← Chapters

အခန်း ၁၅၁၅

Vol. 102 Ch. 1515

အခန်း ၁၅၁၅

Vol. 102 Ch. 1515

အပိုင်း (၁၅၁၅)

ဆွစ်

ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည်သူတို့ရှာဖွေတွေ့ရှိထားသော ဒုတိယမြောက်မြို့ဆီသို့ရောက်ရှိလာခဲ့ကြ၏။

မြင်ကွင်းကို သေချာကြည့်ရှုမည်ဆိုလျှင်စည်းခတ်ခြင်းခံထားရသည့်စစ်သည်ပေါင်းတစ်သောင်းကျော်ကိုလည်း ရှာဖွေတွေ့ရှိနိုင်၏။ ၎င်းတို့အားလုံးသည်ခဏအကြာမှာတော့ ချပ်ဝတ်များအားလုံး ဆုံးရှုံးလျက်မြေပေါ်တွင်သတိလစ်လဲလျက်ရှိနေသည်။မျက်နှာတစ်ခုလုံးသည်လည်း ဖူးယောင်၍ပါးစပ်မှအမြှုပ်များပင်ထွက်လျက်ရှိနေကြသည်။

အချက်အလက်အားဖြင့် ၎င်းတို့သည်တော်တော်ကံကောင်းသည်ဟု ဆိုရမည်။ကံကောင်းစွာဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင်သလင်းအမြူတေများ မရှိချေ။မဟုတ်ပါက ကုန်းရှန့်သည် ၎င်းတို့၏ ရင်ကိုခွဲကာဖြင့်သလင်း အမြူတေများကို ယူဆောင်မိမှာသေချာ၏။

ထိုသူများအားလုံးကို အဘယ်ကြောင့်ထျန်းယွမ်အကျဉ်းထောင်စေတီ ထဲသို့မထည့်ရသနည်း။ ပြောရမည်ဆိုလျှင်ထျန်းယွမ်အကျဉ်းထောင်စေတီသည်တည်နေရာ အကန့်အသတ်ဖြင့်တည်ရှိနေ၏။ ထို့ကြောင့်အကျိုးနှင့်အကြောင်းကို ချိန်ဆပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်ပစ္စည်းပစ္စယများနှင့် ချပ်ဝတ်များကို ယူဆောင်ရန်သာ စဉ်းစားခဲ့သည်။

ဟုတ်ပေသည်။တချို့သောသူများသည်ဇဝေဇဝါ ဖြစ်ပေလိမ့်မည်။နတ်ဆိုးစစ်သည်များသည်အရပ်ရှည်လျားလွန်းလှပြီး သန်မာကြံ့ခိုင်ကာ တောင့်တင်းလွန်းလှသည်။ ၎င်းတို့၏ချပ်ဝတ်များသည် ကြီးမားလွန်းလှ၏။ဤအရာများကို လုယူလာခြင်းအားဖြင့်တပည့်များသည်မည်ကဲ့သို့ဝတ်ဆင်မည်နည်း။

ဤပြဿနာသည် ကျွင်းချောင်ရှောင်း စဉ်းစားဆုံးဖြတ်ရမည့်အရာမျိုး မဟုတ်ချေ။ဖန်းရီကျိ အပေါ်တွင်မူတည်လျက်ရှိနေသည်။ထိုသို့အားဖြင့်ဂိုဏ်းသည်အလကားနေအလကား ထိုင်စားနေသည့်လူများကို ပျိုးထောင်ထားမည်မဟုတ်ချေ။ ၎င်းတို့အားလုံးအနေဖြင့်ကိုယ်ကျွမ်းကျင်ရာကို အကောင်းဆုံး ပြုလုပ်ပေးရပေလိမ့်မည်။

“ဂိုဏ်းချုပ်”

ခဏလောက်ပျံသန်းပြီးသည့်နောက်ရောင်မုန့်ယဉ်သည်စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်မိသည်။ “အရှေ့မှာ နောက်ထပ်တစ်မြို့ရှိသေးတယ်။”

“သွားကြရအောင်”

သူတို့နှစ်ယောက်သည်အရှိန်ကို မြင့်တင်ပြီးသည့်နောက်မကြာခင်မှာပဲ တတိယမြောက်မြို့ဆီသို့ရောက်ရှိသွား သည်။ မြို့၏ အရွယ်အစားအရဆိုလျှင်တခြားသောမြို့နှစ်မြို့ထက်ပိုမိုကာ ကြီးမားလွန်း၏။ မြို့၏နံရံ ပေါ်တွင်လည်း များပြားလွန်းလှသော လက်နက်များ တည်ရှိနေ၏။ နတ်ဆိုးနယ်မြေ၏ အရေးပါသော တည်နေရာများထဲမှတစ်ခုဖြစ်ပေလိမ့်မည်။

ဖောက်ဖောက်

ကျွင်းချောင်ရှောင်းသည်နံရံပေါ်သို့ဆင်းသက်လိုက်၏။အမြှောက်ကဲ့သို့သော လက်နက်များကို ကြည့်ရှုပြီးနောက် သူက ပြောလိုက်သည်။ “ဒါက အမြှောက်တွေရဲ့ပုံပန်းသွင်ပြင်တွေပဲ။ ယူမယ်။အားလုံးကိုယူမယ်”

ကုန်းရှန့်အနေဖြင့်တစ်ချက်ကလေးမှမနှောင့်နှေးချေ။မြို့၏နံရံအသီးသီးရှိ လက်နက်ပေါင်းရာချီတို့အား သိုလှောင်လက်စွပ်ထဲသို့ထည့်သွင်းသိမ်းဆည်းလိုက်၏။ မြို့၏အပြင်ဘက်ဆီသို့လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့နောက်ထပ်စစ်တပ်ကြီးတစ်ခုကို မြင်လိုက်ရ၏။

ဝိုး

ရောင်မုန့်ယဉ်သည်အံ့အားသင့်စွာဖြင့်ပြောလိုက်၏။ “စစ်သည်တွေအများကြီးပါလား”

ယခင်မြို့နှစ်ခုတွင်စစ်သည်ပေါင်းနှစ်သောင်းကျော်တည်ရှိနေပြီး ယခု စစ်တပ်မှာတော့စစ်သည်ပေါင်း ငါးသောင်းကျော်တည်ရှိ နေ၏။ ကျွင်းချောင်းရှောင်းသည်စပ်ဖြီးဖြီးဖြစ်သွား၏။ ဤစစ်သည်များသည်အလွန်အားကောင်းချေ၏။သို့ပေမဲ့သူ့အတွက်တော့ရတနာများနှင့် မခြားနားလှချေ။

ဆွစ်ဆွစ် …။

၎င်းတို့နှစ်ယောက်သည်စင်မြင့်ပေါ်သို့ဆင်းသက်လိုက်၏။နံရံပေါ်တွင်ထူးခြားသည့်လေးထောင့်ကွက်တစ်ခု တည်ရှိနေသည်။ထိုအရာသည်အသက်သွင်းနိုင်သည့်အရာပင် ဖြစ်ပေလိမ့်မည်။

ဒုတိယမြောက်မြို့ဆီသို့ရောက်ရှိစဉ်က ကျွင်းချောင်းရှောင်းသည်ထိုလေးထောင့်ကွက်တည်နေရာပေါ်သို့သူ၏လက်ကို တင်ကာ စမ်းသပ်ခဲ့ဖူး၏။ သို့ပေမဲ့မည်သည့်အကျိုးသက်ရောက်မှုမှမရှိခဲ့ချေ။ရောင်မုန့်ယဉ်မှာတော့ထိုအရာကို အောင်အောင်မြင်မြင်ဖြင့်အသက်သွင်းနိုင်စွမ်း ရှိနေသည်။

စနစ်က သုံးသပ်လိုက်မိ၏။ “ဒါက သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကြောင့်ပဲလေ”

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားပြီးတော့ဒါကိုအသက်သွင်းလိုက်တော့”

“ကောင်းပါပြီ”

ရောင်မုန့်ယဉ်သည်အရှေ့ဆီသို့လှမ်းလျှောက်သွား၏။ သူမအနေနှင့် လေးထောင့်ကွက်ဆီသို့လက်တင်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ကုန်းရှန့်သည်သူမကို တားဆီးလိုက်၏။ “ခဏလေးနေအုံး”

ဟူး ဟူး

ကျွင်းချောင်ရှောင်းသည်ပျံသန်းပြီးနောက်သူ၏ကျန်းချီများကို ထုတ်လွှတ်လိုက်ပြီး ကျောက်ရုပ်ဖြစ်နေသည့်စစ်သည်များအား တောနက်ထဲသို့အလျင်အမြန်ဖြင့်တစ်ဖွဲ့ချင်းစီ ပို့ဆောင်လိုက်သည်။

ယခင်တိုက်ခိုက်ခဲ့သည့်အတွေ့အကြုံများအရ စစ်သည်များသည်ပထမအဆင့်အမြူတေပြောင်းလဲခြင်းကျင့်ကြံသူများဖြစ်ကြောင်း သူသိရှိခဲ့ပြီးဖြစ်တော့၏။လက်ရှိအခြေအနေတွင်စစ်သည်များသည်ပမာဏအားဖြင့်များပြားနေခဲ့၏။ထို့ကြောင့်တပြိုင်နက်တည်း ကိုင်တွယ်ရန်ဆိုသည်မှာ ခက်ခဲပေလိမ့်မည်။တစ်ခုချင်းစီကို ခွဲခြမ်းပြီးမှသာလျှင်တစ်ဖွဲ့ချင်းစီကို အနိုင်ယူတိုက်ခိုက်ရန်သူစဉ်းစားထား၏။

စနစ်က ဆွံ့အသွားမိသည်။ “မင်း အတားအဆီး အစီအရင်တွေကို ဖန်တီးပြီးတော့သူတို့ကို စုစည်းထားလိုက်ရင်မရဘူးလား”

“ဒါလည်းဟုတ်သားပဲ” ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဉာဏ်အလင်းပေါက်သွားသည်။အသာလှည့်ကာ ပျံသန်းသွားပြီးသည့်နောက်အစီအရင်အလံများကို စိုက်ထူကာဖြင့်အစီအရင်များကို ဖန်တီးတော့သည်။ချက်ချင်းပဲ အလင်းအတားအဆီးကြီးတစ်ခု ဖြစ်တည်လာပြီး ကျောက်ရုပ်ကဲ့သို့စစ်သည်များအား အဖွဲ့လိုက်၊အဖွဲ့လိုက်စုစည်းကာ စည်းခတ်ခဲ့၏။ နေ့ဝက်လောက်အလုပ်လုပ်ပြီးသည့်နောက်စစ်တပ်ထဲတွင်ရှိနေသော စစ်သည်ပေါင်း ငါးသောင်းကျော်တို့သည်သူ့နေရာနှင့်သူ စည်းထဲသို့ရောက်ရှိနေ၏။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “စည်းကို အသက်သွင်းလိုက်တော့”

ဖောက်

ရောင်မုန့်ယဉ်သည်သူ၏လက်ကို လေးထောင့်ကွက်ပေါ်တင်ပြီးသည့်နောက်မျက်လုံးနှင့် မြင်သာနိုင်စွမ်းရှိသည့်စွမ်းအင်လှိုင်းများသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။

ခလွပ်ခလွပ်ခလွပ်

စစ်သည်များ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော ကျောက်များသည်ကွဲအက်သွားပြီး မြေပေါ်သို့ ပြုတ်ကျလာသည်။သို့ပေမဲ့စစ်သည်များသည်အသိပြန်ဝင်လာသည့်အချိန်မှာတော့အလင်းအတားအဆီးကြီးထဲသို့ရောက်ရှိနေ ကြောင်း သူတို့က သိရှိလိုက်ကြ၏။မျက်နှာပေါ်တွင်နဝေတိမ်တောင်အမူအရာများ ဖြစ်တည်လာသည်။

“ငါ ဘယ်ရောက်နေတာတုန်း။ ဒါ ဘယ်နေရာကြီးလဲ”

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည်အားလုံး၏အထက်အမိုးပေါ်တွင်ပေါ်ပေါက်လာခဲ့၏။သူက ပြောလိုက်၏။ “မင်းတို့လူသားစကားကို နားလည်မယ်လို့ထင်တယ်။အခု မင်းတို့မှာရှိတဲ့လက်နက်တွေနဲ့ချပ်ဝတ်တွေအကုန်လုံးကို ချွတ်ပြီးတော့ ပေးလိုက်တော့။မဟုတ်လို့ရှိရင်ငါကိုယ်တိုင်လာယူရလိမ့်မယ်”

နတ်ဆိုးစစ်သည်များသည်သဘာဝအတိုင်းပင်သူ၏စကားကို နားထောင်ကြလိမ့်မည်မဟုတ်ချေ။ထို့ကြောင့်အားကောင်းလွန်းလှသော နတ်ဆိုးချီများကို ထုတ်လွှတ်ကာဖြင့်သူတို့၏လက်နက်များကို မြှောက်ကိုင်လိုက်သည်။

“မပူးပေါင်းဘူးပေါ့”

ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းလိုက်မိ၏။ “ဒါဆိုရင်လည်း ငါကိုယ်တိုင်လာရမှာပေါ့”

ဘုန်း ဘုန်း ဘုန်း

မကြာခင်မှာပဲ စစ်သည်ပေါင်း ငါးသောင်းကျော်တို့သည်မြေပေါ်တွင်လဲကျလျက်ရှိနေကြ၏။ ၎င်းတို့၏ချပ်ဝတ် နှင့်လက်နက်များအားလုံးသည်ယူဆောင်ခြင်းကို ခံခဲ့ရ၏။ ကျွင်းချောင်ရှောင်းသည်တစ်နေရာပြီး တစ်နေရာ သွားရောက်ကာ တိုက်ခိုက်၍ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်း သည် မြို့၏မျှော်စင်ပေါ်တွင်မတ်မတ်ရပ်လိုက်၏။ ပြီးနောက်ကျယ်လောင်စွာဖြင့်သီချင်းတစ်ပုဒ်ကို ဟစ်ကြွေး လိုက်တော့သည်။

“အရာအားလုံးက ငါ့အတွက် ..ပေးဆပ်ခဲ့တယ်နတ်ဆိုးဘိုးဘိုးရေ ….”

ရောင်မုန့်ယဉ်သည်ချက်ချင်းပဲ သူ၏အကြားအာရုံကို စည်းခတ်လိုက်သည်။ထိုသို့ပြုလုပ်လိုက်သည်ကိုတောင်လုံလောက်သည်ဟု မခံစားရသောကြောင့်နားများကို လက်ဖြင့်ပင်ထပ်မံကာ ဖုံးအုပ်လိုက်သေး၏။

ကံကောင်းစွာဖြင့်ကျွင်းချောင်ရှောင်း၏အသံသည်အတားအဆီးအစီအရင်ထဲတွင်ရှိနေသော စစ်သည်များကို မသက်ရောက်ခဲ့ချေ။မဟုတ်ပါက သတိလစ်မေ့မျောနေသည့်နတ်ဆိုးစစ်သည်များ အားလုံးသည်ကျိန်းသေပေါက် ဒွါရကိုးပေါက်မှသွေးများ ယိုစီးကုန်မှာ သေချာသည်။

.................

ချပ်ဝတ်နှင့်လက်နက်ပေါင်းငါးသောင်းကို သိမ်းဆည်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြို့ထဲမှချက်ချင်း မထွက်ခွာခဲ့ချေ။စစ်တပ်၏အနားနားတွင်ရှိနေသော စက်ရုံကြီးတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်။

အလျင်အမြန်ဖြင့်သူသည်ထိုနေရာသို့လျှောက်ကာ ကြည့်ရှုလိုက်၏။ ကြီးမားလှသည့်စက်ရုံကြီးထဲသို့ဝင်ရောက် ပြီးသည့်နောက်ထိုအရာသည်သံရည်ကျိုသည့်စက်ရုံကြီးတစ်ရုံဖြစ်ကြောင်း နားလည်လိုက်မိ၏။

“ဒါ လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ဖို့အသုံးပြုတာပဲဖြစ်မယ်”

ကျွင်းချောင်ရှောင်းသည်သံရည်ကျိုစက်ထဲသို့လျှောက်သွားပြီးသည့်နောက်အထဲတွင်ချပ်ဝတ်နှင့်ပုံပန်းသွင်ပြင်တူသည့်မိုများ တည်ရှိနေကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့်သူ၏ခန့်မှန်းချက်သည်မှန်ကန်ခဲ့သည်။

စနစ်က ပြောလိုက်၏။ “ဒီလောက်ကြီးမားတဲ့သံရည်ကျိုစက်ကြီးကို ဖန်တီးထားတယ်ဆိုတော့နတ်ဆိုး စစ်သည်တွေက ပန်းပဲပညာနဲ့ပတ်သက်ရင် ကြီးမားတဲ့အသိပညာကို ပိုင်ဆိုင်ပြီးတော့ရည်မှန်းချက် ကြီးကြီး မားမားလည်း ရှိရလိမ့်မယ်”

“ဒါကြောင့်ပဲ”

ကျွင်းချောင်ရှောင်းသည်သူ၏လက်များကို ဖြန့်ကားကာ ပြောလိုက်သည်။ “သူတို့ကို အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့တခြားသူတွေဖျက်ဆီးခဲ့တာမှန်တယ်လို့ခံစားမိတယ်”

စစ်သည်များသည်အားကောင်းလွန်းလှပြီး လက်နက်အပြည့်လည်း တပ်ဆင်ထားသေး၏။ ထို့ကြောင့်အပြင်ဘက်သို့ထွက်မည်ဆိုပါက ကျိန်းသေပေါက် ကြီးမားသည့်အရာကြီးကို ပြုလုပ်ကြမှာ သေချာသည်။ထိုအရာအား များပြားလှသည့်အင်အားအသီးသီးနှင့် ဂိုဏ်းအများစုသည်ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ချေ။

ရုတ်တရက်ရောင်မုန့်ယဉ်နှင့်တခြားသော သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ဆိုင်သူ ရှစ်ယောက်တို့သည်နတ်ဆိုး နယ်မြေထဲသို့အဘယ်ကြောင့်ရောက်ရှိလာခဲ့သည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက နားလည်လိုက်မိသည်။အသုဘခန်းဆောင်မှလူများသည်နတ်ဆိုးဘုရင် ပြန်လည်ရှင်သန်နိုင်စေရန်အစီအစဉ်တစ်ခုကို ဖန်တီးပြုလုပ်နေလေသည်လား။

“အဲလိုပဲနေမယ်”

စနစ်ကပြောလိုက်သည်။ “ပြီးတော့ဒီလက်နက်အပြည့်ကိုင်ဆောင်ထားတဲ့စစ်သည်တွေက အရမ်းအားကောင်းလွန်းတယ်။သူတို့သာ အထက်နယ်မြေမှာ ပေါ်လာမယ်ဆိုရင်ကျိန်းသေပေါက်ကပ်ဘေးကြီး သင့်မှာပဲ”

“ဟား ဟား ဟား ဟား”

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ငါ ဒီမှာ ရှိနေပြီဆိုမှတော့သူတို့လုပ်ချင်တိုင်း ဘယ်လုပ်လို့ရတော့မှာလဲ”

ဆွစ်

သူသည်ခေါင်းမော့ရင်ကော့ကာဖြင့် ပြောလိုက်သည်။ “ငါက လောကကြီးကို ကယ်တင်သူပဲ”

...................

သံရည်ကျိုစက်ကို ရှာတွေ့ခဲ့သည့်အပြင်များပြားလှသည့်သံရည်ကျိုပစ္စည်းများနှင့် ပန်းပဲ ပစ္စည်းများကို ရှာတွေ့ခဲ့သည်။ ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရ အရာအားလုံးကို ချန်ထားခဲ့လိမ့်မည်မဟုတ်ချေ။ထို့ကြောင့် ရှိရှိသမျှအရာ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ထည့်သွင်းကာ သိမ်းဆည်းခဲ့၏။

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်သည် ရုံးခန်းတစ်ခုနှင့်ဆင်တူသော အခန်းတစ်ခု၏ အရှေ့တွင်မတ်မတ်ရပ်ကာ ပြောလိုက်သည်။ “ဒီအထဲမှာ စာအုပ်တွေအများကြီးပဲ ….”

“အမ်”

ကျွင်းချောင်ရှောင်းသည်အခန်းထဲသို့လျှောက်ဝင်ကာ ကြည့်ရှုလိုက်၏။အခန်းထဲရှိ စာအုပ်စင်ပေါ်တွင်စာအုပ်များ အတန်းလိုက်တည်ရှိနေ၏။ များပြားလွန်းလှသော ရှေးစာအုပ်များသည်ထိုအပေါ်တွင်တည်ရှိနေ၏။ အမှတ်တမဲ့ဖြင့်ထိုစာအုပ်ကို လှမ်းဖွင့်ကာ ဖတ်ရှုလိုက်သည့်အချိန်မှာတော့ရှုပ်ထွေးလှသည့်စကားလုံးများ ရေးထိုးထားသည်ကို မြင်လိုက်ရ၏။

“ဒါက နတ်ဆိုးမျိုးနွယ်တွေရဲ့ဘာသာစကားပဲ” စနစ်က ပြောလိုက်သည်။

“.......”

ကျွင်းချောင်ရှောင်းသည်ကျင့်ကြံခြင်းစနစ်ခန်းမဆောင်ကို ဖွင့်လှစ်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့လဲလှယ်နိုင်သည့်ပစ္စည်းအရေအတွက်သည်တိုးတက်မလာခဲ့ချေ။ “ဒါသိုင်းနည်းစနစ်တွေမဟုတ်ဘူးပဲ”

“ပေါက်ကရတွေ”

စနစ်က ဆွံ့အသွားသည်။ “သံရည်ကျိုစက်ထဲမှာ ဘယ်လိုလို့သိုင်းနည်းစနစ်တွေရှိနေမှာလဲ။ ပန်းပဲပညာနှင့်ပတ်သတ်တဲ့စာအုပ်တွေပဲ ရှိမှာပေါ့”

ကျွင်းချောင်ရှောင်းသည်စာရွက်အနည်းငယ်ကို ထပ်မံလှန်လှောကာ ဖတ်ရှုလိုက်၏။အထဲတွင်ချပ်ဝတ်၏ပုံပန်း သွင်ပြင်များကို ရေးဆွဲထားသည့်ပုံများရှိနေသည်။စကားလုံးများကို နားလည်နိုင်စွမ်း မရှိသော်လည်း အကြမ်းဖျင်း မှတ်ချက်များနှင့် ပုံပန်းသွင်ပြင်ကို ကြည့်ရှုမည်ဆိုလျှင်ထိုစာအုပ်သည်ဘာစာအုပ်ဖြစ်မှန်း သူနားလည်သွား၏။

စနစ်က ပြောလိုက်သည်။ “ဒါချပ်ဝတ်တွေလုပ်တဲ့နည်းလမ်းပဲ”

“မင်း ဒါကို နားလည်တယ်ပေါ့”

“အင်း...ငါ့အနေနဲ့ ငါ့ရှေ့မှာရှိတဲ့စာတွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး နားလည်နိုင်စွမ်း ရှိတယ်”

“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည်စာအုပ်များ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့သိမ်းဆည်း လိုက်၏။ထိုအရာများအားလုံးကို ယူဆောင်ပြီး ဟောခန်းသခင်ဖန်းရီကျိအား ပေးအပ်ကာဖြင့်သွန်းလုပ်ခိုင်းမည်ဆိုလျှင်အလွန်ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။ဖန်းရီကျိ အနေဖြင့်အလကား ပျင်းရိနေစရာလည်း မလိုအပ်ချေ။

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်က အော်လိုက်သည်။ “စားပွဲပေါ်မှာ ပုံကြမ်းတွေအများကြီးပါလား”

ကျွင်းချောင်ရှောင်းသည်စိတ်ဝင်တစားဖြင့်အရှေ့သို့တိုးလာပြီးသည့်နောက်စားပွဲပေါ်၌ချပ်ဝတ်များ၏ မတူညီ သည့်ပုံပန်းသွင်ပြင်များကို တွေ့လိုက်ရသည်။ “ဒါဘာကြီးလဲ”

“သူရေးထားတဲ့စာကို ဘာသာပြန်ရမယ်ဆိုရင်တော့ဒါက ချပ်ဝတ်တွေရဲ့ဒုတိယမျိုးဆက်တဲ့”

“ဘာ”

ကျွင်းချောင်ရှောင်းက အံ့အားသင့်သွား၏။ “နတ်ဆိုးမျိုးနွယ်တွေက သုတေသန ပြုလုပ်တဲ့နေရာမှာ အရမ်း အားကောင်းနေတာပေါ့”

ပြောနေစရာပင်မလိုချေ။ထိုအရာများကို သူတစ်ခါတည်း သိမ်းဆည်းလိုက်သည်။

...............

ပန်းပဲခန်းမဆောင်တွင်ဖန်းရီကျိသည် ကျွဲရိုင်းစက်ရုပ်များ၏ ကိုယ်ထည်များကို နောက်ဆုံးအသုတ်ဖန်တီးပြုလုပ်ပြီးသည့်နောက်နဖူးပေါ်ရှိချွေးများကိုသုတ်ကာ ပင်ပန်းကြီးစွာဖြင့်ပြောလိုက်သည်။ “နောက်ဆုံးတော့ ပြီးသွားပြီပဲ။ အချိန်အတော်ကြာ နားခွင့်ရပြီ … ဟားဟား..”

All Chapters