← Chapters

စစ်ပွဲ စပြီ

Vol. 117 Ch. 1747

စစ်ပွဲ စပြီ

Vol. 117 Ch. 1747

လက်ဖက်ရည်အိမ်တော်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် လင်းယွင်အုပ်စုသို့ မောင်းထွက်လာခဲ့၏။

ရုံးခန်းသို့ သွားနေသည့် လမ်းတွင်ပဲ ထျန်းရန်နှင့် ပက်ပင်းတိုးမိလေသည်။

သူမ လင်းရီအား နှုတ်ဆက်ရန် ဟန်ပြင်နေတုန်းမှာပဲ မည်းမှောင်နေသည့် သူ့မျက်နှာကြီးအား မြင်လိုက်ရ၍ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

“ တစ်ခုခုဖြစ်ခဲ့လို့လား ဥက္ကဌလင်း …”

“ နောက်ဆယ်မိနစ်ကျရင် အစည်းအဝေးခန်းထဲမှာ လူစုဖို့ အမှုဆောင် အဖွဲ့ဝင်တွေအားလုံးကို အသိပေးလိုက် …”

“ နားလည်ပြီ… ကျွန်မ သူတို့ကို အခုပဲ အသိပေးလိုက်မယ်….”

လင်းရီ သူ့ရုံးခန်းထဲသို့ ပြန်ရောက်လာပြီး … လျန်ရူရွှယ်အား ချက်ချင်း ဖုန်းခေါ်လိုက်သည်။

“ အရေးမကြီးဘူးဆို ခဏစောင့်ဦး … ငါဒီမှာ မီတင် တက်စရာရှိနေတယ်…”

လျန်ရူရွှယ်၏ အလျင်လိုနေသည့် အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ ငါ တစ်ခုပဲ ပြောမယ်… အဲ့ဒီအတိုင်း လိုက်လုပ် … “

လင်းရီ ပြောလိုက်ပြီး “ အခွန်ဌာနကို ခုကစပြီး Tesla ရဲ့ ကုန်ပစ္စည်းတွေအားလုံး အခွန်ခွင့်ပြုမိန့် မပေးနိုင်တော့ဘူးလို့ အသိပေးလိုက် … “

“ ငါနားလည်ပြီ…” လျန်ရူရွှယ် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပါချေ။

လင်းရီ၏ ဖုန်းခေါ်ဆိုလာမှုမှ မကောင်းတာ တစ်ခုခု ဖြစ်ပျက်တော့မည်ကို သူမ သတိပြုမိလိုက်သည်။

မဟုတ်ပါက လင်းရီသည် ယခုလို လေသံမျိုးဖြင့် စကားပြောလာမှာ မဟုတ်ချေ။

“ Tesla နဲ့ ပြဿနာရှိလို့လား …”

“ ငါ အဲ့ကောင်တွေကို ထပ်ပြီး ဖျင်ချဖို့ ပြင်နေပြီ…”

“ ငါ ဘာလုပ်ရမလဲ သိပြီ…”

ကျီချင်းရန်မှ လင်းရီကို ကောင်းစွာ နားလည်သကဲ့သို့ လျန်ရူရွှယ်ကလည်း ကောင်းစွာ နားလည်သည်။

သူ အပြည့်အဝ ထိန်းချုပ်မရနိုင်သည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ရပေမည်။ မဟုတ်ပါက သူ၏ သဘောထား အပြုအမူတို့မှာ ဤမျှ လေးနက်ပြင်းထန်နေမှာ မဟုတ်ချေ။

“ ငါ မင်းနဲ့ စိတ်ချထားမယ်….”

“ မပူနဲ့ … ငါ ဘာလုပ်ရမယ်ဆိုတာ သိတယ်…”

စကား ခေတ္တ ပြောပြီးနောက် လျန်ရူရွှယ်ဘက်မှ ဖုန်းချသွားခဲ့သည်။

ရုံးခန်းထဲတွင်တော့ သူမမှာ မိနစ် အနည်းငယ်ကြာအောင် မလှုပ်မယှက်ထိုင်နေသည်။ လင်းရီ ဤမျှ ပြင်းထန်သည့် ကိစ္စများကို ပြုနေသည်ဖြစ်မှာ သေချာပေါက် အကြောင်းအရင်းတစ်ခုတော့ ရှိကို ရှိရပေမည်။

သို့သော် မှန်းဆရတော့ မခက်ခဲပေ။ နှစ်ဖက်မှာ တွေ့ဆုံ စကားပြောပြီးကြပြီးသော်လည်း ဆွေးနွေးညှိနှိုင်းမှုမှာ တစ်နည်းနည်းဖြင့် ပျက်စီးသွားခဲ့ဟန်ပင်။

မဟုတ်ပါက လင်းရီသည် ဤမျှ ပြင်းထန်သည့် နည်းလမ်းဖြင့် Tesla အား ကိုင်တွယ်ဖြေရှင်းမှာ မဟုတ်ချေ။

ဤအတွေးများ အလယ်တွင် လျန်ရူရွှယ်သည် ဤကိစ္စက စီးပွားရေး ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှု အတိုင်းအတာသို့ ကျယ်ပြန့်သွားသည် ဖြစ်ကြောင်းကို မှန်းဆမိလိုက်သည်။

၎င်းတို့၏ အခွန်ခွင့်ပြုမိန့်ကို ကန့်သတ်သည့် ရိုးရှင်းသည့် လုပ်ဆောင်မှုဖြင့်တော့ လုံလောက်မည် မဟုတ်ပေ။

ဒေါက် ဒေါက် ဒေါက် …

လျန်ရူရွှယ် ထိုအကြောင်းများ တွေးတောနေစဉ်မှာပဲ …

ရုံးခန်းတံခါးသို့ ခေါက်သံတစ်သံ ထွက်ပေါ်လာသည်။ အပြင်တွင် သက်လတ်ပိုင်း အမျိုးသမီးမှာ မတ်တပ်ရပ်နေလျက် ရှိပြီး သူမအား အပြုံးလေးဖြင့် ကြည့်နေလျက် ရှိ၏။

“ အတွင်းရေးမှူးလျန် … မီတင် တက်ရမယ့် အချိန်ရောက်ပါပြီ….”

“ မီတင်ကို နောက်ဆယ်မိနစ်လောက် ရွေ့ဆိုင်းမယ်… သူတို့ကို ကူပြီး အသိပေးဦး …”

သက်လတ်ပိုင်း အမျိုးသမီးမှာ အနည်းငယ် ကြက်သေသေသွားခဲ့၏။ ဤသည်က အတော်လေး အရေးကြီးသည့် မီတင် တစ်ခုဖြစ်ပြီး အကယ်၍ နောက်ကျမည် ဆိုပါက …..

သက်လတ်ပိုင်း အမျိုးသမီးမှာ တစ်စုံတစ်ရာအား ပြောလိုက်ချင်သော်လည်း လျန်ရူရွှယ်၏ အမူအရာ မကောင်းသည်ကို သတိထားမိတော့ ပြောလိုသည့် စကားဝအား လည်ချောင်းဝ၌ ပြန်ဖိနှိပ်ထားလိုက်ရ၏။

“ နားလည်ပါပြီ… ကျွန်မ အခုပဲ သွားအသိပေးလိုက်ပါမယ်…..”

မထွက်ခွာမီ သက်လတ်ပိုင်း အမျိုးသမီးမှ တံခါးကို ပြန်ပိတ်သွားပေးခဲ့၏။

လျန်ရူရွှယ် ဖုန်းအား ကောက်ကိုင်၍ ရှန်းရှုရီအား ဆက်သွယ်လိုက်သည်။

“ အမေ … ဒီမှာ ပြဿနာ တစ်ခုတော့ တက်နေပြီ…”

“ နင်ဖြစ်တာလား … ဒါမှမဟုတ် လင်းရီလား …”

“ သိလျက်ကြီးနဲ့ မေးနေတာလား … သေချာပေါက် အဲ့အကောင်ပဲပေါ့ … သမီးက အနေသာကြီး ….”

“ သူ Tesla ကို တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီပေါ့ ….”

“ သူ အသေးစိတ်တော့ မပြောသွားဘူး .. ဒါပေမယ့် အဲ့လိုပဲ နေမှာပါ …”

“ သူ့ဘာသူ လုပ်ခိုင်းလိုက် … အမေတော့ မကူညီပေးနိုင်ပါဘူး …”

“ ဘာလို့လဲ … သူက သမီးတို့ကို အရင်က ဒီလောက် အများကြီး ကူညီပေးထားတာကို အခု သူများ လိုအပ်တဲ့အချိန်ကျ ပစ်သွားတော့မယ်ပေါ့ …. အမေတို့က သိပ် တရားလွန်တာပဲ ..” လျန်ရူရွှယ် မပျော်မရွှင် ဖြစ်စွာ ပြောလိုက်သည်။

“ သူ့ကြောင့်သာ မဟုတ်ရင် လျန်မိသားစုက ဒီနေ့ ဒီလို အဆင့်အတန်းမျိုး ရောက်လာမှာတောင် မဟုတ်တာကို အမေလည်း အဲ့တာကို သိရဲ့သားနဲ့ … “

“ ငါထင်တာတော့ လွန်လွန်ကဲကဲ ပြုမူနေတာ နင်တစ်ယောက်တည်းလို့ ထင်တယ်… ဘာမှတောင် ဖြစ်သေးတာ မဟုတ်ဘူး ဒါကို နင်က အပြင်လူဘက်နေ ရပ်တည်ပေးနေပြီပေါ့ …”

“ သမီးက ဒီတိုင်း ရိုးသားနေတာလေ….”

“ သူ ဘယ်လိုလူစားမျိုးလဲ နင် အခုထိ နားမလည်သေးဘူးလား … ဒီလောက် ကြီးကြီးမားမား ဖြစ်ပျက်ပြီးမှတော့ Tesla က သူ့ကို အသက်ရှင်လျက် ထားတာထက် အရှင်လတ်လတ် အရေခွံနွှာတော့မှာ … ဒါပေမယ့် တစ်ဖက်သူက ကိုင်တွယ်ရ လွယ်တဲ့လူ မဟုတ်သလို လင်းရီကလည်း လွယ်လွယ်ကူကူနဲ့ အနိုင်ယူလို့ ရတဲ့လူမှ မဟုတ်တာ … အခု သူ့ကို စာမေးပွဲ စစ်ဖို့ အချိန်ပဲ … တကယ်လို့ သူသာ ရှုံးနိမ့်သွားခဲ့ရင် သူ့ဘက်က ဆက်ပြီး လေ့ကျင့်လေ့လာဖို့ လိုနေသေးတယ်လို့ ဆိုလိုနေတာပဲ … တစ်ခါတစ်လေ အရှုံးကို ခံစားခိုင်းတာကလည်း ဆိုးတဲ့ အရာတော့ မဟုတ်ပါဘူး …” ရှန်းရှုရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီကိစ္စမှာ အမေကူညီပေးနိုင်တာလည်း သိပ်မရှိဘူး … ကုန်သွယ်ရေးနဲ့ အချက်အလက် နည်းပညာ ဝန်ကြီးကို သွားတွေ့ပေးဖို့ပဲ တတ်နိုင်တယ်… လင်းရီက ကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ထားပေးတော့ ခေါင်းဆောင်ကြီးတွေကလည်း သူ့အပေါ် အမြင်ကောင်းတွေ ရှိကြတယ်… ဒီရဲ့ မျက်နှာသာတွေကို တကယ် အကူအညီ လိုအပ်တဲ့ အချိန်ထိ သိမ်းထားတာ အကောင်းဆုံးပဲ … အခုချိန် ထုတ်သုံးလိုက်လို့ မဖြစ်သေးဘူး … နောင်ကျ အသုံးလိုအပ်ရင် လိုအပ်လာနိုင်တယ်…”

ရှန်းရှုရီ၏ စကားလုံးတို့က လျန်ရူရွှယ်အား ပွေလီရှုပ်ထွေးသည့် ဆက်ဆံရေးများအား နားလည်သဘောပေါက်သွားစေသည်။

“ အမေ့ရဲ့ အကြောင်းပြချက်ကိုတော့ နားလည်ပါတယ်… ဒါပေမယ့် သမီးတို့က အခု တကယ် အရေးကြီးတဲ့ အခြေအနေမှာလေ….”

“ နင်က ဘာတွေ စိုးရိမ်နေတာ … နောက်ဆုံး သေခါနီး အခြေအနေ ဖြစ်နေတာလည်း မဟုတ် … ခေါင်းဆောင်တွေကို ကူညီပေးဖို့ တောင်းဆိုမယ့်အစား သူ့တို့ဘာသူတို့ ကူညီပေးဖို့ ဝင်လာတာက ပိုမကောင်းဘူးလား …” ရှန်းရှုရီ ပြောလိုက်ပြီး “ အမေတို့ မပြောလည်း တစ်ချို့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူတို့ နားလည်တယ်….”

“ အမေဖြစ်စေချင်တာက သမီးကို ဒီတိုင်း စောင့်ကြည့်စေချင်တာလား ….”

“ အင်း … လင်းရီက သမီးထင်သ‌လောက် အားမနည်းပါဘူး .. စိတ်မပူနဲ့ …”

လျန်ရူရွှယ် နှုတ်ခမ်းကိုက်လျက် “ ဟုတ်ကဲ့ … သမီးနားလည်ပြီ….”

………….

လင်းယွင် အုပ်စု၊ လင်းရီ၏ ရုံးခန်းထဲတွင်။

ကလင် ကလင် ကလင် …

လင်းရီ ဖုန်းချပြီးသည့် အချိန်မှာပဲ သူ၏ ဖုန်းမှာ ထပ်မံ မြည်ဟည်းလာသည်။

အမည်မသိ နံပါတ်ဆိုသော်လည်း လင်းရီ ၎င်း နံပါတ်ကို တရင်းတနှီး ရှိနေခဲ့၏။

ဤသည်က သူ မှတ်မိနေသည့် အမည်မသိ နံပါတ်များထဲက တစ်ခု ဖြစ်ပါသည်။

သူ့အဖို့ တစ်ဖက်သူက အရင်းနှီးဆုံး သူစိမ်းတစ်ယောက်ပင်တည်း။

၎င်းက မစ်ဆူ ကော်ပိုရေးရှင်းမှ အာယာနဲ မစ်ဆူ ဖြစ်လေသည်။

တိုကျိုတွင် ခွဲခွာပြီးသည့်နောက် နှစ်ယောက် ကြားထဲတွင် အဆက်အသွယ် ပြတ်နေသည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီ ဖြစ်၏။

ယခုလို အချိန်မျိုးတွင် သူမဘက်က ဆက်သွယ်လာမည်လို့ လင်းရီ ထင်မထားခဲ့ပါချေ။

“ လူကြီးမင်းလင်း … ကျွန်မ အာယာနဲမစ်ဆူလေ….” သူမ ညင်သာစွာ ပြောဆိုလာခဲ့သည်။

“ မင်းရဲ့ ဖုန်းနံပါတ်ကို ငါမှတ်မိပါတယ်… ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးနေစရာ မလိုပါဘူး … မင်းက ငါ့ကို နှလုံးသား မရှိတဲ့ လူပုံစံ ဖြစ်အောင် လုပ်နေတာပဲ ….”

“ ရှင် ကျွန်မကို မေ့သွားမှာ စိုးလို့ပါ….”

“ မင်းနဲ့ ငါ့ကြားမှာ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးတာကို ဘယ်လိုလုပ် မေ့နိုင်မှာ … ငါက အချစ်သာ ပိုတတ်မယ်… မေ့လျော့ခြင်းကနေ နာကျင်မခံစားတတ်တာတော့ အမှန်ပဲ ….” လင်းရီ ပြောလိုက်ပြီး “ ထွေထူး ကိစ္စ မရှိဘူးဆိုရင် နောက်မှ ပြန်ခေါ်လိုက်မယ်… ငါ ဒီမှာ မီတင် ရှိလို့ … မင်းနဲ့ စကားပြောဖို့ အချိန်မရှိသေးဘူး …”

“ Tesla ကိစ္စလား …”

“ မင်း ခန့်မှန်းမိတယ်ပေါ့ …”

“ လိုင်းပေါ်မှာ ဒီသတင်းတွေ စောင့်ကြည့်နေတာ ကြာပြီလေ… ပြီးတော့ ရှင်ကလည်း အလုပ်များနေတယ်ပြောတော့ သူတို့ ကိစ္စ ကိုင်တွယ်နေတာပဲ ဖြစ်ရမယ်လို့ ခန့်မှန်းကြည့်လိုက်တာ …”

“ မင်းက တော်တော် ဉာဏ်ကောင်းသားပဲ ….”

အာယာနဲ မစ်ဆူ ပြုံးလိုက်ပြီး သူမ၏ လေသံမှာ ပုံမှန်မဟုတ်ဘဲ အထူးချိုသာနေသည်။

“ ကျွန်မက ဒီတိုင်း ခန့်မှန်းကြည့်လိုက်ရုံပါပဲ .. မှန်မယ်လို့တော့ ကိုယ့်ကိုယ်ကို မထင်ထားပါဘူး … ဖုန်းဆက်လိုက်တာက ကျွန်မ ကူညီပေးနိုင်တာ ရှိလား မေးကြည့်မလို့ပါ …”

လင်းရီ နှုတ်ခမ်းကိုက်မိလိုက်၏။ အာယာနဲ မစ်ဆူ၏ ဖုန်းက အချိန်ကိုက် ဝင်လာခဲ့ခြင်းပင်။ မဟုတ်ပါက ဤ အရေးကြီးသည့် ဆက်ဆံရေး တစ်ခုကို သူ အမှန်တကယ် မေ့လျော့သွားလောက်ချေပြီ။

“ Tesla ဘက်က အရှုံးကို ဝန်မခံချင်သေးဘူး … နှစ်ဘက်လုံးက လုံးဝ ထိပ်တိုက်ရင်ဆိုင်တွေ့နေပြီ… ငါ့အထင် သူတို့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေနဲ့ လင်းယွင်အုပ်စုကို ဖိအားပေးလာမယ် ထင်တာပဲ … မင်းသာ အဆင်ပြေရင် ကူညီပေးချင်လည်း ရပါတယ်….”

“ ကောင်းပြီလေ… ဒါပေမယ့် ပြန်တိုက်ခိုက်ဖို့ မလုပ်ခင်မှာ သေချာထိုင်ပြီး သူတို့ ဘာလုပ်လာမလဲ ဆိုတာ အရင်စောင့်ကြည့်ကြတာပေါ့ …”

“ မင်းဘာမင်း အဆင်ပြေသလို လုပ်လို့ရတယ်… မင်းရဲ့ အစွမ်းအစကို ငါယုံကြည်တယ်…” လင်းရီ ထိုင်ခုံနောက်သို့ မှီရင်း ပြောလိုက်သည်။

“ ကျွန်မ လုပ်နိုင်မယ်ဆိုတာကို ယုံကြည်တယ်ပေါ့ ..” အာယာနဲ မစ်ဆူ၏ ရွှင်ပြသည့် လေသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ မင်းက ငါ D cup အောက်မှာ အတူအိပ်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲလေ .. မင်း ဒီကိစ္စ လုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်…”

အာယာနဲ မစ်ဆူ၏ ကျော့ရှင်းလှသည့် ရယ်မောသံမှာ ဖုန်းတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့လေသည်။

“ အဲ့ဒါဆို ကျွန်မဘက်က ဝမ်းပန်းတသာနဲ့ လုပ်ပေးရတော့မှာပေါ့ …”

All Chapters