ဘယ်လို အမျိုးသမီးက အစ်ကိုရီနဲ့ ထိုက်တန်မလဲ
Vol. 117 Ch. 1752
လင်းရီနှင့် ကျန်သူများမှာ ဒေါသမထွက်သွားကြချေ။ သူတို့အားလုံး ဆိုင်ကယ်နှင့် ဝေးဝေးနေလိုက်ကြ၏။
ဗွီဒီယိုအား မှတ်တမ်းတင်ပေးနေသည့် အမျိုးသားမှာ ရှေ့သို့ ပြန်လှည့်သွားပြီး ပို့စ်အမျိုးမျိုးဖြင့် ရိုက်ကူးရေး လုပ်နေသည့် မိန်းကလေးအား ကြည့်၍ “ အသင့်ပြင်ထား … ဒီလို ကားအကောင်းစားမျိုးဆိုတာ မြင်ရခဲတယ်… နောက်က တခြားကားတွေနဲ့ပါ တစ်ခါတည်း ရိုက်ထားကြစို့ … ဒါဆို နောင်အတွက် ငါတို့တွေ ဗွီဒီယို ကလစ် ကောင်းကောင်းရပြီ…”
“ ငါတော့ ရိုက်ဖို့ အသင့်ပဲ …”
“ အိုကေ .. ၃,၂,၁ စ …”
“ ချစ်သောလေးတို့ရေ … ယောက်ျားတွေဆိုတာ အပြည့်အဝ ယုံကြည်ပြီး မှီခိုလို့ မရတဲ့ လူတွေပါနော်.. ကျွန်မ အခုလေးတင်ပဲ ကျွန်မ အမျိုးသားနဲ့ ကွာရှင်း သဘောတူ စာချုပ်မှာ လက်မှတ်ထိုးခဲ့လိုက်တယ်… ပိုင်ဆိုင်မှုတွေ အားလုံး သူ့ကိုပဲ ပေးလိုက်တယ်.. ကျွန်မဘက်က ဘာတစ်ခုမှ မယူဘူး … ကျွန်မရဲ့ ဗီလာနဲ့ အခု နောက်က စူပါကား ကိုးစင်းလုံးကို ချန်ထားခဲ့လိုက်ပြီ .. အခု ကျွန်မမှာ တစ်ပြားတစ်ချပ်မှ မကျန်တော့ဘူး … ကျွန်မရဲ့ ချစ်သော ဖော်လိုဝါတွေက ကျွန်မရဲ့ ဒီည ရှစ်နာရီ လိုက်စထွင်းကို ကြည့်ပေးကြမယ်လို့ မျှော်လင့်ပါတယ်… ကျွန်မ ရှင်တို့အားလုံးကို နောက်ဆုံးတစ်ကြိမ် ဂေ့ဝေးပေးမယ် သိလား … ဒီလီခက ၉.၉၉ ယွမ်ပဲ ကျမှာနော်… “
“ မင်းတို့နှစ်ယောက် တော်သင့်ပြီ မထင်ဘူးလား … မင်းတို့ကိုယ်မင်းတို့ ဒီမှာ လမ်းပိတ်နေတာရော မသိဘူးလား …” လင်းရီ ပြောလိုက်ပြီး “ ငါတော့ မင်းတို့နှစ်ယောက်အစား ရှက်လွန်းလို့ … ဒီလို script မျိုး ရေးနိုင်ဖို့ဆို သုံးနှစ်လောက် ဘရိန်း အန်နျူရစ်ဇင်(ဦးနှောက် တစ်ခန်းလွတ်) ဖြစ်နေမှပဲ ရမယ်..”
“ ငါတို့ဘာ ငါတို့ ပြောချင်တာ ပြောမယ်… အဲ့တာ မင်းသောက်ပူပါလား …” ကင်မရာ ကိုင်ထားသည့် အမျိုးသားမှ ကျယ်လောင်စွာ ချေပလိုက်ပြီး “ ဘာလဲ … ဒီလောက်ပြောတာလေးတောင် မခံနိုင်ဘူးလား … ကိုယ့်ဘောကိုယ်ကိုင်ပြီး ဒီနေရာက ဒိုးလိုက်တော့ …”
ဖြောင်း …
စွေ့ချန် လက်မြောက်၍ ၎င်း၏ မျက်နှာကို ဖြတ်ရိုက်လိုကသည်။
ဖုန်းကင်မရာဖြင့် ရိုက်ကူးရေး လုပ်နေသည့် အမျိုးသားမှာ အောက်သို့ လဲကျသွားပြီး နှုတ်ခမ်းထောင့်စွန်းတွင် သွေးတို့ စွန်းသွားခဲ့၏။ သူ၏ သွားများပင် ကျွတ်ထွက်သွားသည့်သယောင်ပင်။
“ မင်းရဲ့ စောက်ပါးစပ်ကို ဆင်ခြင်ပြီးပြော … အဲ့ သောက်ပါးစပ်ကြောင့် ဒုက္ခရောက်ချင်တာလား …”
အမျိုးသားမှာ ကြက်သေသေသွားခဲ့လေသည်။ သူ၏ ဖုန်းမှာ ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ပြီး မှန် စခရင်သည်လည်း ကွဲအက်သွားခဲ့၏။ သူ၏ မျက်နှာကို လက်တစ်ဖြင့် ကာထာလျက် စွေ့ချန်အား လက်ညိုးထိုးပြီး အော်ငေါက်တော့သည်။
“ လူကို ဘယ်လိုတောင် ကိုယ်ထိလက်ရောက် ပြုမူနေတာလဲ .. ငါရဲတိုင်မယ်…”
“ မင်းဘာမင်းတိုင်ပြီး မင်းဘာမင်း အထဲဝင်သွားလိုက် …”
ထိုသို့ပြောပြီးနောက် သူတို့အားလုံး ကားသော့များအား ကိုယ်စီနှိပ်၍ ၎င်းတို့၏ ခရီးဆောင်အိတ်များကို ကားထဲသို့ ထည့်လိုက်ကြသည်။
“ ဒီ … ဒီကားတွေက မင်းတို့ အပိုင်တွေ…..”
“ မင်း ဘယ်လိုထင်လို့ ….”
လော့ချီ ကြမ်းပြင်တွင် လဲကျနေသည့် အမျိုးသားအား ငုံ့ကြည့်လိုက်ပြီး “ ဘာဖြစ်ရဦးမှာ … ကျွန်မတို့က ရှင့်ကို ဒီနေရာမှာ ဗွီဒီယိုပြီးတဲ့ အထိ ပေးရိုက်တာတောင် ကျေးဇူးမတင်ဘူး… သင်ခန်းစာယူပြီး နောင်ကျ တခြားလူတွေကို ရှင့်ရဲ့ ခွေးမျက်စိနဲ့ လိုက်ပြီး မဝေဖန်ဖို့ကို သတိရ ….”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
သူတို့ မူလက တွေးထင်ထားခဲ့သည်မှာ သူတို့ ရှေ့ရှိ ဤလူများက ခရီးသွားများ သပ်သပ်ဟူ၍သာ။ သို့သော် ထင်မှတ်မထားစွာဖြင့် အနှီကားတို့က ၎င်းတို့ အပိုင် ဖြစ်နေလေသည်။
လူအုပ်ကြီး၏ သတိထားစောင့်ကြည့်နေသည့် မျက်ဝန်းတို့ အောက်မှာပဲ ကိုယ်စီကားများအား မောင်းထွက်လာခဲ့ကြသည်။
လင်းရီမှ လမ်းအား ဦးဆောင်၍ အကုန်လုံးကို မွန်ဘေ ကမ်းခြေသို့ ခေါ်ဆောင်လာသည်။
တစ်နာရီ ကြာပြီးနောက် စူပါကား ကိုးစင်းမှာ မွန်ဘေကမ်းခြေ၏ ဟိုင်းဝေးလမ်း ဘေး၌ သပ်ရပ်စွာ စီတန်း ထိုးရပ်ထား၏။
ကားပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလိုက်ကြပြီး
“ ဒီမှာ ခဏ ကစားကြမယ်.. ပြီးရင် မင်းတို့ကို ပင်လယ်ကြည့်ဖို့ ခေါ်သွားပေးမယ်…” လင်းရီ ပြောလိုက်သည်။
လော့ချီသည် မလှမ်းမကမ်းရှိ ဝမ်ကျန်း ဆိပ်ကမ်းအား ညွှန်ပြ၍ “ ဟိုမှာ သင်္ဘောက အကြီးကြီးပဲ .. ကျွန်မတော့ တော်တော်လေး ကောင်းမယ်လို့ ထင်တယ်.. အဲသင်္ဘော စီးလို့ ရမယ်မလားဟင် …”
“ ငါ ရွေးထားတဲ့ သင်္ဘောပဲလေ… မင်းတို့ စီးရအောင်လို့ ပြင်ထားပေးတာပဲ …”
“ ကျွန်မတို့တော့ အစ်ကိုရီကို ပိုက်ဆံတွေ အများကြီး သုံးရအောင် လုပ်မိပြီ…” လော့ချီ အပြုံးလေးဖြင့် ပြောလာခဲ့သည်။
“ ဘာကို သုံးရမှာ .. အဲ့ ဆိပ်ကမ်းကလည်း ငါ့ဥစ္စာပဲ … ဘယ်သင်္ဘော သုံးရမယ်ဆိုတာ ငါကပဲ ဆုံးဖြတ်ပေးတာ …”
လူတိုင်း ရှော့ခ်ရသွားခဲ့သည်။
“ ရှင်က ဆိပ်ကမ်းပိုင်တယ်ဆိုတာ တကယ်ကြီး ယုံတောင် မယုံနိုင်ဘူး …”
“ မင်းတို့ အကုန်လုံးလည်း ချမ်းသာတဲ့ လူတွေချည်း မဟုတ်လား .. ဒီတိုင်း ဆိပ်ကမ်းလေးပါပဲ … ဒီလောက်ထိ အံ့ဩပြနေဖို့ မလိုပါဘူး …”
“ အဓိကက ရှင့်ကုမ္ပဏီက Semiconductor နယ်ပယ်ထဲကမို့လေ… ဒီရဲ့ ဆိပ်ကမ်းတွေနဲ့ ဘာဆိုင်လို့ .. “
“ ငါ ဒါတွေ မှီပြီး ပိုက်ဆံရှာနေတာ မဟုတ်ဘူး … ဒီတိုင်း ဇိမ်ခံ အပန်းဖြေဖို့လောက်ပဲ … နောင်ကျ မင်းတို့ သူငယ်ချင်းတွေနဲ့ လာလည်လို့ ကျိုးဟိုင်ရောက်ရင် ငါ့နာမည် ပြောလိုက် .. ပိုက်ဆံ အကုန်အကျ သက်သာ စေရမယ် … မင်းတို့ စီးချင်တဲ့ သင်္ဘောကိုလည်း စိတ်ကြိုက် ရွေးလို့ရတယ်…”
“ မှတ်ထားတယ်နော်.. နောင်ကျ အားမနာတော့ဘူး ….”
“ အချင်းချင်းတွေကိုပဲ .. အားနာနေဖို့ မလိုပါဘူး …” လင်းရီ ပြုံးလိုက်ပြီး “ သွားစို့ … အားလုံး ရယ်ဒီ ဖြစ်ပြီးသား … ကမ်းခြေသွားပြီး ခဏလောက် ဆော့ကြမယ်…”
“ အိုကေ ….”
သူတို့ ရောက်မလာသေးခင်ကပင် ချင်းဟန်နှင့် ကျန်သူများက နေရာအား ပြင်ဆင်ထားပြီး ဖြစ်သည်။
သူတို့ဘက်က လူငယ် ခပ်ချောချော ကောင်းလေးများနှင့် အင်တာနက် ဆယ်လီ မော်ဒယ်များကိုပင် ဖိတ်ကြားစုဝေးထားသေး၏။ ထုံးစံအတိုင်း အကုန်လုံးက ပြောရက်စရာ မရှိအောင် ချောမောလှပကြသူများပင်။
ရှောင်ပင်းနှင့် လော့ချီမှာ လင်းရီအား ပြုံးကြည့်လိုက်၏။
“ အစ်ကိုရီ .. ရှင်က ကျွန်မတို့အကြောင်း ကောင်းကောင်း နားလည်သားပဲ …”
“ ကိုယ့်အသင်းသားတွေအကြောင်းကို ကိုယ်က မသိဘဲ နေမလား …..”
“ ကျစ် ကျစ် ကျစ် … အစ်ကိုရီက ဘဝကို ဘယ်လို ကောင်းကောင်းနေရမလဲဆိုတာ သိနေတာပဲ …”
လူတိုင်း ရောက်လာပြီးသည့်နောက်တွင် လင်းရီမှ အားလုံးကို အကြမ်းဖျင်းမိတ်ဆက်ပေးလိုက်သဖြင့် လူတိုင်းကလည်း အချင်းချင်း ရင်းနှီးသွားခဲ့ကြလေသည်။
ထိုစဉ် သူ့ ဘော်ဒါဘော်ဂျွတ်ကြီး သုံးကောင်မှာတော့ အနည်းငယ် အံ့အားသင့်နေလျက် ရှိ၏။ လင်းရီ ခေါ်လာခဲ့သည့် ဤလူရှစ်ယောက်မှာ မရိုးရှင်းပေ။
သူတို့ထဲ အနိမ့်ဆုံး မရှိဘူးဆိုသည့် လူကပင် ယွမ် ဆယ်ဘီလီယမ်ကျော်မျှ ကြွယ်ဝပြီး ၎င်းတို့ မိသားစု နောက်ခံများကလည်း အကောင်ခပ်ကြီးကြီးများပင်။
ရှောင်ပင်း၊ လော့ချီနှင့် ယွီစီယင်တို့မှာ ၎င်းတို့၏ သွယ်လျသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်ပြီး ကပ်စေးနည်းနေခြင်း မရှိပါချေ။ ရောက်သည်နှင့် မကြာမီမှာပဲ ဘီကီနီသို့ ပြောင်းလဲ ဝတ်ဆင်လိုက်ကာ အလွန်အမင်း မျက်စိဖမ်းစားနိုင်နေတော့၏။
ကမ်းခြေတွင် ခေတ္တ ကစားပြီးသည့်နောက် လူတိုင်း ရွက်လှေပေါ်သို့ တက်လိုက်ကြသည်။ ပါတီသည်လည်း တရားဝင် စတင်ချေပြီ။
သင်္ဘောပေါ်ရှိ လူတိုင်းက စိတ်သဘောထား ပွင့်လင်းသူများ ဖြစ်ကြ၏။ မည်သို့ပင်ဆိုစေ အကုန်လုံးက သူဌေးသူကြွယ် သားသမီးများ ဖြစ်ကြပြီး ပွင့်ပွင့်လင်းလင်း ပျော်တတ်ကြကာ နေရာအား လှုပ်ရှားသက်ဝင်နေစေတော့၏။
ညနေ ခုနစ်နာရီ ထိုး၊ နေမင်းကြီးသည်လည်း မိုးကုပ်စက်ဝိုင်း အတွင်းသို့ စီးဝင် ကွယ်ပျောက်သွားခဲ့ချိန်။ လည်ပတ်သည့် ခရီးစဉ်သည်လည်း ဆုံးခန်းတိုင်လာခဲ့၏။
လင်းရီမှ ရှောင်ပင်းနှင့် ကျန်သူများအား ကြိုဆိုရန်အတွက် ပန်နီဆူလာ ဟိုတယ်တွင် တစ်ဝိုင်း စီစဉ်ထားပြီး ညအိပ်ရန်အတွက်လည်း ပြင်ဆင်ထားပေးခဲ့သည်။
“ အိုကေ … ငါ အိပ်ဖို့ နေရာကို ဘွတ်ကင်လုပ်ထားပေးတယ်… အရင် သွားစားကြစို့ … ပြီးရင် မင်းတို့ကို နောက်နေ့ ထပ်ပျော်လို့ ရအောင် လိုက်ပို့ပေးမယ်….”
“ ကျုပ်တို့ချည်းပဲ စားနေလို့ ဘယ်ဖြစ်မှာ .. မရီးကိုရော ခေါ်လိုက် … ရောက်တာဖြင့် ကြာလှပြီကို ခုထိ မရီးကို မနှုတ်ဆက်ရသေးဘူး ….” ကျန်းချောင်ယွဲ့မှ စနောက်လိုက်သည်။
“ ဟုတ်တယ်… ဟုတ်တယ်.. ယောင်းမကိုလည်း ခေါ်လိုက်လေ… အတူစားကြတာပေါ့ …” ရှောင်ပင်း ပြောလိုက်ပြီး “ အစ်ကိုရီက တစ်ခုခုကို စိုးရိမ်နေတာဆိုရင် စိတ်မပူနဲ့ … ကျွန်မတို့ ကျိန်းသေပေါက် ပေါက်တတ်ကရတွေ လျှောက်မပြောဘူး .. သူ မသိသင့်တာတွေကို ကျွန်မတို့ ပေးမသိပါဘူး …”
“ မင်းဘာတွေ လျှောက်ပြောနေတာ … မသိရင် ငါကပဲ မကောင်းတဲ့ကောင် လိုလို ….”
“ မင်းက မကောင်းတဲ့ကောင် မဟုတ်ဘူးဆို ငါတို့က မူကြိုကျောင်းသားလေးတွေပဲ …” လျန်ကျင်းမင် ပြောလိုက်၏။
“ လစ်စမ်း … ဒီလူတွေ အားလုံးထဲမှာ မင်းက အဲ့လို ပြောခွင့် မရှိဆုံးပဲ …” လင်းရီ ပြောလိုက်၏။
“ ငါက မကောင်းတဲ့ကောင် ဆိုတာ ဝန်ခံတယ်.. ဒါပေမယ့် မင်းကို ငါ့ဆီကနေ သင်ယူပါလို့ မပြောခဲ့ဘူးနော်…” လျန်ကျင်းမင်မှ အရှက်မရှိ ပြောဆိုလိုက်သည်။
“ မင်းတို့ အကုန်လုံးလည်း မကောင်းတဲ့ကောင်တွေချည်းပဲ … ငါသာ မင်းတို့နဲ့ အင်နာဂျီမကိုက်ရင် နောက်မှာ ကျန်ရစ်ခဲ့တာကြာပေါ့ ….”
“ ဖက်ခ် … ဒါဘယ်လို အလှည့်အပြောင်းမြန်တဲ့ လောဂျစ်မျိုးလဲ …..”
“ အစ်ကိုရီ .. အချိန်ဆွဲနေတာတွေ တော်လိုက်တော့ … ယောင်းမကို မြန်မြန်ခေါ်လိုက် …”
“ ငါ ခေါ်လိုက်မယ်… ဒါပေမယ့် မင်းတို့ ဘယ်သူမှ မင်းတို့ ဘယ်သူပါဆိုတာကို ပြောလို့ မဖြစ်ဘူးနော်…”
“ ရက်ဆာ … ကျွန်တော်တို့ ပါးစပ်ကို ကောင်းကောင်းစေ့ထားပါ့မယ်….”
လင်းရီ ဖုန်းထုတ်၍ ကျီချင်းရန်၏ နံပါတ်အား ခေါ်ဆိုလိုက်သည်။
“ နင် ပြီးပြီလား ….”
လင်းရီ သူ့ မိတ်ဆွေများအား ဧည့်ခံနေမှန်း ကျီချင်းရန် သိသဖြင့် ယနေ့တွင် အိမ်သို့ သူမသာသူမ ပြန်လိုက်သည်။
“ ပြီးတော့မှာ … စားတော့မလို့ … မင်းလည်း အားတယ်ဆို လာခဲ့လိုက်လေ… ဒီမှာ မင်းကို တွေ့ချင်တယ် ပြောနေကြလို့ …”
“ ဟင် … သူတို့က ငါ့ကို တွေ့ချင်တာလား ….”
ကျီချင်းရန် အနည်းငယ် ပျာယာခတ်သွားခဲ့ပြီး “ နင်တို့ စုဝေးပွဲကို တက်တာ ကောင်းတဲ့ အကြံဉာဏ်လို့တော့ ငါ မထင်ဘူးနော်….”
“ ဘာလို့ … အကုန်လုံးက ကိုယ့်အချင်းချင်းတွေကိုပဲ … ငါတို့အခု ဟိုတယ်ကို ဦးတည်နေတာ … မိနစ် လေးဆယ်ဆို ရောက်ပြီ.. အားတယ်ဆို လာခဲ့လိုက် …”
“ အိုး … အိုကေလေ…”
ဖုန်းချပြီးနောက် လင်းရီ ကျန်သူများအား ပြောလိုက်သည်။
“ ပြီးပြီ.. အရင်သွားစားကြစို့ …”
နာရီဝက်ကြာပြီးနောက် ကားများက ပန်နီဆူလာဟိုတယ်သို့ ရောက်လာကြပြီး လူတိုင်းက သီးသန့်ခန်းထဲတွင် ထိုင်ခုံ ကိုယ်စီ၌ ဝင်ထိုင်လိုက်ကြ၏။
“ ယောင်းမကို ခဏနေ တွေ့ရတော့မှာဆိုတော့ ငါ့စိတ်တွေ စိတ်လှုပ်ရှားလိုက်တာ …” ရှောင်ပင်း ပြောလိုက်သည်။
“ ငါတို့တောင် ဘယ်လိုမှ မနေတာကို မိန်းကလေးဖြစ်တဲ့ မင်းက ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာ …” အမျိုးသား အဖွဲ့ဝင် ကျိုးလျန်က ပြောလိုက်သည်။
“ ဒီတိုင်း သိချင်လို့လေ … ဘယ်လို အမျိုးသမီးက အစ်ကိုရီနဲ့ ထိုက်တန်တာလဲလို့ပေါ့ …”