← Chapters

အခန်း ၁၅၂၀

Vol. 102 Ch. 1520

အခန်း ၁၅၂၀

Vol. 102 Ch. 1520

အပိုင်း(၁၅၂၀)

သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆိုသည်မှာ ဘာဖြစ်သနည်း။

သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆိုသည်မှာ သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ဆီမှခွဲထွက်သွားသည့်အစိတ်အပိုင်း ခန္ဓာကိုယ် ၁၀ ခုသာ ဖြစ်၏။ ထိုသန္ဓေနတ်ဆိုးခန္ဓာကိုယ် ၁၀ခုသည်အစစ်အမှန်ပေါင်းစပ်သွားသည့်အချိန်တွင် ပြည့်စုံသည့်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်အဖြစ် ဖြစ်တည်သွားပေလိမ့်မည်။

ထို့ကြောင့်ရောင်မုန့်ယဉ်အနေနှင့် နတ်ဆိုးရေစက်နယ်မြေထဲတွင်အမွေဆက်ခံခဲ့သည့်သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ဆိုသည်မှာ ပြည့်စုံသည့်အရာတစ်ခုမဟုတ်ပေ။ သို့ပေမဲ့လက်ရှိခန္ဓာကိုယ် ၁၀ခုနှင့် ပေါင်းစပ်ပြီးသည့်နောက်အစစ်အမှန်အားကောင်းလွန်းလှသည့်သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်၏။

ထို့ကြောင့်နတ်ဆိုးဘိုးဘေးကြီးသည်ငိုမလိုပင် ဖြစ်မိနေ၏။ ယခင်တုန်းက ဤကဲ့သို့ ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းကာဖြင့်တည်နေရာအသီးသီးဆီသို့စေလွှတ်ထားရသည့်အဓိက ရည်ရွယ်ချက်သည်ပထမဦးဆုံး စည်းကို ဖယ်ရှားရန်ပင်ဖြစ်ပြီး ဒုတိယအားဖြင့် ပြန်လည်မွေးဖွားလာခဲ့ပြီးသည့်နောက်သူ၏ ကျင့်ကြံခြင်းအဆင့်များကို ပြန်လည်ရရှိစေရန်ပင်။

ထို့ကြောင့်ပင်လျှင်နတ်ဆိုးရေစက်နယ်မြေထဲတွင်ထားခဲ့သည့်သူ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ်အစိတ်အပိုင်း ဆိုသည်မှာ အစီအရင်၏အစိတ်အပိုင်းပင် ဖြစ်၏။ ရိုးရိုးရှင်းရှင်းနည်းလမ်းအရဆိုလျှင်သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကို တစ်ခြားသူတစ်ယောက်အမွေဆက်ခံရမည်ဆိုလျှင်တောင်မှသူ့အနေနှင့် စိုးရိမ်ပူပန်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော်အဆုံးသတ်လျှင်သူ့ဆီသို့ ပြန်လည်ရောက်ရှိလာမှာဖြစ်သောကြောင့်ပင်။ သို့ပေမဲ့လက်ရှိအခြေအနေမှာတော့သူပြန်လည်ရှင်သန်ခြင်းမပြုရသေးခင်မှာပဲ ခန္ဓာကိုယ်သည် ပေါင်းစပ်ခြင်းကို ခံလိုက်ရပြီး အသက်သွေးဝိညာဉ်ကို ရေးထိုးလိုက်၏။သူပြန်လည်ရှင်သန်လာခဲ့ပြီးလျှင်ဘာဆက်လုပ်ရမည်နည်း။

“ဟို မိန်းကလေးပဲ ဖြစ်ရမယ်။”

နတ်ဆိုးဘိုးဘေးသည် ရုတ်တရက်ထအော်လိုက်၏။ “သူက ငါ့ရဲ့သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ပေါင်းစပ်ပစ်လိုက်တာဖြစ်မယ်။မဖြစ်သေးဘူး။ နတ်ဆိုးရေစက်နယ်မြေထဲမှာ ထားထားခဲ့တဲ့ခန္ဓာကိုယ်ဆိုတာက ဗလာသက်သက်ပဲလေ။ ဒီအတိုင်းဆိုရင်ဘာတစ်ခုမှထူးခြားတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ဘယ်လိုဖြစ်ပြီးတော့သန္ဓေနတ်ဆိုးခန္ဓာကိုယ် ၁၀ခု နှင့် သွားပြီးတော့ပေါင်းစပ်နိုင်ခဲ့တာလဲ။ တစ်ခုခုဖြစ်သွားခဲ့တာလား။”

သူ ခန့်မှန်းခဲ့တာက အမှန်ပင် ဖြစ်သည်။ဤတည်နေရာတွင်ပြောင်းလဲမှုတစ်ခုတည်ရှိလာခဲ့၏။ဤပြောင်းလဲမှုဆိုသည်မှာ ရောင်မုန့်ယဉ်အနေနှင့် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို လက်ခံရယူသည့်အချိန်တွင်ဓာတ်ဘူး အရာတစ်ခုဖြင့် ကြားထဲတွင်ခံကာဖြင့် ပြုလုပ်ပေးခဲ့ရသည့်လူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်နေခြင်းပင်။

ထို့ကြောင့်သူမသည်နတ်ဆိုးချီများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းကို တွေ့ကြုံခံစားရသည်ဆိုသော်လည်း အန္တရာယ်ရှိသော သက်ရောက်မှုမျိုးကို မခံရချေ။

ကုန်းရှန့်သာ ပါဝင်ပတ်သက်ခြင်းမပြုပါက သူမသည်သနေတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိသည်ဆိုလျှင်တောင်မှနတ်ဆိုးဘိုးဘေးကြီး ပြန်လည်မွေးဖွားပြီးသည့် နောက်ထိုအရာကို စွန့်လွှတ်ရမှာဖြစ်သည်။စွန့်လွှတ်ရသည်သာမက စတေးခြင်းကိုပင်ခံရနိုင်သေး၏။

သို့ပေမဲ့ဤကဲ့သို့သော ကိစ္စရပ်များသည်ရောင်မုန့်ယဉ်တွင် ဖြစ်ပွားလိမ့်တော့မည်မဟုတ်ချေ။အဘယ့်ကြောင့်ဆိုသော်ကုန်းရှန့်၏ကောင်းချီးပေးမှုကြောင့်ရောင်မုန့်ယဉ်အနေနှင့် သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို အလုံးစုံ ပေါင်းစပ်ပြီးသည့်နောက်သူမ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်တစ်ခုလုံးသည်အလုံးစုံ ပေါင်းစပ်ပြီးသွားပြီဖြစ်သည်။

ခန္ဓာကိုယ်၏အရင်ပိုင်ရှင်သည်နတ်ဆိုးဘိုးဘေးကြီး ဖြစ်သည်ဆိုလျှင်တောင်မှယခု တစ်ခြားသ တစ်ယောက်ယောက် ကအပိုင်သိမ်းဆည်းသွားခဲ့ပြီဖြစ်၏။ထို့ကြောင့်နတ်ဆိုးဘိုးဘေးကြီးအနေနှင့် ထိုခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

ထို့ကြောင့်ပင်လျှင်ရောင်မုန့်ယဉ်အနေဖြင့်နတ်ဆိုးနယ်မြေတည်နေရာထဲသို့ဝင်ရောက်သည့်အချိန်တွင်တစ်ခြားသူများကဲ့သို့သိစိတ်ကို လွှမ်းမိုးခြင်းကို မခံရဘဲ စည်းစင်မြင့်ဆီသို့မသွားရခြင်းပင်။

နတ်ဆိုးဘိုးဘေးကြီးသည်ဤအစစ်အမှန်အကြောင်းအရာကိုသာ သိရှိသည်ဆိုပါက သွေးပင်အန်ပေလိမ့်မည်။သူလွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းလောက်က ချမှတ်ခဲ့သည့်များပြားလှသော အစီအစဉ်များအားလုံးသည်အဆုံးသတ်မှာတော့တစ်ခြားသူတစ်ယောက်အတွက်ပင် ဖြစ်သွားခဲ့ရသည်။

…

နတ်ဆိုးနယ်မြေ

ကြီးမားလှသည့်အရိပ်ကြီးသည့်လေးလေးနက်နက်အသံဖြင့်ပြောဆိုလျက်ရှိ၏။ သူ၏ ရှေ့တွင်တော့ရောင်မုန့်ယဉ်သည်ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူမ၏ နဖူးထက်တွင်ရှိနေသော လခြမ်း ပုံသဏ္ဍာန်လေးသည်ထွန်းတောက်နေခဲ့၏။

“ဒါ အန္တရာယ်မဖြစ်လောက်ပါဘူးနော်။ဟုတ်တယ်မလား။”

ရောင်မုန့်ယဉ်အနေနှင့် သန္ဓေနတ်ဆိုးခန္ဓာကိုယ်နှင့်အသက်သွေးဝိညာဉ်ချုပ်ဆိုနေသည်ဖြစ်ကြောင်းကို သူ မသိရှိချေ။သို့ပေမဲ့တစ်စုံတစ်ခုဖြစ်သွားမည်ကိုတော့စိုးရိမ်လျက်ရှိနေသေး၏။ စိတ်လွတ်ပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ပြောင်းလဲ သွားမည်ကိုလည်း စိုးရိမ်ပူပန်မိသည်။

စနစ်က ပြောလိုက်၏။ “ဘာပြဿနာမှမရှိဘူး။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ထအော်လိုက်သည်“မင်း ပါးစပ်ပုတ်ကြီးနဲ့အခုချက်ချင်း ပြောင်းပြောစမ်း။”

“ကောင်းပြီ။ ကောင်းပြီ။ လက်ခံသူ၏ သဘောအတိုင်းပဲ။”

စနစ်က ထပ်ပြောလိုက်၏။ “ချက်ချင်းစိတ်လွတ်ပြီးတော့နတ်ဆိုးအဖြစ်ပြောင်းစမ်း။”

ဆွစ်ဆွစ်

ထိုအချိန်မှာပဲ အမဲရောင်စွမ်းအင်လုံး ၁၀ ခုသည်ရောင်မုန့်ယဉ်၏ဦးခေါင်းထက်တွင်စုစည်းလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။ သူမ၏ အနောက်တွင်ရှိနေသော ကြီးမားလှသည့် အရိပ်ကြီးကလည်း တဖြည်းဖြည်း အကောင်အထည်အသစ်ဖြစ်တည်လာခဲ့သည်။

“ချီးတဲ့မှ။ဒါဘာကြီးလဲ။” ကျွင်းချောင်ရှောင်းသည်အံ့အားတသင့်ဖြင့်မေးလိုက်၏။

စနစ်က ပြောလိုက်သည်။ “ဒါက ထူးခြားတဲ့သတ္တဝါတစ်ကောင်ကောင်ပုံစံနဲ့တူတယ်။”

ဟူး ဟူး ….

ကြီးမားသည့်အရိပ်ကြီးသည်တဖြည်းဖြည်းနှင့် အကောင်အထည်ဖြစ်တည်လာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်မဲနက်လျက်ရှိသောကြောင့်အာဖရိက လူရိုင်းကြီး တစ်ကောင်ကဲ့သို့ပင်။

ဆွစ်

ရုတ်တရက် ၎င်း၏နဖူးထက်တွင်ရှိနေသော ကြက်သွေးရောင်လခြမ်းလေးသည် အနီရောင်ထွန်းတောက်လာခဲ့၏။ထို ကြက်သွေးရောင်လခြမ်းသည် ရောင်မုန့်ယဉ်၏နဖူးတွင်ရှိနေသော အရာနှင့် တစ်ပုံစံတည်း တူညီနေခဲ့သည်။

ထောက်ထောက်

ထိုအချိန်မှာတော့အမဲရောင်လူကြီးသည်ဒူးတစ်ဖက်ထောက်ကာဖြင့်ရင်ဘတ်ပေါ်လက်တင်ကာ ရောင်မုန့်ယဉ်ဆီသို့လက်ကမ်းပေးလိုက်၏။ ၎င်း၏ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ အလွန်အမင်း လေးစားနေသည့်ပုံစံမျိုးပင်ပေါက်သည်။

“ဒါ ဘာကို ဆိုလိုတာလဲ။”

“ငါ့ကိုမမေးနဲ့။ ငါဘယ်လိုလုပ်သိမှာလဲ။”

ကျွင်းချောင်ရှောင်းနှင့် စနစ်တို့သည်ဇဝေဇဝါဖြစ်မိနေကြ၏။

ဆွစ်

ရောင်မုန့်ယဉ်သည် ရုတ်တရက်မတ်တပ်ထရပ်ပြီးသည့်နောက်ထိုလက်ဖဝါးကြီးပေါ်သို့ခုန်တက်လိုက်၏။အမဲရောင်လူကြီးသည်သူ၏ လက်ကို မြှောက်ကာဖြင့်သူမအား ပခုံးပေါ်သို့တင်လိုက်၏။

ရောင်မုန့်ယဉ်သည်ညာဘက်ခြေထောက်ပေါ်သို့ဘယ်ဘက်ခြေထောက်ကို တင်ကာဖြင့်အသာမှီလိုက်၏။သူမသည်ဘယ်ဘက်လက်ဖြင့်မေးထောက်ကာဖြင့်အားကောင်းလွန်းလှသော နတ်ဆိုးအော်ရာများကို ထုတ်လွှတ်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားခဲ့သည်။ဂိုဏ်းထဲသို့ဝင်ရောက်ခဲ့စဉ်က ဤကောင်မလေးသည်ကလေးငယ်လေး တစ်ယောက်သာ ဖြစ်၏။ လက်ရှိ အပျိုပေါက်အရွယ်သို့ရောက်ရှိလာခဲ့ပြီး အလွန်အမင်းလှပသည်ဆိုသော်လည်း သူမ၏ ပုံပန်းသွင်ပြင်အရ ကလေးဆန်ပြီး ရွှတ်နောက်နောက်နှင့် ဖြစ်၏။

သို့ပေမဲ့အမဲရောင်လူကြီးပေါ်တွင်ထိုင်လျက်ရှိနေသော သူမကတော့ ရွှတ်နောက်နောက်မိန်းကလေးနှင့် မတူတော့ဘဲ တော်ဝင်ဆန်သည့်မိန်းကလေး တစ်ယောက်၏အသွင်အပြင်ပုံပန်းသဏ္ဍာန်မျိုးကို ထုတ်ဖော်နေသည်။

“ဂိုဏ်းချုပ်”

နှုတ်ခမ်းထောင့်များ ကွေးတက်လျက်ရှိနေသည့်ရောင်မုန့်ယဉ်သည် ပြုံးလိုက်၏။ “ဒါ ကျွန်မရဲ့နတ်ဆိုးသူတော်စင်ခန္ဓာကိုယ်လေ။ သူ့ကို အမှောင်စိတ်ဝိညာဉ်လို့လည်း ခေါ်တယ်။”

မီးစိတ်ဝိညာဉ်၊မိစ္ဆာစိတ်ဝိညာဉ်ကဲ့သို့ပင်အမှောင်စိတ်ဝိညာဉ်မှာလည်း တည်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း မသိသည်မှာ အမှောင်စိတ်ဝိညာဉ်သည်အဘယ့်ကြောင့် ကြီးမားလှသည့်လူကောင်ကြီးအဖြစ် ဖြစ်တည်နေရသနည်း ဆိုသည်ပင်။

စနစ်က ပြောလိုက်၏။ “မင်းရဲ့သား ၂ ကောင်က ငယ်နေသေးလို့နေမှာပေါ့။”

“အင်း … ဟုတ်နိုင်တယ်။”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်နားလည်သွားမိသည်။

ဆွစ်

ရောင်မုန့်ယဉ်သည်ထိုသူ၏ ပခုံးပေါ်မှခုန်ချလိုက်ပြီးသည့်နောက်သူမ၏ နဖူးပေါ်တွင်ရှိနေသော လခြမ်း ပုံသဏ္ဍာန်ကို ကွယ်ဝှက်လိုက်တော့၏။ ပြီးနောက် ပြုံးကာပြောလိုက်၏။ “သန္ဓေနတ်ဆိုးခန္ဓာကိုယ်တွေအကုန်လုံးကို ပေါင်းစပ်ပြီးတဲ့နောက်မှာ ကျွန်မက အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိသွားပြီ။ ဒါကြောင့်အနာဂတ်မှာ ဂိုဏ်းချုပ်အနေနဲ့ အန္တရာယ်ရှိပြီဆိုရင် ကျွန်မ ဂိုဏ်းချုပ်ကို ကာကွယ်ပေးမယ်။”

“………”

ကျွင်းချောင်ရှောင်းသည်ဝေခွဲမရသလိုပင် ဖြစ်မိနေ၏။ နတ်ဆိုးနယ်မြေ တည်နေရာထဲကို ရောက်ရှိမလာခင်က ဤမိန်းကလေးသည်တစ်ခြားသောတပည့်များ၏ ဝိုင်းဝန်းစောင့်ရှောက်ကာကွယ်ပေးခြင်းကို ခံရသည့် ဂျူနီယာညီမလေးသာ ဖြစ်၏။ သို့ပေမဲ့အထဲကို ဝင်ရောက်ပြီး မကြာသေးသော အချိန်ကာလအတွင်းမှာပဲ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်။

အားလုံးသောသူတို့သည်အနာဂတ်၌သူမ၏ ကာကွယ်ပေးမှုအောက်တွင်နေထိုင်ရမည့်ပုံပန်းသွင်ပြင်မျိုးပင်။

…

သန္ဓေနတ်ဆိုးခန္ဓာကိုယ် ၉ခုနှင့် ပေါင်းစပ်ပြီးပြီဖြစ်သော ရောင်မုန့်ယဉ်သည်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အလုံးစုံ အမွေဆက်ခံရရှိခဲ့ပြီး အမှောင်စိတ်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ခဲ့၏။ထို့အပြင်ထိုတင်သာ မကသေးပေ။ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကိုလည်း ချိုးဖြတ်ရောက်ရှိခဲ့၏။

ထို့ကြောင့်ဤအချက်အလက်များကို ကြည့်ရှုကာ ပြောရမည်ဆိုလျှင်တပည့်များသည်သာ ဆာဗာခိုးသည်ဆိုပါက ဂိုဏ်းချုပ်ကုန်းရှန့်ထက်ပိုမိုကာ ကြောက်မယ်ဖွယ်ရာ ကောင်းသည်ဟု ဆိုခြင်းပင်။

ဤသို့သော တည်နေရာတွင်နတ်ဆိုးဘိုးဘေးကို ကျေးဇူးတင်ရပေမည်။ ၎င်း၏ နှစ်ပေါင်းတစ်သိန်းကျော်အစီအစဉ်ချမှတ်ထားမှုသာ မရှိပါက ယနေ့ကဲ့သို့အခြေအနေမျိုး ဖြစ်ပွားလာလိမ့်မည်မဟုတ်ချေ။

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်သည် ပြုံးကာ ပြောလိုက်၏။ “စည်းကို မဖျက်ဆီးဘဲနဲ့နတ်ဆိုးတည်နေရာနယ်မြေထဲကနေ ကျွန်မ ထွက်ခွာသွားနိုင်တယ်လေ။ ဘယ်လိုလဲ။ သွားချင်လား။”

အမှောင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးသည့်နောက်မှာတော့သူမ၏ ကျင့်ကြံခြင်းအဆင့်သည်တိုးတက်ရောက်ရှိလာခဲ့၏။ထို့အတူပဲ သူမ၏ အသွင်အပြင်အပြောအဆိုများအားလုံးသည်ပိုမိုကာ ရင့်ကျက်လာခဲ့ပြီး နတ်ဆိုးဆန်လှ၏။ယခင်ကလို ရွှတ်နောက်နောက်မဟုတ်တော့ချေ။လူများသည်အမှန်ပင် ကြီးထွားရင့်ကျက်လာခဲ့ကြ၏။

“ဒီတိုင်း ထွက်သွားလို့မရသေးဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါတွေကို ဖျက်ဆီးရအုံးမယ်လေ။”

သူ၏ တပည့်၏အကျိုးအမြတ်ရရှိရုံနှင့် အရာအားလုံး ပြီးဆုံးမသွားသေးချေ။ နတ်ဆိုးနယ်မြေတည်နေရာထဲတွင်ရှိနေသော စစ်သည်များကို ရှင်းလင်းပစ်ရန်လိုအပ်နေသေး၏။

ဆွစ်ဆွစ်

၎င်းတို့နှစ်ယောက်သည်ခပ်ဝေးဝေးတည်နေရာဆီသို့ပျံသန်းသွားခဲ့ပြီးနောက် မြို့တစ်ခုကို ဆက်လက်ကာ ရှာဖွေသည်။ရောင်မုန့်ယဉ်၏အဆင့်သည်တိုးတက်သွားပြီဖြစ်သောကြောင့်အမြန်နှုန်းသည်လည်း ကျွင်းချောင်ရှောင်း ထက်ပိုမိုကာ မြန်ဆန်နေသည်။

…….

မကြာခင်မှာပဲ ၎င်းတို့နှစ်ယောက်သည်သေးငယ်လှသော မြို့လေးတစ်ခု၏ အထက်တွင်ရပ်တန့်လိုက်ကြ၏။အရှေ့တွင်တော့စီစီရီရီနှင့် ရပ်လျက်ရှိနေသာ စစ်တပ်ကြီးတစ်ခုတည်ရှိနေပြီး အထဲတွင်စစ်သည်ပေါင်း တစ်သောင်းကျော် ကစည်းခတ်ခြင်းကို ခံထားရ၏။

“ကောင်မလေး။ စည်းဖြည်လိုက်တော့။”

သူ့အနေနှင့် ထိုကဲ့သို့သော အရေအတွက်ကို ဂရုပြုလိမ့်မည်မဟုတ်ချေ။ရောင်မုန့်ယဉ်သည်စင်မြင့်ပေါ်တွင်မတ်တပ်ရပ်လိုက်ပြီးသည့်နောက်နံရံပေါ်တွင်ရှိနေသော လေးထောင့်ကွက်ပေါ်သို့လက်တင်လိုက်သည်။

ကွက်

ကွက်ကွက်

စစ်သည်ပေါင်း တစ်သောင်းကျော်တို့၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ကျောက်ချပ်များသည်ကွာခြားသွားခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည်လက်ကို ယမ်းခါပြီးသည့်နောက်နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်လိုက်၏။သူ၏ မျက်လုံးထဲတွင်သတ်ဖြတ်လိုခြင်းဆန္ဒနှင့် တိုက်ခိုက်လိုခြင်း ဆန္ဒများသည်ထွန်းတောက်နေခဲ့၏။

သူ့အနေနှင့် ဤစစ်သားများ၏ ချပ်ဝတ်များကိုသာ ယူဆောင်သွားသည်သာမကပေ။ ဤစစ်သားများ၏ အသက်ကိုပါယူငင်ရပေလိမ့်မည်။ထိုမှသာလျှင်နတ်ဆိုးဘိုးဘေး ပြန်လည်ရှင်သန်လာပြီးသည့်နောက်မကောင်းသည့်ကိစ္စရပ်များ ကို မပြုလုပ်နိုင်မှာဖြစ်သည်။

သို့ပေမဲ့ကုန်းရှန့်မထင်မှတ်ထားသည်မှာ စစ်သည်ပေါင်း တစ်သောင်းကျော်တို့သည်အသက်ဝင်လာပြီးသည့်နောက်သတ်မယ်ဆိုသည့်စကားလုံးကို မပြောဘဲ လက်နက်ချကာဖြင့်ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “နှုတ်ဆက်ပါတယ်။အရှင်”

ကျွင်းချောင်ရှောင်းကကြောင်အသွားမိ၏။ ပြီးနောက်ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့ဒူးထောက်နေသည့်လူသည်ရောင်မုန့်ယဉ်ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။

မိန်းကလေးသည်ပြောင်စပ်စပ်နှင့် လျှာထုတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် ….ဒီစစ်သားတွေက ကျွန်မရဲ့အမိန့်ကို နားထောင်ကြတယ်လေ။”

“ဒါဆိုရင်ချပ်ဝတ်တွေချွတ်ခိုင်းလိုက်။”

“မင်းတို့ရဲ့ချပ်ဝတ်တွေကို ချွတ်လိုက်။”

ချလွမ်း ခွမ်း

စစ်သည်ပေါင်း တစ်သောင်းကျော်တို့သည်တစ်ချက်ကလေးမှတွန့်ဆုတ်မှုမရှိဘဲ ၎င်းတို့၏ချပ်ဝတ်များကို ချွတ်လိုက်သည်။

“လက်နက်တွေကိုချ။လက်နက်တွေကို ချစမ်း။”

ချလွမ်း ချလွမ်း

စစ်သည်ပေါင်း တစ်သောင်းကျော်တို့သည်လက်နက်များကို ချလိုက်၏။

ဟား ဟား ဟားဟား ဟား ဟား

ဟား ဟား ဟားဟား ဟား ဟား

ရုတ်တရက်ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters