အခန်း ၁၅၁၆
Vol. 102 Ch. 1516
အပိုင်း (၁၅၁၆)
နတ်ဆိုးနယ်မြေကြီးထဲရှိ စည်းခတ်ထားသော မြို့ထဲတွင်ပန်းပဲပညာနှင့်ပတ်သက်သည့်စာအုပ်များ၊ စာတမ်းများ၊ ဒီဇိုင်းပုံကြမ်းများနှင့် ပြုလုပ်သည့်အရာများ အားလုံးက တည်ရှိနေလိမ့်မည်ဟု မည်သူကမှခန့်မှန်းမိလိမ့်မည်မဟုတ်ချေ။
ကျွင်းချောင်ရှောင်းက သက်ပြင်းချလိုက်မိသည်။ “နတ်ဆိုးဘိုးဘေးက တကယ့်ကို ကြီးမားတဲ့အရာ တွေ ပြုလုပ်နိုင်စွမ်းရှိတဲ့လူတစ်ယောက် ဖြစ်မှာပဲ”
ဤမျှအားကောင်းလွန်းသော စစ်တပ်ကြီးနှင့် ပန်းပဲပစ္စည်းများကို ကြည့်ရှုရမည်ဆိုလျှင်ထိုသူတို့အားလုံးသာ အပြင်ဘက်သို့ထွက်ကာ ပြဿနာရှာမည်ဆိုပါက အထက်နယ်မြေအနေဖြင့် ကြီးမားသည့်ထိခိုက်မှုကို ခံရမှာ သေချာ၏။
ကုန်းရှန့်အနေနှင့် အတိတ်က အကြောင်းအရာများကို သေသေချာချာ မသိချေ။သို့ပေမဲ့နတ်ဆိုး နယ်မြေထဲရှိ များပြားလှသော မြို့အသီးသီးကို သွားရောက်လည်ပတ်ပြီးသည့်နောက်အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည်ဤမျိုးနွယ်ကြီးကို ဖျက်ဆီးပစ်သည်မှာ ကျိုးကြောင်းသင့်လျှော်လွန်းလှသည်ဟု ခံစားမိ၏။ ထို့အပြင်နတ်ဆိုးများသည်အမှန်ပင် အန္တရာယ်များပြားလွန်းလှသည်။
“ဆိုးတာပဲ”
ကျွင်းချောင်ရှောင်းသည်မျက်နှာကို အုပ်ကာကာဖြင့်မထီတရီ ရယ်မောလိုက်၏။ “ဒါတွေအကုန်လုံးက ငါ့ပစ္စည်းဖြစ်တာပဲ”
“..........”
စနစ်သည်စောဒကတက်ရန်ပင်အားမရှိသလို ဖြစ်နေမိ၏။ လက်ခံသူသည်မင်းသားလား၊ ဗီလိန်လားပင်မသိတော့ချေ။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တခြားနေရာကို သွားကြရအောင်။ ကောင်းမွန်တဲ့အရာပစ္စည်းတွေက ငါ့ကို စောင့်နေလောက်ပြီ”
ကုန်းရှန့်အနေနှင့် နတ်ဆိုးဘိုးဘေးကို မနှစ်သက်ချေ။ထို့အပြင်ထိုသူသည်ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ကို အသုံးပြုကာဖြင့် ပြန်လည်ရှင်သန်ရန် ကြိုးစားခဲ့သူတစ်ယောက်မဟုတ်လား။ တစ်ဖက်လူ၏ တည်နေရာနယ်မြေထဲကို ရောက်လာမှတော့ ဖြစ်နိုင်သမျှအကုန်လုံးကို ယူဆောင်သွားရန်သူ စဉ်းစားထားပြီးဖြစ်၏။
သူ့အနေနှင့် စစ်တပ်တည်နေရာထဲမှ ပြန်လည်ကာ ထွက်ခွာလာသည်ဆိုလျှင်တောင်မှထိုသူတို့အား ချုပ်နှောင်ထားသည့်သီးခြားဖြစ်တည်ခြင်း အစီအရင်ကို မဖယ်ရှားခဲ့ချေ။ထို့ကြောင့်သတိလစ်မေ့မျောနေခဲ့သော စစ်သည်ပေါင်း သောင်းကျော်တို့သည်အထဲတွင်ပိတ်မိလျက်ရှိသည်။
ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်မတူညီသည့် အရွယ်အစားရှိသော မြို့အသီးသီးဆီသို့ဆက်လက်ကာ သွားလိုက်၏။
စစ်တပ်ထဲတွင်တော့သန့်စင်ခံထားရသည့်ကျောက်ရုပ်တုများ တည်ရှိနေပြီး ၎င်းသည်နည်းလမ်းဟောင်းကြီး အတိုင်းပင်အားလုံးသောသူများကို အစီအရင်များဖြင့် ချုပ်နှောင်ကာ လက်နက်နှင့်ချပ်ဝတ်များကို ချွတ်ယူခဲ့၏။ကုန်းရှန့်သွားသည့်တည်နေရာတိုင်းတွင်မည်သည့်အရာကို လက်လွှတ်မပေးခဲ့ချေ။
အပြင်ဘက်မှာတော့အစောင့်အရှောက်နှင့်အမဲရောင်ဝတ်စုံဝတ်လူများအားလုံးသည်စည်းခတ်ခံထားရသည့်နတ်ဆိုးနယ်မြေကြီး စည်းပြယ်သွားသည်ကို သိရှိပြီးသည့်နောက်အမှန်ပင်ပျော်ရွှင်လျက်ရှိနေသည်။နတ်ဆိုးဘိုးဘေးကြီး၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်ဆိုသည်နှင့်နတ်ဆိုးစစ်သည်သိန်းကျော်တို့သည်လျင်လျင်မြန်မြန်နှင့်စုစည်းလာမှာသေချာတော့သည်။
ဟုတ်ပေသည်။စုစည်းလာသည်ဆိုသည်နှင့်အတွင်းခံနှင့် စစ်သည်များသာ ဖြစ်ပေလိမ့်မည်။
..............
အနောက်ဘက်ဒေသကို ကြည့်ရှုရမည်ဆိုလျှင်အမဲရောင်တိမ်များသည်ထွင်းဖောက်လျက်အခြေအနေဖြင့်တည်ရှိနေသေး၏။ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည်ထိုနေရာသို့အစောကြီး ရောက်ရှိနေသည်ဆိုသော်လည်း ခပ်ဝေးဝေးတည်နေရာမှာသာ မတ်မတ်ရပ်နေရ၏။
အဘယ်ကြောင့်ဆိုသော်လက်ရှိ ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ပြောင်းလဲမှုများမှလွဲလျှင်တခြားထူးခြားသည့်အခြေအနေ ဖြစ်မလာသောကြောင့်ပင်။ရပ်တန့်လိုက်ရမည်လား။ ထိုသို့ပြုလုပ်နိုင်ရန်နည်းလမ်းလည်း မရှိပေ။ အချက်အလက်အားဖြင့်တားဆီးနိုင်ရန်အကြောင်းလည်း မရှိပေ။
ဤဖြစ်ရပ်သည်လူများအားလုံးကို ဆွဲဆောင်ထားရန်သာ ရှိ၏။ နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်နိုင်မှု အစစ်အမှန်တည်နေရာသည်ပွက်ပွက်ဆူလျက်ရှိနေသည့်သွေးကန်ကြီး တည်ရှိသော မဲမှောင်လျက်ရှိသည့်တည်နေရာကြီးအတွင်းမှာဖြစ်၏။
ကြီးမားလှသည့်သွေးအရိပ်ကြီးတစ်ခုသည်နံရံပေါ်တွင်ထင်ဟပ်လာခဲ့၏။ တဖြည်းဖြည်း ထိုအရာသည်အစစ်အမှန်ကဲ့သို့ ဖြစ်တည်လာသည်။
နတ်ဆိုးဘိုးဘေးကြီးသည်တည်နေရာ သုံးခုတွင်အခြေအနေသုံးခုအဖြစ်ဖန်တီးထား၏။
ပထမဦးဆုံးတည်နေရာသည်သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာပြီး ရှိရှိသမျှသော သိုင်းကျင့်ကြံသူ များကို ထိုနေရာသို့အာရုံရောက်စေရန်ဖန်တီးဆွဲဆောင်ထားသည်။
ဒုတိယအားဖြင့်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ဆယ်ယောက်တို့အား နတ်ဆိုးနယ်မြေတစ်ခုလုံးကို ဖွင့်လှစ်စေခဲ့၏။
တတိယအားဖြင့်နတ်ဆိုးဘိုးဘေး၏ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်းပင်။
ထင်မှတ်ထားသည့်အတိုင်းပင်နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန်မှုသည်အမှန်ပင် ကြီးကျယ်ခမ်းနားလွန်းလှ၏။သူသည်အထက်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင်နတ်ဆိုးနယ်မြေကြီးကို ဖွင့်လှစ်ကာ သူ၏ စစ်တပ်ကို ဆင့်ခေါ်ကာဖြင့်အထက်နယ်မြေတစ်ခုလုံးအား အဆုံးမဲ့သည့်ကပ်ဘေးကြီးကို ပေးအပ်တော့မှာ ဖြစ်သည်။
...........
ဘုတ်ဘုတ်
သီးခြားဖြစ်တည်ခြင်း အစီအရင်ထဲမှာတော့ယခုမှအသက်ဝင်လာခဲ့သော နတ်ဆိုးစစ်သည်များ အားလုံးသည်မြေပေါ်သို့လဲကျသွားခဲ့ကြ၏။ ၎င်းတို့၏ချပ်ဝတ်နှင့်လက်နက်များအားလုံးကို သိမ်းဆည်းခြင်း ခံလိုက်ရသည်။ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့နတ်ဆိုးနယ်မြေထဲသို့ဝင်ရောက်ပြီး မကြာခင်မှာပဲ မြို့ပေါင်း ဆယ်မြို့ကျော်သို့ရောက်ရှိခဲ့ပြီး စစ်သည်ပေါင်း နှစ်သိန်းကျော်၏ချပ်ဝတ်နှင့်လက်နက်များကို သိမ်းဆည်းပြီးပြီ ဖြစ်၏။
ဤအရာသည် ကြီးမားသည့်ရယူမှုပင် ဖြစ်တော့သည်။သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်နည်းပါး နေသည်ဟုသာ ပြောဆိုလျက်ရှိပြီး များလွန်းသည်ဟု မထင်မှတ်သေးချေ။များများစားစား သူ့၌ရှိမည်ဆိုလျှင်လည်း ရောင်းစား၍ ရနိုင်သေးသည်မဟုတ်ပါလား။ လက်ရှိအချိန်၌ ဖြစ်ပျက်နေသည့်အခြေအနေများကို ပြန်လည်ရှင်သန်လျက်ရှိ နေသည့်နတ်ဆိုးဘိုးဘေးကြီးသာ သိရှိမည်ဆိုပါက ကျိန်းသေပေါက်သွေးအန်ပေလိမ့်မည်။သွေးတောင်မှဂါလံပေါင်းများ အန်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “မြို့ရဲ့ဂိတ်တံခါးမှာ ရေးထားတဲ့စာလုံးကို ဘာသာပြန်ကြည့်ရမယ်ဆိုရင်ဒါက နတ်ဆိုးဘိုးဘေးရဲ့အဓိကမြို့ကြီးပဲ”
“ဟာ... အရမ်းကြီးတာပဲ” ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြီးမားလွန်းလှသော စက်ဝိုင်းပုံမြို့ကြီး တစ်ခု၏ လေထုထဲတွင်ရောက်ရှိနေ၏။ မြို့ထဲတွင်ကျယ်ပြောလှသော လမ်းများတည်ရှိနေပြီး အဆောက်အဦ များကလည်း ခန့်ညားလွန်း၏။ အတိတ်တုန်းကဆိုလျှင်အမှန်ပင်လူစည်ကားသိုက်မြိုက်လှသည့် မြို့ကြီးတစ်မြို့ ဖြစ်ပေလိမ့်မည်။
နတ်ဆိုးဘိုးဘေးမြို့
အဓိကဟောခန်းသည်ဂိုဏ်းတစ်ခုကို ကိုယ်စားပြု၏။အဓိကမြို့ဆိုသည်မှာ နိုင်ငံ သို့မဟုတ် မြို့နယ်တစ်ခုကို ကိုယ်စားပြုလျက်ရှိ၏။ တခြားသော မြို့များနှင့် ခြားနားမှုမရှိစွာဖြင့်ဤတည်နေရာတွင်သက်ရှိဟူ၍ မရှိချေ။မည်သည့်သက်ရှိသတ္တဝါမှလည်း မရှိပေ။
“ထူးဆန်းလိုက်တာ”
ကျွင်းချောင်ရှောင်းသည်ဇဝေဇဝါ ဖြစ်သွား၏။ “စစ်သည်တွေကိုတော့တွေ့ပြီး ဘာလို့နေထိုင်တဲ့ မြို့သူမြို့သားတွေကို မတွေ့ရတာလဲ”
ဤမေးခွန်းသည်သူ့အားတောက်လျှောက်စဉ်းစားလျက်ရှိနေစေသည့်မေးခွန်းပင်ဖြစ်သည်။အလွန်အားကောင်းလှသည့်စွမ်းအင်များနှင့် စည်းခတ်ခြင်းကို ခံထားရသည်ဆိုလျှင်တောင်မှစစ်သည်များကိုသာ စည်းခတ်ရမည်ဖြစ်သည်။ အသက်ရှင်နေထိုင်နေသည့်သာမန်လူများသည်ဘယ်ရောက်သွားကြသနည်း။ ထို့အပြင်မည်သူသည်ဤစစ်သားများကို လာရောက်ကာ စည်းခတ်ခဲ့သနည်း။
ကျွင်းချောင်ရှောင်းသည်အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် တခြားသော မျိုးနွယ်ကလန်များမှ ဖြစ်မည်ဟု ခန့်မှန်းမိခဲ့၏။သို့ပေမဲ့ချက်ချင်းပဲ ထိုအကြံအစည်ကို ဖယ်ရှားလိုက်မိသည်။ရောင်မုန့်ယဉ်အနေဖြင့်ဤစည်းများကို အသက်သွင်းနိုင်ရန်လက်တစ်ချက်တင်လိုက်ရုံသာရှိ၏။ ထို့ကြောင့်စည်းသည်နတ်ဆိုးများနှင့်သာ သက်ဆိုင်နေပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “ဒါက သူတို့ဘာသူတို့စည်းခတ်ထားတာပဲ ဖြစ်ရမယ်”
“ငါလည်း ဒီလိုပဲထင်တယ်” ကျွင်းချောင်ရှောင်းက သဘောတူလိုက်၏။သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ရောင်မုန့်ယဉ် ကပိုင်ဆိုင်၏။ ထို့ကြောင့်သူမထိတွေ့လိုက်သည်နှင့်စည်းသည်အသက်ဝင်သွားခဲ့ပြီး ကျောက်ရုပ်တုအား စည်းခတ်ထားသည့်စည်းသည်အသက်ဝင်သွားခဲ့၏။ထိုအရာသည်မှာ သူမ၏ ခန္ဓာကိုယ်သို့မဟုတ်သွေးမျိုးဆက် ၏ထူးခြားချက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“နောက်တစ်ခု ရှိသေးတယ်”
ကျွင်းချောင်ရှောင်းက ခန့်မှန်းလိုက်မိသည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းတုံးက နတ်ဆိုးဘိုးဘေးကြီးက ဒီလိုဖြစ်မယ်ဆိုတာ ခန့်မှန်းမိတယ်။ဒါကြောင့်ဆန်းကြယ်လှတဲ့မှော်နည်းစနစ်တစ်ခုကို အသုံးပြုပြီးတော့သူတို့ကို ကြိုပြီး စည်းခတ်ထားတာ ဖြစ်လိမ့်မယ်။ ပြီးတော့စည်းပြန်ဖွင့်မယ့်တစ်နေ့ကို စောင့်မျှော်ခိုင်းထားတာပဲ ဖြစ်လိမ့်မယ်”
စနစ်က ပြောလိုက်၏။ “အဲလိုလည်း ဖြစ်နိုင်တယ်”
“ငါ မြို့တော်တော်များများကို သွားခဲ့ပြီဆိုပေမဲ့ မြို့သူမြို့သားတွေကို မတွေ့ရဘူး။ ဒီတော့နတ်ဆိုးဘိုးဘေး ကြီးရဲ့ မှော်နည်းစနစ်ဆိုတာ အဲတာနဲ့ပတ်သက်နေလိမ့်မယ်။ဥပမာအားဖြင့်”
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ရုတ်တရက်လေးနက်သွားသည်။ “သာမန်မြို့သူမြို့သားတွေရဲ့အသက်ကို စတေးတာမျိုး …”
“လက်ခံသူတွေးတာက တကယ့်ကို များနေပြီ”
ကျွင်းချောင်ရှောင်း၏ ခန့်မှန်းချက်သည်အခြေခံအားဖြင့် ဖြစ်နိုင်ဖွယ်ရာရှိသည်။သို့ပေမဲ့နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန်နိုင်ခြင်းအစီအရင်တွင်နတ်ဆိုးရေစက်နယ်မြေကို ဖွင့်လှစ်လိုက်သည်နှင့်နတ်ဆိုးကျင့်ကြံသူများ သည်ရောက်ရှိလာကာဖြင့်စတေးခြင်းကို ပြုလုပ်ကြ၏။ ထို့ကြောင့်လွန်ခဲ့သည့်နှစ်ပေါင်းတစ်သိန်းကျော်က စစ်သည်များကို စည်းခတ်နိုင်ရန်အတွက် မြို့သူမြို့သားများ အားလုံး၏ အသက်ကို စတေးခဲ့သည်ဆိုသည်မှာ ဖြစ်နိုင် ဖွယ်ရာပင်ဖြစ်သည်။
“ဒါက ဖြစ်နိုင်တယ်” ကုန်းရှန့်သည်သူ၏ နှလုံးသားထဲတွင်တော့ခန့်မှန်းချက်ကို အတည်ပြုလိုက်တော့သည်။များပြားလှသည့် မြို့များအသီးသီးတွင်စစ်သည်များသာ တည်ရှိပြီး မြို့သူမြို့သားများ မရှိခြင်းမှာ ဤအရာကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“ဒီတော့...လက်ခံသူ ဒါကိုသိတော့လည်း ဘာလုပ်နိုင်မှာမို့လဲ” ကျွင်းချောင်ရှောင်းသည်စနစ်၏သဘောတရား နှင့်ပတ်သက်၍ဆွံ့အသွားမိ၏။
အမှန်ပင်ဖြစ်၏။သူသည်အကျိုးသင့်အကြောင်းသင့်ကို တွေးမိသည်ဆိုလျှင်တောင်မှဘာလုပ်၍ရနိုင်မည်နည်း။ ထို့အပြင်သူသိသလောက်ဆိုလျှင်နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန် နိုင်သည့်တည်နေရာသည်ဤနတ်ဆိုးနယ်မြေထဲတွင်မဟုတ်ပေ။
“နေအုံး”
ကျွင်းချောင်ရှောင်းသည်သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ဒီလူက ပြန်ပြီးရှင်သန်လာတာ မဟုတ်ဘူးဆိုရင်တော့သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆယ်ဦးက ဘာလို့ဒီကို ရောက်လာတာလဲ။ ဖြစ်နိုင်တာက”
“စည်းကို ဖယ်ရှားပေးဖို့ပေါ့။သူက ပြန်လည်ရှင်သန်လာပြီဆိုတာနဲ့ ဒီစည်းဖွင့်ထားတဲ့တည်နေရာထဲမှာ ရှိနေတဲ့စစ်သည်တွေကို အသုံးချတော့မယ်။ဒါဆိုရင်နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာပြီဆိုတာနဲ့ အထက်နယ်မြေ တစ်ခုလုံး ပြဿနာတက်တော့မယ်”
စနစ်က ခဏရပ်တန့်ကာ ပြောလိုက်သည်။ “လက်ခံသူက အခု နတ်ဆိုးနယ်မြေထဲမှာ တည်ရှိနေတယ်လေ။ ဒီတော့ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကြီးမားတဲ့တာဝန်ကြီးကို ပခုံးပေါ်ထမ်းတင်ထားရတာနဲ့တူတူပဲ”
“........”
ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွား၏။ “ငါ့ဆီမှာ အဲလိုအရည်အချင်းမျိုး မရှိပါဘူး”
နတ်ဆိုး ဘိုးဘေးကြီးသည်အောင်မြင်စွာ ပြန်လည်ရှင်သန်လာနိုင်မည်ဟု ကုန်းရှန့်ကယုံကြည်မိ၏။
“တခြားတွေစဉ်းစားမနေနဲ့”
စနစ်က ပြောလိုက်သည်။ “ပြန်လည်ရှင်သန်ခြင်းဆိုတာ ကောင်းကင်ကို ပုန်ကန်ရတဲ့အတတ်ပညာတစ်ခုပဲ။ တကယ်လို့ဒါကိုသာ အောင်မြင်သွားမယ်ဆိုရင်တောင်မှကန့်သတ်ချက်က တည်ရှိနေတယ်။ရှင်သန်လာပြီးတဲ့အချိန်မှာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလက်ခံသူလောက်မမြင့်မားတာမျိုးလည်း ဖြစ်နိုင် တယ်”
“မင်းသေချာလို့လား”
“ရီရှင်းချန်နဲ့ကုကျောင်းရှစ်တို့ကို ကြည့်လေ”
...............
အမှန်ပင်ဖြစ်သည်။သူ၏တပည့်နှင့်ညီငယ်တို့မှာ တစ်ယောက်သည်အင်ပါယာအဆင့်မှာ ပြန်လည်မွေးဖွားလာသူ ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ထပ်တလဲလဲ သံသရာလည်က ပြန်လည်မွေးဖွားနေသူဖြစ်၏။ သေဆုံးပြီး ပြန်လည်ရှင်သန်လာသည့်အချိန်တိုင်းတွင်မူလကဲ့သို့ကျင့်ကြံခြင်းကို ပြန်လည်မရရှိခဲ့ချေ။
“ပိုပြီးတော့အရေးကြီးတာက”
စနစ်က ပြောလိုက်သည်။ “နတ်ဆိုးဘိုးဘေး အနေနဲ့သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ဖို့အချိန်လိုသေးတယ်။ဒီတော့အသက်ရှင်စဉ်က ရှိခဲ့တဲ့သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် ရရှိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အသားကျဖို့အခြေအနေတစ်ခုကို ရင်ဆိုင်ရအုံးမှာပဲ။ အဲဒီအရာကလည်း နှစ်ပေါင်း ထောင်ဒါမှမဟုတ်ရာချီကြာမြင့်နိုင်လိမ့်မယ်”
“ဒါက အဓိပ္ပာယ်ရှိတယ်” ကျွင်းချောင်ရှောင်းသည်စိတ်သက်သာရာ ရသွားမိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်း ထဲက အဘိုးအိုကြီးသည် ပြန်လည်ရှင်သန်လာသည်ဆိုလျှင်တောင်မှအရင်လောက်အားကောင်းသည့်ပုံ မဟုတ်တော့ချေ။
“ငါနားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ “သူ့အနေနှင့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် မွေးဖွားလာတဲ့အချိန်အတွင်း ရရှိလာမှာမဟုတ်ဘူးဆိုတာ သိလိမ့်မယ်။ဒါကြောင့်မလို့စစ်သည်တွေကို ကြိုပြီး စည်းခတ်ထားခဲ့တာပဲ။ ဒါမှသူပြန်လည်ရှင်သန်လာတဲ့အတောအတွင်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို အလုပ်များနေအောင် ပြုလုပ်ထားနိုင်မှာ မဟုတ်လား”
“ဒီဖြစ်နိုင်ချေကို ဖယ်ရှားလို့မရနိုင်ဘူး” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည်မတ်တပ်ရပ်လိုက်ပြီးနောက်စစ်တပ်တည်နေရာကြီးထဲတွင်စုစည်းလျက်ရှိနေသည့်ကျောက်ရုပ်တုပေါင်း တစ်သိန်းနီးပါးကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက်သွားဖြီးကာ ပြောလိုက်သည်။ “ဒါပေမဲ့နတ်ဆိုးဘိုးဘေးရဲ့အတောင်ပံတွေကို ဖြတ်ထားမယ်ဆိုရင် သူဘယ်လိုလုပ်ပျံလို့ရမှာလဲ။ စစ်တပ်မရှိဘဲနဲ့ဘယ်လိုလုပ်ဗိုလ်ချုပ်လုပ်မှာလဲ”
“လက်ခံသူက အစောပိုင်းတုံးက တတိယအဆင့်တားမြစ်တည်နေရာတွေကို ဖျက်ဆီးခဲ့တယ်လေ။ ဒီတော့ကိုယ့်ရဲ့ဂုဏ်သတင်းက ကြီးကြီးမားမားပဲ ကျဆင်းနေခဲ့တယ်။နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်လာမယ့်အခြေအနေ ကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်လူပေါင်းများစွာရဲ့ချီးကျူးမှုကို ခံရမှာပဲ။ ဘယ်သူမှ ပြစ်တင်ရှုံ့ချကြမှာ မဟုတ်ဘူး။ ပြီးတော့”
စနစ်က ပြောလိုက်သည်။ “လက်ရှိလောကကြီးရဲ့ဘေးအန္တရာယ်ကို ဖြေရှင်းပေးတယ်ဆိုတာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို အဆင့်မြှင့်ပေးတာပဲ”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ကျွင်းချောင်ရှောင်းသည်လက်ခုပ်တီးကာဖြင့်သူရဲကောင်းဆန်စွာ ပြောလိုက်မိသည်။ “အသက်ရှင်နေထိုင်နေတဲ့သက်ရှိသတ္တဝါပေါင်းများစွာတို့အတွက် … လောကကြီး တည်ငြိမ်အေးချမ်းဖို့အတွက်…. ငါ ကျွင်းချောင်ရှောင်းက ကြီးမားတဲ့ တာဝန်ကြီးကို ယူလိုက်ပြီ”