နောက်ထပ်ရှေးဟောင်းသတ္တဝါလား
Vol. 123 Ch. 1717
ကျန်နေ့ရက်များတွင် ရှီမာယူယူသည် ပညာရှိစံအိမ်တော်ကို ပတ်သွား သည်။ သူမသည် အနက်ဝတ်လူများနှင့်ပတ်သက်သည့် သတင်းကိုရှာချင်မိ သည်။ သို့သော် ဘာကိုမှရှာမတွေ့ခဲ့ပေ။
အခုမှပင် ပညာရှိစံအိမ်တော်သည် လျှို့ဝှက်လုပ်ဆောင်မှုများတွင် မည်မျှ တော်လှသည်ကို ရှီမာယူယူ နားလည်သွားတော့သည်။ ထို့ကြောင့် နှစ်ပေါင်း များစွာ ကြာပြီးသည့်တိုင်အောင် ထန်းယန်သည် သူတို့ကို တိုက်ရိုက်ဆက်သွယ် ၍မရခြင်းဖြစ်သည်။
ထိုအခိုက်တွင် လုံခြုံရေးအဆောင်တော်သည် နတ်ဆိုးဓားကိစ္စနှင့် ပတ်သက်၍ဆွေးနွေးရန် ဖိတ်စာများဝေလိုက်သည်။ ဂိုဏ်းအများစုသည် ဖိတ်စာများရပြီးနောက် ပါဝင်ရန် လူများလွှတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ပညာရှိစံအိမ်တော်နှင့် လျှို့ဝှက်အနက်ဝတ်လူများနှင့် အဆက်အစပ်ရှိနေကြောင်းနှင့် ပညာရှိစံအိမ်တော်သည် မိန်းမငယ်လေး များကို လိုက်လံဖမ်းဆီးနေကြောင်း အပြင်တွင် သတင်းများပျံ့နေလေ၏။
ထိုကဲ့သို့ သတင်းများထွက်ပေါ်လာသဖြင့် ချုံးချီသည် ရှီမာယူယူကို ဒေါသတကြီး ဆူပူကြိမ်းမောင်းလေသည်။ ထိုပြဿနာများသည် ဂူချင်းဘက်မှ ကြီးထွားလာသည်ကို သိသဖြင့် သူမကို ဖမ်းရန် တိုက်ရိုက်စေလွှတ်လိုက်သည်။
ရှီမာယူယူသည် သူမကိုယ်သူမ ပိတ်လှောင်ကာ ပြန်သုံးသပ်နေရပြီး ညီလာခံမတိုင်ခင်အထိ ထွက်ခွင့်ပိတ်ခံထားရသည်။
မြင့်မြတ်သောသားတော်နှင့် ထန်းယန်တို့ သတင်းရသောအခါ ရှီမာယူယူ ပိတ်လှောင်နေပြီဖြစ်သည်။ သူတို့သည် စိုးရိမ်သော်လည်း သူမအတွက် ကူပြော ပေးခြင်းမရှိပေ။ ထို့အပြင် သူတို့သည် အမြင်အရ ရင်းနှီးလှသည်မဟုတ်ပေ။
တစ်ဖက်တွင်တော့ ရှီမာယူယူသည် စိုးရိမ်ပူပန်ခြင်းအလျင်းမရှိပေ။ သူမ ဒီအတိုင်းပဲ အပိတ်ခံထားရတာမလား။ ဘာပြဿနာကြီးမှမဟုတ်တာ။
သို့သော် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သည့်နေရာရောက်သည့်အခါ မှပင် ပညာရှိစံအိမ်တော်၏ အပြစ်ပေးမှုသည် လမ်းလွဲရောက်နေသည်ကို သိ လိုက်ရသည်။
ပြန်သုံးသပ်ရသည့်နေရာသည် တောင်ကမ်းပါးတွင်ရှိသည့် မရွေ့လျား တောင်ကမ်းပါးဖြစ်သည်။ ထိုနေရာတွင် မည်သူမှ ပျံခွင့်မရှိဘဲ သူမ အောက်ခြေ သို့ရောက်သည်နှင့် လာခေါ်မည့်သူမရှိကာ သူမဘာသာလည်း တက်သွား၍ မရပေ။ ထိုအရာတင်သာဆိုလျှင် ပြဿနာကြီးမဟုတ်ပေ။ သို့သော် အရေးအကြီးဆုံးမှာ ထိုတောင်ကမ်းပါးသည် ထူးဆန်းစွာပင် အေးစိမ့် နေကာ ဝိညာဉ်စွမ်းအင်သုံးပြီး ခုခံ၍လည်းမရပေ။ ထိုအအေးဒဏ်သည် အရိုးထဲ ထိပင် စိမ့်သွားစေသည်။
သူမကို လိုက်ပို့သူများသည် ပညာရှိစံအိမ်တော်အတွင်း သူမ၏ ရာထူးကို သိသဖြင့် သူမကို အခက်တွေ့အောင်မလုပ်ပေ။ သူတို့သည် သူမကို ဆေးတစ် ပုလင်းပေးပြီးပြောလိုက်သည် “ဒီဆေးတွေက အအေးဒဏ်ကို တနည်းနည်း တော့ ခံနိုင်ရည်ရှိစေမှာပါ”
ရှီမာယူယူသည် ဆေးများကိုယူကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် “ကျေးဇူးအများကြီးတင်ပါတယ်”
“မြင့်မြတ်သောသမီးတော် နောက်လပိုင်းလောက်တော့ ဒီနေရာရဲ့ အတားအဆီးနားမှာပဲနေပါ ဟိုးအနက်ထဲကိုမသွားပါနဲ့”
“အထဲမှာ ဘာရှိလို့လဲ”
“ကျွန်တော်တို့လည်းမသိဘူး ဒါပေမဲ့ အနက်ထဲကိုဝင်သွားတဲ့လူတိုင်း အချိန်ပြည့်လို့ ကျွန်တော်တို့လာခေါ်တဲ့အချိန်ကျ အကုန်လုံး… အဲဒါကြောင့် မြင့်မြတ်သောသမီးတော် အထဲကိုဝင်မသွားတာ ကောင်းပါလိမ့်မယ်”
“နားလည်ပါပြီ ဒီအကြောင်းပြောပြလို့ မင်းတို့နှစ်ယောက်လုံးကို ကျေးဇူး တင်ပါတယ်” ရှီမာယူယူသည် သူတို့ကိုပြုံးပြလိုက်သည်။
သူမ နားထောင်ပြီးနောက် ထွက်သွားသည်ကို ထိုနှစ်ယောက် မြင်သောအခါ ထပ်မနေတော့ပေ။ သူတို့သည် ဝိညာဉ်သားရဲပေါ်သို့တက်ပြီး ပျံသွားရာ ထူထဲလှသောမြူခိုးများအကြားသို့ လျင်မြန်စွာပျောက်ကွယ်သွား လေသည်။
ရှီမာယူယူသည် သူတို့ပျောက်သွားသည်အထိစောင့်ပြီး တောင်ကမ်းပါး အခြေကို သေချာကြည့်လိုက်သည်။
ကမ်းပါးအခြေတစ်ခုလုံးမှာ အဖြူရောင်ခင်းထားပြီး အထူဆုံးအပိုင်းမှာ မီတာတစ်ရာ နက်သည်။ တောင်ကမ်းပါးထိပ်ကို မြင်ရန်လုံးဝမဖြစ်နိုင်ပေ။ အောက်ခြေမှာ သိပ်မနိမ့်လှသော်လည်း ၅ မီတာ ၁၀ မီတာအမြင့်လောက်ဆိုလျှင်တောင် မမြင်ရပေ။
သူမသည် ပတ်ဝန်းကျင်အား အာရုံခံကြည့်လိုက်သည်။ အဖြူရောင်မြူခိုး များသည် သူမ၏ ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ထားခြင်းကြောင့် အသုံးပြု၍ မရ နိုင်ခြင်းဖြစ်မည်။ ထို့အပြင် ထိုမြူခိုးဖြူများ၏ အပူချိန်သည် နိမ့်နေသော်လည်း ရေခဲတော့မဟုတ်ပေ။ မြူများ၏ ပင်ကိုယ်ကပင် အေးခဲနေသည်။
နောက်တစ်ကြိမ် အာရုံပြန်ခံစားကြည့်ရာ သူမ၏ အလင်းအရည်အချင်း ဝိညာဉ်စွမ်းအင်မှာ ဖိနှပ်ခံရသော်လည်း တစ္ဆေရောင်ဝါတော့ ဖိနှိပ်ခံရခြင်းမရှိ ပေ။ သည်လိုနှင့် သူမသည် အလင်းအရည်အချင်းကို ပင်မအကြောများအတွင်း သိမ်းဆည်းကာ တစ္ဆေရောင်ဝါထုတ်လိုက်သည်။ လျင်မြန်စွာပင် အေးစိမ့်မှုကို ခံစားရသည်မှာ ရပ်တန့်သွားလေသည်။
သူမသည် အစောင့်များပေးသော ဆေးကိုသိမ်းပြီး အထဲသို့ ဦးတည်သွား လိုက်သည်။
သူတို့သည် သူမကို မဝင်သွားစေချင်သော်လည်း ပိုသိချင်လာသည်။
အစပိုင်းတွင် မြူခိုးဖြူများက ဝိညာဉ်စွမ်းအင်ကို စည်းပိတ်ထားခြင်း ကြောင့် ထိုလူများ သေသွားရသည်ဟု သူမ ထင်ထားသည်။ သို့သော် သူမ ဝင်သွားလေလေ ဖိနှိပ်ခံထားရသော ဝိညာဉ်စွမ်းအင်မှာ ပြေလျော့လာလေလေ ဖြစ်သည်ကို သိလိုက်ရသည်။
အတန်ကြာအောင် သွားပြီးနောက် သူမ အရိုးစုများကိုတွေ့ရလေသည်။ သူတို့၏ အဝတ်အစားများကို ကြည့်လျှင် ပညာရှိစံအိမ်တော်မှလူများဖြစ်သည် ကို ပြောနိုင်သည်။ ထို့အပြင် အားလုံးမှာ မိန်းကလေးများဖြစ်ကြသည်။
“ဒီလူတွေသေသွားတာကို ပညာရှိစံအိမ်တော်က ဘာလို့အလောင်း မကောက်တာလဲ” ပညာရှိစံအိမ်တော် ထိုသို့ပြုမူသည်ကို သူမသည် အထင်သေးမိသော်လည်း ထိုအလောင်းများကို ကောက်ရန်လည်းအစီအစဉ်မရှိ ပေ။ “ဒီလမ်းတွေက ဘယ်ကိုဦးတည်နေတာပါလိမ့်”
သူမသည် ရှေ့ဆက်လျှောက်သွားရာ နောက်ထပ်အရိုးပုံများကို တွေ့ရ လေသည်။ ထိုအရိုးများသည် အချိန်ကြာမြင့်စွာ ရှိခဲ့ပြီးဖြစ်ကာ ဝိညာဉ်သားရဲ၏ သတ်ခြင်းကိုခံရပုံပင်။
“သူတို့ကိုယ်သူတို့တော့ ဖြူစင်ပြီး သန့်စင်မြင့်မြတ်သလိုလုပ်နေကြတာ ဒါပေမဲ့ သေသွားတဲ့ဒီလူတွေကို ဂရုတောင်မစိုက်ဘူးပဲ” သူမသည် ပညာရှိ စံအိမ်တော်ကို ပိုပို၍အထင်သေးလာသည်။ “ကြည့်ရတာ ဒီလူတွေက ဝိညာဉ် သားရဲတိုက်ခိုက်ခံရတာဖြစ်မယ် အဲဒါကြောင့် ဒီမှာကျသွားတာပဲ”
ထိုအရိုးများ ချန်ထားခဲ့သော ရောင်ဝါများကိုကြည့်လျှင် ထိုလူများသည် အားမနည်းလှသည်ကို ပြောနိုင်သည်။ ထို့အပြင် အဖွဲ့လိုက်လာကြသူများ လည်းရှိသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များ ဖိနှိပ်မခံရသည့် အခြေအနေမှာပင် သေသွားရသည်။ ဤနေရာသည် အလွန်ပင် အန္တရာယ်များသည့်ပုံပင်။
“ယူယူ ငါ အားကောင်းတဲ့ရောင်ဝါကို အာရုံခံမိနေတယ်” ရှောင်ချီသည် ရုတ်တရက် ပြောလာသည် “ရှောင်ချီနဲ့ ပိုပြီးတောင် ရင်းနှီးနေသလိုပဲ”
“မင်းက အဲဒါနဲ့ရင်းနှီးတယ်ဟုတ်လား ချင်ယိနဲ့ အဆင့်တူတာမဟုတ်ဘူး လား” ရှီမာယူယူသည် ရှောင်ချီကိုခေါ်ထုတ်လိုက်သည်။
ရှောင်ချီ ပေါ်လာကာ ချင်ယိကိုပါ ခေါ်လာသည်။
ရှောင်ချီပေါ်လာပြီးနောက် သူမသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီး ပြောလိုက်သည် “ယူယူ ရှေ့ဆက်မသွားရင် ကောင်းမယ်”
“ဒါကတကယ်ပဲ ရှေးဟောင်းသတ္တဝါလား” ရှီမာယူယူသိချင်သွားသည်။ သူမသည် ချင်ယိကိုတွေးမိပြီးရယ်လိုက်သည် “ငါ မင်းကိုပြောတာမဟုတ်ပါဘူး”
ချင်ယိသည် သူမကို စိတ်ထဲမထားဘဲ ပြောလိုက်သည် “ဒီမှာတကယ်ပဲ အားကောင်းတဲ့ရောင်ဝါရှိနေတယ်”
“မင်းတို့လို အပြင်အမျိုးအစားသားရဲပဲလား” ရှီမာယူယူ ခန့်မှန်းလိုက် သည်။
“ဟုတ်တယ်” ချင်ယိ ခေါင်းညိတ်လိုက်သည် “ငါ့ရောင်ဝါနဲ့ အဆင့် အတူတူလောက်ပဲလို့ထင်တယ်”
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ပညာရှိစံအိမ်တော်မှာ ဒီလောက် အားကောင်းတဲ့ကောင်ရှိနေတယ်ပေါ့။
“သာမာန်အခြေအနေမှာဆိုရင် ရှောင်ချီတို့လိုအမျိုးအစားပဲ အကြာကြီး နေနိုင်တာ” ရှောင်ချီ ပြောလိုက်သည် “ဒါပေမဲ့ ယူယူ စိတ်မပူပါနဲ့ ချင်ယိလိုလူ မျိုးဆိုရင် တခြားသူကို လက်လွတ်စပယ် မတိုက်ခိုက်ပါဘူး”
ရှီမာယူယူသည် ချင်ယိပြောဖူးသည်ကို ပြန်တွေးပြီး ပြောလိုက်သည် “အဲဒါက လက်လွတ်စပယ်မတိုက်ခုက်ဘူး ပညာရှိစံအိမ်တာ်ကို အရင်းအမြစ် တွေတောင်ပေးဦးမယ်၊ မဟုတ်ရင် ပညာရှိစံအိမ်တော်က တခြားဂိုဏ်းတွေ အပေါ်မှာ နေနိုင်မှာမဟုတ်ဘူး၊ ဒီကကောင်က အံ့ဖွယ်ဆေး ဖီးနစ်နိဗ္ဗာန်တော့ မဟုတ်ဘူးမလား”
“မဟုတ်ဘူး” ချင်ယိသည် ယုံကြည်ချက်ရှိရှိပြောလိုက်သည် “အဲဒါက အံ့ဖွယ်ဆေးဖြစ်ရင်တောင် ဒီကောင်လောက် တန်ဖိုးမရှိနိုင်ဘူး”
ရှီမာယူယူ၏ မျက်လုံးများအရောင်တောက်သွားကာ ပြောလိုက်သည် “အဲဒါက တွေ့ကရာ မတိုက်ခိုက်ဘူးဆိုတော့ ငါ သွားပြီးတွေ့လို့ရတယ်မလား ငါ လုယူပြီး ပညာရှိစံအိမ်တော်ရဲ့ အုတ်မြင်ကိုဖျက်ဆီးလို့ရတယ်လေ”
ချင်ယိ…..
ရှောင်ချီသည်လည်း စိတ်လှုပ်ရှားလာကာ သူမ၏လက်ကိုဆွဲပြီး ပြော လိုက်သည် “ကောင်းတယ် ကောင်းတယ် ဒီပညာရှိစံအိမ်တော်က ယူယူ့ကို ခါးသီးအောင်လုပ်ထားတာ အတိုးပြန်ယူရမယ့်အချိန်ရောက်ပြီ”
“ရှောင်ချီ မင်းအဲကောင်ကို နိုင်မှာလား” ချင်ယိ မေးလိုက်သည်။
“အဲဒါဘယ်သူလဲဆိုတာ ငါမသိသေးပေမဲ့ အဲကောင်က ရန်သူမဖြစ်နိုင်ဘူး လို့ ငါ့ရဲ့ဆဌမမြောက်အာရုံကပြောနေတယ် ရန်သူမဟုတ်မှတော့ ဖြေရှင်းဖို့ လွယ်မှာပဲ အားယား သွားမယ် သွားမယ်” ရှောင်ချီသည် တက်ကြွလေသည်။
ချင်ယိသည် ရှောင်ချီ၏ တောင်းဆိုမှုအောက်ဆိုလျှင် အားလျော့စမြဲပင်။ ထို့ကြောင့် သူမ ဦးဆောင်မှုနောက်သို့လိုက်ရသည်။ သို့သော် သူတို့ ဝေးဝေး မရောက်ခင်မှာပင် ဝိညာဉ်သားရဲတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ လမ်းကိုပိတ်လေသည်။
ရှီမာယူယူ ကြည့်လိုက်သည်။ ထိုအကောင်သည် ကျားဆိုသော်လည်း ကျားမဟုတ်ပေ။ ကျားသစ်လိုလိုရှိသော်လည်း ကျားသစ်လည်းမဟုတ်ပြန်ပေ။ ငှက်နှင့်တူသော်လည်း ငှက်မဟုတ်ပေ။ သူ၏ရောင်ဝါသည် အားကောင်းလွန်း ကာ သူမသည် တစ်ချက်ကြည့်လိုက်သည်နှင့် ရှေးဟောင်းသတ္တဝါဖြစ်သည်ကို သိနိုင်သည်။ သူသည် သူမ၏ ဝိညာဉ်သားရဲများထက်ပင် အားကောင်းကာ စံတင်အဆင့်မြင့်ကျွမ်းကျင်သူများနှင့် အဆင့်တူတူလောက်ဟု ထင်ရသည်။
***