အခန်း ၁၅၁၄
Vol. 102 Ch. 1514
အပိုင်း (၁၅၁၄)
မြို့၏အပြင်ဘက်တည်နေရာထဲမှာတော့ရောင်မုန့်ယဉ်သည်သူမ၏ ပါးစပ်သေးသေးလေးကို ဟကာဖြင့်မျက်လုံးထဲတွင်လည်းအံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။သူမ၏ အရှေ့တွင်ကျောက်ရုပ်ထုများသည်စီစီရီရီနှင့်တည်ရှိနေပြီး ၎င်းတို့အားလုံးသည်ချပ်ဝတ်များကို ဝတ်ဆင်ကာဖြင့်လှံများဓားများကို ကိုင်ဆောင်ထား၏။
အသေးစိတ်လက်ရာများသည်အစစ်အမှန်လူသားတစ်ယောက်နှင့်ခွဲခြား၍ မရနိုင်ခဲ့ချေ။ပိုမို၍ ထိတ်လန့်အံ့ဩစရာ ကောင်းလှသည်မှာ ဤကျောက်ရုပ်များ၏ မျက်နှာပေါ်တွင်မျက်တောင်များသည်အစစ်အမှန်ကဲ့သို့တည်ရှိနေခြင်း ပင်။တစ်ချို့၏မျက်တောင်များသည်ကော့ကာဖြင့်တစ်ချို့၏မျက်တောင်များသည်ရှည်မျောမျောဖြင့်ပင်တည်ရှိနေခဲ့၏။မတူညီသည့်အသွင်အပြင်များကို ကြည့်ရှုရမည်ဆိုလျှင်မိုလ်တစ်ခုထဲမှ ပြုလုပ်ထားသည့်ကျောက်ရုပ်များ မဖြစ်နိုင်ချေ။
“ဂိုဏ်းချုပ်။”
ရောင်မုန့်ယဉ်သည်အံ့အားသင့်စွာဖြင့်ပြောလိုက်၏။ “ဒီကျောက်ရုပ်တွေက အသက်ဝင်လိုက်တာ။”
ကျွင်းချောင်ရှောင်းသည်ဤတပ်သားများ တည်နေရာဆီမှလှမ်းလျှောက်ထွက်ကာဖြင့်ခေါင်းကို ခါယမ်းလိုက်သည်။ “ဒါက ကျောက်ရုပ်ထုတွေမဟုတ်ဘူး။ ဒါက သက်ရှိသတ္တဝါတွေပဲ။”
သူ့အနေနှင့် လူဟူသည့်စကားကို မသုံးနှုန်းခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်ဤစစ်သားများသည် နှာခေါင်း၊ မျက်လုံးနှင့် လူသားအသွင်အပြင်မျိုးရှိသည်ဆိုသော်လည်း အရပ်အမြင့်မှာ ၂ မီတာ မှ ၃ မီတာ နီးပါးခန့်ရှိ၏။ ကျိန်းသေပေါက်နတ်ဆိုးစစ်သည်များပင် ဖြစ်ပေလိမ့်မည်။
“အစစ်အမှန်သက်ရှိသတ္တဝါတွေလား။”
ရောင်မုန့်ယဉ်က မေးလိုက်သည်။ “ဂိုဏ်းချုပ် …ဘာကိုဆိုလိုတာလဲ။”
ကျွင်းချောင်ရှောင်းသည်တူညီသည့်စင်မြင့်ပေါ်တွင် ရုတ်တရက်ထိုင်ချကာဖြင့်လက်များကို ယှက်ကာ ပြောလိုက်၏။ “ငါ့အထင်မမှားဘူးဆိုရင်ဒီသက်ရှိသတ္တဝါတွေက စွမ်းအင်တစ်ခုခုနဲ့စည်းခတ်ခြင်းကို ခံထားရတာပဲ။ ဒါကြောင့်ကျောက်ရုပ်တစ်ခုရဲ့အနေအထားအဖြစ်ကို ရောက်ရှိနေတာ။”
“သူတို့က ခြားနားနေပါတယ်လို့ထင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။”
ရောင်မုန့်ယဉ်သည်နားလည်သွားမိသည်။ “ဒါ အစစ်အမှန်လူတွေပေါ့။”
“သူတို့ရဲ့မတ်တပ်ရပ်နေတဲ့ပုံပန်းသွင်ပြင်ကို ကြည့်လိုက်မယ်ဆိုရင် ပြင်းပြင်းထန်ထန်နဲ့သေသေချာချာ လေ့ကျင့်ပေးခြင်းကို ခံထားရတာပဲလေ။ အခုလိုမျိုး သန့်စင်မခံထားရသေးတဲ့အချိန်မှာ ဘယ်လောက်အားကောင်းမလဲဆိုတာ ကို သိချင်လိုက်တာ။” ကျွင်းချောင်းရှောင်းက တွေးတွေးဆဆဖြင့်ပြောလိုက်၏။
“ဂိုဏ်းချုပ်။”
ရောင်မုန့်ယဉ်က မေးလိုက်သည်။ “ဒါ ဘာကြီးလဲ။”
ကျွင်းချောင်ရှောင်း လှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့မိန်းကလေးသည်စင်မြင့်၏တစ်ဖက်ခြမ်းနံရံတွင်ရှိနေသည့်လေးထောင့်ပုံစံအကွက်လေးဆီသို့လက်လှမ်းလိုက်သည်ကို မြင်လိုက်ရ၏။
သူသည်အလောတကြီး ဖြင့် လှမ်းကာ အော်လိုက်သည်။ “မထိနဲ့။”
နောက်ကျသွားခဲ့ပြီဖြစ်သည်။ရောင်မုန့်ယဉ်သည်အစောကြီးကတည်းက ထိုအရာပေါ်ကို လက်တင်ပြီးသားဖြစ်၏။
ဒွီ
သူမ၏ လက်သည်ထိုအရာနှင့် ထိတွေ့ပြီးသည့်အချိန်မှာတော့မျက်စိနှင့်ပင် မြင်နိုင်စွမ်းရှိနေသည့်စွမ်းအင်လှိုင်းများ သည်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ထိုစွမ်းအင်လှိုင်းများသည်ကျောက်ရုပ်ထု တစ်သောင်းကျော်ဆီသို့ပျံ့နှံ့သွား ခဲ့၏။
ခလွပ်ခလွပ်ခလွပ်ခလွပ်
တစ်စုံတစ်ခု ကွဲကြေသည့်အသံများ ထွက်ပေါ်လာသည်။
“ကောင်မလေး။”
ကျွင်းချောင်ရှောင်းသည်အလောတကြီးဖြင့်မတ်တပ်ထရပ်ကာ လေးလေးနက်နက်ပြောလိုက်၏။ “ဒီကိုမြန်မြန်လာခဲ့။”
ရောင်မုန့်ယဉ်သည်အလျင်အမြန်ဖြင့်အနောက်ကို ဆုတ်ခွာပြီးသည့်နောက်သူမ၏ ဂိုဏ်းချုပ်အနောက်ဆီသို့ရောက်ရှိလာခဲ့၏။သူမသည်အပြစ်လုပ်ထားခဲ့သော ကလေးလေး တစ်ယောက်ကဲ့သို့ပင်ခေါင်းကိုငုံ့ကာဖြင့်မတ်မတ်ရပ်နေသည်။
“ဂိုဏ်းချုပ်ထောင်ချောက်တစ်ခုခုကို အသက်သွင်းလိုက်မိတာလား မသိဘူး။”
“သိပ်မှန်တာပေါ့။”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ဒါ ကျိန်းသေပေါက်တစ်ခုခုကို အသက်သွင်းလိုက်မိတာပဲ။”
ဤတည်နေရာတွင် နှင်းဆီဧကရီသာဖြစ်သည်ဆိုပါက ကုန်းရှန့်သည်အမှန်ပင်ဆူငေါက်မိပေလိမ့်မည်။ နှင်းဆီဧကရီ သည်တည်နေရာအနှံ့ကို လှည့်လည်ကာ တိုက်ခိုက်ခဲ့ဖူးသည့်လူဖြစ်သောကြောင့်မူလအားဖြင့်ဤကဲ့သို့သော သေးငယ်လှသည့်အမှားအယွင်းမျိုးကို ပြုလုပ်လိမ့်မည်မဟုတ်ချေ။
ဖြောက်ဖြောက်
ခွက်ခွက်ခွက်
ကွဲအက်သံများသည်ကျောက်ရုပ်ထုများဆီမှတစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုကျောက်ရုပ်ထုများ၏ ခန္ဓာကိုယ်အပေါ်ထိ ကျောက်အပိုင်းအစများသည်ကျိုးကျလာခဲ့၏။
ကျွင်းချောင်ရှောင်း၏ ခန့်မှန်းချက်သည်မှန်ကန်ပေသည်။ဤစစ်သားများအားလုံးသည်စည်းခတ်ခြင်းကို ခံထားရ၏။ ကျောက်ချပ်များ ပြုတ်ကျပြီးသည့်နောက်မှာတော့အစစ်အမှန်ချတ်ဝတ်များ ပေါ်ပေါက်လာခဲ့သည်။
ဟူး ဟူး …...။
အသက်ရှုသည့်အသံများ ထွက်ပေါ်လာ၏။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်က ထအော်လိုက်သည်။ “သူတို့က တကယ့်ကို အသက်ရှိနေသေးတာပဲ။”
ကျွင်းချောင်ရှောင်းသည်မည်သည့်စကားကိုမှမဆိုပေ။ သူသည်သတိအပြည့်နှင့် ကြည့်ရှုလျက်ရှိ၏။
ရွှီး
ထိုအချိန်မှာတော့သန့်စင်သည့်စွမ်းအင်များ၏ လွှမ်းခြုံခြင်းမှဖယ်ရှားခံလိုက်ရသော စစ်သည်ပေါင်းတစ်သောင်း ကျော်တို့၏မျက်လုံးများသည် ပြိုင်တူဆိုသလိုပဲ ပွင့်လာခဲ့၏။ ၎င်းတို့၏မျက်လုံးများထဲတွင် ကြက်သွေးရောင်အလင်းတန်များ ထွန်းတောက်လျက်ရှိနေပြီး ခန္ဓာကိုယ်ဆီမှ အားကောင်းလွန်းလှသော နတ်ဆိုးအော်ရာများ ထွက်ပေါ်လာခဲ့၏။ငရဲပြည်မှနတ်ဆိုးများ နိုးထလာသကဲ့သို့ပင်။
မြန်မြန်ဆန်ဆန်သုံးသပ်ပြီးသည့်နောက်စနစ်က ထအော်လိုက်မိ၏။ “ဒါတွေအကုန်လုံးက အမြုတေပြောင်းလဲခြင်းပထမအဆင့်လူတွေချည်းပဲလေ။”
ကျွင်းချောင်ရှောင်းသည်မျက်လုံးပြူးသွားမိ၏။ စစ်သည်ပေါင်းတစ်သောင်းတို့သည်အမြုတေပြောင်းလဲခြင်း ပထမအဆင့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်ဆိုခြင်းမှာ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။သူ၏ တပည့်များ အား အမြုတေပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိရန်ကုန်းရှန့်သည်အစဉ်အမြဲ စိတ်ကူးယဉ်မိခဲ့၏။ ထိုကဲ့သို့ဖြစ်လာမည်ဆိုလျှင်ပန်းချီရေးဆွဲသကဲ့သို့ပင်လှပသည့်မြင်ကွင်းကြီး ဖြစ်လာမှာသေချာသည်။
ဆွစ်ဆွစ်ဆွစ်
နတ်ဆိုးအော်ရာများသည်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးသည့်နောက်စစ်သည်များ၏ ရင်ဘတ်ချပ်ဝတ်များသည်ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့၏။ထိုချပ်ဝတ်ပေါ်တွင်နတ်ဆိုးဟူသည့်စာတန်းကို ရေးထိုးထား၏။ ငြင်းပယ်စရာ မလိုလောက်အောင်ပင်အလွန်ကြည့်ကောင်းလွန်းလှချေ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်ထိုအရာကို ကြည့်ကောင်းသည်ဟု မထင်ပေ။ သူ၏ အမြင်အရဆိုလျှင်သူ၏ ကျွဲရိုင်းစက်ရုပ်များသည်သာလျှင်ပို၍ကြည့်ကောင်း လွန်းလှသည်။
“သတ်ကြ။”
နတ်ဆိုးကျင့်ကြံသူတစ်သောင်းတို့သည်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏အသံသည်ခြောက်ကပ်ကပ်နှင့်ဖြစ်နေ၏။ မျက်လုံးထဲတွင်ရှိနေသော ကြက်သွေးရောင်အလင်းတန်းများသည် ပိုမိုကာ ထွန်းတောက်လာ၏။
“ထင်ထားတဲ့အတိုင်းပဲကိုး။”
ကျွင်းချောင်ရှောင်းသည်ခေါင်းကို ခါယမ်းကာ ပြောလိုက်မိသည်။ “မလွယ်ပါလား။”
အမြုတေပြောင်းလဲခြင်း ပထမအဆင့်ကျင့်ကြံသူတစ်သောင်းကျော်တို့၏မျက်လုံးနှင့် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့်တိုက်ခိုက်လိုခြင်းဆန္ဒများသည်အလွန်ပင်အားကောင်းလွန်းလှချေ၏။သို့ပေမဲ့ကျွင်းချောင်ရှောင်း သည်တစ်စက်ကလေးမှကြောက်ရွံ့ခြင်းမရှိချေ။အဘယ်ကြောင့်ဆိုသော်သူ၏ အားအင်အဆင့်သည်အမြုတေ ပြောင်းလဲခြင်း အဆင့် ၇ကို ပိုင်ဆိုင်သောကြောင့်ပင်။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းသည်ရယ်မောကာပြောလိုက်၏။ “ငါနဲ့ဝေးဝေးနေ။ ငါ ဒီကောင်တွေကို အရင်ရှင်းလိုက်အုံးမယ်။”
“ကောင်းပါပြီ”
ရောင်မုန့်ယဉ်သည်အလောတကြီးဖြင့်နောက်ကို ဆုတ်လိုက်သည်။ “လုပ်ထား … ဂိုဏ်းချုပ်။လုပ်ထား … ဂိုဏ်းချုပ်။”
စနစ် “….…”
“လာခဲ့စမ်း။”
ကျွင်းချောင်ရှောင်းသည်သူ၏လက်ကို မြှောက်လိုက်၏။သူ၏ ခန္ဓာကိုယ်ပေါ်တွင်မျောက်ဘုရင်၏ဝတ်စုံ ပေါ်ပေါက်လာခဲ့၏။လက်ထဲတွင်တော့နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ရင်း ပြောလိုက်၏။ “စိတ်လိုလက်ရ တိုက်ခိုက်ကြရအောင်။”
သာမန်အခြေအနေဆိုလျှင်အမြုတေပြောင်းလဲခြင်းအဆင့် ၇ကျင့်ကြံသူတစ်ယောက်အနေနှင့် အမြုတေပြောင်းလဲ ခြင်း အဆင့် ၁ကျင့်ကြံသူအား မျက်စိမှိတ်၍ပင်တိုက်ခိုက်နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့လက်ရှိအခြေအနေတွင်အမြုတေ ပြောင်းလဲခြင်းပထမအဆင့်ကျင့်ကြံသူသည်တစ်သောင်းကျော်ရှိနေ၏။ ထို့ကြောင့်ကုန်းရှန့်အနေနှင့် လုံလုံ လောက်လောက်လေးစားမှုကို ပြသကာ တိုက်ခိုက်မှဖြစ်ပေလိမ့်မည်။
“ညင်ညင်သာသာ လုပ်။”
စနစ်က သတိပေးလိုက်သည်။ “ချပ်ဝတ်ကို မထိခိုက်စေနဲ့။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းအနေနှင့် အဘယ့်ကြောင့်တိုက်ခိုက်ချင်နေရသနည်း။ သူ့အနေနှင့် မတိုက်ခိုက်ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်၏။သူသည်ခြေဆန့်လက်ဆန့်ဖြင့်ကောင်းမွန်သည့်တိုက်ခိုက်မှုများကို ထုတ်ဖော်ချင်နေမိ၏။
ထို့အပြင်လက်ရှိ နတ်ဆိုးစစ်သည်များ၏ ချပ်ဝတ်များကိုလည်း စိတ်ဝင်စားနေ၏။ သူ့၌ကောင်းကင်တေးဂီတ ချပ်ဝတ်၏ဖော်မြူလာ တည်ရှိနေသည်ဆိုသော်လည်း ထိုအရာများကို များများစားစား ထုတ်လုပ်ရန်အတွက်ကုန်ကြမ်းပစ္စည်းမှာ အကန့်အသတ်ဖြင့်တည်ရှိနေသည်။
ထို့ကြောင့်နတ်ဆိုးစစ်သည်များဆီမှချပ်ဝတ်များကို လုယူပြီး ဖန်းရီကျိအား အဆင့်မြှင့်တင်ခိုင်းမည်ဆိုလျှင်တပည့်များ၏ အားအင်အဆင့်သည်တိုးတက်သွားပေလိမ့်မည်။တိုက်ခိုက်မှုမှာ မစရသေးချေ။သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်တစ်ဖက်လူများ၏ ပစ္စည်းများကို မည်သို့လုယူရမည်ဆိုသည်ကို စဉ်းစားနေ၏။ သောက်ကျိုးနည်းလှချေသည်တကား။
“တက်စမ်း။ တက်စမ်း”
နတ်ဆိုးစစ်သည်တစ်သောင်းကျော်တို့သည်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ နတ်ဆိုးအော်ရာများ သည်တဖြည်းဖြည်းပိုမိုကာ တိုးတက်လာခဲ့၏။အဝေးက ကြည့်ရှုမည်ဆိုလျှင်အမဲရောင်တိမ်တိုက်ကြီးကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။
နောက်ဆုံးမှာတော့ ၎င်းတို့အားလုံးသည်ထက်ရှလှသည့်ဓားကြီးကို မြှောက်ကိုင်ကာဖြင့်ရှေ့ဆီသို့တိုးဝင်လာခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကြီးမားမှုနှင့် ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ချပ်ဝတ်များ၏ အလေးချိန်ကြောင့်မြေပြင်တစ်ခုလုံးပင်လျှင်တုန်ခါလာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့ကာဖြင့်လက်ထဲရှိ ဓားမော့ကြီးအား ဝှေ့ယမ်းလိုက်၏။ အလင်းတန်း တစ်ခုသည် လျှပ်စီးလျှပ်သကဲ့သို့ပင်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။
ဒင် …။
အစစ်အမှန်ကျန်းချီများပါဝင်လျက်ရှိနေသည့်ဓားအလင်းတန်းသည်အရှေ့ဆုံးတွင်ရှိနေသည့်စစ်သည်များ၏ ရင်ကာကို ထိမှန်သွားခဲ့၏။ ၎င်းတို့အားလုံးသည်အနောက်ဘက်သို့လွှင့်စင်သွားခဲ့ကြသည်ဆိုသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ပေါ်တွင်တော့ခပ်ရေးရေး ဓားရာလေးတစ်ခုသာလျှင်ထင်လျက်ရှိသည်။
“အရည်အသွေးက မနိမ့်ဘူးပဲ။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လိုချင်တပ်မက်မှုများနှင့် တောက်ပ သွားခဲ့၏။ “ဒါတွေအကုန်လုံးက ငါ့ဟာပဲ။”
သူ၏ တပည့်များ လက်ရှိအခြေအနေတွင်အလိုအပ်ဆုံးသောအရာသည်ကောင်းမွန်လှသည့်ချပ်ဝတ်ပင် ဖြစ်၏။ထို့ကြောင့်ယနေ့တွေ့ရှိသမျှအရာအားလုံးကို သူယူဆောင်သွားရပေလိမ့်မည်။ချပ်ဝတ်များ ထိခိုက်မှုမှကာကွယ်နိုင်ရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည်သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို သိမ်းဆည်းကာဖြင့်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒီချပ်ဝတ်တွေကို ချွတ်ယူရမယ်။”
ဖောက်ဖောက်ဖောက်
သူသည်ရန်သူများထဲသို့လက်ဗလာဖြင့်ပြေးဝင်သွားခဲ့၏။သူ၏ လက်ချောင်းများသည်ကျန်းချီစွမ်းအင်များကို ထုတ်ဖော်ကာဖြင့်စစ်သည်များ၏ ချပ်ဝတ်များကို အလျင်အမြန်နှင့် ဖြုတ်ယူသိမ်းဆည်းလျက်ရှိနေ၏။
တိုက်ခိုက်နေစဉ်အတွင်း တစ်ခြားသောသူများ၏ ချပ်ဝတ်ကို ချွတ်ယူခြင်း။ ထိုကဲ့သို့သော အရာမျိုးကို ကုန်းရှန့်သာလျှင် ပြုလုပ်နိုင်ပေလိမ့်မည်။
………….
နက်မှောင်လျက်ရှိနေသည့်ယစ်ပလ္လင်တည်နေရာထဲမှာတော့အစောင့်အရှောက်ကြီးသည်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်၏။ “ဘိုးဘေးချန်ထားခဲ့တဲ့နတ်ဆိုးစစ်သည်တစ်သိန်းက အဆင့် ၁အမြုတေပြောင်းလဲခြင်းအဆင့်ကို ရှိရုံသာ မကဘူး။ သူတို့ရဲ့ချပ်ဝတ်တွေကလည်း အရမ်းကို အားကောင်းလွန်းတယ်။စည်းကနေ ချိုးဖြတ်သွားပြီဆိုတာနဲ့သူတို့က အထက်နယ်မြေမှာ ပေါ်လာလိမ့်မယ်။လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်တော့မယ်။”
“အင်း”
အမဲရောင်ဝတ်စုံနှင့်လူသည်ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်မိသည်။ “ဆိုးတာက ဒီနတ်ဆိုးချပ်ဝတ်တွေကို ထုတ်လုပ်နိုင်တဲ့နည်းလမ်းက နတ်ဆိုးနယ်မြေထဲမှာ စည်းခတ်ခံထားရတာပဲ။ ကျုပ်တို့အသုဘခန်းဆောင်ကသာ ကြိုပြီးတော့ အဲဒါတွေကို ရထားမယ်ဆိုရင်နယ်မြေဟောခန်းနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ တကယ့်ကို အကျိုးကျေးဇူးရှိမှာ သေချာတယ်။”
“သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် ၁၀ယောက်က စည်းကို ချိုးဖြတ်ခဲ့ပြီးပြီဆိုတော့အခု နတ်ဆိုးနယ်မြေထဲသို့စိတ်ရှိသလို ဝင်နိုင်ပြီလေ။ ဒါဆိုရင်အထဲမှာရှိနေတဲ့ထုတ်လုပ်မှုနည်းလမ်းတွေကိုလည်း ရမှာ သေချာတယ်။” အစောင့်အရှောက်ကြီးက ပြောလိုက်၏။
“အမှန်ပဲလေ။”
အမဲရောင်ဝတ်စုံနှင့်လူသည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ် စောင့်တောင်မစောင့်ချင်တော့ဘူး။”
……..
နတ်ဆိုးနယ်မြေ
မြေပြင်တည်နေရာကြီးထဲမှာတော့အရပ်ရှည်စွာ ကြီးမားလွန်းလှသော ခန္ဓာကိုယ်ဖြင့် စစ်သည်ပေါင်းတစ်သောင်းတို့သည်မြေပေါ်တွင်လဲလျောင်းလျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ခန္ဓာကိုယ်ပေါ်တွင်အတွင်းခံသာလျှင်ကျန်ရှိ တော့၏။ ၎င်းတို့၏ချပ်ဝတ်များအားလုံးကို အရှက်မဲ့လှသော ကုန်းရှန့်သည်ချွတ်ယူသွားခဲ့ပြီဖြစ်သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည်လက်ကို ယမ်းခါပြီးသည့်နောက်မြေပေါ်တွင်ရှိနေသည့်လက်နက်နှင့်ချပ်ဝတ်အသီးသီးကို သိုလှောင်လက်စွပ်ထဲသို့သိမ်းဆည်းလိုက်၏။ ပြီးနောက်လက်ကို တဖြောင်းဖြောင်းနှင့်ရိုက်ခါကာ ပြောလိုက်၏။ “သွားကြရအောင်။တစ်ခြားနေရာတွေသွားရှာကြမယ်။ တခြားနေရာမှာလည်း စည်းခတ်ခံထားရတဲ့နတ်ဆိုးစစ်သည်တွေရှိနေနိုင်တယ်။”
ဆွစ်
ဆွစ်
အလင်းတန်းနှစ်ခုသည်ကောင်းကင်ပေါ်ကို ဖြတ်သန်းပြီး တည်နေရာတစ်ခုဆီသို့သွားခဲ့သည်။
ထင်မှတ်ထားသည့်အတိုင်းပင်။ နောက် ၂နာရီလောက်ပျံသန်းပြီးနောက် ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည်အခြားမြို့တစ်ခုဆီသို့ရောက်ရှိ ခဲ့ကြ၏။ထိုအရာတွင်လည်း စစ်တပ်ကြီးတစ်ခုတည်ရှိနေပြီး အထဲတွင်နတ်ဆိုးစစ်သည်များအား စည်းခတ်ထား၏။
“ငါတို့ကတော့ချမ်းသာပြီပဲ။”