← Chapters

အံ့ဩဖို့ ကောင်းသည့်သဖွယ် ပြုမူခြင်း

Vol. 117 Ch. 1742

အံ့ဩဖို့ ကောင်းသည့်သဖွယ် ပြုမူခြင်း

Vol. 117 Ch. 1742

“ သူ့ဘက်က ဘာပြောလဲ ….”

“ ကျွန်မနဲ့ တွေ့ချင်တယ်လို့တော့ ပြောတာပဲ … တခြားဘာမှ ထွေထူးတော့ မပြောဘူး ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မကတော့ အလုပ်ခရီးထွက်နေချင်ယောင် ဆောင်လိုက်တယ် … သူ ပြောတာ ကျွန်မနဲ့ စကားပြောဖို့ လူလွှတ်လိုက်မယ်ဆိုပဲ … ဒါကြောင့်မို့ ကျွန်မ သူဌေးဆီ ဖုန်းခေါ်လိုက်တာ ….”

“ သူ့ လိပ်စာနဲ့ ဖုန်းနံပါတ် ငါ့ကိုပေး … ငါ ကြည့်ကြပ် ကိုင်တွယ်လိုက်မယ်….”

“ ဒါဆိုလည်း ကျွန်မ စိတ်ချလိုက်မယ်နော်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါ ကိုင်တွယ်လိုက်မယ်…”

အလုပ်ကိစ္စ စကားပြောပြီးနောက် လင်းရီ ဖုန်းချပြီး လျန်ရူရွှယ်၏ နေရာသို့ မောင်းနှင်လာသည်။

တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် လျန်ရူရွှယ်လည်း အဆောက်အဦးထဲမှ ထွက်လာခါစဖြစ်ပြီး ဝင်ပေါက်ဝသို့ ရောက်ရှိနေခဲ့၏။

ဒူးလောက်ရောက်သည့် အပြာရောင် tailcoat skirt နှင့် အဖြူနှင့် အနက်ရောင် V ပုံစံ သရီးကွာတား sleeve ဘလောက်စ်ကို ဝတ်ဆင်ထားကာ ပခုံးတွင် လွယ်ထားသည့် အနက်ရောင် အိတ်ဖြင့် အဆုံးသတ်ထား၏။ ဤတွဲဖက်မှုက လှပပြီး နှစ်လိုဖွယ်ကောင်းနေစေတော့သည်။

အပြင်သို့ ထွက်လာပြီးနောက် လင်းရီရွှယ်သည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး လင်းရီ ကားပြောင်းလာခဲ့သည်ကို မြင်တွေ့သွားခဲ့၏။ သို့သော် သူမ ထုတ်ပြီးမှတော့ မမေးချေ။

“ မင်း ဒီလိုဝတ်တာတောင် မမြင်ရတာ အတော်ကြာပေါ့ ….”

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

လျန်ရူရွှယ်သည် သူမ၏ ခေါင်းအား မောက်မာစွာ မော့၍ “ ငါ အရင်ကရော မိန်းမသား မဆန်လို့လား …”

“ အင်း … ဒီခုလောက်တော့ အမှတ်မရဘူးပေါ့ …”

“ အား … ဒီတိုင်း နည်းနည်းလေးပဲ ပိုသွားတာကိုများ …” လျန်ရူရွှယ် နှုတ်ခမ်းဆူလိုက်ပြီး “ အမြဲတမ်း တစ်ထည် ဝတ်စုံချည်း ဝတ်နေရတော့ တခြား ဝတ်စုံတွေ ပြောင်းဝတ်ဖို့ကလည်း အခွင့်အရေး မရှိဘူးလေ…”

“ စောဒက တက်မနေစမ်းနဲ့ …” လင်းရီ အပြုံးလေးဖြင့် ချော့လိုက်ပြီး “ အရာအားလုံး ပြီးပြည့်စုံနေတယ်ရယ်တော့ ဘယ်ရှိမှာ … ဒီခု ပုံစံကတောင် အတော်လေး လွတ်လပ်နေပြီကိုပဲ ရောင့်ရဲတတ်စမ်းပါ … ဟုတ်ပြီလား …”

“ ငါက ဒီတိုင်း မကျေနပ်လို့ နင့်ကို ပြောနေတာ …” လျန်ရူရွှယ် ညင်သာစွာ ပြုံး၍ ပြောလိုက်၏။ “ အဲ့ဒီသဘောကို လူက နားလည်တယ် .. ဒါပေမယ့် မိန်းမလှလေးက လှတဲ့ အဝတ်တွေ မဝတ်နိုင်တာ အစားအသောက် ကြိုက်တဲ့ ဖူဒီတစ်ယောက်က အသားစားခွင့် မရှိတာနဲ့ အတူတူပဲ မဟုတ်ဘူးလား …”

“ ငါတော့ အဓိက ပြဿနာက အဲ့တာလို့ မထင်ဘူး …”

“ ဒါဆို ဘာလဲ ….”

“ ငါ့ အနာဂတ် ယောက္ခမကြီးနဲ့ ဆိုင်မယ်လို့ ထင်တယ်… သူဆို လှတဲ့ အဝတ်တွေ၊ ဖိနပ်လှလှတွေ၊ ဖန်စီအိတ်တွေ… အကုန် ဝတ်လို့ရတယ် .. ဒါပေမယ့် မင်းမှ မရတာ … အဲ့တာက ပြဿနာပဲ …”

လျန်ရူရွှယ် တိတ်ဆိတ်သွားခဲ့၏။

လင်းရီက တကယ့်အချက်ကိုမှ ပြောသွားခဲ့ခြင်းပင်။

“ ကျစ် … ဒီအကြောင်းမပြောကြစို့ … ရုပ်ရှင် သွားကြည့်ကြမယ်….”

“ ရုပ်ရှင်ကို နောက်မှ ကြည့်ကြစို့ … ငါ ဒီမှာ ပြဿနာ နည်းနည်းတက်နေလို့ …”

“ ဟင် … ဘာပြဿနာလဲ ….”

ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်ပျက်နေပြီဟု လျန်ရူရွှယ်၏ အလိုလိုသိစိတ်က ချက်ချင်းလက်ငင်း သတိပေးလာနေသည်။

လင်းရီ၏ လုပ်နိုင်စွမ်း၊ လွှမ်းမိုးမှုတို့ဖြင့် ဆိုပါက သူ၏ စိုးရိမ်ပူပန်မှုကို ယခုလို ထုတ်ပြောစေနိုင်သည့် ကိစ္စရပ်တို့က များများစားစား သိပ်မရှိလှချေ။

“ Tesla က လူတွေ ချန်ယွမ်ချင်ကို တွေ့ထားကြပြီ … အဲ့နောက် ငါတို့ ကုမ္ပဏီကို ဖုန်းဆက်ပြီး တာဝန်ရှိတဲ့လူနဲ့ စကားပြောချင်တယ်ဆိုပဲ …”

“ သူတို့တွေ တကယ်ကြီး ချန်ယွမ်ချင်ကို စည်းရုံးလိုက်နိုင်တယ်ပေါ့ ..”

လျန်ရူရွှယ် အံ့အားသင့်သွားခဲ့၏။ ထိုကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။

" ငါတောင် နည်းနည်း အထင်ကြီးမိသွားတယ်… ဒီလူတွေ ခေတော့ မခေဘူး ….”

“ သူ နင်နဲ့ တွေ့ဖို့ကို ဘယ်အချိန်လဲ ချိန်းထားတာ ….” လျန်ရူရွှယ် လေးလေးနက်နက် မေးမြန်းလိုက်၏။

“ မြန်နိုင်သမျှ မြန်မြန်ပေါ့ …”

“ ဝမ်မိသားစုက အရင်လိုမျိုးပဲလို့ ထင်နေတာလား မသိဘူး …” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ နင်နဲ့ လိုက်ခဲ့မယ်… သူ ဘာပြောချင်လဲ ကြည့်ကြသေးတာပေါ့ …”

“ အင်း … သွားစို့ …”

ဟော်ယွမ်ယွမ် ပို့လာခဲ့သည့် လိပ်စာအတိုင်း မောင်းနှင်ရင်း လင်းရီသည် ချန်ယွမ်ချင်၏ နေအိမ်သို့ ရောက်ရှိလာခဲ့၏။

ချန်ယွမ်ချင်၏ နေအိမ်က ကျိုးဟိုင် မြို့ပြင် အနားလေးတွင် တည်ရှိသည်။ အနည်းငယ် ဝေးလံခေါင်သီသော်လည်း အိမ်ဈေးတို့က သေးငယ်သည့် အထဲတွင် မပါချေ။ သို့ပေမယ့် အိမ်တို့ကတော့ အနည်းငယ် ဟောင်းနွမ်းနေပါသည်။

သူတို့ ရပ်ကွက်ထဲ ရောက်တော့ နှစ်ယောက်သား ကားထဲမှ ထွက်ရန် အလျင်လိုမနေကြချေ။

လင်းရီ ကားပြတင်းပေါက် မှန် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်၏။ ဤနေရာတွင် နေထိုင်သည်က သူ၏ အဆင့်အတန်းနှင့် အထိုက်အလျောက်တော့ ကိုက်ညီသည်။

“ သူက အရင် အစိုးရ အရာရှိဆိုတော့ မင်းတို့နှစ်ယောက် တွေ့ဖူးကြရောပေါ့ …”

“ ဟင့်အင်း … ငါတို့နှစ်ယောက်က လချင်း နည်းနည်းခြားတယ်…” လျန်ရူရွှယ် ဆံပင်အား သပ်တင်လိုက်ပြီး “ သူက ပုံမှန် အတိုင်းပဲ ပင်စင်ယူသွားခဲ့တာ .. ငါက သူ အနားယူသွားပြီး သုံးလေးလလောက် ကြာတော့မှ ရာထူးလွှဲပြောင်းခံခဲ့ရတာ …”

“ ဒါပေမယ့် ပုံမှန်ဆို ကျိုးဟိုင်ကို ဝမ်မိသားစုကပဲ ထိန်းချုပ်တာ မဟုတ်ဘူးလား … အဲ့ဒီအချိန်တုန်းက နံပါတ်တစ် မိသားစုကြီး ဖြစ်နေသေးတုန်းပဲဆိုတော့ လျန်မိသားစုက မင်းကို ဒီလိုနေရာမှာ ရာထူးတစ်နေရာ ရအောင် ဘယ်လို ဖန်တီးပေးနိုင်ခဲ့တာလဲတဲ့ ….”

“ ကျိုးဟိုင်က အရေးကြီးလို့ပဲလေ…. အဲ့ဒီ အချိန်တုန်းက ဝမ်မိသားစုက ထိပ်တန်း မိသားစုကြီးဆိုရင်တောင် နေရာကြီး တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဝံ့လောက်တဲ့အထိ သတ္တိမရှိဘူး … ဒါကြောင့်မို့ အာဏာတစ်ချို့ကိုတော့ လက်လွှတ်ထားရတယ်…. ပ-တာဝန်ခံကတော့ သူတို့လူပေါ့ … ဒါပေမယ့် ဒု- တာဝန်ခံကတော့ ငါတို့ လျန်မိသားစုကပဲလေ…”

လျန်ရူရွှယ် သူမ၏ အိတ်ထဲမှ အပြာရောင် မာ့စ်အား ထုတ်ယူလိုက်ပြီး “ ငါ ဒီကို အသက်ငယ်ငယ်လေးနဲ့ စေလွှတ်ခံခဲ့ရတာ လျန်မိသားစုရဲ့ လွှမ်းမိုးမှုကြောင့်တင် မဟုတ်ဘူး … ငါတို့နဲ့ ဝမ်မိသားစုရဲ့ အစေးမကပ်တဲ့ ဆက်ဆံရေးကြောင့်လည်း ပါတယ် … မျှခြေညီအောင် ထိန်းတဲ့ သဘောပေါ့ …. တကယ်လို့ တခြား တစ်ယောက်သာဆိုရင် အထက်လူတွေက သဘောတူမှာတောင် မဟုတ်ဘူး ….”

“ ဆိုတော့ မင်းကို ဒီလွှတ်ထားတာ ဝမ်မိသားစုကို စောင့်ကြည့်နေရအောင်လို့ပေါ့ …”

“ အွန်း … အဲ့လိုပဲ …” လျန်ရူရွှယ် ပြုံးလိုက်ပြီး “ AI chip ကိစ္စကြောင့်သာ မဟုတ်ရင်… ဝမ်မိသားစုကသာ နင့်လက်ချက်ကြောင့်နဲ့ ဆိုးဆိုးရွားရွား မဆုံးရှုံးသွားခဲ့ဘူးဆိုရင်လေ…. အမှန်အတိုင်း ပြောရရင် ငါ ဒီလိုမျိုး ရာထူးတိုးခံရပါ့မလားတောင် ကိုယ့်ကိုယ်ကို မသေချာဘူး ….”

“ ရပါတယ် … ငါ့ကို သိပ်အများကြီး ကျေးဇူးတင်နေစရာ မလိုပါဘူး … ဒီည ကိုယ်လက်ဆေးကြောပြီးသာ ငါ့ကို စောင့်နေပေးရင် ရပြီ…”

“ သေလိုက်ပါလား ….” လျန်ရူရွှယ် ကားတံခါးဖွင့်ပြီး အောက်သို့ ဆင်းသွားခဲ့၏။ “ စကားပဲ ပြောမနေနဲ့ … အလုပ်စကြစို့ ….”

လင်းရီလည်း ကားထဲက အပြုံးတစ်ပွင့်ဖြင့် ထွက်လာ၍ ပေးထားသည့် လိပ်စာအတိုင်း လမ်းလျှောက်လာရင်း ချန်ယွမ်ချင်၏ နေအိမ်သို့ ရောက်ရှိလာသည်။

ဒေါက် ဒေါက် ဒေါက် …

“ လာပြီ…”

တံခါးခေါက်ပြီးသည့်နောက် အထဲမှ ပြန်ဖြေသံ ထွက်လာသည်။ စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် တံခါးပွင့်လာခဲ့ပြီး အသက်ခြောက်ဆယ် အရွယ်ရှိမည့် အမျိုးသမီး တစ်ဦးအား မြင်တွေ့လိုက်ရသည်။ လင်းရီ ပြုံးလျက် ခေါင်းညိမ့်ပြလိုက်၏။

“ မင်္ဂလာပါ … ကျုပ်တို့ အကြီးအကဲချန်နဲ့ လာတွေ့တာပါ ….”

“ သူလား … အိမ်ထဲမှာ ရှိတယ် ဝင်လာခဲ့ ဝင်လာခဲ့ ….”

အမယ်အိုကြီးမှာ အလွန်အမင်း အားတက်သရောရှိလှပြီး သူတို့နှစ်ဦးအား အိမ်တွင်းစီး ဖိနပ်နှစ်ရံ ချပေး၏။

ချန်ယွမ်ချင်၏ အိမ်က သိပ်မကြီးမားချေ။ ၉၀ စတုရန်းမီတာခန့်မျှ ကျယ်ဝန်းပြီး ဒီဇိုင်းအပြင်အဆင်တို့ကတော့ မဆိုးသည့်အထဲပါသည်။ သို့တိုင် အနည်းငယ် ခေတ်အောက်နေပြီး ဖြစ်၏။

အဖြူနှင့် အနက်ဝတ်စုံအား ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦးမှ ဆိုဖာပေါ်တွင် ထိုင်နေလျက် ရှိသည်။ နှာခေါင်းပေါ်တွင် စာကြည့်မျက်မှန် တစ်လက်ကို တင်ထားပြီး လက်ထဲတွင်တော့ သတင်းစာ တစ်စောင်အား ကိုင်ထားသည်။

သူတို့နှစ်ယောက် အတူ ဝင်လာသည်ကို မြင်တော့ မျက်လုံးထောင့်ကပ်ပြီး တစ်ချက်ကြည့်လာသည်။

“ မင်းက လင်းယွင်အုပ်စုရဲ့ တာဝန်ခံလား ….”

“ ကျုပ်ပါပဲ …” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်နဲ့ ဒီနေ့တွေ့ဖို့ ချိန်းလိုက်တာ ဘာကိစ္စရှိလို့လဲ မသိဘူး ….”

ချန်ယွမ်ချင်သည် သတင်းစာအား အောက်သို့ချပြီး မည်သည့် လောကဝတ်စကားကိုမျှ ဆိုခြင်း အလျဉ်းမရှိပါဘဲ ပြောလိုသည်အား တန်းသွားလိုက်တော့သည်။

“ မင်း လင်းယွင်အုပ်စုကို ကိုယ်စားပြုပြီး တာဝန်ယူနိုင်လား …”

“ ရတာပေါ့ … အကြီးအကဲ ဖြစ်ချင်တာ ပြောလိုက်ပါ…”

“ ဒါဆို ငါ ဘယ်သူဆိုတာရော မင်း သိလား ….”

“ ကျုပ် သိပါတယ်….”

“ သိတာ ကောင်းတယ်… အဲ့တော့ ငါလည်း အပိုစကားတွေ အများကြီး ပြောစရာ မလိုတော့ဘူးပေါ့ ….” ချန်ယွမ်ချင် ပြောလိုက်ပြီး “ Tesla က ငါကိုယ်တိုင် ဒီကို ခေါ်လာခဲ့တဲ့ ကုမ္ပဏီပဲ … အခု ရပ်ဖို့သင့်ပြီထင်တဲ့ ကိစ္စလေး တစ်ချို့ ရှိနေတယ်… မဟုတ်ရင် မင်းဖို့ ကောင်းမှာ မဟုတ်ဘူး … ငါ ပြောချင်တာကို နားလည်လား …”

“ ကျုပ် သိပ်နားမလည်ဘူး အကြီးအကဲ …”

အို …..

ချန်ယွမ်ချင်၏ အမူအရာမှာ ရုတ်ချည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး အေးတိအေးစက် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

“ ငါ စကားကို ရှင်းအောင် ပြောပြီးသား … ဒါကို မင်းက သိပ်နားမလည်ဘူးဆိုတော့ မင်းက ငါ့ကို လျစ်လျူရှုနေတာလား ….”

“ မဟုတ်ပါဘူး…” လင်းရီ ဖျော့တော့သည့် လေသံဖြင့် “ “ ကျုပ်က ဒီတိုင်းလေး သိချင်ရုံပါပဲ … Tesla နဲ့ ပတ်သက်ပြီးမှ ပြဿနာတွေ ဒီလောက်ရှိနေတာ အသိသာကြီးပဲလေ… သူတို့ဘက်က လက်ဦးမှု ရယူပြီး တာဝန်ယူမှု တာဝန်ခံမှုတွေ ပြုမလာတာ အဆင်ပြေသေးတယ်… ဒါပေမယ့် သူတို့ အပြစ်ကို ကတ်စတန်မာအပြစ်ဆိုပြီး ပုံချတာကတော့ အဆင်ပြေမနေဘူး …. ဒါကြောင့်မို့ သာမန်လူတွေရဲ့ အကျိုးစီးပွားအတွက် ကျုပ်တို့ လင်းယွင်အုပ်စုက ကြားဝင် စွက်ဖက်လာရတာပဲ … အကြီးအကဲက ဘာလို့ ကျုပ်တို့ကို ရပ်တန်းက ရပ်စေချင်နေရတာလဲ ….”

ချန်ယွမ်ချင်သည် ခေါင်းမော့၍ လင်းရီအား စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

“ ငါနဲ့ ကျိုးကြောင်းဆီလျော်နေတာလား …”

“ အကြီးအကဲ အဲ့လို နားလည်တယ်ဆိုလည်း အဆင်ပြေတယ်… ဒီတိုင်း အချက်အလက်ကို ထောက်ပြရုံပါပဲ … ကျုပ်စကားတွေရဲ့ နောက်ကွယ်မှာ တခြား အဓိပ္ပာယ်တွေ မပါပါဘူး …”

“ ကောင်လေး … မင်းရဲ့ ရာထူးက လင်းယွင်အုပ်စုမှာ ဘယ်လိုနေရာ ရှိလဲ ငါ မသိဘူး … ဒါပေမယ့် ဒီကို ရောက်လာတယ်ဆိုမှတော့ ကျိန်းသေပေါက် အဆင့်မြင့်တဲ့ တစ်နေရာမှပဲ ဖြစ်ရမယ် … တခြား တစ်ယောက်ကို ပြန်သွားခေါ်လာခဲ့ … ငါ ဒီကိစ္စ မင်းနဲ့ ဆက် မပြောချင်တော့ဘူး ….”

“ အကြီးအကဲက တခြားတစ်ယောက်နဲ့ စကားပြောချင်နေတယ်ဆိုရင်တော့ အဲ့လို မဖြစ်နိုင်မှာကို ကျုပ် စိုးရွံ့မိသား …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် တစ်ယောက်တည်းကပဲ လင်းယွင်အုပ်စုရဲ့ အရေးကိစ္စတွေကို အပြည့်အဝ တာဝန်ယူထားတာ … အကြီးအကဲက ကျုပ်နဲ့ စကားမပြောချင်ဘူးဆိုတော့လည်း ကျုပ် သွားပါတော့မယ် … နှုတ်ဆက်ပါတယ်…..”

All Chapters