အခန်း ၁၅၁၁
Vol. 102 Ch. 1511
အပိုင်း (၁၅၁၁)
ရောင်မုန့်ယဉ်သည် ဆံချည်တစ်မျှင်မှ မထိခိုက်ခဲ့ချေ။ သို့ပေမဲ့ ကုန်းရှန့်သည် အသုဘခန်းဆောင်အား တေးမှတ်ထားခဲ့ ပြီဖြစ်၏။ နှလုံးသား၏ နက်ရှိုင်းသောတည်နေရာတွင် ထားရှိခဲ့၏။
ကုန်းရှန့်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် တေးမှတ်ထားလိုက်သည်ဆိုသည်နှင့် တစ်ဖက် အဖွဲ့အစည်းသည် အသက်သာဆုံးအနေဖြင့် တန်ဖိုးကြီးမားသော ငွေထုတ်စက်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အဆိုးရွားဆုံး အနေဖြင့် ကျင့်ကြံခြင်းလောကဆီမှ ဖယ်ရှားခံရပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်သည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျွန်မ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘူး။”
အသုဘခန်းဆောင်မှ အဖွဲ့ဝင်တစ်ရာ တို့သည် သုတ်သင်တိုက်ခိုက်ခြင်းကို ခံနေရ၏။ တပည့်များသည် ထိူသူများ အားလုံးကို သတ်ဖြတ်ပြီးသည့်နောက် ထိုသူတို့တွင် ရှိနေသော ပစ္စည်းများအားလုံးကို သိမ်းဆည်းနေ၏။ သို့ပေမဲ့ ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စွမ်းအင်များမှာတော့ ဖယ်ရှားခြင်းကို မခံရချေ။ ရီရှင်းချန်၏ ခန့်မှန်းမှု သည် မှားယွင်းခဲ့၏။ ဤအချက်အလက်နှစ်ခုသည် ဆက်စပ်မှုမရှိလှချေ။
“ဒါဆိုရင် အထဲမှာရှိနေတဲ့ စွမ်းအင်တွေ ဖယ်သွားအောင်လို့ ငါမင်းကို ကူညီမယ်။”
ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။ သေသေချာချာ ကြည့်ရှုစစ်ဆေး ပြီးသည့်နောက် မည်သည့်အရာကိုမှ ရှာဖွေမတွေ့ရှိချေ။ ထူးဆန်းလှချေ၏။ အဘယ်ကြောင့် ဘာတစ်ခုမှမရှိရသနည်း။ ဤကဲ့သို့ဆိုလျှင် သူမ၏ခန္ဓာကိုယ်သည် အဘယ့်ကြောင့် သူမ၏ ထိန်းချုပ်နိုင်မှုအောက်တွင် မတည်ရှိရသနည်း။
မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် အမဲရောင်ဝတ်စုံနှင့်အဘိုးအိုသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဘိုးဘေးဆီကနေ ထုတ်ဖော်လာတဲ့ စိတ်စွမ်းအင်တွေက သာမန်မဟုတ်ဘူး။ မင်းတို့လို သေမျိုးတွေ ဖြေရှင်းလို့ ရနိုင်တဲ့အရာမျိုးမှမဟုတ်တာ ။”
ကျွင်းချောင်ရှောင်းသည် ထိုသူကို ဆွဲမပြီးသည့်နောက် ပြောလိုက်သည်။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ။”
ဟား ဟား ဟားဟား ဟား ဟား
အမဲရောင်ဝတ်စုံနှင့်အဘိုးအိုသည် ဆိုးရွားသည့်ပုံပန်းသွင်ပြင်နှင့် ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒီကောင်မလေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်။ ဒါကြောင့် ကျုပ်ရဲ့ ဘိုးဘေးပြန်လည်ရှင်သန်လာဖို့ အတွက် စတေးခံရမဲ့သူအဖြစ် သတ်မှတ်ခံရပြီးသားပေါ့။ ဒီကံကြမ္မာကို ဘယ်သူကမှ တားဆီးလို့မရဘူး။”
ဘုန်း
ကျွင်းချောင်ရှောင်းသည် ထိုသူအား လက်သီးနှင့် ထိုးချလိုက်၏။ ထိုသူ၏ မျက်နှာတစ်ခုလုံးသည်ပင်လျှင် ချိုင့်ဝင် သွားခဲ့သည်။
“ချီးတဲ့မှ။”
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်သည် သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် နာကျင်စွာ ပြောလိုက်မိ၏။ “ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး။ ကျွန်မ ကျွန်မ … လေဝဲထဲကို ဝင်ချင်တယ်။”
သူမအနေနှင့် စိတ်ခံစားချက်များကို တစ်ခါတစ်ရံတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဆိုသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ အတွေးများသည် တစ်ခြားသူ၏ စိုးမိုးမှုကို ခံနေရသည်။ လွန်ဆန်၍မရနိုင်သည့် အမိန့်တစ်ခုကဲ့သို့ စိတ်စွမ်းအင်သည် သူမကို လွှမ်းခြုံပြီး လေဝဲကြီးဆီသို့ လှမ်းလျှောက် စေခဲ့သည်။
“စည်း … စည်းအတားအဆီး အစီအရင်လုပ်ကြ။”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။
“သူမကို မလှုပ်ရှားစေနဲ့။”
“ကောင်းပါပြီ။”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် အလျင်အမြန်ဖြင့် သူတို့၏ ဂျူနီယာညီမလေးဆီသို့ ရောက်ရှိလာကာ များပြားလွန်းသော စည်းအစီအရင်များကို ဖန်တီး၍ သူမကို လှုပ်ရှားမှုကို ကန့်သတ်လိုက်ကြ၏။
အမဲရောင်ဝတ်စုံနှင့်အဘိုးအိုသည် အမြင်ကတ်စရာ ကောင်းလှစွာ ရယ်မောလျက်ရှိနေသည်။ “ကျုပ်ရဲ့ ဘိုးဘေးဆင့်ခေါ်ခဲ့တဲ့ စိတ်စွမ်းအင်က လွန်ဆန်လို့ မရနိုင်ဘူးလေ။ သူမကို အတင်းတားဆီးဖို့ ကြိုးစားမယ် ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲတဲ့ အခြေအနေတစ်ခုကို ရောက်သွားမယ်။ စောင့်ကြည့်လိုက်။”
ဘန်း
ဘုန်း
ရီရှင်းချန်သည် သူ၏ ခြေထောက်ကို မြှောက်ကာဖြင့် ထိုသူ၏ မျက်နှာကို တဖြောင်းဖြောင်းနှင့် ကန်ချလျက်ရှိနေ၏။ “ကျုပ် ခင်ဗျားကို အရင်ဆုံး သတ်ပစ်လိုက်မယ်။”
“ကျွန်မသွားချင်တယ်။ ကျွန်မ အထဲကို သွားချင်တယ်။”
အတားအဆီးအစီအရင်ထဲတွင် ပိတ်မိနေစဉ်မှာပဲ ရောင်မုန့်ယဉ်၏ မျက်လုံးများသည် နီရဲလာခဲ့၏။ သူမသည် နောက်ဆုံးသောစွမ်းအင်များနှင့် သူမ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိနေသော်လည်း တဖြည်းဖြည်းနှင့် လမ်းလျှောက်လျက်ရှိနေသည့် အလောင်းကောင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့ပြီး ကိုယ့်ကိုယ်ကို မပိုင်သလို ဖြစ်သွားခဲ့၏။
“ချီးတဲ့မှ ….”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ အမဲရောင်ဝတ်စုံနှင့် အဘိုးအို၏ စကားကို သူသည်သံသယဝင်မိသော်လည်း မစွန့်စားရဲချေ။ ထို့ကြောင့် အဝေးတစ်နေရာရှိ လေဝဲကြီးကို လှမ်းကြည့်ကာဖြင့် ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်၏။
“အထဲမှာ ဘာရှိလဲဆိုတာ ငါကြည့်ချင်တယ်။ အတားအဆီးကို ဖယ်ပြီးတော့ မုန့်ယဉ်ကို အထဲဝင်ခိုင်းလိုက်။”
“ဂိုဏ်းချုပ်။”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် တစ်စုံတစ်ခုကို ပြောလိုက်ချင်၏။ သို့ပေမဲ့ နှောင့်နှေးလို့နေခဲ့၏။ သူတို့အားလုံးသည် အမိန့်ကို နာခံရမည်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူတို့၏ ဂျူနီယာညီမလေးကို ဖမ်းဆီးချုပ်နှောင် ထားခဲ့သော အတားအဆီးအစီအရင်ကို ဖယ်ရှားပေးလိုက်ကြသည်။
လွတ်လပ်မှုကို ရရှိပြီးသည့်နောက် ရောင်မုန့်ယဉ်သည် တစ်ချက်လေးမှ နောက်လှည့်မကြည့်ဘဲ လေဝဲဆီသို့ တန်းတန်း မတ်မတ် လျှောက်သွားတော့၏။ သူမ၏ ကြက်သွေးရောင်ကဲ့သို့ တောက်ပလျက်ရှိနေသည့် မျက်လုံးများသည် ခံစားချက်ကင်းမဲ့လျက်ရှိနေပြီး သူမအား ထူးဆန်းသည့် အားအင်တစ်ခုသည် ဆင့်ခေါ်နေသလိုပင်။
“မင်းတို့ ဒီမှာစောင့်နေကြ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ သူမ နောက်ကို လိုက်သွားလိုက်အုံးမယ်။”
“အစ်ကိုကြီး”
ကုကျောင်းရှစ်သည် မတ်မတ်ရပ်ကာဖြင့် ပြောလိုက်၏။ “အထဲမှာ အန္တရာယ်အရမ်းများတယ်။ ကျုပ် အစ်ကိုကြီးနဲ့ လိုက်ခဲ့မယ်။”
“နေခဲ့။”
ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ် နောက်သို့ လိုက်နှင့်နေပြီဖြစ်၏။ “ဒါ အမိန့်ပဲ။”
…
ကုကျောင်းရှစ်သည် ဘာတစ်ခုမှ မပြောနိုင်တော့ချေ။ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည် အလွန်အားကောင်းလွန်းလှသော နတ်ဆိုးစွမ်းအင် များ ထွက်ပေါ်လျက်ရှိနေသည့် လေဝဲထဲသို့ တစ်လှမ်းချင်းစီ လျှောက်ဝင်သွားခဲ့ကြ၏။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်သွားခဲ့သည်။
“အလေးပြုပါတယ်။”
ကျုံးရီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဆွစ် ဆွစ်
ကျွဲရိုင်းစက်ရုပ် တစ်ထောင်ကျော်တို့သည် ခပ်မတ်မတ် ရပ်ကာဖြင့် ဂိုဏ်းချုပ်အား အလွန်လေးစားသည့် ပုံပန်းသွင်ပြင် မျိုးဖြင့် အလေးပြုလျက်ရှိနေ၏။ ကြည့်ရသည်မှာ သူရဲကောင်းတစ်ယောက်၏ နောက်ဆုံးခရီးလမ်းကို နှုတ်ဆက် နေခြင်းနှင့်ပင် ဆင်တူသည်။
ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ ပြန်လှည့်၍ အကုန်လုံးကို ပိတ်ကန်ချင်သည့်စိတ်ကို မနည်းထိန်းထား ရ၏။
…
ဝှစ် ဝှစ် ….။
လေဝဲ၏ အတွင်းဘက်မှာတော့ မှောင်မဲလျက်ရှိနေသည့် အေးစက်သည့် လေများသည် ဝိညာဉ်အော်ညည်းသံကဲ့သို့ပင် တဝှီးဝှီးနှင့် တိုက်ခိုက်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်ပြီးသည့်နောက် ကြီးမားလွန်းလှသော ကျောက်ခဲများကြီးအပေါ်သို့ ခြေလှမ်းမိသည်။
သူ့အနေနှင့် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုရန် အချိန်မရခဲ့ချေ။ အစောကြီးကတည်းက ဝင်ရောက်လျက်ရှိနေသည့် ရောင်မုန့်ယဉ်သည် တန်းတန်းမတ်မတ်ဖြင့် ရှေ့တော်တော်ဝေးဝေးဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်သာ အနောက်သို့ လိုက်ပါသွားခဲ့ပြီး သူ၏ တပည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် မတော်တဆမှုများကို ကာကွယ်နိုင်ရန်သာ သတိအပြည့် ထားရှိထား၏။
ဟူး ဟူး
ဟီး
လေအေးများသည် ပိုမိုကာဖြင့် တိုက်ခတ်နေခဲ့ပြီး ထူးဆန်းသည့်ဘာသာစကား ကို ပြောဆိုနေသည့် အသံများကဲ့သို့ပင် ဆင်တူနေသည်။
ဟုတ်ပေသည်။ ဤနေရာသည် အလွန်အားကောင်းလွန်း လှသော နတ်ဆိုးစွမ်းအင်များ တည်ရှိနေသည့် မဲမှောင်နေသည့် တည်နေရာကြီးတစ်ခုလည်းဖြစ်၏။
တစ်ခြားသူတစ်ယောက်ယောက်သာ ဖြစ်သည်ဆိုပါက ဤတည်နေရာထဲသို့ ရောက်ရှိသည်နှင့် အဆင်မပြေမှုကို ခံစားရမှာ သေချာသည်။ သို့ပေမဲ့ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်ခန္ဓာကိုယ် ၂ ကောင်ရှိပြီး နတ်ဆိုးစွမ်းအင်များ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ခြင်းကို တွေ့ကြုံဖူးသည့် အတွေ့အကြုံတည်ရှိပြီးဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း မှာတော့ အဆင်ပြေရုံသာမက ပိုမို၍ပင် အားအင်များလန်းဆန်းလျက်ရှိနေသည်။
“ကောင်မလေးရောင်။” ကုန်းရှန့်သည် လှမ်းလျှောက်လာရင်း အသံပို့လွှတ်လိုက်၏။
ရောင်မုန့်ယဉ်သည် ပြန်မဖြေချေ။ သေချာပေ၏။ သူမသည် အလုံးစုံထိန်းချုပ်ခြင်းကို ခံနေရသည်။
“ချီးပဲ။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ “တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်ဆိုရင်တောင်မှ ငါ အဲလူကို ကျိန်းသေပေါက် ရှာပြီးတော့ သေတာထက်ဆိုးတဲ့ ကံကြမ္မာမျိုးရအောင် လုပ်ပစ်မယ်။”
“ဟမ်”
ကုန်းရှန့်သည် ရုတ်တရက် အမှောင်၏ထိပ် တည်နေရာအနားတွင် ခပ်ဖျော့ဖျော့အလင်းတန်းတစ်ခု တည်ရှိနေသည်ကို မြင်လိုက်ရ၏။ တဖြည်းဖြည်း အနီးသို့ ကပ်သွားသည့်အချိန်မှာတော့ အလင်းတန်းများသည် ပိုမိုကာ တောက်ပလာခဲ့ သည်။ ထိုတည်နေရာတွင် ဖယောင်းတိုင်များ ဝိုင်းပတ်ကာ ထွန်းထားသည့် စက်ဝိုင်းပုံသဏ္ဍာန် စင်မြင့်ကြီးတစ်ခု တည်ရှိနေပြီး ထိုစင်မြင့်ကြီး၏ ကြမ်းပြင်ပေါ်တွင် ရှုပ်ထွေးလွန်းလှသော အရေးအကြောင်းများကို ရေးဆွဲထားခဲ့ပြီး ကြည့်ရှုရသည်မှာ ထိတ်လန့်စိုးရွံ့စရာကောင်းလွန်းလှသည်။
လက်ရှိအခြေအနေမှာတော့ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ၈ ယောက်သည် ထိုစင်မြင့်ပေါ်ရှိ မတူညီသည့် တည်နေရာအသီးသီးတွင် ရပ်တန့်လျက်ရှိနေပြီး ၎င်းတို့သည် ဦးခေါင်းကို ငုံ့ကာဖြင့် လက်အုပ်ချီထား ကြ၏။ တစ်စုံတစ်ခုကို တောင်းဆုပြုနေသကဲ့သို့ပင်။
“ဒါ ဘာကြီးလဲ။” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွားမိ၏။
စနစ်က ပြောလိုက်သည်။ “ကြည့်ရတာ ရှေးယစ်ပလ္လင်ပုံစံမျိုးပဲ။ ဒါက နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာနိုင်တဲ့ အရာနဲ့ သက်ဆိုင်နေမယ် နဲ့တူတယ်။”
“နတ်ဆိုးဘိုးဘေးက အနောက်ဘက်အရပ်မှာ ပြန်လည်ရှင်သန်လာမှာ မဟုတ်ဘူးလား။”
ကျွင်းချောင်ရှောင်းက ဇဝေဇဝါဖြစ်သွားမိ၏။ “ဒါက လှည့်ကွက်တစ်ခုများလား။ အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ဖို့ အတွက် ပြုလုပ်ထားတာဖြစ်ပြီးတော့ တကယ့်အစစ်အမှန် ပြန်လည်ရှင်သန်ခြင်းအခြေအနေကတော့ ဒီမှာ ရှိနေတာ မျိုးလား။ ဒီလိုဆိုရင်တော့ အသုဘခန်းဆောင်က အဲဒီတည်နေရာကို စောင့်ကြပ်ဖို့အတွက် အမြုတေပြောင်းလဲခြင်း အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၁၀၀ ကျော်တို့ကို စေလွှတ်တယ်ဆိုတာ ဟန်ပြပေါ့။ ပြီးတော့ ဒီလောက်များတဲ့ ကျင့်ကြံသူတွေကို ဟန်ပြအဖြစ် လွှတ်ထားနိုင်တာပေါ။ ကြမ်းလွန်းတယ်။”
နယ်မြေဟောခန်းနှင့် အချိန်အတော်အကြာကြီး တိုက်ခိုက်လျက်ရှိနေသည့် ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုဖြစ် သည်မို့ ၎င်းတို့တွင် ကျွမ်းကျင်သူများ မရှားပါးချေ။ နတ်ဆိုးဘိုးဘေးသာ ပြန်လည်ရှင်သန်နိုင်မည်ဆိုပါက ၎င်းတို့အားလုံးသည် အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် သွားရောက်ကာ စောင့်ကြပ်ခိုင်းနေမှာ သေချာ၏။ ၎င်းတို့ဦးခေါင်းသည် အလုပ်လုပ်ပုံ မှန်ကန်နေ၏။
ဖောက်
ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည် ကျောက်စင်မြင့်ကြီးပေါ်သို့ လှမ်းလျှောက်သွားခဲ့ပြီး အစီအရင်၏ မျက်လုံးကဲ့သို့ အခြေအနေတည်ရှိနေသော ထူးဆန်းသည့် အရေးအကြောင်းတည်ရှိရာနေရာပေါ်တွင် မတ်မတ်ရပ်လိုက်၏။ သူမသည် ခေါင်းကိုငုံ့ကာဖြင့် လက်အုပ်ကို ချီကာ ယုံကြည်သူတစ်ယောက်ကဲ့သို့ပင် တောင်းဆုပြုနေသည်။
ကျွင်းချောင်ရှောင်းသည် အခြေအနေကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူမ၏ ဘေးတစ်နေရာ၌ လွတ်နေ သည့် တည်နေရာတစ်ခု တည်ရှိကြောင်းမြင်လိုက်ရ၏။
“ငါ မမှားဘူးဆိုလျှင် ဒီမှာရှိနေတဲ့ လူ ၈ ယောက်လုံးက ရောင်မုန့်ယဉ်လိုပဲ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ လူတွေဖြစ်မယ်။”
အသုဘခန်းဆောင်၏ ဂိုဏ်းခွဲမှူး ပြောသည့်အဆိုအရဆိုလျှင် သန္ဓေနတ်ဆိုးခန္ဓာကိုယ် ၁၀ ယောက်သည် ပေါင်းဆုံရမည်ဖြစ်ပြီး ထိုအရာသည် နတ်ဆိုးအရှင်၏ ဒုတိယမြောက် ပြန်လည်ရှင်သန်နိုင်သည့် အကြံအစည်လည်း ဖြစ်၏။ ဤတည်နေရာတွင် ၉ ယောက်ရှိနေသည်ဆိုသောကြောင့် တစ်ယောက်သာ ကျန်ရှိတော့၏။ ထိုသူသည် အောက်နယ်မြေမှ တက်လှမ်းလာသည့်လူသာ ဖြစ်ပေလိမ့်မည်။
“အသိအကျွမ်းတစ်ယောက်များဖြစ်နေမလား။”
စနစ်က ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးကလား။”
…
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “အဲလောက်ကြီးတော့ မတိုက်ဆိုင်နိုင်ပါဘူး။”
“ဟုတ်တယ်နော်။”
ရောင်မုန့်ယဉ်သည် ကျောက်စင်မြင့်၏ အပေါ်တွင် မတ်မတ်ရပ်နေ၏။ ကြည့်ရှုရသည်မှာ နာကျင်နေသည့် ပုံပန်းသွင် ပြင်မျိုးမရှိပေ။
ကျွင်းချောင်ရှောင်းမှာတော့ ယစ်ပုလ္လင်စင်မြင့်၏ အပြင်ဘက်တွင် မတ်မတ်ရပ်ကာဖြင့် ၁၀ ယောက်မြောက် သန္ဓေ နတ်ဆိုးခန္ဓာကိုယ် ပေါ်ပေါက်လာမည်ကို စောင့်မျှော်လျက်ရှိနေ၏။
“ဟမ်”
ဟူး ဟူး
တစ်နာရီလောက်ကြာပြီးသည့်နောက် ကျောက်စင်မြင့်အောက်တွင်ရှိနေသော မျဉ်းကြောင်းများသည် အသက်ဝင်လာခဲ့ ပြီး အလင်းတန်းများနှင့် ပြည့်နှက်နေ၏။ ထိုအလင်းတန်းများသည် လူ ၉ ယောက်တို့အား စတင်ကာ ချိတ်ဆက်လေသည်။
“စနေပြီပဲ။”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါနှင့် ဖြစ်သွားမိ၏။ “တစ်ယောက်လိုနေသေးတယ်မဟုတ်ဘူးလား။”
ဟူး ဟူး
ရောင်မုန့်ယဉ်နှင့် တစ်ခြားသောသူများတို့သည် တုန်ခါလျက်ရှိနေသော အစီအရင်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေ၏။ ၎င်းတို့သည် တည်နေရာအလွတ်ကြီးတစ်ခုနှင့် ချိတ်ဆက်၍ မရနိုင်ခဲ့ချေ။ ခြေထောက်အောက်တွင် ရှိသော အရေးအကြောင်းများသည် တဖြတ်ဖြတ် လင်းလက်လျက်ရှိနေပြီး တစ်စုံတစ်ခုလိုအပ်နေသည်ဖြစ်ကြောင်း သူတို့ကို သတိပေးလျက်ရှိသည်။
“မကောင်းတော့ဘူး။”
စနစ်သည် ပြောလိုက်၏။ “ရောင်မုန့်ယဉ်၏ အသက်ဓာတ်တွေက တဖြည်းဖြည်းကျဆင်းလာတယ်။”
ဆွစ်
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်နှင့် ရှေ့ကို တိုးလိုက်၏။ ပြီးနောက် သူ၏ တပည့်ကို အောက်သို့ ဆွဲချရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ လျှပ်စစ်ဓာတ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ပြီးသည့်နောက် အနောက်ဘက်သို့ ရုတ်တရက် ကန်ထွက်သွားစေသည်။
“ချီးတဲ့မှ။”
ကျွင်းချောင်ရှောင်းသည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထုံကျင်မှုကို ခံစားနေရ၏။
စနစ်ကပြောလိုက်သည်။ “၉ ယောက်လုံးက အရမ်းကို အားကောင်းတဲ့ အတားအဆီးအစီအရင်ကြီးတစ်ခုနဲ့ ဝိုင်းပတ်ခြင်းကို ခံထားရတာ။ လက်ရှိ လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်အရဆိုရင် ဒါကို ချိုးဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဘာလို့ ၁၀ ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်က ပေါ်မလာသေးတာလဲ။”
အောက်တွင်ရှိနေသော အလင်းတန်းများ၏ အရေးအကြောင်းများသည် တဖြည်းဖြည်း တောက်ပလျက်ရှိနေသည်ကို ကြည့်ရှုပြီးသည့်နောက် ဤအရာသည် တစ်စုံတစ်ယောက်လိုအပ်နေသည်ဖြစ်ကြောင်း သတိပေးခြင်းသာ ဖြစ်ပေ လိမ့်မည်။
ဆက်သွယ်၍ မရနိုင်ဘူးဆိုလျှင် တစ်ခြားသော ၉ ယောက်တို့သည် ဆိုးရွားသော အခြေအနေသို့ သက်ရောက်ကုန်မှာ ဖြစ်၏။
“သူမရဲ့ အသက်ဓာတ်တွေက တဖြည်းဖြည်းနဲ့ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်။ ၂၀ ရာခိုင်နှုန်းအောက်ဆိုရင် တကယ့်ကို အန္တရာယ်ရှိသွားပြီ။” စနစ်က သတိပေးလိုက်သည်။
ဘုတ်
ရုတ်တရက် ကျွင်းချောင်ရှောင်း သည် အရှေ့ဆီသို့ လှမ်းတက်လိုက်ခဲ့၏။ သူသည် ရောင်မုန့်ယဉ်ကို မထိခဲ့ချေ။ ထိုအစား အစီအရင်ထဲတွင် ရှိနေသည့် လွတ်နေသည့် တည်နေရာကြီးထဲတွင် မတ်မတ်ရပ်ကာဖြင့် အော်ဟစ်လိုက်၏။ “ငါက ၁၀ ယောက်မြောက်လူပဲ။ ငါက ၁၀ ယောက်မြောက်လူ။”
စနစ် “သောက်ကျိုးနည်း”