← Chapters

ကျီချင်းရန်၏ အတွေးများ

Vol. 117 Ch. 1744

ကျီချင်းရန်၏ အတွေးများ

Vol. 117 Ch. 1744

ချန်ယွမ်ချင်ထံမှ ဆက်သွယ်လာသည်ကို မြင်တော့ ရန်ထျန်းနန် စိတ်သက်သာ ရစွာဖြင့် သက်ပြင်းချလိုက်မိ၏။

“ နောက်ဆုံးတော့ ဖုန်းခေါ်လာပြီပဲ ….”

“ ဒီကိစ္စက တော်တော်လေး ပေါက်ကွဲထွက်သွားတာဆိုတော့ ခေါင်းဆောင်ချန်လည်း ဖြေရှင်းဖို့ အချိန်တစ်ချို့ ယူလိုက်ရတယ်နေမှာ …”

ကျောက်ဖုန်းဟွာ သူ၏ စီးကရက်အား ဖိချေလိုက်ပြီး “ ဒီရဲ့ လင်းယွင်အုပ်စုက တကယ့်ကို ကိုင်တွယ်ရ မလွယ်တာပဲ … အကြီးအကဲချိန်ကိုယ်တိုင် ရှေ့တက်ဖြေရှင်းတာတောင် အချိန်တစ်ချို့ ယူနေရတယ်ဆိုတော့ ….”

“ ဟမ့် … သူတို့က ကိုင်တွယ်ရခက်တော့ရော ဘာရေးလဲ …” ရန်ထျန်းနန် အထင်သေးစွာ ပြောလိုက်ပြီး “ နောက်ဆုံးတော့လည်း အကြီးအကဲချိန်ကြောင့် နောက်ဆုတ်သွားခဲ့ရတာပဲ မဟုတ်လား ….”

ပြောရင်းဖြင့် ရန်ထျန်းနန် သူ၏ ဖုန်းအား ကောက်ကိုင်လိုက်ပြီး ဖုန်းဖြေသည့် ခလုတ်အား နှိပ်လိုက်သည်။

ထို့နောက် နူးညံ့သည့် လေသံဖြင့် “ ဟယ်လို အကြီးအကဲချိန် … လင်းယွင်အုပ်စု ကိစ္စ ဖြေရှင်းပြီးရောပေါ့ … “

“ မင်း အရှုံးဝန်ခံလိုက်တော့ … လင်းယွင်အုပ်စုက မင်း အပြစ်ပြုနိုင်တဲ့ အရာ မဟုတ်ဘူး ….” ချန်ယွမ်ချင်ပြောလိုက်ပြီး “ အထက်က လုပ်လာမှာတွေကို ဒီတိုင်း သည်းခံလိုက်တော့ … မင်း ခုခံဖို့ ကြိုးစားမယ်ဆိုရင်တော့ ဆိုးဆိုးရွားရွား အဆုံးသတ်သွားမှာပဲ ….”

“ ဒါက …… “

ထိုစကားကိုကြားသည်နှင့် နှစ်ယောက်လုံး ကြက်သေသေသွားခဲ့တော့သည်။

ရန်ထျန်းနန် လက်ကြားညှပ်ထားသည့် စီးကရက်ဖင်မှာ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပြီး

“ ဘယ်လိုလုပ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….. ဖြစ်နိုင်တာက .... အကြီးအကဲချိန် … ခင်များတောင်မှ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးလား ….”

“ ဒီကိစ္စက ငါ့ လုပ်နိုင်စွမ်းရဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ … မင်းတို့ကောင်တွေ အဓိပ္ပာယ်မဲ့ ရုန်းကန်နေတာတွေ တော်လိုက်တော့ .. အရှုံးကို ဝန်ခံလိုက် … မင်းတို့တွေ အပြစ်မပြုခဲ့သင့်တဲ့လူကို အပြစ်ပြုခဲ့မိပြီ..”

ပြောပြီးနောက် ချန်ယွမ်ချင်သည် နှစ်ယောက်အား တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ တိုက်ရိုက်ဖုန်းချပစ်လိုက်တော့သည်။

ရုံးခန်းမှာ အုံ့မှိုင်းသည့် လေထုအခြေအနေဖြင့် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဤသည်က သူတို့ စိတ်ကူးပင် မယဉ်ထားခဲ့မိသည့် အခြေအနေတစ်ရပ်ပင်။

အထူးသဖြင့် ချန်ယွမ်ချင် ပြောသွားခဲ့သည့် နောက်ဆုံး စကားတစ်ခွန်းက သူတို့ နားထဲတွင် ခေါင်းလောင်းမြည်သံကဲသို့ စွဲမြဲနေလေသည်။

သူတို့အဆင့်နဲ့ အပြစ်မပြုခဲ့သင့်တဲ့လူကို အပြစ်ပြုခဲ့မိတယ်….

နှစ်ယောက်မှာ ယခုထိတိုင် နားမလည်နိုင်ကြသေးချေ။

ဖြစ်နိုင်တာ သူတို့ အပြစ်မပြုခဲ့သင့်တဲ့လူက ရဲ အရာရှိ လူငယ်လေးများလား ….

ဒါပေမယ့် သူက ဒီတိုင်း ရဲအရာရှိ တစ်ယောက်ပဲလေ… ဘာတွေများ ထူးခြားနေလို့လဲ …

“ ဥက္ကဌရန် .. ခေါင်းဆောင်ချန် ပြောတဲ့လူက ဟိုရဲ့ ရဲအရာရှိများ ဖြစ်နေမလား …”

“ ငါတော့ မယုံနိုင်ဘူး … ဒါပေမယ့် ခု ကိစ္စ ဖြစ်ပျက်ပြီးကတည်းကရင် ငါတို့နဲ့ အချင်းများခဲ့ဖူးတဲ့ လူဆိုတာကလည်း သူကလွဲပြီး ဘယ်သူ ရှိသေးလို့ ….”

“ ကျုပ် သူနဲ့ တစ်ခေါက်လောက် သွားတွေ့သင့်လား …..”

ရန်ထျန်းနန်သည် သူ၏ ဖုန်းအား အပေါ်အောက် ပွတ်ဆွဲနေလျက်ရှိ၏။

“ သူ့ဆီ တစ်ချက် ဖုန်းခေါ်ကြည့်ပြီး မနက်ဖြန် ချိန်းလို့ ရမရ မေးကြည့်လိုက် … ရတယ်ဆိုရင် အရင် စကားပြောကြည့်ကြတာပေါ့ … အနည်းဆုံးတော့ ဘာတွေ ဖြစ်နေလဲဆိုတာ သိရဖို့ လိုတယ်….”

“ ကျုပ် အခုပဲ ဆက်သွယ်လိုက်မယ်….”

ကျောက်ဖုန်းဟွာသည် လင်းရီ၏ နံပါတ်ကို နှိပ်လိုက်ပြီး စပီကာ ဖွင့်လိုက်၏။ ဆယ်စက္ကန့်လောက် ကြာပြီးသည့်နောက် တစ်ဖက်မှ ဖုန်းကိုင်လာသည်။

“ ဘာကိစ္စလဲ …”

လင်းရီ၏ လေသံက ပျင်းတိပျင်းရွဲ ဖြစ်နေသည်။

“ လူကြီးမင်းလင်း .. ငါတို့ လက်ရှိ ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာလေး ရှိလို့ မနက်ဖြန် မနက် ဆယ်နာရီလောက် ကျွင်းဖူး လက်ဖက်ရည်အိမ်တော်မှာ တွေ့ကြတာပေါ့….”

“ ငါ့ကို အသိပေးနေတာလား …” လင်းရီ ပြောလိုက်ပြီး “ ဒီလို အချိန် ရောက်နေတာတောင် လေသံက မပြင်သေးဘူးဆိုတော့ အခြေအနေကို ခုထိ နားမလည်သေးဘူးပဲ …”

လင်းရီ၏ စကားက ကျောက်ဖုန်းဟွာ၏ ဒေါသအား ချက်ချင်း ငြိမ်းသေသွားစေခဲ့သည်။

“ လူကြီးမင်း … ငါအဲ့သဘောမျိုး ဆိုလိုချင်တာ မဟုတ်ပါဘူး … ငါက ဒီတိုင်း စကားပြောဖို့ ဖိတ်ချင်ရုံပါပဲ …”

ဤတစ်ကြိမ်တွင်တော့ ကျောက်ဖုန်းဟွာ၏ လေသံထဲတွင် နှိမ့်ချရိုကျိုးသည့် အငွေ့အသက်အား လင်းရီ ခံစားလိုက်ရ၏။

“ ပြောချင်တာ ရှိရင် ဖုန်းထဲကပဲ ပြောလိုက် …”

ကျောက်ဖုန်းဟွာ ခေါင်းမော့ပြီး ရန်ထျန်းနန်အား ကြည့်လိုက်သည်။ ခေါင်းယမ်းပြသည်ကို မြင်တော့ ယခုလို အကြောင်းပြန်လိုက်၏။

“ အာ အဲ့လိုတော့ ဘယ်အဆင်ပြေမှာ … တစ်ချို့ ကိစ္စတွေကျ ဖုန်းထဲမှာ ပြောလို့ အဆင်မပြေဘူးလေ… “

“ ကောင်းပြီလေ… ဒါဆိုလည်း မနက်ဖြန် တွေ့ကြတာပေါ့ ….”

လင်းရီ ငြင်းပယ်ခြင်း မပြုပေ။ ယခု ကိစ္စရပ်တို့က ဤအခြေအနေသို့တိုင် ရောက်လာပြီး ဖြစ်သဖြင့် သူ့ဘက်က ကွန်ကို သိမ်းရတော့မည့် အချိန်ပင်။

“ ဟုတ်ကဲ့ .. တွေ့ကြတာပေါ့ …”

ဖုန်းချပြီးနောက် နှစ်ယောက်သား စိတ်သက်သာရစွာ သက်ပြင်းချလိုက်ကြသည်။

ရန်ထျန်းနန် လက်ဝှေ့ရမ်းလိုက်ပြီး “ နောက်ကျနေပြီ … ပြန်ပြီး အရင် အနားယူကြစို့ … ငါတို့ မနက်ဖြန်တွေ့ရင် သူ့နားက သတင်းတစ်ချို့ သိရအောင်လုပ်ရမယ် … ပြီးရင် ဘာဖြစ်နေလဲဆိုတာ အနည်းနဲ့ အများတော့ နားလည်လောက်ပြီ….”

ကျောက်ဖုန်းဟွာ ခေါင်းညိမ့်လိုက်သည်။ “ ဒါဆို ကျုပ်သွားတော့မယ် … ခင်များလည်း စောစောနားဦး …”

…………….

ကျိုကျုံးဗီလာတွင်။

လင်းရီ ဖုန်းချပြီးနောက် ကျီချင်းရန်သည် အသီးပန်းကန်ပြားဖြင့် လင်းရီအနားသို့ ရောက်လာခဲ့၏။

“ Tesla ရဲ့ ဖုန်းလား ….”

“ မင်း ဘယ်လိုသိတာ …”

“ နင့်လေသံက ပြောပြနေတာလေ….” ကျီချင်းရန် ပန်းကန်ပြားအား လင်းရီအရှေ့တွင် ချပေးလိုက်ပြီး “ ငါတော့ အခြေအနေက လုံလောက်တဲ့အထိ ပြန့်ကားနေပြီလို့ ခံစားမိတယ်… Tesla ဘက်က တုံ့ပြန်နိုင်တဲ့ အစွမ်းအစ မရှိတော့ဘူး …”

လင်းရီ စိတ်ဝင်တစား ကြည့်လျက် “ ဟုတ်လား … မင်းက ဘယ်လိုလုပ်ပြီး အဲ့လို ကောက်ချက်ချလိုက်တာ …”

“ ရိုးရှင်းပါတယ်… သူတို့က အခြေအနေကို မှားယွင်း တွက်ချက်မိခဲ့ကြတယ်လေ…”

“ အိုး ဆက်ပါဦး ဥက္ကဌကျီ….”

လေးနက်သည့် ကိစ္စများအား ဆွေးနွေးရာ၌ လင်းရီသည် ကျီချင်းရန်အား ယခုလို လေသံမျိုးဖြင့် စကားပြောလေ့ရှိပြီး သူမကလည်း ထိုအချင်းအရာက တော်တော်လေး စိတ်ကျေနပ်ဖို့ ကောင်းသည်ဟု ခံစားမိ၏။

“ အရင်ဆုံး သူတို့ကိုယ်သူတို့ တအား အထင်ကြီးလွန်းတယ်… ပြည်နယ်အစိုးရက လျှပ်စစ်ကား နယ်ပယ်ကို ပံ့ပိုးအားပေးထားပြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တော်တော်များများကလည်း သူတို့ရဲ့ အရည်အသွေးပိုင်းဆိုင်ရာမှာ ကြီးကြီးမားမား တိုးတက်လာနေပြီ… ဒါတောင် သူတို့က ဟွာရှရဲ့ ဈေးကွက်ထဲမှာ ရှိတဲ့ ပြိုင်ဘက်ကို အလေးအနက်မထားဘူး … သူတို့ကိုယ်သူတို့ ခေါင်းတစ်လုံး ပိုသာတဲ့လူတွေလို့ သွေးနားထင်ရောက်နေကြတယ်လေ… ဒါပေမယ့် တကယ့်လက်တွေ့ကြတော့ သူတို့က သီးခြားခွဲထုတ်တာကိုတောင် ခံနေရပြီးပြီ… ဟွာရှမှာ ဘယ်သူကမှ သူတို့ကို လိုအပ်မနေတော့ဘူး …” ကျီချင်းရန် ရှင်းပြလိုက်၏။

“ ငါ ခုနောက်ပိုင်း Tesla ရဲ့ သတင်းတွေကို ဆက်တိုက် စောင့်ကြည့်နေတာ တကယ်လို့ လင်းယွင်အုပ်စုက ဝင်မစွက်ဖက်လာရင်တောင် တခြား ကားကုမ္ပဏီတွေက သူတို့ကို ထိထိရောက်ရောက် ဖိနှိပ်ထားကြဦးမှာပဲ … လင်းယွင်အုပ်စုက အဲ့လူတွေကို ဒီတိုင်း အခွင့်အရေး ဖန်တီးပေးလိုက်တာပဲ ရှိတယ်… ပြီးတော့ သူတို့က ဒီလိုနေ့မျိုးကို စောင့်နေတာကြာပြီလို့ ငါ ယုံတယ်…”

“ ဂိုဏ်းကြီး ခြောက်ဂိုဏ်းက အလင်းထိပ်သီးညီလာခံကို ဝိုင်းရံနေတာနဲ့ မတူဘူးလား …”

ကျီချင်းရန် အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်သည်။

“ အမှန်ပဲ … ဒါမေပယ့် သူတို့မှာကျ ခုခံကာကွယ်ပေးမယ့် ကျန်းဝူကျိ မရှိဘူးလေ…”

“ တော်လိုက်တာ .. ဥက္ကဌကျီ ဝေဖန်ပိုင်းခြားပြသွားတာတွေက သိပ် အနုစိတ်တာပဲ …”

“ အခု အစိုးရကလည်း ဝင်စွက်ဖက်လာပြီဆိုတော့ သူတို့မှာ ရုန်းကန်ဖို့ နေရာလေးတောင် မကျန်တော့ဘူး … ဒါကြောင့်မို့ …..”

ကျီချင်းရန်သည် သူမ၏ မျက်ရွှန်းစိုကြီးများဖြင့် လင်းရီအားကြည့်လျက် “ နင် ဘယ်တော့လောက် ကွန်ကိုပြန်သိမ်းမှာလဲ ….”

“ ဟင် … မင်းက ဒါကိုတောင် ပြောနိုင်နေတယ်ပေါ့…” လင်းရီ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်မိ၏။

“ ငါတို့ အတူနေလာတာ ကြာနေပြီကို နင့်အကြောင်း ဒီလောက်လေးတောင် နားမလည်ရင် ငါတုံးအရာ မကျသွားဘူးလား …”

ကျီချင်းရန်သည် လင်းရီအား ချယ်ရီသီး တစ်လုံး ခွံ့လိုက်ပြီး “ နင်က ပုံမှန်ဆို လှုပ်ရှားရမှာ ပျင်းတဲ့လူစားမျိုး .. ဒါပေမယ့် နင့်ဘက်က လှုပ်ရှားပြီဆိုလည်း တစ်ဖက်လူကို သေတဲ့အထိပဲ … Tesla အခု ကွန်ထဲက ရုန်းနိုင်မှာ မဟုတ်လောက်တော့ဘူး …”

“ ဟားဟား ……”

လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်မိ၏။ ကျီချင်းရန်က သူ့အား ကောင်းကောင်းသိနေသည်ဟု လင်းရီ ခံစားလိုက်ရသည်။

“ သူတို့ ဖုန်းဆက်လာတာ မနက်ဖြန် ငါနဲ့ ဆယ်နာရီ တွေ့ကြရအောင်တဲ့ … ဒါပေမယ့် ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ ခုထိ မသေချာသေးဘူး …” လင်းရီ မေးစေ့အား ပွတ်သပ်ရင်း ပြောလိုက်သည်။

“ သူတို့ရဲ့ နည်းပညာက တော်တော်တော့ အထင်ကြီးလောက်စရာပါပဲ … မျှဝေလိုစိတ် ရှိမရှိအပေါ် မူတည်တာပေါ့ ..”

ကျီချင်းရန် စတော်ဘယ်ရီသီး တစ်လုံးယူ၍ ဖြည်းညင်းစွာ စားလိုက်ပြီး တွေးတွေးဆဆဖြင့် “ ဒါတော်တော် များပြားတဲ့ တောင်းဆိုမှုပဲ … ဒါပေမယ့် သူတို့ဘက်မှာ နောက်ပြန်ဆုတ်နိုင်မယ့် နည်းလမ်းကလည်း ရှိမနေဘူး …”

“ ဘာလို့ အဲ့လောက်တောင် သေချာနေတာ …”

“ ဘာလို့ဆို သူတို့ဘက်က ငါတို့ကို အထိနာအောင် တိုက်ခိုက်နိုင်မယ့် နည်းလမ်းမရှိလို့လေ…” ကျီချင်းရန် ရှင်းပြလိုက်ပြီး “ ငါးသာ သေရင် သေသွားမယ်. ဒါပေမယ့် ကွန်ကတော့ ပျက်စီးသွားမှာ မဟုတ်ဘူး ….”

“ တကယ်တော့ အဲ့လောက်ထိလည်း မလိုပါဘူး … သူတို့ဘက်ကနေ စက်ရုံကို ဟွာရှကနေ ထွက်ခွာကြောင်း ကြေညာရင်ကိုပဲ စီးပွားရေးအပေါ်မှာ သိသာတဲ့ သက်ရောက်မှုတွေ ရှိနိုင်နေပြီ…”

ကျီချင်းရန်သည် လင်းရီအား ကျီစယ်လိုသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

“ သူတို့ ထွက်သွားရင် လင်းယွင်အုပ်စုအတွက် အခွင့်အရေးကောင်း ဖြစ်လာမယ်…” ကျီချင်းရန် ပြောလိုက်ပြီး “ မြေနဲ့ စက်ရုံကို လက်လွှဲယူလိုက်ပြီး ကျန်တဲ့ နည်းပညာ ဝန်ထမ်းတွေကိုပါ လင်းယွင်အုပ်စုရဲ့ အတောင်အောက် ဆွဲထည့်လိုက်မယ်ဆိုရင် … လင်းယွင်အုပ်စုရဲ့ နယ်ပယ်နဲ့ ပေါင်းစပ်နိုင်တဲ့ စွမ်းရည်အတိုင်းဆိုရင် ၂ နှစ်အတွင်း နောက်ထပ် Tesla အသစ်တောင် ထုတ်နိုင်နေလောက်ပြီ…”

All Chapters