← Chapters

အခန်း ၁၅၁၇

Vol. 102 Ch. 1517

အခန်း ၁၅၁၇

Vol. 102 Ch. 1517

အပိုင်း (၁၅၁၇)

နတ်ဆိုးဘိုးဘေးသည် အမှန်ပင် သနားစရာ ကောင်းလွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် သူစီစဉ်ထားသော အချက်အလက်များကို ကျွင်းချောင်ရှောင်းက ခန့်မှန့်မိပြီးသား ဖြစ်နေ၏။

ဟုတ်ပေသည်။ သူ့အနေဖြင့် ပြန်လည်မွေးဖွားလာပြီးနောက် စွမ်းအင်များကို ယခင်အတိုင်း အချိန်အတိုဆုံး ပြန်လည်ရရှိရန် ခက်ခဲ့လှမည်ဖြစ်ကြောင်း နားလည်မိ၏။ ထို့ကြောင့် သန်းချီလှသော စစ်တပ်ကြီးကို ကြိုတင်စည်းခတ်ထားခဲ့ပြီး သူ့ပြန်လည်ရှင်သန်လာမည်ကို စောင့်မျှော်ခိုင်းခဲ့ခြင်း ဖြစ်သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်ကတည်းက ကြီးမားလှသည့် အရာများကိုပြုလုပ်ရန် အဆင်သင့်ပြင်ဆင်ထားခြင်းပင်။ သို့ပေမဲ့ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် အခြားသော မွန်းစတားကလန် အသီးသီးတို့သည် ထိုအချင်းအရာကို မသိရှိကြချေ။

နတ်ဆိုးဘိုးဘေးကြီးသည် သူ၏မျိုးဆက်တွင် အားကောင်းလှသူဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် သူသာ ပြန်လည်ရှင်သန်လာပါက အထက်နယ်မြေတစ်ခုလုံး ကြီးမားသည့် ဘေးဒုက္ခကြီးကို ခံစားရမှာ သေချာ၏။

သို့ပေမဲ့ ပြဿနာကြီးတစ်ခု မဟုတ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ပြဿနာတို့၏ထိပ်ခေါင် ပြဿနာမင်းသားကြီး ကျွင်းချောင်ရှောင်းသည် နတ်ဆိုးတည်နေရာကြီးထဲတွင် ရောက်ရှိနေပြီ ဖြစ်၏။ သူ့အနေဖြင့် နတ်ဆိုးဘိုးဘေးကြီး၏ ပြန်လည်ရှင်သန်မှုကို မတားဆီးနိုင်ဘူး ဆိုလျှင်တောင်မှ ရည်မှန်းချက်ကို ခန့်မှန်းမိခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ၎င်း၏ တောင်ပံများကို ဖျက်စီးပြီး အပေါ်သို့ မပျံသန်းနိုင်အောင် ပြုလုပ်တော့မည် ဖြစ်သည်။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကယ်တင်ရှင်တစ်ယောက် မဖြစ်ချင်ပေ။ သို့ပေမဲ့ အဒေါကိုက ငါ့ရဲ့ကံကြမ္မာလား မသိဘူး။ "

ကျွင်းချောင်ရှောင်းသည် မြို့၏နံရံကို မှေီကာဖြင့် သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာကို ထုတ်ဖော်လျက်ရှိ၏။ သူသည် နိုင်ငံနှင့် လူမျိုးကိုကယ်တင်သည့် သူရဲကောင်းတစ်ယောက်ပင် ဖြစ်ပေသည်။

"ဟန်ထုတ်နေတာရပ်စမ်း"

စနစ်က ပြောလိုက်သည်။ "မြန်မြန် လုပ်စရာရှိတာလုပ်တော့"

ဆွစ်

ကျွင်းချောင်ရှောင်းသည် မြို့၏နံရံဆီမှ ခုန်ချလိုက်ပြီးနောက် မြို့အပြင်ဖက်ရှိ ကြီးမားလှသော စစ်တပ်ကြီး၏ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ဤနေရာတွင် စစ်သည်အများအပြား တည်ရှိနေပြီး သုံးသိန်းနီးပါးခန့်ပင် ရှိတော့၏။ နတ်ဆိုးနယ်မြေတစ်ခုလုံးတွင် အထူးလက်ရွေးစင်စစ်တပ်ဟုပင် သတ်မှတ်နိုင်၏။

"ဆိုးတာက"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီလူတွေကို ငါသုံးလိုမရတာပဲ"

ဤသူများသည် စစ်သည်များဖြစ်သောကြောင့် သူသည် လက်နက်နှင့် ချပ်ဝတ်များကို သိမ်းစည်းသွားမည့်အစား ထိန်းချုပ်ခွင့်ကိုသာ ပို၍လိုလား၏။

ရောင်မုန့်ယဉ် သည် မြေတည်ရာ၏ အပြင်ဖက်တွင် ရှိနေသော ကျောက်ရုပ်ထုကြီးကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။ "သူတို့ ဝတ်ထားတဲ့ ချပ်ဝတ်တွေက စာရွက်မှာဆွဲထားတဲ့ ချပ်ဝတ်တွေနဲ့ တော်တော်လေးကို ဆင်တူတာပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါက ဒုတိယမျိုးဆက်ချပ်ဝတ်ပဲ ဖြစ်ရမယ်"

ကျောက်ဖြစ်နေသည့် ပုံပန်းသွင်ပြင်ကို ကြည့်ရလျှင် ဒုတိယမျိုးဆက်ထက် ပိုမိုကာ အားကောင်းသည့် အရာပင် ဖြစ်ပေလိမ့်မည်။ အစစ်အမှန် တိုက်ခိုက်မှုများဝတ်ဆင်ထားသော ချပ်ဝတ်သည် ပိုမိုကာ အားကောင်းမည်မှာ သံဃယဖြစ်စရာ မလိုချေ။

"ဒါက စစ်သူကြီးအဆင့်တွေ ဖြစ်နိုင်တယ်"

ထိုစစ်သည်များ၏ရှေ့တွင် ရပ်နေသော မတူညီသည့် ပုံပန်းသွင်ပြင်နှင့် ကျောက်ရုပ်ထုသည် ရှစ်ရုပ်တိတိရှိ၏။ ၎င်းတို့၏ ဟန်ပန်အမူအရာနှင့် ပုံပန်းသွင်ပြင်များကို ကြည့်ရှုရလျှင် သာမန်စစ်သည်များမဟုတ်ဘဲ စစ်သူကြီးများဖြစ်ကြောင့် သိသာလွန်းလှ၏။

စနစ်က ပြောလိုက်သည်။ "ဒီလိုကြီးမားလှတဲ့ မြို့တော်ကြီးထဲမှာ ဆရာ့ဆရာကြီးတွေက ရှိနေမှာပဲလေ။ ဒီတော့ နတ်ဆိုးဘိုးဘေးရဲ့ ကြမ်းတမ်းလှတဲ့ စစ်သူကြီးတွေရှိနေတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို ဒီတိုင်း ရိုးရိုးကြီးစည်းဖြေလိုက်လို့တော့ မဖြစ်ဘူးထင်တယ်"

ကျွင်းချောင်ရှောင်းသည် သတိအပြည့်နှင့် ဖြစ်သွား၏။ စစ်တပ်တစ်ခုလုံးသည် စစ်သူကြီးများဖြစ်သည်မို့ ၎င်းတို့သည် အားမနည်းလှချေ။ စည်းကို အလျင်စလိုနှင့် ဖွင့်လိုက်လျှင် တစ်ဖက်လူများသည် အမြူတွေအသွင်ပြောင်းခြင်း အဆင့်ရှစ်၊ အဆင့်ကိုး သူများသာ ဖြစ်နေသည်ဆိုပါက သူ့အနေဖြင့် ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။

ဆွစ်

ရုတ်တရက် တည်နေရာမှ လေတိုက်သံများ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ် တို့သည် ပြိုင်တူဆိုသလို ကြည့်ရှုလိုက်ကြသည့် အချိန်မှာတော့ ကောင်းကင်ယံသို့ အလင်းတန်းတစ်ခုသည် ထိုးတက်နေပြီး တည်နေရာနှင့် ပေါင်စပ်တော့မည်ပုံစံ ဖြစ်တည်နေသည်။

ဒွီ ဒွီ

မြေပြင်တစ်ခုလုံးသည် တုန်ခါလာခဲ့၏။

"မကောင်းတော့ဘူး"

ကျွင်းချောင်ရှောင်း၏ အမူအရာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။ သူက ပြောလိုက်မိသည်။ "တစ်စုံတစ်ယောက်က နတ်ဆိုးနယ်မြေမှာ တည်ရှိနေတဲ့ စည်းကိုချိုးဖျက်ဖို့ ကြိုးစားနေတာပဲ"

စနစ်က ပြောလိုက်၏။ "ဒါဆိုရင် အတူတူလာတဲ့ နတ်ဆိုးကျင့်ကြံသူရှစ်ယောက်ထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်"

"ကောင်မလေး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သွားကြရအောင်"

နတ်ဆိုးနယ်မြေအတွင်းတွင် စစ်သည်များသည် နတ်ဆိုးဘိုးဘေး၏ ပြန်လည်ရှင်သန်မှုကို အကူအညီပေးသည့် အရာများဖြစ်သည်ဆိုပါက ဤနေရာရှိ စည်းကိုချိုးဖျက်မှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ဤနေရာတွင်ရှိနေသော စစ်သည်များ အပြင်ဖက်သို့ ထွက်လာနိုင်မှာ ဖြစ်၏။

ဒွီ ဝမ် ဒွီ …။

အပြင်ဖက်လောကကြီးမှာတော့ ယစ်ပုလ္လင်၏ တည်နေရာတွင် လေဝဲကြီးတစ်ခု တည်ရှိနေ၏။ ထိုလေဝဲကြီးသည် တစ်ဝုန်းဝုန်းနှင့် တုန်ခါနေသည်။

"တွေ့ပြီပဲ"

အသုဘခန်းဆောင်မှ အစောင့်အရှောက်ကြီးသည် အားတက်သရောဖြင့် ပြောလိုက်၏။ "စည်းထားတဲ့နေရာကို သူတို့တွေ့သွားပြီပဲ"

ဤအမဲရောင်ဝတ်စုံဝတ် လူများသည် ဤယစ်ပုလ္လင်ဆီမှ အချိန်အတော်ကြာ မထွက်ခွာခဲ့ကြချေ။ ဤအချိန်ထိ စောင့်မျှော်နေခဲ့ကြ၏။ နောက်ဆုံးတွင် သူတို့စောင့်မျှော်နေသည့် အရာသည် ဖြစ်တည်လာခဲ့သည်။ "အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ တခြားဂိုဏ်းတို့…. မင်းတို့ကြောက်ရွံ့ဖို့ အချိန်ရောက်ပြီ"

ဗွက် ဗွက်

မဲနက်သော တည်နေရာကြီးအတွင်းရှိ သွေးကန်ထဲမှာတော့ သွေးများသည် ပိုမို၍ ဆူပွက်လာခဲ့၏။ နံရံပေါ်တွင် သွေးစက်များ ထင်သွားပြီးနောက် ကြီးမားလှသည့် အရိပ်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။

"ငါတို့ရဲ့ ဘိုးဘေးက ပြန်ပြီးတော့ ရှင်သန်လာတော့မယ်"

အရပ်လေးမျက်နှာတွင် ထိုင်လျက်ရှိနေသော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုတို့သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

ခေါင်းဆောင်သည် နက်မှောင်သည့် ဓာတ်သဘာဝများနှင့် ပြည့်နေသော ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် သူနှင့်အနီးဆုံးတွင် ရှိနေသော ကျောက်စင်မြင့်ပေါ်သို့ ထည့်သွင်းလိုက်၏။

"ဒီနေ့မှာ"

ရုတ်တရက် ဘောလုံး၏ အတွင်းဆီမှ စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ "ငါ နှစ်ပေါင်းတစ်သိန်းအထိ စောင့်မျှော်နေတဲ့ အရာက ရောက်လာခဲ့ပြီပဲ"

ကျွင်းချောင်ရှောင်းသည်သာ ဤနေရာတွင် ရှိသည်ဆိုပါက ဤစကားပြောနေသည့် လူသည် ပြန်လည်ရှင်သန်ခြင်းအစီအရင်များကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသည့် နတ်ဆိုးဘိုးဘေး၏ အသံဖြစ်ကြောင့် သိရှိနိုင်သည်။

အမဲရောင်ဝတ်စုံနှင့်လူသည် သူ၏ရင်ဘတ်ပေါ်သို့ လက်နစ်ဖက်တင်ကာ လေးလေးနက်နက်နှင့် ပြောလိုက်၏။ "သေသေချာချာ အစီအစဉ်ချမှတ်ထားတဲ့ စစ်တုရင်ဆယ်ရုပ်ကတော့ ဘိုးဘေးနယ်မြေထဲကို ဝင်သွားပါပြီ။ သူတို့က စည်းကို စတင်ပြီးတော့ ချိုးဖျက်နေကြပြီ။ တကယ်လို့ သခင်ကြီးသာ သေသေချာချာ ပြန်လည်ရှင်သန်လာတဲ့ အချိန်ကြရင် သန်းချီတဲ့ စစ်တပ်ကြီးကို အမိန့်ပေးနိုင်ပါပြီ"

"ကောင်းတယ်။ အရမ်းကောင်းတယ်။ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခဲ့တယ်။ ငါပြန်လာတဲ့ အချိန်ကြရင် သူတို့ကို အဆပေါင်းတစ်သောင်းလောက် ပိုပြီးတော့ ဒုက္ခပေးမယ်"

ဗွက် ဗွက်

သွေးကန်ထဲတွင် ရှိနေသော သွေးများသည် ပိုမိုကာဖြင့် တဗွက်ဗွက်ဆူလာခဲ့၏။ နံရံပေါ်တွင် ရှိနေသော ကြီးမားလှသည့် အရိပ်ကြီးကလည်း လူသားတစ်ယောက်၏ အသွင်မျိုးကို တစ်ဖြည်းဖြည်းခြင်း ပြောင်းလဲလာ၏။ ခန္ဓာကိုယ်ပြန်လည်ဖြစ်တည်လာပြီး ကြွင်းကျန်နေသည့် ဝိညာဉ်နှင့် ပြန်လည်ပေါင်းစပ်ပြီးလျှင် နတ်ဆိုးဘိုးဘေးကြီးသည် ပြန်လည်ရှင်သန်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။

ရီရှင်းချန်နှင့် ဖေးအားညိုတို့အတွက် တစ်ခုခုပြုလုပ်ရန် စဉ်းစားနေသော ကျွင်းချောင်ရှောင်းသည်သာ ထိုအချင်းရာကို မြင်ပါက ဝမ်းနည်းနေမိမှာ သေချာသည်။

နတ်ဆိုးနယ်မြေ

ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည် သက်တန့်အလင်းတောင်ပံများကို ထုတ်ယူကာဖြင့် အလင်းတန်းများ ထိုးထွက်လျက်ရှိနေသော တည်နေရာဆီသို့ ပျံသန်းသွားခဲ့ကြ၏။ တောနက်တစ်ခု၏ အတွင်းမှာတော့ စက်ဝိုင်းပုံစံ အစီအရင်တစ်ခု တည်ရှိနေပြီး ထိုအထဲတွင် ရှုပ်ထွေးလှသော အစင်းကြောင်းများကို ရေးဆွဲထားသည်။ အမျိုးသား နံပါတ်နှစ်သည် ထိုတည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် အော်ဟစ်လျက် ရှိနေ၏။

သူ၏ ပါးစပ်ထဲဆီမှ အလင်းတန်းများ ထိုးထွက်နေပြီး စည်းတည်နေရာကို တိုက်ရိုက်ပင် ထိုးနက်နေသည်။

ဝှစ် ဝှစ်

၎င်း၏ ခြေထောက်အောက်တွင် ရှိနေသော အလင်းတန်းများသည် တောက်ပလာခဲ့ပြီး အားကောင်းလှသည့် နတ်ဆိုးအော်ရာများကိုလည်း ထုတ်လွှင့်နေ၏။

"သန္ဓေနတ်ဆိုး ခန္ဓာကိုယ်လား"

အဘယ့်ကြောင့် သူသည် ထိုအချင်းရာကို ပြောနိုင်သည် ဆိုခြင်းမှာ ရောင်မုန့်ယဉ် နှင့် အခြားသော လူရှစ်ယောက်တို့ သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် သူများဖြစ်၏။ ထို့ကြောင့်သာ နတ်ဆိုးတည်နေရာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်၏။

ဆွစ်

ခန္ဓာကိုယ်အတွင်းမှ အတင်းထုတ်ယူခံလိုက်ရသော သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် စက်ဝိုင်းပုံစံ တည်နေရာအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး တည်နေရာတစ်ခုလုံးကို ဖျက်စီးပစ်ရန် ကြံရွယ်နေသည်။

"မြန်မြန် တားလိုက်" စနစ်သည် အလျှင်အမြန် သတိပေးလိုက်၏။

ဝှစ် …။

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ လှုပ်ရှားလိုက်၏။ သူ၏ ကျန်းချီများကို စုစည်းကာဖြင့် ကြီးမားလှသော လက်ကြီးအဖြစ် ဖန်တီးကာ ထိုသန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို လှမ်းကာ ဖမ်းဆီးလိုက်သည်။

ဆွစ်

အမဲရောင်အလင်းတန်းသည် သူ၏လက်ထဲ၌ ချက်ချင်းပဲ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။

ဘန်း

ကျွင်းချောင်ရှောင်းသည် မြေပါ်သို့ ဆင်းသက်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "ငါရှိနေမှတော့ နတ်ဆိုးတည်နေရာကြီးရဲ့ စည်းကို ဘယ်သူမှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

ဝှစ်

ပြောပြီးပြီးခြင်းမှာပဲ သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် သူ၏လက်မှ ချော်ထွက်ကာဖြင့် အပြင်ဖက်ဆီသို့ ပျံသန်းသွား၏။

"ချီးတဲ့မှ … ချောလိုက်တာ"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လိုက်ဖမ်း၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် ယခင်ကထက် မြန်ဆန်လွန်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်ယံသို့ ပျံသန်းသွားတော့၏။ ၎င်းသည် စည်းအစီအရင်ကြီးနှင့် နီးကပ်သည့် အထိ ရောက်ရှိသွားသည်။

"မဟုတ်တော့ဘူး နောက်ကျသွားပြီပဲ"

ဝှစ်

ထိုအချိန်မှာတော့ ရောင်မုန့်ယဉ် သည် သက်တန့်အလင်းတောင်ပံကို ခတ်ကာဖြင့် အလင်းတန်းနှင့် စည်းတည်နေရာကြားသို့ ရောက်ရှိသွားခဲ့၏။ သူမသည် တင်းမာခပ်ထန်စွာ အော်လိုက်၏။ "ရပ်စမ်း"

ဖောက် …။

အရှိန်အဟုန်ဖြင့် ပြေးသွားသော သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် ရုတ်တရက် ရောင်မုန့်ယဉ် ၏ အော်ငေါက်မှု အောက်မှာပဲ ရပ်တန့်သွားခဲ့သည်။

"ဒါ ဘယ်လိုလုပ် အလုပ်ဖြစ်ရတာလဲ" ကျွင်းချောင်းရှောင်းက ဆွံ့အသွားမိ၏။

"ဂိုဏ်းချုပ်"

ရန်မို့ယွင်က ေြ"ဒီသန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ကျွန်မထိန်းချုပ်နိုင်တယ်"

ခန္ဓာကိုယ်နှင့် ဓာတ်သဘာဝများဆိုသည်မှာ ရှားပါးသည့် အရာများဖြစ်၏။ ထူးခြားသည့် အရာများသာမရှိလျှင် တစ်ဖက်လူကို သစ္စာပြုလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤဒုတိယလူ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် အပြင်ဖက်သို့ ပျံသန်းလာပြီးနောက် သူမအနေဖြင့် ထိုအရာနှင့် ပေါင်းစပ်နိုင်သည်ဟု ခံစားနေမိ၏။

"ဒီကိုလာခဲ့စမ်း"

ဆွစ်

သန္ဓေနတ်ဆိုးခန္ဓာကိုယ်၏ အပိုင်းအစသည် ပျံသန်းပြီးနောက် ရောင်မုန့်ယဉ် ၏ လက်ထဲသို့ ရောက်ရှိလာသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒီ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တာက မင်းဆီမှာ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ် ရှိနေလို့ပဲ ဖြစ်ရမယ်"

"အဲလိုလည်း ဖြစ်နိုင်တယ်"

ရောင်မုန့်ယဉ် သည် အားပျော့စွာဖြင့် မေးလိုက်မိ၏။ "ဂိုဏ်းချုပ် ဒီသန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပေါင်စပ်လို့ရလား"

"အင်း မင်းသူ့ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ကျန်တဲ့ခန္ဓာကိုယ် တွေကလည်း မင်းအတွက်ပဲ"

All Chapters