ဝိညာဉ်သစ်ပင်
Vol. 123 Ch. 1718
ရှီမာယူယူသည် ဝိညာဉ်သားရဲကိုကြည့်ပြီး ထိုလူများဤနေရာတွင် သေရ သည့်အကြောင်းအရင်းကို နားလည်သွားလေပြီ။
သူမသည် သူမ၏အားနှင့် ပြိုင်ဘက်၏ အားကိုအကဲခတ် အမှတ်ပေး ကြည့်ရာ အနိုင်ရနိုင်သည့်အခွင့်အရေးမှာ…. သုညပင်ဖြစ်သည်။
သို့သော် သူမသည် ဘေးတွင်ရှိသော ချင်ယိကိုကြည့်လိုက်သည်။ သူမ သည် ကိုယ့်ခြေထောက်ကိုယ် အားကိုးကာ ပြန်ပြေးချင်မိသည်။ သူသည် ဤ နေရာတွင် အားအကောင်းဆုံးပင်ဖြစ်သည်။
သို့သော် တစ်ဖက်မှာ သူမထင်ထားသလို သူတို့ကိုတိုက်ရိုက်မသတ်ပေ။ ထိုအစား သူတို့သုံးယောက်ကို အချိန်ကြာမြင့်စွာစိုက်ကြည့်ပြီးနောက် ပြောလာ လေသည် “ကျုပ်သခင်က ဖိတ်ခိုင်းလိုက်တယ်”
ပြောပြီးနောက် သူလှည့်ထွက်ကာ ခမ်းနားစွာပင်… လျှောက်သွားလေ သည်။
ရှီမာယူယူနှင့် ရှောင်ချီတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ကာ ဝိညာဉ်သားရဲနောက်လိုက် သွားကြသည်။
ချင်ယိသည် သူတို့နှစ်ယောက်၏ အပြုအမူကိုမြင်သောအခါ မတတ်သာ တော့ဘဲ သူတို့နောက်ကိုလိုက်သွားရတော့သည်။
ဝိညာဉ်သားရဲသည် သူတို့ကို ခပ်ဝေးဝေးသို့ ခေါ်သွားသည်။ သွားသည့် လမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲများ၏ ရောင်ဝါများကို ရှီမာယူယူ ခံစားမိ သည်။ သူတို့သည် အလွန်သန်မာသည်။ သူတို့၏ နယ်နိမိတ်ကိုရောက်သော အခါ ထိုရောင်ဝါများသည် သူတို့ဆီသို့ဦးတည်လာပြီး ပြန်ထွက်သွားကြလေ သည်။ ဦးဆောင်သွားသော ဝိညာဉ်သားရဲကြောင့်သာမဟုတ်လျှင် သူတို့သည် မောင်းထုတ်ခံရပြီးဖြစ်နေချေပြီ။
“ဒီဝိညာဉ်သားရဲတွေကို ပညာရှိစံအိမ်တော်က ပိုင်တာလား” ရှောင်ချီ မေးလိုက်သည် “သူတို့ပိုင်တယ်ဆိုရင်တော့ ပြဿနာပဲ”
သူမ၏ စိတ်ထဲတွင် ပညာရှိစံအိမ်တော်သည် ရှီမန်မျိုးနွယ်ကို ချေမှုန်း သည့်ကိစ္စများတွင် ထဲထဲဝင်ဝင်ပတ်သက်ထားသဖြင့် ရှီမာယူယူနှင့် ပညာရှိ စံအိမ်တော်တို့ တိုက်ခိုက်ကြမည်ဟု ထင်နေသည်။ ထို့အပြင် ထိပ်တန်း တောင်ကြားသည် ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့ကို ချေမှုန်းခဲ့ သည်။ သူမသည် ပညာရှိစံအိမ်တော်၏ အကျိုးအမြတ်များအားလုံးကို နှောင့်ယှက်ခဲ့သစည်။ အရေးအကြီးဆုံးမှာ သူမသည် ပညာရှိစံအိမ်တော်၏ ဂုဏ်သိက္ခာကို လုယူသွားခဲ့သည်။ ပညာရှိစံအိမ်တော်၏ သဘာဝအတိုင်းဆို လျှင် အခွင့်အရေးရှာကာ ပြန်ပေးဆပ်ခိုင်းမည့်အရေးကို လက်လျော့မည် မဟုတ်ပေ။ ပြီးလျှင် ရှီမာယူယူသာ သူတို့ရှာနေသော ပြီးပြည့်စုံသည့် ဝိညာဉ် သခင်ဖြစ်ကြောင်း သိသွားပါက သူမကို သေချာပေါက်သတ်မည်ဖြစ်သည်။
ရှေ့မှလျှောက်သော ဝိညာဉ်သားရဲသည် ရှောင်ချီ၏ ပြောစကားကို ကြား သောအခါ နှာမှုတ်လိုက်သည် “ဒီကမ္ဘာမှာ သခင်ကလွဲပြီး ဘယ်သူကများ ငါတို့ ကို မဟာမိတ်လုပ်နိုင်မှာလဲ”
ထိုအသံနေအသံထားမှာ ပညာရှိစံအိမ်တော်ကို သေချာပေါက် အထင် သေးကြောင်းကို ပြနေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမ၏ စိတ်ထဲတွင်တော့ ဒါဆို ရင် ‘သူတို့က ပညာရှိစံအိမ်တော်နဲ့ဘာလုပ်ကြတာလဲ’ ဆိုသည်ကို သိချင်မိ သည်။
အတန်ကြာအောင် လျှောက်ပြီးနောက်တွင် ခပ်ဝေးဝေးသို့ မရောက်သေး ဘူးဟု ရှီမာယူယူထင်လိုက်သော်လည်း နောက်မှသလိုက်သည်မှာ သူတို့သည် ပညာရှိစံအိမ်တော်နှင့် အတော်အလှမ်းဝေးနေသည်ကို သိလိုက်ရသည်။
ဝိညာဉ်သားရဲများ အေးအေးလူလူလမ်းလျှောက်နေသည်ကို သူမ ကြည့် ပြီးရိုးရှင်းသည်ဟု တွေးနေမိသည်။ ခြေလှမ်းတိုင်းမှာ အလွန်သတိထားရသည်။ ရှီမာယူယူ အံ့ဩသွားကာ တိတ်တိတ်လေး တွေးနေမိသည် “ကိုယ်ဖော့ ခြေလှမ်း”
“ရောက်ပြီ ဝင်ရအောင်”
သူတို့ မည်သည့်နေရာသို့ လျှောက်သွားရသည်ကို ရှီမာယူယူ မသိပေ။ သူမသည် ရှေ့တစ်လှမ်းတိုးလိုက်ရာ တောအုပ်တစ်ခုအတွင်းသို့ ရောက်သွား သည်ဟု ခံစားရသည်။ သူမသည် များစွာ သက်တောင့်သက်သာဖြစ်သွားသည်။
“ဒါက… ဝိညာဉ်စွမ်းအားပဲ” ချင်ယိသည် ကောင်းကင်ပေါ်မှ မျောနေ သော ရောင်ဝါကို ခံစားမိပြီး မည်သူမည်ဝါဖြစ်သည်ကို သိလိုက်ရသည်။
ရှောင်ချီလည်း တွေးမိရာ ရှီမာယူယူ၏ လက်ကိုဆွဲပြီး စိတ်လှုပ်ရှားစွာ အော်လေသည် “ယူယူ ယူယူ ဒီလူကြီးက ဘယ်သူလဲဆိုတာ ရှောင်ချီသိပြီ လေထဲက ဒီဟာတွေက အရမ်းကောင်းတာ ယူယူအများကြီး စုပ်ယူသင့်တယ် ရှောင်ချီတို့ ပြန်ရင်လည်း အဲဒါကိုယူသွားရမယ် ဒါဆိုရင် အများကြီးမြတ်မှာပဲ”
ရှီမာယူယူသည် အလွန်ပင် အံ့အားသင့်သွားသည် “အဲလောက်တောင် အားကြီးတာလား”
“ဒါဘာလဲဆိုတာ သိလား ချင်ယိအရင်ကပြောဖူးတဲ့ ဝိညာဉ်သစ်ပင်ပဲ သူ့အဆီအနှစ်ကို ဆုပ်ယူလိုက်ရင် ယူယူ့ရဲ့ဝိညာဉ်အား တက်တဲ့နေရာမှာ အကျိုးအရမ်းရှိတယ်” ရှောင်ချီသည် အသက်ပြင်းပြင်းရှိုက်လိုက်သည် “ဒါက သူကထွက်တဲ့ရောင်ဝါပဲ ဒါကိုရှုပြီးသွားတော့ စိတ်ကသက်တောင့်သက်သာ ဖြစ်သွားတယ်မလား”
ရှီမာယူယူ မှင်တက်သွားသည်။ ထိုအရာသည် အမှန်တကယ်ပင် အသက် သစ်ပင်ကဲ့သို့ ကျော်ကြားသော အံ့ဖွယ်သစ်ပင်ဖြစ်သည်။
“ဟားဟား ဒီကောင်မလေးတော့ နှစ်တွေဒီလောက်ကြာနေတာတောင် အရင်အတိုင်းပဲ” ကြီးရင့်သော အသံတစ်သံသည် သူတို့အနောက်မှ ထွက်လာ သည်။ ထိုလူသည် သူတို့ဘေးတွင် စကားပြောနေသည့်အလားပင်။
“ဘိုးဘိုးဖြူ ဘိုးဘိုးဖြူ” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုလွှတ်ပြီး ပျော်ရွှင်စွာ ခုန်လိုက်သည်။
“အကြီးအကဲဖြူ” ချင်ယိသည်လည်း သူ့ကို တလေးတစား နှုတ်ဆက်လေသည်။
ထိုဝိညာဉ်သစ်ပင်သည် အသက်သစ်ပင်ထက်ပင် အသက်ပိုကြီးသည်။
“ချင်ယိ နောက်ဆုံးတော့ မင်းက ဒီနေ့ရဲ့အသက်သစ်ပင်ဖြစ်လာပြီပဲ” အကြီးအကဲဖြူသည် ဝမ်းသာနေသံပေါက်သည် “ငါတို့ ဒီနေ့အထိ အသက်ရှင် လိမ့်မယ်လို့ ထင်မထားဘူး”
“ဘိုးဘိုးဖြူ ဘယ်တွေမှာလဲ” ရှောင်ချီသည် ဝိညာဉ်သစ်ပင်ကို မတွေ့ရ သောအခါ နှုတ်ခမ်းဆူလေသည်။
အဖြူရောင်အလင်းတန်းသည် သူတို့ကို ဝန်းရံလိုက်သည်နှင့် သူတို့သည် ချက်ချင်းပင် နောက်တစ်နေရာတွင် ပေါ်လာလေသည်။
သူ၏ ကိုယ်ထည်သည် ချင်ယိ၏ကြီးမားသော ကိုယ်ထည်နှင့်မတူပေ။ ရှီမာယူယူသည် ရင့်အိုနေသော သစ်ငုတ်တိုကိုသာ မြင်ရသည်။ ပင်စည်မှာ လည်း လူအနည်းငယ် ဖက်ရလောက်အောင် ကျယ်ဝန်းသည်။ အမြင့်မှာ မီတာအနည်းငယ် မြင့်မားကာ ထိုအပေါ်တွင် သစ်ရွက်ဖြူတချို့ရှိနေသည်။
“ဘိုးဘိုးဖြူ ဘာလို့ ဒီလိုဖြစ်သွားတာလဲ” ရှောင်ချီသည် ဝိညာဉ်သစ်ပင်ကို ကြည့်ပြီး မျက်လုံးများရဲလာသည်။ သူမသည် အကိုင်းများကို သွားထောက်ခံ ထားကာ ထိုသစ်ရွက်ဖြူများကို သတိရှိရှိကိုင်တွယ်လိုက်သည်။ သူမ၏ မျက်ရည်များ တဖြည်းဖြည်းကျလာသည်။
“ဟားဟား ဝမ်းနည်းမနေပါနဲ့” ဝိညာဉ်သစ်ပင်၏ အကိုင်းများသည် ညင်သာစွာ ထိုးထါက်လာပြီး သူမ၏ မျက်နှာကိုနူးညံ့စွာ ကိုင်ပေးလေသည်။
“ဘိုးဘိုးဖြူ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ ဘိုးဘိုးဖြူရဲ့ သစ်ပင်ထိပ် ပိုင်းရော သစ်ကိုင်းတွေရော…” ရှောင်ချီသည် ဝမ်းနည်းပက်လက်ဖြစ်နေသည်။ သူမသည် မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ရတော့မည်ဟု ထင်လိုက်မိသည်။ သို့သော် ဤအခြေအနေနှင့်တွေ့ရလိမ့်မည်ဟု သူမ ထင်မထားပေ။
“ကလေး မငိုပါနဲ့ အသက်ရှင်လျက် ဒီလိုပြန်တွေ့ရတာကိုပဲ ငါတို့ ပျော် ရမှာလေ” ဝိညာဉ်သစ်ပင်သည် သူမကိုနှစ်သိမ့်ပေးလေသည်။
“အကြီးအကဲဖြူ ဘယ်လိုဖြစ်ပြီး…” ချင်ယိသည် လျှောက်သွဦးပြီး ဝိညာဉ်သစ်ပင်၏ အခေါက်များကို ကိုင်ကြည့်လိုက်သည်။ သူ့အသံမှာ အက်ကွဲ နေသည်။
“ချင်ယိ မင်းလည်းကြီးလာပြီ”
ချင်ယိသည် မျက်တောင်ခတ်ပြီး မျက်ရည်များကို အောင့်ထားပြီး ပြော လိုက်သည် “အကြီးအကဲဖြူ ဘယ်လိုဖြစ်တာလဲ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွား တာလဲ”
“ဟူး…” ဝိညာဉ်သစ်ပင်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။ ရှောင်ချီ၏ ရောင်ဝါသည် ထူးဆန်းနေကာ သူမခန္ဓာကိုယ်အား အလင်း ခပ်ဖျော့ဖျော့ ဖြတ်သွားသည်ကို ရုတ်တရက် သူသတိထားမိလိုက်သည် “မင်း လူသားနဲ့ စာချုပ်တည်ထောင်လိုက်တာလား”
“ဟုတ်ပါတယ်” ရှောင်ချီ ခေါင်းညိတ်လိုက်သည်။ သူမသည် ရှီမာယူယူ ကို ညွှန်ပြပြီး ပြောလိုက်သည် “ဒါက ကျွန်မရဲ့ စာချုပ်သခင်ပါ”
“ဘယ်လိုဖြစ်ပြီး လူသားတစ်ယောက်နဲ့ စာချုပ်တည်ထောင်လိုက်တာလဲ ဖိအားပေးခံရတာလား”
“မဟုတ်ပါဘူး ဘိုးဘိုးဖြူ ယူယူက ကျွန်မကိုကယ်လိုက်တာပါ” ရှောင်ချီ သည် သူ့ကိုအဖြစ်အပျက်များကို ပြောပြလိုက်သည်။ ချင်ယိ၏ သက်သေလိုက် မှုနှင့်အတူ ဝိညာဉ်သစ်ပင်သည် ရှီမာယူယူကို အခက်တွေ့အောင် မလုပ်တော့ ပေ။
သို့သော် သူမ၏ အသိစိတ်အတွင်းသို့ စွမ်းအင်များ ဝင်နေသည်ကို ရှီမာယူယူ ခံစားမိသည်။ ရှောင်ချီနှင့် စာချုပ်တည်ထောင်သည့်နေ့နှင့် ရှောင်ချီ နှင့် ခါတိုင်းဆက်ဆံပုံမြင်ကွင်းများကို သူမမြင်လိုက်ရသည်။ ထိုစွမ်းအားသည် အမြန်ပင် နောက်ပြန်ဆုတ်သွားခဲ့သည်။
“မဆိုးဘူး မင်းလိုလူသားရှိဖို့ဆိုတာ ရှားတယ်”
ရှောင်ချီသည် ဝိညာဉ်သစ်ပင်၏ အကိုင်းများကို ဆုပ်ကိုင်ကာ ပြောလိုက် သည် “ဘိုးဘိုးဖြူ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားလဲဆိုတာ မပြောရသေးဘူး ဘယ်လိုဖြစ်တာလဲ ပညာရှိစံအိမ်တော်ကလုပ်တာလား”
“အထွေအထူးမဟုတ်ပါဘူး” ဝိညာဉ်သစ်ပင်သည် များများစားစား ပြောလိုစိတ်မရှိပေ။
ချင်ယိသည် မြေထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်ပြီး အော်လေသည် “အကြီးအကဲက အဆိပ်မိထားတာပဲ”
“ဘာ အဆိပ်မိတယ်ဟုတ်လား ဘိုးဘိုးဖြူ ဒီမှာ ဘယ်လိုလုပ် အဆိပ်မိ သွားတာလဲ ပညာရှိစံအိမ်တော်လုပ်တာလား” ရှောင်ချီသည် ချက်ချင်းပင် ထခုန်လေသည် “ပညာရှိစံအိမ်တော်က အရှုပ်ဖြစ်မယ်ဆိုတာ သိနေတယ် သူတို့က ဘိုးဘိုးဖြူကို ထိခိုက်အောင်လုပ်မယ်လို့ ထင်မထားဘူး”
ချင်ယိနှင့် ရှောင်ချီတို့ တုံ့ပြန်မှုကြီးမားသည်ကို ရှီမာယူယူ မြင်သောအခါ မေးလိုက်သည် “ဘာဖြစ်လို့လဲ”
ရှောင်ချီသည် ချက်ချင်းပင် ရှီမာယူယူ၏ ဘေးသို့ပြေးသွားကာ သူမလက် ကိုဆွဲပြီး ပြောလိုက်သည် “ယူယူ ဘိုးဘိုးဖြူကိုကယ်ပါ ဘိုးဘိုးဖြူက အရမ်း သနားဖို့ကောင်းတာပဲ”
ရှီမာယူယူသည် သူမလက်ကိုပုတ်ပြီး ပြောလိုက်သည် “ဒီလိုစကားတွေ ပြောဖို့လိုသေးလို့လား ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကိုအရင်ပြောရ မယ်”
***