တွေ့ဆုံခြင်း
Vol. 117 Ch. 1741
ရုံးခန်းထဲ၌ လင်းရီသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း Tesla အကြောင်း သတင်းများ ဖတ်ရှုနေလျက် ရှိသည်။
အထူးသဖြင့် သက်ဆိုင်ရာ ဌာနများက ရှေ့ထွက်လာပြီး ဖိနှိပ်နေသည့် သတင်းကို မြင်တော့ သူ ချက်ချင်းဆိုသလို တံတိုင်းကြီး တစ်ခု စတင်ပြိုကျလာသည်ကို ခံစားနေရပြီး လူတိုင်းကလည်း ဝိုင်းဝန်းတွန်းထိုးနေခဲ့ကြ၏။
၎င်းအပြင် စိတ်ဝင်စားဖို့ကောင်းသည့် အခြား သတင်း တစ်ပုဒ်ကိုလည်း လင်းရီ မြင်တွေ့လိုက်ရသည်။
ရန်ကျင်း၏ ကျုံးလန် အုပ်စု ၊ ပေါင်းလုံ အုပ်စုနှင့် ယွီဟန်ရှိ ဖူနန် အုပ်စုတို့မှ လင်းယွင် အုပ်စုအား အသီးသီး ထောက်ခံကြောင်း အသံဆောင်းပါးတို့ ပေါ်ထွက်လာခဲ့၏။
လင်းရီ တွေးတောကြည့်လိုက်ပြီး ကျုံးလျန် အုပ်စုက ချိုးယွီလော့တို့ မိသားစုပိုင် ဖြစ်ပြီး ပေါင်းလုံ အုပ်စုက နင်ချဲ့တို့ မိသားစုပိုင် ကုမ္ပဏီ ဖြစ်သည်ကို ပြန်ပြီး သတိရမိလိုက်သည်။ ယွီဟန် ဖူနန် အုပ်စုကတော့ ရှောင်ပင်း၏ မိသားစုပိုင် ကုမ္ပဏီ ဖြစ်ဟန်ပင်။
လင်းယွင်အုပ်စုတွင် အကြောင်းတစ်စုံတစ်ရာ ရှိလာသည်ကို မြင်တော့ အကုန်လုံးက ကူညီပေးရန် ရှေ့ထွက်လာခဲ့ကြသည်။ ၎င်းတို့အပြင် လင်းရီ မရင်းနှီးသည့် ကုမ္ပဏီများကလည်း ပူးတွဲထုတ်ပြန်ချက်တို့ ကြေညာနေလျက် ရှိ၏။
တစ်ဖက်သူက မည်သို့သော ရည်ရွယ်ချက်နှင့် ပြုလုပ်နေဆဲဆိုတာကို လင်းရီ မသိပေ။ သူနှင့် ဆက်နွယ်ကောင်း ဆက်နွယ်နေနိုင်ပါသည်။ သို့သော် လင်းရီကတော့ ထိုအချင်းအရာအား သိရှိခြင်း မရှိချေ။
လင်းရီ တွေးတောကြည့်လိုက်ပြီး ရှောင်ပင်းထံ ဖုန်းဆက်လိုက်၏။
“ ဟယ်လို အစ်ကိုရီ …” ဖုန်းဝင်သွားသည်နှင့် ရှောင်ပင်း အပြုံးတစ်ပွင့်ဖြင့် ပြောလာခဲ့၏။
“ အများကြီး ဝင်မပက်သတ်နဲ့ … စတိတ်စင်ပေါ်မှာ ကူရပ်ပေးရင်ကို ရပြီ … လေးလေးနက်နက် ထားဖို့ မလိုဘူး ..”
လင်းရီသည် ကုမ္ပဏီ အသေးလေးများအား ကာကွယ်ပေးနေခြင်းပင်။
ရှောင်မိသားစုက ယွီဟန်တွင် နံပါတ် တစ် မိသားစု တစ်ခု ဆိုသော်လည်း လင်းယွင်အုပ်စုနှင့် အရွယ်အစားချင်း ယှဉ်လျှင်တော့ သိသိသာသာ လိုအပ်နေပါသေးသည်။
အဆိုပါ အကြောင်းအရင်းတို့ကြောင့်ပဲ လင်းရီသည် သူနှင့် Tesla ၏ တိုက်ပွဲ၌ ရှောင်ပင်းအား လိုသည်ထက်ပိုပြီး ဝင်မပါစေလိုပေ။
ပြဿနာ ဖြေရှင်းပြီးသွားသည်နှင့် လင်းယွင်အုပ်စု၏ ကြီးမားလှသည့် လွှမ်းမိုးမှုနှင့် အရွယ်အစားကြောင့် မည်သူကမျှ ဇယားလာရှုပ်ဝံ့ကြမှာ မဟုတ်ပေ။
သို့သော် ရှောင်မိသားစုအတွက်ကတော့ မတူညီချေ။ သူတို့၏ ပြိုင်ဘက်များက သူတို့အား တိတ်တဆိတ် ဆန့်ကျင်လာသည်မျိုး ဖြစ်နိုင်လေသည်။
ထို့ကြောင့် ၎င်းတို့ဘက်က ရိုးရှင်းစွာ အကူအညီပေးရန်အတွက် လက်လှမ်းလာသည့် စိတ်ဆန္ဒကိုပဲ လင်းရီ လက်ခံလိုသည်။
“ ဒီက ရေက နက်လွန်းတယ်… ငါ မင်းတို့ကို ဝင်မပါစေချင်ဘူး …”
“ စိတ်ချလိုက် အစ်ကိုရီ … ကျွန်မတို့လည်း ကျွန်မတို့လုပ်နေတာကို နားလည်ပါတယ်…” ရှောင်ပင်း တက်တက်ကြွကြွ လေသံဖြင့် ပြောလိုက်၏။
“ ကျွန်မတို့ … ဟုတ်လား ….”
“ အင်းလေ ….” ရှောင်ပင်း ရှင်းပြလိုက်၏။ “ အသင်း ၁ မှာ လူရှစ်ယောက် ရှိတယ်မလား … ခု ကျွန်မတို့ အကုန်လုံးက ကူညီပေးဖို့ အတူရပ်တည်နေကြတာ…”
ထိုစကားကြားတော့ ဘာဖြစ်နေလဲဆိုတာကို လင်းရီ နောက်ဆုံးတော့ နားလည်သဘောပေါက်သွားခဲ့သည်။
သူ နာမည်ပင် မသိသည့် ကုမ္ပဏီများအားလုံးက သူ့ အသင်းဝင်များ၏ မိသားစုပိုင် ကုမ္ပဏီများ ဖြစ်နေသည့်ဟန်ပင်။
“ အစ်ကိုရီ … ကျွန်မတို့ လတ်တလော တစ်ခုခု လုပ်ဖို့ စီစဉ်ထားတယ်…”
“ အဲ့ဒါက ငါနဲ့ ပတ်သက်နေလို့လား …”
“ ရှင်နဲ့ အများကြီး ပတ်သက်တယ်… အစ်ကိုရီသာ မပါဘူးဆိုရင် ဒီကိစ္စက ကျရှုံးသွားနိုင်တယ်…”
“ အရင်ပြော … ဘာကိစ္စလဲ …” လင်းရီ ပြုံးလိုက်သည်။
“ လတ်တလော ကျုံးဝေ့တပ်ဖွဲ့က ကျွန်မတို့ကို ဘာတာဝန်မှ ပေးမလာဘူးလေ … ဒါကြောင့်မို့ ကျွန်မတို့ အသင်းသားတွေ အပြင်ထွက်ပြီး လျှောက်လည်ကြမလို့ အဲ့တာ ကျိုးဟိုင်ကို လာလည်ဖို့ စဉ်းစားနေတာ .. ဘယ်လိုလဲ … ဧည့်ခံပေးမယ်မလား ….”
“ ပြဿနာ မရှိဘူး … မင်းတို့ ဘယ်အချိန်လောက် လာဖြစ်ကြမှာ …”
“ နောက် တစ်ရက် ၊ နှစ်ရက် ဆိုရင် လာဖြစ်လောက်မယ်… ကျွန်မတို့ ဂရုချက်ထဲမှာ ဒီအကြောင်းပြောနေကြတာ အစ်ကိုရီက ဘာတစ်ခွန်းမှလည်း ဝင်မပြောတော့ ကျွန်မတို့ ဘယ်သူကမှလည်း မပြောရဲကြဘူး …”
“ မိန်းကလေးတွေပဲ လာခဲ့ခိုင်းလိုက် … ကောင်တွေကတော့ နေရစ်လို့ ….”
“ ဟားဟား … နားလည်ပြီ… သူတို့ကို ချက်ချင်း အသိပေးလိုက်မယ်… ကျွန်မတို့ သန်ဘက်ခါလောက် ရောက်ဖြစ်မယ်… အကြီးကြီးစားဖို့ ဟန်ပြင်ထားကြတာနော် … ဒီတော့ သေချာ ပြင်ဆင်ထား ….”
“ အသေးအမွှားလေးပါ … လာသာ လာခဲ့လိုက် …”
ရှောင်ပင်းနှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းချကာ အွန်လိုင်းပေါ်ရှိ သတင်းများအား ဆက်လက်၍ လိုက်လံဖတ်ရှုတော့သည်။ ပြည်နယ်ပိုင် မီဒီယာများနှင့် သက်ဆိုင်ရာ သတင်းဌာနများက ဤကိစ္စအား မီးခိုးကြွက်လျှောက် စစ်ဆေးမည်ဆိုသည်ကို သိလိုက်ရတော့ လင်းရီ အတော်လေး စိတ်လှုပ်ရှားမိသွားခဲ့သည်။
ကြည့်ရသည်မှာ လျန်ရူရွှယ်သည် ယခင် ခေါင်းဆောင်ဟောင်းကို မည်သည့် မျက်နှာသာမျှ မပေးသည့်ဟန်ပင်။ မဟုတ်ပါက ဤမျှ ရက်စက်စွာ လုပ်ဆောင်နေမှာ မဟုတ်ချေ။
ဒီလိုဆိုရင်တော့ ဒီည သူ့ကို ညစာတော့ ဖိတ်ကျွေးဦးမှပါ ….
ကလင် ကလင် ကလင် …
လျန်ရူရွှယ်အား ညစာ ဖိတ်ကျွေးပြီး ရုပ်ရှင် လိုက်ပြရန် ကြံစည်နေတုန်းမှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့လေသည်။
ထင်မှတ်မထားစွာဖြင့် လျန်ရူရွှယ်မှ ခေါ်ဆိုလာခဲ့ခြင်း ဖြစ်၏။
အိမ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသဖြင့် လင်းရီသည် ဖုန်းအား ခြံထဲသို့ ယူသွားပြီး လျန်ရူရွှယ်၏ ဖုန်းအား ကိုင်လိုက်သည်။
“ လုပ်တာ မဆိုးဘူး အတွင်းရေးမှူးလျန် …” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
“ ကျေးဇူးတင်တဲ့အနေနဲ့ ညစာ လိုက်ကျွေးပြီး ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ခွင့် ပြုနိုင်မလား ….”
“ နင်လုပ်တာလည်း မဆိုးပါဘူး …” လျန်ရူရွှယ် ဘဝင်လေဟပ်စွာ ပြောလိုက်ပြီး “ နင့်ဘက်က ဒီလောက်တောင် စိတ်ရင်း စစ်မှန်နေမှတော့ တခြားလူတွေ ဖိတ်ထားတာတွေ အကုန်လုံးကို ငြင်းပြီး နင့်ကို အခွင့်အရေး တစ်ခါလောက် ပေးလိုက်ပါမယ်လေ….”
“ ဒါဆို ကျွန်တော်ကပဲ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးလျန် …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း ဒီကိစ္စကို စေ့စေ့စပ်စပ်ကြီး လုပ်သွားခဲ့တာ ခေါင်းဆောင်ဟောင်းကို မျက်နှာသာ မပေးရာ မကျဘူးလား …”
“ မလိုဘူး … ငါ လုပ်နိုင်ရင် ဒီထက်ပိုပြီးတောင် ကြမ်းလိုက်ချင်သေးတာ …”
“ ဘာလဲဖြစ်တာ … ဘာလို့ ဒီလောက်တောင် စိတ်ကြီးနေရတာ ….”
“ တကယ်တမ်းကျတော့ ငါလည်း စစချင်းတုန်းက သေချာ မသိသေးဘူး .. ဒါကြောင့် နင့်ကို ရေရေရာရာ အဖြေမပေးခဲ့တာ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် မနေ့ညတုန်းက ငါ အိမ်ကို ဖုန်းဆက်ပြီး ဒီအကြောင်း မေးကြည့်လိုက်တော့မှ အဲ့ဒီအခါမှပဲ အရင် ခေါင်းဆောင်ဟောင်းဆိုတာ ဝမ်မိသားစုရဲ့ လူမှန်း သိလိုက်ရတယ် … ဒီတော့ ဘာမှ ထောက်ရှုနေစရာ မလိုတော့ဘူးလေ….”
“ ချီးပဲ … ဒါဆို သူတို့က ငါတို့ဘက်ခြမ်းမှာ မဟုတ်ဘူးပေါ့ ….”
“ အဲ့တာကြောင့်ပဲ ငါ့ဘက်က အရင် လှုပ်ရှားထားလိုက်တော့တာ … ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ ဂုဏ်သတင်းတွေကို ငဲ့ကွက်နေစရာ မလိုဘူး … အိတ်သွန်ဖာမှောက် အကုန်လုပ်ရမှာပဲ …”
“ အဲ့လိုဆို ငါလည်း ဘာလုပ်ရမလဲ သိပြီ…” လင်းရီ ပြောလိုက်ပြီး “ မင်း ဘယ်အချိန်လောက် အလုပ်ဆင်းမလဲ .. ငါ လာကြိုပေးမယ်လေ….”
“ အခု လာခဲ့လိုက် .. ငါ ဒီနေ့ အလုပ် မများဘူး ….”
လင်းရီ နာရီကို ငုံ့ကြည့်လိုက်ပြီး မွန်းလွဲ ၂ နာရီသာလျှင် ရှိသေးကြောင်း သတိပြုမိလိုက်သည်။ သူမနှင့် အချိန်တစ်ချို့ ဖြုန်း၍ ရ၏။
အမှန်တော့ လျန်ရူရွှယ် အလုပ်မများသည့် နေ့ရက် ဟူ၍ မရှိပေ။ လင်းရီနှင့် တွေ့ချင်လွန်း၍သာ အလုပ်အား ဘေးကပ်ထားခြင်း ဖြစ်လေသည်။
“ စောင့်နေ … ငါ အခု လာနေပြီ…”
“ လာခဲ့ လာခဲ့ … ဒါပေမယ့် ထပ်သတိပေးလိုက်မယ်… မျက်စိထင်းတဲ့ ကားတွေ စီးမလာနဲ့ … နင် မလုပ်နိုင်ဘူးဆို တက္ကစီနဲ့ လာကြို ….”
“ ဗာဟီရကလည်း များလိုက်တာ …”
“ နင် ဘယ်သူ့ကို လာပြီး ပြောနေတာ …”
“ မင်းကို ….”
လျန်ရူရွှယ်အား ပြန်အော်ရန် အခွင့်အရေးမပေးဘဲ လင်းရီ ဖုန်းချ၍ သူမအား ကြိုရန် မောင်းထွက်လာခဲ့လိုက်သည်။
ကလင် ကလင် ကလင် …
လမ်းတွင် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ဟော်ယွမ်ယွမ်ထံမှ ဖြစ်၏။
“ ရှင် အလုပ်များနေလား … ဒီမှာ ပြဿနာ တစ်ခု တက်နေလို့ …”
လင်းရီ စိတ်ထဲ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီဟု ခံစားလိုက်ရ၏။ မဟုတ်ပါက အကြောက်အလန့်ကင်းသည့် ဟော်ယွမ်ယွမ်၏ စရိုက် ၊ သူမ၏ တိုက်ပွဲဝင်စွမ်းအားတို့ဖြင့် ဆိုပါက သာမန် ကိစ္စပြဿနာတို့မှာ သူမအား ခက်ခဲအောင် မပြုလုပ်နိုင်ပေ။
ထို့ပြင် သူမ၏ မာနကြီးသည့် အမူအကျင့်ဖြင့် အကယ်၍ တစ်စုံတစ်ရာ အရေးကြီး ကိစ္စမှအပ ဖုန်းခေါ်လာခဲ့မှာ မဟုတ်ချေ။
“ ဘာကိစ္စလဲ … ဖြည်းဖြည်းချင်းပြော …”
“ ကျွန်မအထင် Tesla က အရင် ခေါင်းဆောင်ဟောင်းကို ကျွန်မနဲ့ စကားလာပြောအောင် လုပ်နိုင်ခဲ့တယ်နဲ့ တူတယ်… အဲ့လူ စောနကပဲ ကျွန်မဆီ ဖုန်းဝင်လာတယ်… ဒီအဆင့်က ကျွန်မရဲ့ လယ်ဗယ်နဲ့ ကိုင်တွယ်နိုင်မယ့် အဆင့်လို့တော့ မထင်ဘူး ….”
“ အရင် ခေါင်းဆောင်ဟောင်းလား …” လင်းရီ ရေရွတ်လိုက်ပြီး “ ဘယ်ကလဲတဲ့ …”
ဤကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု လင်းရီခံစားလိုက်ရသည်။ Tesla ကိစ္စ ဖြစ်ပွားပြီးနောက် အမျိုးမျိုးသော လူတို့ ပေါ်ထွက်လာနေသည်။
သို့သော် သူ့တွင် လျန်ရူရွှယ် တစ်ယောက်လုံး ရှိနေသည်ဖြစ်ရာ မည်သူ့အား ကြောက်နေရမည်နည်း။
ဟော်ယွမ်ယွမ် ခေတ္တစဉ်းစားလိုက်ပြီး “ ကျွန်မလည်း သေချာမသိသေးဘူး … သူ့နာမည်က ချန်ချင်ယွမ် ဆိုလားပဲ … သူပြောတာ Tesla ပရောဂျက်ကို သူကပဲ ခေါ်လာခဲ့ပေးတာတဲ့ … ဒါကြောင့်မို့ ခုလို အချိန်မှာ ကြားဝင်ပေးနေတာ …”
လင်းရီ ထေ့ပြုံးတစ်ချက် ပြုံးလိုက်၏။
Teslaရဲ့ လူတွေက ဒီလို အဓိကကျတဲ့ ပုံရိပ်မျိုး ရှိတဲ့လူကို အချိန်ကိုက် ရှာဖွေလိုက်နိုင်တာပဲ …
လက်ရှိ အခြေအနေတွင် ချန်ချင်ယွမ် အမည်ရသည့် လူ၏ လွှမ်းမိုးမှုက တော်တော်လေး အားကောင်းနေသည်။ အနားယူသွားခဲ့ပြီ ဆိုသော်လည်း သူ၏ အဆက်အသွယ်တို့ကတော့ ကျန်ရစ်နေဆဲဖြစ်ကာ ဤကိစ္စတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်လေသည်။
သို့သော် သူ၏ ကံက သိပ်ကောင်းမွန်ပုံတော့ မရပေ။ ဝမ်မိသားစု၏ အရှိန်အဝါမှာ ကျဆင်းနေပြီး လျန်ရူရွှယ်ကလည်း လှုပ်ရှားထားပြီး ဖြစ်၏။
အနည်းဆုံးတော့ လင်းရီသည် သူ့အား အထူးတလှယ်လုပ်၍ ခေါင်းထဲ ထည့်စဉ်းစားနေမှာ မဟုတ်တော့ချေ။