← Chapters

ခက်ခဲသည့် တိုက်ပွဲ တစ်ခု

Vol. 117 Ch. 1748

ခက်ခဲသည့် တိုက်ပွဲ တစ်ခု

Vol. 117 Ch. 1748

အာယာနဲ မစ်ဆူနှင့် ဖုန်းပြောပြီးနောက် လင်းရီ ထရပ်လိုက်ပြီး မီတင် အခန်းထဲသို့ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ကော်ပိုရေးရှင်း၏ အမှုဆောင် အဖွဲ့ဝင် အယောက် ၂၀ ကျော်မှာ အစည်းအဝေးခန်းထဲတွင် အသီးသီး ထိုင်နေလျက် ရှိကြ၏။ သို့သော် အလွန်အမင်း တိတ်ဆိတ်နေပါသည်။ တီးတိုးပြောဆိုသံကလေးပင် ကြားရခြင်း မရှိချေ။ ဥက္ကဌဖြစ်သူက အစည်းအဝေးခန်း တစ်ခုသို့ ကိုင်တိုင်ကိုယ်ကျ တက်ရောက်သည်က အင်မတန် ရှားပါးသည့် ကိစ္စပင်။

လူတိုင်းက ရှေ့တန်း စစ်မျက်နှာပြင်သို့ စစ်တိုက်ထွက်ကြတော့မည့် စစ်သားများကဲ့သို့ ဖြစ်နေကြပြီး မတ်မတ်ထိုင်နေလျက် ရှိကြကာ ပေါ့တီးပေါ့ပြက် မပြုမူဝံ့ကြပေ။

မိနစ် အနည်းငယ်ကြာပြီးနောက် အမျိုးသမီး အတွင်းရေးမှူး တစ်ယောက်မှ တံခါးအား တွန်းဖွင့်လာသည်။ လင်းရီ သူမနောက်မှ အထဲသို့ ဝင်လာပြီး ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့က ၎င်းနောက်ကနေ လိုက်ပါလာသည်။

လင်းရီကို မြင်သောအခါ လူတိုင်း၏ အမူအရာမှာ မသိစိတ်အလျောက် လေးနက် တည်ကြည်လာကြပြီး အစည်းအဝေး စတင်မည့် အချိန်အား စောင့်ဆိုင်းနေကြတော့၏။

သုံးယောက်သား တစ်ယောက်ပြီး တစ်ယောက် ထိုင်ချလိုက်ကြသည်။ လင်းရီ၏ အကြည့်က လူတိုင်းထံသို့ ယှက်သန်းသွားပြီး “ ငါတို့ အခုတလော ဖြစ်နေတဲ့ … Tesla နဲ့ ကုမ္ပဏီရဲ့ ပြဿနာကို လူတိုင်းလည်း သိထားကြရောပေါ့ …”

လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။ ကုမ္ပဏီတွင် ဖြစ်ပျက်နေသည့် အဆိုပါ ဧရာမ ကိစ္စကြီးအား သူတို့ အကုန်လုံး သိထားကြသည်။

အကယ်၍ မသိဘူးဆိုပါကလည်း ယခုနေရာတွင် အစည်းအဝေးထိုင်ရန်အတွက် အရည်အချင်း ပြည့်မီတော့မှာ မဟုတ်တော့ချေ။

ဤ ကိစ္စ ဖောင်းပွလာစဉ်အခါက ကော်ပိုရေးရှင်း၏ အမှုဆောင် အဖွဲ့ဝင်များသည် ဥက္ကဌ၏ လွှမ်းမိုးမှုကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ကြရ၏။

ကြေညာချက် ဆောင်းပါးကို ထုတ်ပြန်လိုက်သည်နှင့် Semiconductor နှင့် ကားနယ်ပယ်ရှိ ဂျိုင်းရက်ကြီးတို့က တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြကာ နောက်ဆုံး၌ အစိုးရကပင် ဤကိစ္စ၌ ဝင်ပါစွက်ဖက်လာရလေသည်။

၎င်းတို့၏ ရှယ်ယာ တန်ဖိုးများပင် ၂၀၀ ဘီလီယမ်ယွမ်အထိ ကျဆင်းသွားခဲ့၏။

ဤတစ်ချက်တည်းဖြင့် ဥက္ကဌ၏ လွှမ်းမိုးမှုက ဘဏ္ဍာရေး ဈေးကွက်ထဲတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်လေသည်။

သူက ကုမ္ပဏီတွင် ပေါ်လာခဲသည်ဆိုသော်လည်း အင်မတန် အားကိုးအားထား ပြုနေရဆဲ ဖြစ်၏။

အကယ်၍ အုပ်စုတွင် သူသာ ရှိမနေဘူးဆိုပါက ကောင်းမွန်စွာ လည်ပတ်နိုင်တော့မည် မဟုတ်ချေ။

“ အခု … ငါ Tesla နဲ့ ကြီးကြီးမားမား တစ်ခု လုပ်တော့မယ်…” လင်းရီ ပြောလိုက်ပြီး “ ချစ်ပ် ၊ မိုဘိုင်းဖုန်း နဲ့ တိတိချူရှင်း(DiDi)တို့က ငါတို့ရဲ့ အဓိက နယ်ပယ်တွေ… သူတို့ဘက်က ဒီနယ်ပယ်တွေကို အရင်ပစ်မှတ်ထားလာမယ်လို့ ငါတော့ ယူဆတယ်.. အထူးသဖြင့် ချစ်ပ်နယ်ပယ်ကိုပေါ့ .. ဒါက ငါတို့ရဲ့ အဓိက တိုက်ပွဲ စစ်မျက်နှာပြင်ပဲ … တစ်ဖက်က လှုပ်ရှားမှု တစ်ခုခု ဒါမှမဟုတ် ဒီဧရိယာပိုင်းမှာ တိုးတက်မှု တစ်ခုခု ရှိလာတာနဲ့ ချက်ချင်း ကြေညာလာလိမ့်မယ်… “

“ နားလည်ပါပြီ…” အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောလိုက်၏။

“ မားကတ်တင်း ၊ PR ၊ ပြန်ပြီး ပါဝါပွင့် စလိုက် တချို့ ထုတ်ပြီးမှ ငါတို့ ကားတွေလည်း ထုတ်တော့မယ်ဆိုတာကို ကြေညာလိုက် …”

“ အာ …..”

မားကတ်တင်းနှင့် PR ဌာန ခေါင်းဆောင်သာလျှင် မဟုတ်ဘဲ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ပင် လင်းရီထိုသို့ လှုပ်ရှားလာလိမ့်မည်လို့ မျှော်လင့်မထားကြချေ။

“ ဥက္ကဌလင်း … ပါဝါပွိုင့်တွေကနေ ကားတွေလုပ်တာက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား …” မားကတ်တင်း ခေါင်းဆောင်မှ မေးလာခဲ့ပြီး “ အရင် ‘ဟိန်တ’ တုန်းကလည်း ပါဝါပွိုင့်ကားတွေကို အဲ့လိုမျိုး လုပ်ခဲ့တာပဲ … အဲ့နောက် ပြည်နယ် မီဒီယာက ဆင့်ခေါ်တာခံလိုက်ရတယ် … ကျုပ်တို့လည်း အဲ့လို လုပ်မယ်ဆိုရင် စိုးရွံ့မိတာ ဥပဒေကို ဆန့်ကျင်သလို ဖြစ်မှာစိုးတာပဲ ….”

“ မပူနဲ့ … ဂျပန်က မစ်ဆူ ကော်ပိုရေးရှင်းကို tag တွဲထားလို့ရတယ် … တိုရိုတာက သူတို့ရဲ့ နယ်ပယ်တွေထဲက တစ်ခု၌ပဲ … အဲ့လို မဟာမိတ်ကြီးက ကူညီနေမှတော့ ငါတို့ ပါဝါပွိုင့်ထဲမှာ ကြိုက်သလို ထည့်လို့ရပြီ…” လင်းရီ ရှင်းပြလိုက်သည်။

“ ဒါကြောင့်မို့ ငါတို့ရဲ့ ပါဝါပွိုင့်ကားတွေက ဟိန်တနဲ့ မတူဘူး .. သူတို့က ရန်ပုံငွေ စုဆောင်းဖို့ … ငါတို့က ဒီတိုင်း ကြွားဖို့ပဲ … ဘယ်သူကမှ ငါတို့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး .. ဘာပဲပြောပြော ကြွားတာက တရားဥပဒေကို မဆန့်ကျင်ဘူးလေ ဟုတ် ….”

ဟော်ယွမ်ယွမ် “ …. “

ထျန်ရန် “ …..”

ကျန်သည့် အမှုဆောင် အဖွဲ့ဝင်များ “ …. “

“ ရေးချင်တာ ရေးလို့ ရတယ်ဆိုတာ သေချာလို့လား … ထိန်းချုပ်ဖို့ လိုအပ်တာရော မရှိဘူးလားရှင့် …” PR ဌာန ခေါင်းဆောင်မှ မေးလာခဲ့၏။

“ မလိုဘူး … မင်းတို့က ငါနဲ့ မစ်ဆူ အုပ်စုရဲ့ ဥက္ကဌက အတူအိပ်ထားပါတယ်လို့ ရေးတောင် အဆင်ပြေတယ်….”

ဟစ် …..

အမှုဆောင် အဖွဲ့ဝင်များ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲကုန်ကြပြီး လင်းရီ၏ အားကောင်းလှသော အဆက်အသွယ်များနှင့် ပတ်သက်ပြီး အံ့ဩသွားခဲ့မိကြသည်။

မယုံကြည်နိုင်စရာပါပဲ …

“ ထျန်းရန် …” လင်းရီ ညင်သာစွာ ပြောလိုက်သည်။

“ ဟုတ်ကဲ့ ဥက္ကဌလင်း …”

“ မစ်ဆူအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ကိုင်တွယ်လိုက် … ငါတို့ ဘာလိုအပ်လဲ … လိုအပ်တာ သူတို့ဆီကနေ တောင်းဆိုလိုက် … သူတို့ ငြင်းမှာ မဟုတ်ဘူး … မင်းဘက်က လိုအပ်တာတွေကို ယုံကြည်ချက် အပြည့်နဲ့တာ တောင်းဆို …”

“ နားလည်ပါပြီ….”

ထျန်းရန် အနည်းငယ် သင်္ကာ မကင်း ဖြစ်သွားခဲ့ရသည်။ အကယ်၍ သာမန် ရင်းနှီးပတ်သက်မှု ဆိုပါက ဤမျှ အမြတ်ထုတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ပါဝါပွိုင့် စလိုက်များက ဤအတိုင်း ကြွားဝါချဲ့ကားနေသည် ဆိုသော်လည်း ဥက္ကဌလင်းသည် မစ်ဆူ အုပ်စု၏ ဥက္ကဌနှင့် အတူ အိပ်ခဲ့လား ဆိုတာတော့ အမှန်ပင် ပြောရ ခဲယဉ်းလှ၏။

မည်သို့ပင်ဆိုစေ မစ်ဆူအုပ်စု၏ ဥက္ကဌမှာ အတော်လေး ကြည့်ကောင်းသည့် အမျိုးသမီးပင်။

“ ယွမ်ယွမ်…”

“ကျေးဇူးပြုပြီး ပြောပါ ဥက္ကဌလင်း …”

အများရှေ့တွင်တော့ ဟော်ယွမ်ယွမ်သည် လက်အောက်ငယ်သား တစ်ယောက်ကဲ့သို့ တရိုတသေပဲ သုံးနှုန်းပါသည်။

“ လောင်ချင်၊ လောင်လျန်၊ လောင်ကောင်း သူတို့ အဲ့ဒီဘက်ကို မင်းတာဝန်ယူလိုက် … သူတို့သုံးယောက်ကို အတူ အလုပ်လုပ်ခိုင်းရမယ်…”

“ နားလည်ပါပြီ…”

“ အဲ့တာအပြင် တခြား ဌာနတွေကလည်း အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားသင့်တယ်… ဒီတစ်ကြိမ် ငါတို့ရဲ့ ပြိုင်ဘက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်… ကောင်းပြီ လူတိုင်းပဲ … အခု ပြန်ပြီး တစ်စုံတစ်ခု ကြီးကြီးမားမားလုပ်ဖို့ကို အသင့်ပြင်ထားကြတော့ …”

“ ကျွန်မတို့ Tesla ကို အနိုင်ယူနိုင်ပြီး သူတို့တွေ ဟွာရှဈေးကွက်ထဲက ထွက်သွားရင်ကော …” ထျန်းရန် မေးမြန်းလိုက်၏။

“ မပူနဲ့ … သူတို့ မထွက်သွားရက်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ သူတို့သာ ဟွာရှ ဈေးကွက်ထဲက တကယ် ထွက်သွားနိုင်တယ်ဆိုရင် ငါတို့ ပါဝါပွိုင့် စလိုက်မှာ ကြွားပြောထားတာတွေ အကုန် အကောင်အထည် ဖော်ပစ်လိုက်မယ်.. ဘယ်လောက်ထိ ရိုးရှင်းနိုင်မှာမို့လို့ …”

ထိုစကားကြားတော့ လူတိုင်း ပေါ့ပါးသွားခဲ့ကြသည်။

ကြည့်ရသည်မှာ ထိုအခြေအနေအတွက်လည်း ဥက္ကဌလင်း၌ ရေရှည် နည်းဗျူဟာတစ်ခု အသင့်ရှိထားသည့်ပုံပင်။

“ ကောင်းပြီ… မီတင် ဒီမှာတင် ဆုံးပြီ… တကယ်လို့ ကိစ္စ တစ်ခုခု ရှိရင် ဒါရိုက်တာဟော်နဲ့ ဒါရိုက်တာထျန်ကို သတင်းပို့လို့ရတယ်….”

ပြောပြီးနောက် လင်းရီသည် မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။

သို့သော် သူ ထွက်ခွာသွားသည့် အချိန်မှာပဲ နောက်သို့ လှည့်၍ “ ဌာန အသီးသီးက ပြန်ရောက်ရင် အောက်ကလူတွေကို သေချာ ပြန်စစ်ဆေးဦး .. ကုမ္ပဏီ ဝန်ထမ်း တစ်ယောက်ယောက်က Tesla မောင်းနေတယ်ဆိုရင် သူတို့ကို အပိုအာမခံပေးပြီး ငါတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေအပေါ် ဘယ်လောက်ထိ ဂရုစိုက်တတ်လဲဆိုတာ ဆင်ခြင်သုံးသပ်ပါစေ …”

ဖူး …

အမှုဆောင် အဖွဲ့ဝင်များ မရယ်မောဘဲ မနေနိုင်ကြချေ။

ဥက္ကဌလင်းက တော်တော် ဟာသ လုပ်တတ်တာပဲ ….

သို့သော် သူတို့ဘက်က ဤအခွင့်အရေးအား အသုံးချ၍ ပြောရပေဦးမည်။

မီတင်ခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သူ၏ ရုံးခန်းသို့ ပြန်ပြီး အဲလစ်အား ဆက်သွယ်လိုက်သည်။

သူမက ယခု Intel တွင် ထင်ရှားသိသာသည့် ရာထူး တစ်နေရာ ရှိထားပြီး …. နောက်ထပ် အမေရိကား ကုမ္ပဏီ တစ်ခု ဖြစ်သည့် သူမ၏ အလားအလာတို့က Tesla ၏ နည်းဗျူဟာတို့ကို ကနေဦးက ထင်မှတ်ထားသည်ထက် အများအပြား လွှမ်းမိုးနိုင်ပါသည်။ ဤကိစ္စကို သူမနှင့် ဆွေးနွေးရန်ကလည်း အရေးကြီး၏။

ဤသို့ဖြင့် ၎င်းတို့အား သတိလက်လွတ်ဖြစ်နေချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေရမည်။

………….

လင်းရီ ထွက်ခွာသွားပြီးသည့်နောက် ဟာဘာနှင့် ကျန်နှစ်ယောက်မှာ လက်ဖက်ရည်အိမ်တော်ထဲတွင် အချိန်အတော်ကြာသည်ထိတိုင်အောင် ဘာစကားမျှ မဆိုကြချေ။ ပြီးနောက် ကုမ္ပဏီသို့ အတူပြန်လာခဲ့ကြ၏။

“ မစ္စတာ ဟာဘာ … ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ … " ရုံးခန်းထဲတွင် ရန်ထျန်းနန်မှ မေးမြန်းလိုက်သည်။

“ ဒီလို ကိစ္စမျိုးက ကျုပ်တို့ရဲ့ အနာဂတ် တိုးတက်မှုတွေအတွက် အများကြီး ထိခိုက်နစ်နာစေတယ်နော်… ကျုပ်တို့ လင်းယွင်အုပ်စုရဲ့ လွှမ်းမိုးနိုင်စွမ်းကို သွားပြီး လျှော့တွက်လိုက်လို့ မရဘူး ….”

“ ငါ သိတယ်… နောက် … ငါ ဟွာရှ အစိုးရရဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောကြည့်လိုက်မယ်… ဒီကိစ္စ ဖြေရှင်းဖို့ ခက်မယ် မထင်ပါဘူး …”

“ ကျုပ် အရင်က လုပ်ခဲ့ပြီးပြီ … မစ္စတာ ဟာဘာ လူကြီးမင်း ချန်ယွမ်ချင်ကို သိတယ်မလား … ကျုပ်တို့ကို ဟွာရှထဲ ရောက်အောင် ခေါ်လာခဲ့တဲ့လူလေ .. ဒါပေမယ့် နောက်ဆုံးကျတော့ သူကိုယ်တိုင်ပဲ လင်းရီကို အပြစ်မပြုမိဖို့ ပြောခဲ့တာပဲ … သူပြောတာ ကျုပ်တို့က သူ့ကို အပြစ်ပြုလို့ မတတ်နိုင်ဘူးတဲ့ …”

“ သူ တကယ်ပဲ အဲ့လို စကားမျိုး ပြောလား ….”

ချန်ယွမ်ချင်ကို ဟာဘာ သိသည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချန်ယွမ်ချင်နှင့် အဆက်အသွယ်လုပ်ရမည့် တာဝန်ကို သူက ယူထားပြီး ဟွာရှတွင် စူပါစက်ရုံကြီး လာတည်ထောင်သည့် အချိန်ဖြစ်၏။

၎င်းကြောင့်ပဲ ၂ နှစ်ကြာပြီးနောက်တွင် ဒုဥက္ကဌအဖြစ် ရာထူးတိုးနိုင်ခဲ့သည်မှာ ချန်ယွမ်ချင်၏ အကူအညီပေးမှုတို့ အများကြီး ပါဝင်ခဲ့သည်ဟု ပြောဆိုမည်က မမှားနိုင်ချေ။

ထို့ကြောင့် သူ ချန်ယွမ်ချင်အား ကောင်းကောင်းကြီး သိသည်။

တစ်ဖက်သူ၏ စကားလုံးတို့က ဤကိစ္စမှာ ကိုင်တွယ်ရ ခက်ခဲမည့် ကိစ္စ တစ်ခု ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေလျက် ရှိ၏။

အနှီ လင်းရီ အမည်တွင်သည့် လူသည် အမှန်တကယ် သွားရှုပ်ရလွယ်ကူမည့် လူစားမျိုးတော့ မဖြစ်နိုင်လောက်ချေ။

“ ပြဿနာ မရှိဘူး … သူက အသုံးမဝင်တော့ဘူး … ငါတို့ တခြား နည်းလမ်းတွေ စဉ်းစားလို့ ရတယ်…” ဟာဘာ ခေတ္တမျှ တွေးတောလိုက်ပြီး “ ငါတို့တွေ လင်းယွင်အုပ်စုကို စီးပွားရေး ရှုထောင့်အမြင်ကနေလည်း တိုက်ခိုက်လို့ ရတာပဲ … ဒါက အထိရောက်ဆုံးနဲ့ တရားဝင်တဲ့ နည်းလမ်းဆိုလည်း ဟုတ်တယ်…”

ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြပြီး ရန်ထျန်းနန်မှ “ ဒါဆို ကျုပ်တို့ Semiconductor နယ်ပယ်ကနေ စလိုက်ကြမလား …”

“ အင်း … ဒါက အတော်လေး ကောင်းတဲ့ စမှတ်ပဲ …” ဟာဘာ ဖြည်းညင်းစွာဖြင့် ယုံကြည်ချက် ရှိရှိ တုံ့ပြန်လိုက်ပြီး “ ငါ ဂျပန် ၊ တောင်ကိုးရီးယားနဲ့ ထိုင်ဝမ်က Semiconductor ကုမ္ပဏီတွေကို ဆက်သွယ်ပြီး သူတို့ကို ဖိအားပေးဖို့ ပြောလိုက်မယ်… မောက်မာချင်တာလား … သူတို့ရဲ့ မောက်မာမှုအတွက် တန်ကြေးတစ်ခုတော့ ပေးဆပ်ရမှာပဲ ….”

All Chapters