← Chapters

စက်ဆုပ်ဖွယ်ကောင်းသည့် နည်းလမ်း

Vol. 117 Ch. 1753

စက်ဆုပ်ဖွယ်ကောင်းသည့် နည်းလမ်း

Vol. 117 Ch. 1753

“ မင်းသာ မပြောရင် ငါလည်း တွေးမိမှာတောင် မဟုတ်ဘူး …” ကျိုးလျန် ပြောလိုက်ပြီး “ ခုတော့ ငါလည်း သိချင်မိသား .. မရီးက ဘယ်လို ပုံစံ ရှိမလဲ မသိဘူးနော်….”

“ ငါ အစ်ကိုရီကို အမွှမ်းတင်တာ မဟုတ်ဘူးဆိုပေမယ့် ဒီကမ္ဘာမှာ ဘယ် အမျိုးသမီးကမှ သူနဲ့ မထိုက်တန်ဘူးလို့ ငါတော့ ခံစားရတယ်.. သူက သိပ်ကြည့်ကောင်းလွန်းတယ်လေ….” လော့ချီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ငါ သိချင်နေတာ .. ဘယ်လိုကြည့်ကောင်းတဲ့ အမျိုးသမီးကများ အစ်ကိုရီက သူ့ခေါင်းညွှတ်သွားစေတာလဲပေါ့ … “

ဖူး ….

ဘေးတွင် ထိုင်နေသည့် ချင်းဟန်မှာ မရယ်ဘဲ မနေနိုင်ချေ။

လင်းရီ ၊ ဒီကောင်သာ သစ္စာ ရှိလို့ကတော့ တကယ့် ပြိုင်ဘက်ကင်း အတုမရှိတဲ့ကောင် ဖြစ်သွားမှာပဲ …

“ အစ်ကိုချင် … ရှင် ဘာတွေ ရယ်နေတာ .. ကျွန်မပြောတာ မှားလို့လား …”

“ မဟုတ်ဘူး မဟုတ်ဘူး …” ချင်းဟန် ရယ်ချင်စိတ်အား အတင်း ဖိနှိပ်ထားရင်း “ မင်းတို့ ခဏနေကျရင် မင်းတို့ မရီး ဘယ်လိုပုံစံ ရှိလဲ မြင်ရပါလိမ့်မယ်….”

ထိုအချိန်တွင်ပဲ သီးသန့်ခန်း တံခါး ပွင့်ဟလာပြီး ကျီချင်းရန် အထဲသို့ ဝင်လာသည်။

ကျီချင်းရန်၏ အဝတ်အစား သပ်သပ်ဖြင့်ပင် ရင်သပ်ရှုမောဖွယ် ကောင်းပြီးသား ဖြစ်၏။ သူမက အနက်နှင့် မီးခိုးရောင် tailcoat dress နှင့် အဖြူရောင် သရီးကွာတား sleeve ဘလောက်စ်ကို ဝတ်ဆင်ထားပြီး ရေတံခွန်ငယ်ကဲ့သို့ တည်ရှိသည့် သူမ၏ ဆံနွယ်များအား သေချာ ပုံသွင်းထားသည်။ ကျစ်လျစ် ကျော့မော့နေသည့် ကျောက်စိမ်းကဲ့သို့သော လည်တိုင်အား လှစ်ဟာပြလျက် စိန်လည်ဆွဲ တစ်ကုံးဖြင့် အလှတန်ဆာ ဆင်ယင်ထားလေသည်။ ဤပေါင်းစပ်မှုတို့က သူမအား ရောင်ခြည်ဖြာထွက်သကဲ့သို့ တလက်လက် တောက်ပနေစေသည်။

၎င်းက သူမ၏ အလှနှင့် ကျော့ရှင်းသိမ်မွေ့မှုကို အပြည့်အဝ မီးမောင်းထိုးပြနေလျက် ရှိ၏။

ရှောင်ပင်း၊ ယွီစီယင်နှင့် ကျန်သူများအား မင်သက် အံ့အားသင့်သွားခဲ့ကြသည်။

ကျီချင်းရန်၏ အလှနှင့် ကိုယ်လုံးကိုယ်ပေါက်အား တအံ့တအား ချီးမွမ်းမိရင်း ထိပ်တန်း ပျိုကညာ ဖြစ်သည့် မိမိတို့ကိုယ် မိမိပင် အနည်းငယ် အိုးတို့အမ်းတမ်း ဖြစ်သလို ခံစားသွားခဲ့ကြရသည်။

သူမက အပြစ်အနာအဆာ တစ်ခုလေးတောင် မရှိတဲ့ ပြီးပြည့်စုံတဲ့ အနုပညာ လက်ရာတစ်လိုပါပဲလား။

“ ဟယ်လို မရီး … “

ရှောင်ပင်းနှင့် ကျန်သူများအားလုံး မတ်တပ်ရပ်ပြီး သူမအား ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။

ထိုသို့သော လူအုပ်ကြီးနှင့် ရင်ဆိုင်လိုက်ရတော့ ကျီချင်းရန်မှာ အနည်းငယ် နေရခက်သွားခဲ့၏။ သူမ မိဘမဲ့ဂေဟာသို့ သွားသည့်အချိန်တွင် မကြာခဏဆိုသလို မရီး၊ ယောင်းမ ဟု ခေါ်ဆိုခံရလေ့ ရှိသော်လည်း ၎င်းတို့အများစုက ကလေးသူငယ်များသာ ဖြစ်ကြသည်။

ယခုမှာတော့ အရွယ်ရောက်ပြီးသည့် လူငယ်တစ်အုပ်စု ဖြစ်ပြီး ယင်းအား နေသားကျနိုင်ရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရသည်။

“ အားလုံးပဲ … အားနာနေစရာ မလိုပါဘူး .. မြန်မြန် မြန်မြန် … ထိုင်ကြ ထိုင်ကြ …” ကျီချင်းရန် ၎င်းတို့အား အလျင်အမြန် နှုတ်ဆက်လိုက်ပြီး သင့်တင့်လျောက်ပတ်စွာ မပြုမူမိမှာကို စိုးရွံ့နေသည်။

လူတိုင်း ပြန်ထိုင်ချလိုက်ကြပြီး ကျီချင်းရန်က လင်းရီ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

ချင်းဟန်သည် ရှောင်ပင်းနှင့် ကျန်သူများထံသို့ ပြုံးကြည့်လိုက်ပြီး “ အခု မင်းတို့ လူကိုယ်တိုင် မြင်လိုက်ရပြီဆိုတော့ ဘယ်လို ခံစားရလဲ …”

“ ကျွန်မတော့ အစ်ကိုရီက ယောင်းမနဲ့ မတန်ဘူးလို့ ခံစားရတယ်….”

“ ဟေ့ ဟေ့ … မင်းပဲ ခုနကပြောတော့ သူက ငါနဲ့ မတန်ဘူးဆို … ဒီလောက် အမြန်ကြီး သစ္စာဖောက်ရလားဟ ….”

“ လူကို လာမစွပ်စွဲနဲ့ … ကျွန်မ အဲ့လို စကားမျိုး မပြောခဲ့ဖူးပါဘူး ….” ရှောင်ပင်း ပြောလိုက်ပြီး “ ယောင်းမရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ … အစ်ကိုရီရဲ့ လိုအပ်ချက်တွေကို အလွယ်လေး ဖြည့်ဆည်းပေးနိုင်တယ်….”

ကျီချင်းရန်၏ မျက်နှာထက်တွင်တော့ အပြုံးတစ်ပွင့် ဆင်မြန်းထားလျက် ရှိပြီး ဘဝင်လေဟပ်သည့် အရိပ်အယောင် တစ်ချို့ပင် ရေးရေးလေး တွေ့နေရသည်။

အခြားသူများက သူမအား ယခုလို ချီးမွမ်းသည့် အခါတိုင်း သူမ ပျော်ရွှင်ရလေ့ ရှိ၏။

“ ကောင်းပြီ ကောင်းပြီ .. ဒီအကြောင်း ဆက်မပြောကြစို့ … မင်းတို့လည်း ဆာနေကြလောက်ရောပေါ့ … မြန်မြန် ဟင်းတွေ မှာကြ … ငါ ဒီနေ့ မင်းတို့ ကောင်းကောင်းကြီး စားလို့ ရအောင် ပြင်ဆင်ပေးထားတယ်….”

“ စိတ်ချ… ဒီကလည်း အားမနာတတ်တာနဲ့ အတော်ပဲ ….”

ရှောင်ပင်းနှင့် ကျန်သူများမှာ လင်းရီအား ညှာတာငဲ့ညာမနေဘဲ ဈေးကြီးသည့် ဟင်းလျာများအား တုံ့ဆိုင်းခြင်း မရှိ မှာယူလိုက်ကြသည်။

အပြင်လူလည်း မရှိသဖြင့် စားပွဲဝိုင်းရှိ လေထုမှာ အလွန်အမင်း လှုပ်ရှားသက်ဝင်နေသည်။

အကုန်လုံးက အရက်မူးနေကြသည် ဆိုသော်လည်း ရှောင်ပင်းနှင့် ကျန်သူများမှာ အသိစိတ်ကပ်နိုင်သေးစွာဖြင့် ၎င်းတို့၏ အထောက်အထားများအကြောင်းကို ယောင်၍ပင် နှုတ်မှ ထုတ်မပြောခဲ့ကြပေ။

စွေ့ချန်နှင့် ကျန်သူများအဖို့ကတော့ သူတို့အားလုံး ရိုးရှင်းစွာဖြင့် အစ်ကိုကြီးဟုသာ ခေါ်ဆိုသုံးနှုန်းကြ၏။ ခေါင်းဆောင်လင်းဟု ခေါ်မည်ဆိုပါက စည်းခြားလွန်းရာ ကျလေသည်။

ည ၁၁ နာရီ ဝန်းကျင်၊ ဝိုင်နှင့် အရက်သောက်စရာများ သုံးခေါက်လာချပေးသွားပြီး မတူညီသည့် ဟင်းပွဲများအား ငါးခါ လာလဲလှယ်ပေးပြီးသည့်နောက် လူတိုင်းမှာ ပြည့်အင်သည်အထိ သုံးဆောင်ပြီးသွားခဲ့ကြ၏။ နောက်ထပ် ဆိုက်ရောက်ရာကတော့ နည်းလမ်းဟောင်းများအတိုင်း ..

နိုက်ကလပ်ပင်။

ကျီချင်းရန်သည် လင်းရီ ထိုသို့သော နေရာများအား သွားလည်နေသည်ကို သဘောမကျသော်လည်း သူ့သူငယ်ချင်းများ ရှိနေသဖြင့် ထွေထူး မပြောခဲ့ချေ။ သို့ပေမယ့် သူမက လိုက်ပြီး ပျော်ပါးမှာ မဟုတ်ပေ။

လင်းရီ သူမအား မိဘအိမ်သို့ လိုက်ပို့ပေးလိုက်ပြီး မက်ထရိုပိုလစ်သို့ ထွက်လာလိုက်ကာ ပါတီ ဆက်လက်ကျင်းပသည်။

မနက် နာရီ လေးချက်ထိုးအချိန် ၊ အားလုံးက အနည်းငယ် ပင်ပန်းသည်ဟု ခံစားရသည့် အခါ၌ ဟိုတယ်သို့ ပြန်ကာ အနားယူလိုက်ကြ၏။

နေ့ခင်းဘက်ကိုတော့ တစ်နေကုန် အိပ်စက်ကြမည်ဖြစ်ပြီး အကယ်၍ သူတို့သာ အပြင်ထွက်ပြီး ပျော်ပါးချင်သည်ဆိုပါက မွန်းလွဲညနေပိုင်း အချိန်သာ ဖြစ်ပေလိမ့်မည်။

ကလင် ကလင် ကလင် …

မနက်ခင်း ရှစ်နာရီ အချိန်၌ လင်းရီသည် သူ၏ ဖုန်းမြည်သံကြောင့် အိပ်ရာထဲမှ ရုတ်ချည်း နိုးလာခဲ့၏။

မူလက ကျီချင်းရန် ဖြစ်မည်ဟု တွေးထင်ထားသော်လည်း တစ်ချက်ကြည့်ပြီးသည့်နောက် အမည်မသိ နံပါတ် တစ်ခု ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။

“ ဟယ်လို ….”

“ အရာရှိလင်း … ငါပါ ..ရန်ပင်း …”

ရန်ပင်း၏ အသံကို ကြားတော့ လင်းရီ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။ သူမဘက်က ယခုလို အချိန်တွင် ဆက်သွယ်လာလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

“ ဪ ဟုတ် .. ကျုပ် ဘာများ ကူညီပေးရမလဲ ….”

“ မနေ့က ငါ့ဆီ တစ်ယောက်ယောက် ဖုန်းခေါ်လာပြီး အယူခံဝင်ထားတာကို ပြန်ရုတ်သိမ်းပေးဖို့ ခြိမ်းခြောက်လာလို့ …” ရန်ပင်း ငိုလုငိုခင် ကြောက်လန့်နေသည့် အသံဖြင့် ပြောလိုက်ပြီး “ သူက ပြောသေးတယ်… ငါ့ဘက်က အယူခံဝင်ထားတာကို ရုတ်မသိမ်းဘူးဆိုရင် ငါ့ကို ဘဝပျက်အောင် လုပ်မယ်တဲ့ ….”

“ တကယ်ကြီး အဲ့လို ကိစ္စမျိုး ရှိခဲ့တာလား ….”

“ အင်း … အမှန်ပဲ …” ရန်ပင်း ပြောလိုက်ပြီး “ ငါလည်း စစချင်းတုန်းကတော့ သိပ်အများကြီး တွေးမနေပါဘူး … ဒါပေမယ့် ဒီမနက် ဈေးဝယ်ထွက်မလို့ ဟန်ပြင်တော့ ငါ့အိမ်ရှေ့တံခါးကို တစ်ယောက်ယောက်က ဆေးအနီရောင်တွေနဲ့ လာပက်သွားတယ်… အခု အပြင်ထွက်ရမှာ အရမ်းကြောက်နေလို့ အရာရှိလင်းဆီ ဖုန်းဆက်မိလိုက်တာပဲ …”

“ မလန့်နဲ့ … ခင်များရဲ့ အိမ် လိပ်စာ ကျုပ်ကိုပြော … ကျုပ် အခု လာခဲ့မယ်…”

“ ရှန့်ရှစ် ဆိတ်ငြိမ်ရပ်ကွက် ၊ အပိုင်း ၂၊ ဘဘော့ ၁၆ ၊ ယူနစ် ၃ ၊ ၁၇၀၁ …. “

“ အိမ်မှာစောင့်နေ … ကျုပ်ကလွဲပြီး ဘယ်သူ့မှ တံခါး မဖွင့်ပေးနဲ့ …”

“ အင်း … နားလည်ပြီ….”

ဖုန်းချပြီးနောက် လင်းရီ မျက်နှာသစ် သွားတိုက်ပြီး ရန်ပင်း၏ အိမ်သို့ မောင်းထွက်လာသည်။

တစ်နာရီအတွင်းမှာပဲ လင်းရီသည် နေရာ အတိအကျသို့ ရောက်ရှိလာခဲ့၏။

နေရာသို့ ရောက်ပြီးသည့်နောက် လင်းရီသည် ရန်ပင်းအား ခေါ်ရန် အလျင်မလိုဘဲ တံခါးဝတွင် ရပ်ပြီး စုံစမ်း စစ်ဆေးလိုက်၏။

လုံခြုံရေး တံခါးနှင့် တံခါးအနီးရှိ ဖိနပ်စင်မှာ အနီရောင်ဆေးဖြင့် ဖြန်းပက်ခြင်း ခံထားရပြီး သွေးသံတရဲရဲ ခံစားချက်မျိုး ပေးစွမ်းနေကာ အတော်လေး ထိတ်လန့်ဖို့ ကောင်းလှသည်။

တစ်ကိုယ်တည်း နေရသည့် အမျိုးသမီးကို မဆိုထားနှင့် ၊ အမျိုးသားများပင်လျှင် ယခုမြင်ကွင်းအား ကြည့်ရှုပြီး နောက်တွင် မည်သို့မျှ စိတ်အေးလက်အေး နေထိုင်နိုင်မှာ မဟုတ်ချေ။

ပါရမီရှင် တစ်ယောက်အတွက် ဤသည်က Tesla ဘက်မှ လူငှားပြီး လုပ်ခိုင်းခြင်း ဖြစ်သည်အား မှန်းဆရန် အချိန်ဘယ်လောက်မှ မပေးလိုက်ရချေ။

လက်ရှိ အခြေအနေအတိုင်းဆိုပါက Tesla တွင် လွတ်လမ်းဟူ၍ လုံးဝ မရှိတော့ပေ။

ရန်ပင်းသည်ကား သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လေသည်။

အကယ်၍ သူမဘက်သာ တရားစွဲဆိုနေသည်အား ရပ်တန့်လိုက်ပြီး စကားကောင်းတစ်ချို့ ပြောပေးလိုက်မည်ဆိုပါက သူတို့အတွက် အသာစီးရရှိရန် နေရာတစ်ချို့ ရရှိသွားမည် ဖြစ်ပြီး ဆုံးရှုံးမှုများအား အချိန်မီ ပြန်လည်ဖာထေးလိုက်နိုင်မည်။

၎င်းတို့၏ ချဉ်းကပ်နည်းလမ်းက အနည်းငယ် စက်ဆုပ်ရွံရှာဖို့ ကောင်းနေသော်လည်း အလွန်အမင်း ကောင်းမွန်သည့် အကျိုးသက်ရောက်မှုတို့ ရှိသည်မှာတော့ သံသယ ဖြစ်ရန် မလိုပေ။

လင်းရီ သူ၏ ဖုန်းအား ထုတ်၍ ရန်ပင်းအား ခေါ်ဆိုလိုက်သည်။

“ တံခါးဖွင့်တော့ … ကျုပ် အခု အိမ်အပြင် ရောက်နေပြီ….”

“ အိုကေ အိုကေ .. ငါ အခု ဖွင့်ပေးမယ်….”

အိမ်ထဲမှ ခြေသံများ ထွက်ပေါ်လာပြီး တံခါးမှာ အလျင်အမြန် ပွင့်ဟလာသည်။

ရန်ပင်းမှာ ပေါ့ပေါ့ပါးပါး ဝတ်စားထားကြောင်းကို လင်းရီ မြင်တွေ့လိုက်ရ၏။

သူမက အနက်ရောင် ဘောင်းဘီအပွနှင့် ဆံပင်ကိုလည်း နောက်တွင်ထုံးထားကာ ငယ်ရွယ် ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး၏ ကျက်သရေအား မြင်သာခံစားရစေသည်။

သို့သော် သူမ၏ မျက်လုံးတို့မှာတော့ အနည်းငယ် နီရဲနေပြီး အဆိုပါ အလှကျက်သရေအား ပျက်စီးသွားစေခဲ့၏။

လင်းရီအား အထဲသို့ ကြိုဆိုပြီးနောက် ရန်ပင်းသည် မည်သို့မျှ မနေနိုင်တော့ဘဲ လင်းရီအား ပွေ့ဖက်ကာ အပြင်းအထန် ငိုကြွေးတော့သည်။

“ နင်သာ ရောက်မလာရင် ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ….”

“ ဒီလို မလုပ်ပါနဲ့ မိန်းကလေး … ယောက်ျားနဲ့ မိန်းမဆိုတာ အကွာအဝေးတစ်ချို့ ထားသင့်တယ်…” ရုတ်တရက် ဖက်လာသည့်အတွက်ကြောင့် လင်းရီ လက်အား ကမန်းကတမ်း မြှောက်ပင့်လိုက်ရသည်။

ရန်ပင်း၏ assets ကြီးများက သေးသေးမွှားမွှားလည်း မဟုတ်ပေ။ နူးညံ့ညင်သာမှု ရှိလှ၏။ သို့သော် လင်းရီမှာတော့ အဆိုပါ အထိအတွေ့များ၌ သာယာနေရန် အာရုံရှိမနေချေ။

ရန်ပင်း အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်။ သူမ၏ မျက်နှာမှာ မဆိုစလောက်လေး နီစွေးသွားခဲ့ပြီး သူမကိုယ်သူမ လင်းရီနှင့် အလှမ်းခပ်ခွာခွာ ပြန်နေလိုက်သည်။

“ တောင်းပန်ပါတယ်… နင့်ကို မြင်လိုက်ရတော့ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ …”

ရန်ပင်းသည် လင်းရီအား အိမ်တွင်းစီး ဖိနပ် တစ်ရံ ချပေးလိုက်ပြီး “ အရာရှိလင်း … ဝင်ခဲ့ပါ …”

လင်းရီ ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ရာ ရန်ပင်း၏ အိမ်က မသေးသည်ကို သတိပြုမိလိုက်၏။ အနည်းဆုံး ၁၅၀ စတုရန်း မီတာမျှ ကျယ်ဝန်းလောက်သည်။

ကျိုးဟိုင်တွင် ဤသို့သော အိမ်မျိုးနှင့် နေထိုင်နိုင်သည်ကပင် ၉၀ ရာခိုင်နှုန်းသော လူတို့၏ အထက်၌ ရှိနေပြီဟု ပြော၍ ရ၏။

လင်းရီ ဆိုဖာပေါ်သို့ ထိုင်လိုက်ပြီး ရန်ပင်းမှ သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးသည်။

“ ယဉ်ကျေးနေစရာ မလိုပါဘူး … ဘာဖြစ်ခဲ့လဲ ဆိုတာပဲ ကျုပ်ကို အရင်ပြော ….”

“ မနေ့က ငါ့ဆီ ဖုန်းစိမ်း တစ်ခု ဝင်လာပြီး အယူခံဝင်ထားတာကို ရုတ်သိမ်းဖို့ ပြောလာတယ်.. သူပြောတာ ဒီနေ့ ဆယ်နာရီထိုးလို့မှ သူ့ဘက်က အယူခံ ဝင်ထားတား ရုတ်သိမ်းတဲ့ အသိပေးစာ မရဘူးဆိုရင် ငါ့ဆီ လာရှာမယ်ပြောတယ်…”

All Chapters