့လိုက်တိုက်ခိုက်မှုကို မည်သို့မှ ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည် ပျံသန်းရောက်ရှိလာခဲ့ပြီး တောင်ကြား၏ အထက်တွင် မတ်မတ်ရပ်လိုက်၏။ ကျွင်းချောင်ရှောင်းသည် သင်္ဘော၏ ပဲ့ဦးတွင် ထိုင်လျက်ရှိပြီး သူ၏ ဆေးပြင်းလိပ်ကြီးကို မီးညှိလိုက်သည်။ သူသည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ “အကုန်လုံးကိုသတ်ပစ်လိုက်။”
“ကောင်းပါပြီ။”
ကျုံးရီက အော်ဟစ်လိုက်သည်။ “တိုက်ခိုက်ကြမယ်။”
ဝှစ် ဝှစ်
ကြီးမားပြီးအားကောင်းလွန်းလှသော ကျွဲရိုင်းစက်ရုပ် ၁၀၀၀ ကျော်တို့သည် လျင်လျင်မြန်မြန်ဖြင့် လှမ်းလျှောက်လာခဲ့ ကြ၏။ ၎င်းတို့သည် ကလေးသူငယ်များအား ဝိုင်းပတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည့် အရွယ်ရောက်လူရွယ်များ အဖွဲ့နှင့်ပင် ဆင်တူနေခဲ့၏။ လက်သီးကြီးကို မြှောက်ကာဖြင့် ခြေထောက်များကို မြှောက်ကာဖြင့် တိုက်ခိုက်လျက်ရှိနေ၏။
အမြုတေအသွင်ပြောင်းလဲခြင်း အဆင့် ၅ သို့မဟုတ် အဆင့် ၄ ကျင့်ကြံသူ အနည်းငယ်တို့သည် ဤစက်ရုပ် များကို ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့ ထိုသူများအားလုံးသည် ကုကျောင်းရှစ်နှင့် ဖြူမဲညီနောင်တို့၏ တိုက်ခိုက်မှု၏အောက်တွင် ပြားပြားဝပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် မျက်နှာများကို အသုံးပြုကာဖြင့် မြေနံရံကြီးများ မည်မျှ မာကျောသနည်းကို စမ်းသပ် လျက်ရှိသည်။
…
ခဏလောက်ကြာပြီးသည့်နောက် အမဲရောင်ဝတ်စုံနှင့် လူ ၁၀၀ ကျော်တို့ကို ရှင်းလင်းသုတ်သင်ပြီးပြီဖြစ်၏။ ခေါင်းဆောင်သာလျှင် ကျန်ရှိ၏။ ၎င်း၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည့်အချိန်မှာတော့ နဖူးပေါ်တွင် လခြမ်း ပုံသဏ္ဍာန်တစ်ခု တည်ရှိနေသည်ဖြစ်ကြောင်းကို ထင်ထင်ရှားရှား မြင်လိုက်ရ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်ကာ ေြ“ဒါ အသုဘ ခန်းဆောင်ကပဲ။”
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခုန်ဆင်းလိုက်၏။ ပြီးသည့်နောက် သုန်မှုန်နေသည့် မျက်နှာအသွင်အပြင်ဖြင့် အမဲရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာပေါ်သို့ ေြအေးစက်စက်ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက တပည့်တစ်ယောက်ကို ထိန်းချုပ်ဖို့ ကြိုးစားရဲတယ်ဆိုတာ ဘယ်လောက် သတ္တိကောင်းလိုက်လဲ။”
“အသုဘခန်းဆောင်တစ်ခုလုံးကို နောက်တစ်စက္ကန့်အတွင်းမှာ သမိုင်းထဲမှာရှိတဲ့ ဂိုဏ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်တယ် ဆိုတာကို ယုံလား။”
ကုန်းရှန့်အနေနှင့် အထက်နယ်မြေဆီသို့ ရောက်ရှိလာပြီးသည့်အချိန်တွင် သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့တော့၏။ သို့ပေမဲ့ ဤကဲ့သို့သော နေထိုင်ခြင်းအားဖြင့် သူ့အား လိမ်မာယဉ်ကျေးသည့်လူတစ်ယောက်ဟု အဓိပ္ပာယ်မသက် ရောက်စေချင်ပေ။
ရောင်မုန့်ယဉ်သည်သာ ရီရှင်းချန်၏ အချိန်ကိုက် တားဆီးခြင်းကို မခံရသည်ဆိုပါက ကျိန်းသေပေါက် ဤဆန်းကြယ် လှသော အဖွဲ့အစည်း၏ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာ၏။ သို့ပေမဲ့ ကုန်းရှန့်သည် သူ၏ တပည့်မ၏ ဆံချည် တစ်မျှင်ကိုပင် ထိခိုက်ရန်ကိုပင် ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။