အခန်း ၁၅၁၈
Vol. 102 Ch. 1518
အပိုင်း (၁၅၁၈)
ရောင်မုန့်ယဉ်သည်နံပါတ်နှစ်လူ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို မြင်ရသည့်အချိန်မှာတော့ပေါင်းစပ်နိုင်မှုသည်အလွန်အားကောင်းသည့်အခြေအနေတွင်တည်ရှိနေသည်ဖြစ်ကြောင်းကို ခံစားလိုက်မိတော့၏။ထိုအရာသည်သူမ၏ ခန္ဓာကိုယ်ကဲ့သို့ပင်ခံစားနေမိတော့သည်။သို့ပေမဲ့အနည်းငယ်မှားယွင်းသည့်ပုံစံမျိုးဖြစ်မည်ကို စိုးရိမ်သောကြောင့်ဂိုဏ်းချုပ်ကို မေးမြန်းလိုက်ခြင်းသာဖြစ်သည်။
ထျန်းယွမ်အကျဉ်းထောင်စေတီ၏ တည်နေရာ အကန့်အသတ်သာ မရှိပါက ကျွင်းချောင်ရှောင်းအနေဖြင့်နတ်ဆိုး တည်နေရာနယ်မြေတစ်ခုလုံးကို အထဲသို့ထည့်သွင်းသွားမိမှာ သေချာ၏။ ထိုသို့တောင်စဉ်းစားခဲ့ပြီးပြီဆိုမှတော့ကျန်သည့်သန္ဓေနတ်ဆိုးခန္ဓာကိုယ်များကို သူ၏တပည့်အား သိမ်းဆည်းရန်ပြောခြင်းဆိုသည်မှာ သဘာဝကျလှ၏။
“ဒါမှကုန်းရှန့်အစစ်ပဲ” စနစ်က ဝင်ကာပြောလိုက်သည်။
“နားလည်မှုမလွဲနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါတွေအကုန်လုံးကို ငါလုပ်နေရတာ လောကကြီး အတွက်ပဲ။ လောကကြီးရဲ့ကောင်းကျိုးကို ကိုယ်စားပြုတဲ့သူ တစ်ယောက်ဆီမှမင်း စနစ်ဖြစ်နေတာ ကံကောင်းလွန်းနေပြီ”
သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည်အလင်းတန်းများအဖြစ်သို့ပြောင်းလဲကာဖြင့်နတ်ဆိုးနယ်မြေတည်နေရာအပေါ်ရှိ စည်းအတားအဆီးကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။အကယ်၍ရောင်မုန့်ယဉ်သည်သာ ထိုအရာကို ထိန်းချုပ်နိုင်စွမ်းမရှိပါက ပြဿနာဖြစ်သွားနိုင်သည် မဟုတ်ပါလား။
“..........”
စနစ်သည်အားပျော့စွာဖြင့်ပြောလိုက်မိ၏။ “မင်းနိုင်ပါတယ်ကွာ”
“ဂိုဏ်းချုပ်... ကျွန်မ ဒါကို သန့်စင်ပစ်လိုက်မယ်”ရောင်မုန့်ယဉ်သည်မြေပေါ်တွင်ထိုင်ချလိုက်ပြီးသည့်နောက်သူ၏ စိတ်တစ်ခုလုံးကို သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို လွှမ်းခြုံကာဖြင့်သူမ၏ အပိုင်အဖြစ်သို့စတင်ကာ ကြိုးစား တော့သည်။
ကျွင်းချောင်ရှောင်သည်အလင်းတန်းများကို အန်တုလျက်ရှိနေသည့်ဒုတိယမြောက်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်လူဆီသို့လှမ်း၍ ကြည့်ရှုကာ ပြောလိုက်သည်။
“ဒီလူက ထိန်းချုပ်ခြင်းကို ခံထားရတဲ့ပုံပဲ။ ငါ သူ့ကို နှိုးလိုက်မယ်”
ဘန်း
ကြည့်ရှုလိုက်သည့်အချိန်မှာတော့ထိုသူ၏ မျက်နှာပေါ်တွင်ညာဘက်ခြေထောက်က တည်ရှိနေပြီဖြစ်သည်။ညင်ညင်သာသာဖြင့်နှိုးလိုက်ခြင်းပင်။
ဘုတ် …။
ထိုသူသည်ကျောက်စင်မြင့်၏အပြင်ဘက်ဆီသို့လွင့်စင်သွားပြီးသည့်နောက်အကြိမ်ပေါင်းများစွာ မြေပေါ်တွင်လိမ့်သွားခဲ့သည်။ ၎င်း၏မျက်နှာပေါ်တွင် ကြီးမားလှသည့်ခြေရာကြီးတစ်ခုက ထင်ထင်ရှားရှားပေါ်ပေါက်နေတော့သည်။
ပြောနေစရာပင်မလိုချေ။ ၎င်း၏ပါးစပ်ထဲမှအလင်းတန်းများ ပျောက်ကွယ်သွားခဲ့၏။
အပြင်ဘက်တွင်စိတ်လှုပ်ရှားလျက်ရှိနေသည့်အစောင့်အရှောက်ကြီးသည် ရုတ်တရက်လေဝဲကြီး၏ တုန်ခါမှုရပ်တန့်သွားသည်ကို မြင်ရသည့်အချိန်မှာတော့အမူအရာတစ်ခုလုံး အေးခဲသွားသည်။ “ဒါဘယ်လိုဖြစ်တာလဲ”
အမဲရောင်ဝတ်စုံနှင့်လူသည်လည်း အံ့အားသင့်သွားမိ၏။ “နတ်ဆိုးနယ်မြေတည်နေရာကြီးရဲ့စည်းက မချိုးဖြတ်ရ သေးဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ရပ်သွားရတာလဲ”
“မတော်တဆကိစ္စရပ်တစ်ခုခုများ ဖြစ်သွားလို့လား”
အစောင့်အရှောက်ကြီး ပြောပြီးပြီးချင်းမှာပဲ လေဝဲကြီးသည် ပြန်လည်တုန်ခါလာခဲ့၏။ထို့ကြောင့်သူသည်စိတ်သက်သာရာ ရသလို ပြုံးလိုက်မိသည်။ “အင်း ပြန်စနေပြီလား”
“အမ်”
နံပါတ်နှစ်လူအား ရှင်းလင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်အသာမော့ကြည့်လိုက်၏။ ပြီးနောက်အရှေ့ဘက်တည်နေရာတွင်အလင်းတန်းများ ထိုးတက်နေသည်ကို ရှာဖွေတွေ့ရှိလိုက်၏။သူသည်မျက်မှောင်ကုတ်သွားမိသည်။ “အဲမှာလည်း နောက်ထပ်စည်းတစ်ခု ရှိနေသေးတာလား”
စနစ်က ပြောလိုက်သည်။ “ဒီကိုလာတဲ့လူအရေအတွက်အရ စည်းက ဆယ်ခု ရှိရလိမ့်မယ်”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည်မတ်တပ်ရပ်ကာ ပြောလိုက်၏။ “သန့်စင်တဲ့ကိစ္စက ပြီးသွားပြီ”
“မြန်လှချည်လား”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်အံ့အားသင့်မှုများ ဖြစ်တည်လာခဲ့၏။ ဤကဲ့သို့သော ဓာတ်သဘာဝများကို စုပ်ယူသည်ဆိုသည်မှာ အချိန်အနည်းငယ်ယူရ၏။ သို့ပေမဲ့ဤမိန်းကလေးသည်တစ်မိနစ်ပင်မပြည့်သည့်အချိန်တွင် ပြီးစီးသွားခဲ့သည်။အမှန်တကယ်ပင်လွယ်ကူပြီး မြန်ဆန်လွန်းလှချေသည်။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်သည်တီးတိုးပြောလိုက်၏။ “သန္ဓေနတ်ဆိုးခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီးတဲ့နောက်မှာ ကျွန်မက တတိယအဆင့်ကို ရောက်သွားပြီ”
“ဘာ”
ကျွင်းချောင်ရှောင်းသည်ထခုန်လုမတတ်ဖြစ်သွားမိသည်။ ရောင်မုန့်ယဉ်သည်နတ်ဆိုးရေစက်တည်နေရာနယ်မြေထဲတွင်အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်ဆိုသော်လည်း အဆင့်ချိုးဖြတ်ရန်တော့လိုအပ်နေသေး၏။ သူမသည်နတ်ဆိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ပြီးသည့်နောက်အဆင့်ကြီးတစ်ဆင့်ပင်တိုးတက်သွားခဲ့တော့သည်။ဤအရာသည်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
“သွားမယ်။ငါမင်းကို ဒုတိယတစ်ယောက်ဆီ ခေါ်သွားမယ်”
လက်ရှိအခြေအနေမှာတော့ကျွင်းချောင်ရှောင်း၏ ရည်မှန်းချက်သည်လောကတစ်ခုလုံးကို ကယ်တင်ရန်အတွက်မဟုတ်တော့ချေ။သူ၏ တပည့်အား တခြားသောလူရှစ်ယောက်၏ ခန္ဓာကိုယ်ကို ရယူစေချင်သောကြောင့်ဖြစ်ပေလိမ့်မည်။ထို့အပြင်ဤအရာသည်အမွေအနှစ်ဟူပင်သတ်မှတ် နိုင်စွမ်းရှိ၏။
“အိုး.... ရက်စ်”
စနစ်က ပြောလိုက်သည်။ “ဒါကမှလက်ခံသူရဲ့အမူအကျင့်ပဲ”
.............
အလင်းတန်းများ ထိုးတက်နေရာ တည်နေရာတွင်တော့ရှုပ်ထွေးလှသည့်ပုံစံများ ရေးဆွဲထားသည့်စက်ဝိုင်း ပုံသဏ္ဍာန်စင်မြင့်ကြီးတစ်ခု တည်ရှိလို့နေ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးသည်ပါးစပ်ကို ဟထားပြီးသည့်နောက်အလင်းတန်းများ ထိုးထွက်လာကာ ကောင်းကင်ယံရှိ စည်းကြီးကို ထိုးနှက်နေ၏။
ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည်အမြန်ဆန်ဆုံးနှုန်းဖြင့်ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည်ယခင် ကြုံတွေ့ရသော အတွေ့အကြုံများ တည်ရှိနေပြီဖြစ်သောကြောင့်သန္ဓေနတ်ဆိုးခန္ဓာကိုယ် ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေသည်။
သေချာပေသည်။ခဏလောက်ကြာပြီးနောက်မြွေတစ်ကောင်နှင့်ဆင်တူ လှသော အမဲရောင် အလင်းတစ်ခု သည်ပါးစပ်ထဲမှထိုးထွက်လာပြီး အလင်းတန်းများနှင့်အတူ အပေါ်သို့တက်သွား၏။ “ကောင်မလေး.... ဒီကိစ္စကို မင်းတာဝန်ယူလိုက်တော့”
“အင်း”
အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်သော ရောင်မုန့်ယဉ်သည်ပျံသန်းသွားခဲ့ပြီးသည့်နောက်လေထုထဲတွင်မတ်မတ်ရပ်ကာ အော်ဟစ်လိုက်သည်။
အလောတကြီးဖြင့်အပေါ်သို့တက်သွားသည့်သန္ဓေနတ်ဆိုး ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်သွား၏။ ပြီးနောက်လိမ်မာလွန်းလှသော ကလေးလေးတစ်ယောက်ကဲ့သို့သူမ၏ လက်ထဲသို့ရောက်ရှိလာခဲ့၏။
ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည်တိကျသေချာစွာ ပြောလိုက်သည်။ “ဒီမိန်းကလေးရဲ့သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ဆိုတာက ပုံမှန်သန္ဓေနတ်ဆိုးခန္ဓာကိုယ်တွေအကုန်လုံးကို ဖိနှိပ်နိုင်စွမ်း ရှိတယ်နဲ့တူတယ်”
စနစ်က ပြောလိုက်၏။ “အသုဘခန်းဆောင်ရဲ့ဂိုဏ်းခွဲမှူးပြောတဲ့ပုံစံအရဆိုရင်နတ်ဆိုးဘိုးဘေးက သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ဆယ်ခုကို အသီးသီး နေရာအနှံဆီကို ပို့လွှတ်လိုက်တယ်။ရည်ရွယ်ချက်ကတော့သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ပိုင်ရှင်ဆီကို ပြန်လာနိုင်ဖို့ပဲ ဖြစ်လိမ့်မယ်”
“ဒါဖြစ်နိုင်တယ်” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။
စနစ်က ထပ်မံကာ ပြောလိုက်၏။ “အင်း.... အခု ပုံပန်းသွင်ပြင်ကို ကြည့်ရတာ သန္ဓေနတ်ဆိုးပိုင်ရှင်ဆယ်ယောက်က စည်းကိုချိုးဖြတ်ဖို့ ကြိုးစားနေပြီ။ ဒါကြောင့်နတ်ဆိုးနယ်မြေတည်နေရာကြီးက လောကကြီးမှာ ပြန်ပြီးပေါ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေပြီ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ဒီလိုဆိုရင်မုန့်ယဉ်ကသာ ကျန်တဲ့ခန္ဓာကိုယ်တွေကို အပိုင်သိမ်းဆည်းနိုင်မယ်ဆိုလို့ရှိရင်စည်းတည်နေရာကို ဖွင့်ဖို့သော့ချက်တစ်ခုကို ရသွားတာနဲ့တူညီလိမ့်မယ်။ဒါဆိုရင်ပြဿနာတွေအားလုံးက ပြဿနာတွေ မဟုတ်တော့ဘူးပေါ့”
စနစ်နှင့်ပြောဆိုနေတုန်းမှာပဲ ရောင်မုန့်ယဉ်သည်မြေပေါ်တွင်ခြေချိတ်ထိုင်ကာဖြင့်ဒုတိယသန္ဓေနတ်ဆိုး ခန္ဓာကိုယ်နှင့် ကျွမ်းကျင်စွာ ပေါင်းစပ်လျက်ရှိသည်။သူမသည် မြင့်မားလှသည့်ဓာတ်သဘာဝနှင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန်ပဲ တစ်ဖက်၏ ခန္ဓာကိုယ်ကို စုပ်ယူနိုင်စွမ်း ရှိနေတော့သည်။ ဖြစ်စဉ်တစ်ခုလုံးသည်တစ်မိနစ်ပင်မကြာလိုက်ချေ။
“ဂိုဏ်းချုပ်... ကျွန်မ အဆင့်လေးကို ရောက်သွားပြီ”
..............
ကျွင်းချောင်ရှောင်းသည်ထအော်လုမတတ်ပင် ဖြစ်သွား၏။ သူအဆင့်တက်သည့်အချိန်တွင်အထူးတာဝန်များကို ပြည့်စုံရန်အတော်ပင် ကြိုးစားပြီး အားစိုက်ထုတ်ခဲ့ရသည်။သို့ပေမဲ့ရောင်မုန့်ယဉ်မှာတော့ ခန္ဓာကိုယ်များကို လိုက်လံပေါင်းစပ်ရင်းဖြင့်အဆင့်ချိုးဖြတ်လျက်ရှိနေသည်။
............
အပြင်ဘက်လောကတွင်တော့လေဝဲကြီးသည်ထပ်မံကာ တုန်ယင်လာခဲ့ပြန်၏။ ကျွင်းချောင်ရှောင်း အနေနှင့် တစ်ဖက်လူများကို ကန်ကျောက်ပြီး တားဆီးလိုက်သည့်အချိန်တိုင်းတွင်လေဝဲကြီးသည်ရပ်တန့်သွားပြီး တခြားတစ်ယောက်က အသက်သွင်းလိုက်သည့်အချိန်တိုင်းတွင်လေဝဲသည် ပြန်လည်ကာ အသက်ဝင်လာခဲ့၏။
“ဘာလို့ထပ်ပြီး ရပ်သွားပြန်တာလဲ”
အစောင့်အရှောက်ကြီးနှင့် အမဲရောင်ဝတ်စုံဝတ်အဘိုးအိုတို့သည်စိတ်ဓာတ်ကျလျက်ရှိ၏။
ဒွီ
ဆယ်မိနစ်လောက်စောင့်ပြီးသည့်နောက်လေဝဲကြီးသည်စတင်ကာ တုန်ခါလာခဲ့သည်။စည်းကို ချိုးဖြတ်ရန်အတွက်ဤကဲ့သို့တုန်ခါမှုနှင့်ရပ်တန့်မှုသည်လိုအပ်သည့်အရာများ ဖြစ်နေသည်လား ဆိုသည်ကို သူတို့က ခန့်မှန်းတွေးတောမိနေကြသည်။
သေချာပေသည်။မကြာခင်မှာပဲ ထပ်မံကာ ရပ်တန့်သွား၏။
ဟား ဟား ဟား ဟား ဟား
အစောင့်အရှောက်ကြီးသည်ရယ်မောလိုက်သည်။ “စိတ်ပူစရာ မလိုတော့ဘူး။ ဒါက ဖြစ်နေကြပဲကို”
ဒွီ
ခဏလောက်ကြာပြီးသည့်နောက်လေဝဲကြီးသည် ပြန်လည်ကာ တုန်ယင်လာခဲ့၏။အကြိမ်ပေါင်းများစွာ ဤကဲ့သို့ ဖြစ်ပေါ်နေသောကြောင့်အစောင့်အရှောက်ကြီးနှင့် အမဲရောင်ဝတ်စုံဝတ်အဘိုးအိုတို့သည်အလုံးစုံ စိတ်သက်သာရာ ရမိသွား၏။ ထပ်မံကာ ရပ်တန့်သွားမည်ဆိုလျှင်တောင်မှသူတို့သည်စိတ်အေးသက်သာစွာဖြင့် ကြည့်နေတော့မှာဖြစ်၏။
နတ်ဆိုးနယ်မြေ တည်နေရာကြီးထဲတွင်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ရှစ်ယောက်တို့သည်သတ်မှတ်ထားသော စင်မြင့်ဆီသို့သွားရမည်ဖြစ်ပြီး အလင်းတန်းများကို ထုတ်လွှတ်ကာဖြင့်စည်းများကို ချိုးဖြတ်ရပေလိမ့်မည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည်ထိုသူများဆီသို့အရင်ရောက်ရှိအောင်သွားလာခဲ့ပြီးနောက် ခန္ဓာကိုယ်မှထွက်ပေါ်လာသော သန္ဓေနတ်ဆိုးခန္ဓာကိုယ်များကို အပိုင်စီးနေ၏။
ဘုတ်
စိတ်၏ထိန်းချုပ်မှုကို ခံထားရပုံပေါ်သည့်စတုတ္ထမြောက်လူသည်ပျံသန်းလာခဲ့၏။သို့ပေမဲ့သူသည် မျက်နှာကို ကန်ခံ လိုက်ရပြီးသည့်နောက်မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည်သူ၏ခြေထောက်ကို ပြန်ရုတ် ကာဖြင့်လက်ခုပ်တီးကာဖြင့်ပြောလိုက်၏။ “နောက်ထပ်နှစ်ယောက်”
ရောင်မုန့်ယဉ်သည်အဝေးတစ်နေရာတွင်ခြေချိတ်ထိုင်လျက်ရှိနေပြီး အမြန်ဆန်ဆုံးနှုန်းထားဖြင့်ခြောက်ခုမြောက်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဖြင့်ပေါင်းစပ်လျက်ရှိသည်။သူမသည်ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျွန်မ အမြူတေပြောင်းလဲခြင်းအဆင့်ရှစ်ကို ချိုးဖြတ်ရောက်ရှိသွားပြီ”
“...........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည်တဆတ်ဆတ်နှင့်တုန်ယင်လျက်ရှိ၏။ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ခြောက်ခု နှင့်ပေါင်းစပ်ပြီးသည့်နောက်သူမသည်အဆင့်နှစ်အမြူတေပြောင်းလဲခြင်းအဆင့်မှသည်အဆင့်ရှစ်ဆီသို့ရောက်ရှိ ခဲ့၏။လက်ရှိအခြေအနေမှာတော့သူ၏ ဆာဗာခိုးသူဆိုသည့်နာမည်အား သူမကို ပြောင်းလဲပေးရတော့မည်။
..............
မဲမှောင်လှသည့်ပတ်ဝန်းကျင်တည်နေရာတစ်ခုတွင်အေးစက်စက်အသံတစ်ခုသည်ကျောက်စင်မြင့်ကြီးပေါ်မှထွက်ပေါ်လာခဲ့သည်။ “ငါ့ရဲ့သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကို ရယူသွားတဲ့မိန်းကလေးကို ရှာတွေ့ပြီလား”
“သခင်ကြီး... ကျုပ် သူမကို ရှာတွေ့ပါပြီ”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည်လေးလေးစားစားဖြင့်ပြောလိုက်၏။ “သခင်ကြီးရဲ့အမွေအနှစ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားတဲ့လူက ပြိုင်စံရှားဂိုဏ်းတပည့်ပါပဲ”
“ပြိုင်စံရှားဂိုဏ်းဟုတ်လား”
နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်ဝိညာဉ်က မေးလိုက်သည်။ “ဒါ ဘယ်လိုဂိုဏ်းမျိုးလဲ”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် ပြိုင်စံရှားဂိုဏ်းအကြောင်းကို သေသေချာချာ ရှင်းပြလိုက်တော့၏။အထက်နယ်မြေဆီသို့အခုမှတက်ရောက်လာတဲ့ဂိုဏ်းတစ်ခု ဖြစ်သည့်အပြင်ဘာတစ်ခု သိပ်မလုပ်နိုင်သည့်ဂိုဏ်းတစ်ခု ဖြစ်ကြောင်း မြန်မြန်ဆန်ဆန်နှင့် ပြောဆိုရှင်းပြလိုက်၏။
“ဟမ့်”
နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်ဝိညာဉ်သည်အံ့အားတသင့်ဖြင့်ပြောလိုက်သည်။ “အထက်နယ်မြေကို တောင်တစ်ခုလုံးခေါ်ပြီး တက်လာနိုင်တယ်ဆိုတော့ခန့်မှန်းလို့မရအောင်လုပ်နိုင်တဲ့လူတွေဖြစ်မယ်”
“သခင်ကြီး”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည်လေးနက်တည်ကြည်စွာဖြင့်ပြောလိုက်၏။ “ပြိုင်စံရှား ဂိုဏ်းချုပ်ရဲ့ဆရာက ကြီးမြတ်သူတုံးကုပဲလေ။ အဲလူက အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ။ သူ့တပည့်ကို ကျုပ်တို့က သွားပြီး ပြဿနာ မရှာရဲသေးဘူး”
“စိတ်မပူနဲ့။”
နတ်ဆိုးဘိုးဘေးသည်ထူးမခြားနားသလို ပြောလိုက်သည်။ “ငါ့ရဲ့ခန္ဓာကိုယ်ကို အပြင်လူ တစ်ယောက်က ရရှိသွားတယ်ဆိုရင်တောင်အသုံးချခံ သက်သက်ပဲ။ ငါ ပြန်လည်ရှင်သန်လာပြီဆိုတာနဲ့သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆယ်ခုလုံးက စွမ်းအင်အဖြစ်ပြောင်းလဲပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာလိမ့်မယ်။အဲဒီအချိန်ရောက်ရင်နတ်ဆိုး စစ်သည်ပေါင်းသန်းချီက ငါ့ရဲ့အမိန့်ကို နာခံရလိမ့်မယ်”
ဤကဲ့သို့သော စကားများသည် အလုံးစုံ ဂုဏ်ယူဝံ့ကြွားနေသည့်အရိပ်အယောင်များ ပါဝင်လျက်ရှိနေ၏။