← Chapters

အခန်း ၁၅၂၁

Vol. 102 Ch. 1521

အခန်း ၁၅၂၁

Vol. 102 Ch. 1521

အပိုင်း (၁၅၂၁)

သက်ရှိများကို ထိန်းသိမ်းထားနိုင်သည့် ကြီးမားလှသည့်သိုလှောင်တည်နေရာကြီးကို မပိုင်ဆိုင်သောကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် ပစ္စည်းပစ္စယများကို ယူဆောင်ကာဖြင့်နတ်ဆိုးမျိုးနွယ် စစ်သည်များကို သတ်ဖြတ်ရန်သာ စဉ်းစားခဲ့မိ၏။ ထိုမှသာလျှင်အနာဂတ်တွင် ပြဿနာများကို ရှောင်လွှဲနိုင်မှာဖြစ်သည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင်သူ၏ နှလုံးသားများတော့နာကျင်လျက်ရှိနေ၏။ ထို့အပြင်ထိုသူများအားလုံးသည်အမြုတေပြောင်းလဲခြင်းပထမအဆင့်ကျင့်ကြံသူများဖြစ်ကြ၏။ထိုကဲ့သို့အခြေအနေမျိုးအထိရောက်အောင်ကျင့်ကြံနိုင်ရန်အတွက်များပြားလွန်းလှသော အရင်းအမြစ်များကို အသုံးပြုရသည်ဖြစ်ကြောင်းကို ကလေးသေးသေး လေးပင်လျှင်သိရှိနိုင်ပေလိမ့်မည်။

၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်းသည်အရင်းအမြစ်များအားလုံးကို ဖြုန်းတီးလိုက်ခြင်းနှင့် ဆင်တူ၏။ သို့ပေမဲ့တစ်ခြားသော ရွေးချယ်ခြင်းလည်းမရှိချေ။ လောကကြီးကို ကယ်တင်ရန်အလို့ငှာ သူသည်အားလုံးသောသူများအား သေမင်းဆီသို့ပို့ဆောင်ရန်သာ ရှိတော့၏။

သို့ပေမဲ့ရောင်မုန့်ယဉ်သည်ဤစစ်သည်များအားလုံးကို အမိန့်ပေးနိုင်သည်ကို သိရှိရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက ရုတ်တရက် ဆွံ့အသွားမိသည်။

မကြာခင်မှာပဲ သူသည်ဗီလိန်တစ်ယောက်ကဲ့သို့ဆိုးရွားစွာ ရယ်မောလိုက်မိ၏။ သူ၏ တပည့်သည်ထိုသူများကို ထိန်းချုပ်နိုင်သည်ဆိုပါက သူသည်လည်း ထိုသူများကို ထိန်းချုပ်နိုင်သည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်နေသည်မဟုတ်ပါလား။ ထိုသူများကို ဂိုဏ်းသို့ခေါ်ဆောင်သွားသည်ဆိုပါက လောကကြီးတွင်သူမည်သူ့ကို ကြောက်ရွံ့ရတော့မည်နည်း။

အမြုတေပြောင်းလဲခြင်း အဆင့်တစ် ကျင့်ကြံသူတစ်ယောက်သည်သာမန်သာဖြစ်သည်ဆိုလျှင်အမြုတေပြောင်းလဲခြင်း အဆင့် ၁ကျင့်ကြံသူတစ်သန်းဆိုလျှင်မည်သို့နေမည်နည်း။

အထူးသဖြင့်ဤတည်နေရာတွင်စစ်သည်များအပြင်စစ်သူကြီး ရှစ်ယောက်ကလည်း တည်ရှိနေသေး၏။ ၎င်းတို့သည်အားလုံးသည်သာ အသက်ပြန်ဝင်၍သူ၏အမိန့်ကို နာခံမည်ဆိုလျှင်နယ်မြေဟောခန်းတစ်ခုလုံးကို ပြားချပ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိနေပေလိမ့်မည်။သူ့အနေနှင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် ထိပ်တိုက်သွားရောက်တိုက်ခိုက်ရန်ပင်ကြောက်ရွံနေလိမ့်မည်မဟုတ်ချေ။

“ပြိုင်ဘက်ကင်းပြီပဲ။”

ကျွင်းချောင်ရှောင်းသည်သူ၏မျက်နှာကို အုပ်ကာကာဖြင့်ပြောလိုက်၏။ “ငါ့ရဲ့ ပြိုင်စံရှားဂိုဏ်းက ပြိုင်ဘက်ကင်းပြီ။”

စနစ်က ပြောလိုက်သည်။ “ဒါကလူကောင်းတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်မျိုးမဟုတ်ဘူး။ လက်ခံသူ …. ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပါအုံး။”

“ချီးကို ထိန်းချုပ်ရမှာလား။”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “လက်ထဲမှာ ဒီလောက်များတဲ့စစ်သည်တွေရှိနေတာ ပြိုင်စံရှားဂိုဏ်းကို ဘယ်သူက ရန်ပြုရဲတော့မှာလဲ။ ဟမ်း …. ရန်လာပြုတဲ့လူတွေအကုန်လုံးကို အရိုးအရေတွေချိုးချေပြီးတော့အကုန်လုပ်ပစ်မယ်။”

“အင်း ရူးသွပ်သွားပြီ။”

အထက်နယ်မြေဆီသို့တက်လှမ်းပြီးသည့်နောက်တွင်အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကို ကျော်ဖြတ်ခဲ့ရ၏။ ထို့အပြင်များပြားလွန်းလှသော မွန်းစတားကလန်အသီးသီးတို့၏ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။ထိုမျှမကသေးပေ။ ဧကရီအလင်းရောင်နှင့်တစ်ခြားသောသူများ၏ အစီအစဉ်ကျန အကောက်ကြံမှုကိုလည်း ခံခဲ့ရသေးသည်။

ကျွင်းချောင်ရှောင်းသည်အလွန်ပဲ စိတ်ဓာတ်ကျမိနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုတွင်ပျော်ရွှင်စွာဖြင့်သူလုပ်ချင်ရာ လုပ်နိုင်ခဲ့သည်ဆိုသော်လည်း ဤတည်နေရာတွင်ပျော်ရွှင်မှုဟူ၍ တစ်စက်ကလေးမှရှာမတွေ့ခဲ့ချေ။လက်ရှိ သူ့၌များပြားလွန်းလှသော စစ်သည်များ တည်ရှိနေပြီဖြစ်သောကြောင့်မည်သူ့ကို ကြောက်ရွံ့ရတော့မည်နည်း။

“ငါ ကျွင်းချောင်ရှောင်းက ဒီနေ့ကစပြီး ငါလုပ်ချင်ရာကို လုပ်နိုင်ပြီ။”

“မြန်မြန်။ဂိုဏ်းချုပ်ကို နှုတ်ဆက်လိုက်ကြ။”

ရောင်မုန့်ယဉ်သည်စစ်သည်များအားလုံးကို စူးစိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။

“…….”

အသက်ပြန်ဝင်လာခဲ့ပြီဖြစ်သော စစ်သည်များသည်ဇဝေဇဝါ ဖြစ်မိနေကြ၏။ သို့ပေမဲ့ ၎င်းတို့အရှင်၏အမိန့်ကို နာခံကာဖြင့်အော်ဟစ်လိုက်၏။

“နှုတ်ဆက်ပါတယ်။ဂိုဏ်းချုပ်”

…

ဖြောင်း ဖြောင်း ဖြောင်း

တစ်ခြားသော မြို့၏အပြင်ဘက်ရှိ စစ်တပ်ထဲတွင်လည်း စစ်သည်ပေါင်းတစ်သောင်းကျော်တို့သည်စည်းဖြည်ခြင်းကို ခံလိုက်ရ၏။ အားကောင်းလွန်းလှသော နတ်ဆိုးစွမ်းအင်များသည်ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ဆီမှထွက်ပေါ်လာသည်ကို အာရုံဖြန့်ခံမိသွားသောကြောင့် ၎င်းတို့အားလုံးသည်ဒူးထောက်ထိုင်ချကာဖြင့်အော်ဟစ်လိုက်သည်။ “အရှင်”

“ထင်ထားတဲ့အတိုင်းပဲကိုး။”

ကျွင်းချောင်ရှောင်းသည်နားလည်သွားမိ၏။ “ဒီကောင်မလေးက တကယ်ပဲ အားလုံးကို ထိန်းချုပ်နိုင်တာပဲ။”

ဘာတစ်ခုမှအမှားအယွင်းမဖြစ်စေရန်အလို့ငှာ သူသည်မြို့တစ်ခုချင်းဆီသို့သွားရောက်လိုက်သည့်အချိန်တိုင်း ရောင်မုန့်ယဉ်ဘာမှမလုပ်ခင်အတားအဆီးအစီအရင်တစ်ခုကို ချမှတ်ခဲ့သေး၏။ ပြီးမှသာလျှင်ထိန်းချုပ်နိုင်သည်သေချာသည်ဆိုမှအတားအဆီးအစီအရင်ကို ဖယ်ရှားတတ်သည်။

စနစ်က သက်ပြင်းချလိုက်မိ၏။ “လက်ခံသူရဲ့တပည့်ဆီမှာ များပြားလှတဲ့စစ်သည်တွေရှိနေပြီ။ ဒါက ကြောက်မက်ဖွယ်ရာကောင်းတဲ့အခြေအနေ တစ်ခုပဲ။”

“ဒီတော့”

ကျွင်းချောင်ရှောင်းသည်စပ်ဖြီးဖြီးဖြင့်ပြောလိုက်သည်။ “ငါ့အတွက်အရမ်းကောင်းသွားတာပေါ့။”

သူ့အနေနှင့် များပြားလွန်းလှသော ချပ်ဝတ်နှင့်လက်နက်အသုံးအဆောင်ပစ္စည်းများကို ရယူပြီးလျှင်အလွန်အမင်း ချမ်းသာသွားပြီဟု ထင်မှတ်ခဲ့မိ၏။ သို့ပေမဲ့မထင်မှတ်ထားလောက်အောင်ပင်ရောင်မုန့်ယဉ်သည်အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိရုံသာမက အမြုတေအသွင်ပြောင်းလဲခြင်း ပထမအဆင့်စစ်သည်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိနေသေး၏။

အံ့အားသင့်စရာပင်။ဤအရာသည်အမှန်ပင်ကောင်းမွန်လွန်းသည်။

“သွားကြရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အဓိကမြို့ကို သွားကြမယ်။”

စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးသည့်နောက်ရောင်မုန့်ယဉ်အနေနှင့် နတ်ဆိုးစစ်သည်များကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်းကို သူသိရှိခဲ့၏။ထို့ကြောင့် ကြီးမားလှသည့်ငါးကြီးကို ဖမ်းယူရန်မစောင့်မျှော်နိုင်တော့ချေ။

…

အဓိကမြို့ထဲမှာတော့ရောင်မုန့်ယဉ်သည်စင်မြင့်ပေါ်တွင်မတ်မတ်ရပ်ထားပြီး သူမ၏ လက်ကလေးသည်လေးထောင့်ကွက်ပေါ်သို့ရောက်ရှိနေ၏။

ဖြောက်ဖြောက်ဖြောက်

ကျောက်ရုပ်ကဲ့သို့ ဖြစ်တည်နေသည့်စစ်သည်ပေါင်း သုံးသိန်းကျော်တို့သည်အသက်ဝင်လာခဲ့၏။ ၎င်းတို့သည်လက်နက်များကို ချကာဖြင့်ဒူးထောက်လိုက်၏။ ၎င်းတို့၏ရှေ့တွင်ရပ်နေသော ဒုတိယမျိုးဆက်ချပ်ဝတ်များကို ဝတ်ဆင်ထားသည့်စစ်သူကြီးများအားလုံးသည်လည်း အသက်ဝင်နိုးထလာခဲ့၏။ ၎င်းတို့၏ရင်ဘတ်ပေါ်ရှိ ချပ်ဝတ်ပေါ်တွင်နတ်ဆိုးတံဆိပ်များမရှိဘဲ ထူးဆန်းလှသည့်စာလုံးများသာ တည်ရှိနေသည်။

“အရမ်းအားကောင်းလွန်းတယ်။”

စနစ်က ပြောလိုက်၏။ “သူတို့တွေအကုန်လုံးက အစစ်အမှန်ရှာဖွေခြင်းအဆင့်တွေပဲ။”

“………”

ကျွင်းချောင်ရှောင်းသည်သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ထားမိ၏။ သူသည် ရူးရူးမူးမူး ရယ်မောလိုက်ချင်၏။သို့ပေမဲ့လူပေါင်များစွာတို့ရှိနေသည်ဖြစ်သောကြောင့်ဂိုဏ်းချုပ်တစ်ယောက်၏ဂုဏ်သိက္ခာကျဆင်းသွားမည်ကို စိုးရိမ်သော ကြောင့်ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။

အမြုတေပြောင်းလဲခြင်းပထမအဆင့်စစ်သည်ပေါင်းတစ်သန်းနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်စစ်သူကြီး ရှစ်ဦး။

ပြိုင်စံရှားဂိုဏ်းအနေနှင့် အဘယ့်ကြောင့်နယ်မြေဟောခန်းကို ကြောက်လန့်ရတော့မည်နည်း။ အဘယ့်ကြောင့်အစစ်အမှန်ဂိုဏ်းနှင့် တာအိုဂိုဏ်းများကို ကြောက်လန့်ရတော့မည်နည်း။

ကျွင်းချောင်ရှောင်းအနေနှင့် အင်မော်တယ်ဂိုဏ်းများနှင့် ယှဉ်ပြိုင်ရန်တော့မစဉ်းစားထားကြည့်ချေ။အဘယ်ကြောင့်ဆိုသော်တစ်ဖက်လူများတွင်များပြားလှသော အဆက်အသွယ်များတည်ရှိနေ၏။ လုံလောက်သည့်အားအင်အဆင့်ကို မပိုင်ဆိုင်ဘဲ ထိုကဲ့သို့သော အရာများကို ပြုလုပ်၍မရနိုင်ချေ။

ဆွစ်

ဘယ်ဘက်အစွန်ဆုံးတွင်ရှိနေသော စစ်သူကြီးသည် ရုတ်တရက်ရှေ့ကို လှမ်းထွက်ကာဖြင့်ဦးညွှတ်လိုက်၏။

“နှုတ်ဆက်ပါတယ်အရှင်။သူရဲစစ်သူကြီး ကျိလီက အရှင့်ကို နှုတ်ဆက်ပါတယ်။”

“သူရဲစစ်သူကြီး ဝေက အရှင့်ကို နှုတ်ဆက်ပါတယ်။”

“သူရဲစစ်သူကြီး ဝမ်က အရှင့်ကို နှုတ်ဆက်ပါတယ်။”

…

ထိုရှစ်ယောက်တို့သည်တစ်ယောက်ပြီးတစ်ယောက်ဦးညွတ်ကာ ဂါရဝပြုလိုက်ကြ၏။

အဟမ့် အဟမ့် …။

ရောင်မုန့်ယဉ်သည်စင်ပေါ်မှာ မတ်မတ်ရပ်၍ချောင်းဟန့်လိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “နားထောင်ကြ။ ဒါ ကျွန်မရဲ့ဂိုဏ်းချုပ်ပဲ။ ဒီနေ့ကစပြီး ရှင်တို့အနေနဲ့ ကျွန်မစကားကို နားထောင်ဖို့လိုအပ်သလို သူ့စကားကိုလည်း နားထောင်ဖို့လိုတယ်။”

ဤမိန်းကလေး၏ အဆင့်သည်တိုးမြှင့်လာခဲ့၏။သို့ပေမဲ့သူမသည် ကျွင်းချောင်ရှောင်းအား မှီခိုလျက်ရှိနေသေး၏။ သူမသည်ပုံမှန်အတိုင်း ချစ်မြတ်နိုးခံရသည့်ကလေးလေးတစ်ယောက်ကဲ့သို့ပင်။

ကုန်းရှန့်သည်အလွန်အမင်း ဘဝင်ကျလျက်ရှိနေ၏။ သူ၏တပည့်သည်အားကောင်းလာခဲ့သည်ဆိုလျှင်တောင်မှသူ့အား မမေ့လျော့ခဲ့ချေ။

“သူရဲစစ်သူကြီး ရှစ်ယောက်တို့”

ရောင်မုန့်ယဉ်က ပြောလိုက်၏။ “ရှင်တို့ဆီမှာ စစ်သည်ပေါင်း ဘယ်လောက်ရှိသလဲ။”

“အရှင်”

ကွိတိုက ပြောလိုက်သည်။ “တစ်သန်းပါ။”

“တစ်သန်းဟုတ်လား။”

ဘုတ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ စင်မြင့်ပေါ်မှလဲကျသွား၏။ သူ၏ မျက်နှာသည်တော့ ပြုံးပြုံးကြီး ဖြစ်နေ၏။ သူ့အနေနှင့် သူ၏ ဂုဏ်သိက္ခာကျဆင်းသွားမည်စိုးသောကြောင့်ရယ်မောခြင်းကို မပြုလုပ်နိုင်ရန်အတင်း ဖိနှိပ်ထားခဲ့သော်လည်း သတိတော့လစ်သွားခဲ့ရသည်။

…

အဓိကမြို့ထဲတွင်ရှိနေသော စစ်သည်ပေါင်းသုံးသိန်းကျော်ကို ရေတွက်ပြီးသည့်နောက်တစ်ခြားသောတည်နေရာ များတွင်စစ်သည်များ တည်ရှိနေကြောင်းကို သိရှိလိုက်၏။ထို့ကြောင့်ရောင်မုန့်ယဉ်သည်သူရဲစစ်သူကြီး ၈ ဦးတို့အား သွားရောက်ရှာဖွေရန်ခိုင်းစေခဲ့၏။

ကျွင်းချောင်ရှောင်းမှာတော့အဓိကမြို့၏နန်းတော်ထဲတွင်တည်ရှိနေ၏။ အိမ်မက်ထဲမှာတော့သူသည်အိမ်မက်မက်လျက်ရှိနေ၏။ သူ့အနေနှင့် စစ်သည်ပေါင်းတစ်သန်းကျော်ကို ခေါ်ဆောင်ကာဖြင့်အင်ပါယာနတ်ဓား ဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ကို သွားရောက်ကာ ဖျက်ဆီးနေခဲ့သည်။အဆုံးသတ်မှာတော့သူသည်နယ်မြေ ဟောခန်း၏ ပျက်စီးပုံများကြားထဲတွင်မတ်မတ်ရပ်ကာဖြင့်အော်ဟစ်လိုက်မိသည်။ “ငါလိုလူ ဇမ္ဗူမှာမရှိ။”

“ဂိုဏ်းချုပ်”

ရုတ်တရက်သူ၏နားထဲတွင်အော်သံတစ်ခု ထွက်ပေါ်လာ၏။ “ရယ်တာရပ်ပြီး ထပါတော့။”

ကျွင်းချောင်ရှောင်းမျက်လုံးကို ဖွင့်ကြည့်လိုက်၏။သူ၏ဘေးတစ်ဖက်တွင်ရောင်မုန့်ယဉ်က တည်ရှိနေပြီး ဆက်တိုက်ဆိုသလို တတွတ်တွတ်အော်ဟစ်နေသည်ကို ကြားရသည့်အချိန်မှာတော့သူ၏ နှလုံးခုန်သံများသည် မြန်ဆန်သွားသည်။ “ဒီကောင်မလေးက နတ်ဆိုးစစ်တပ်ကြီးကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါဒါအိမ်မက်များလား။”

“……”

စနစ်ကပြောလိုက်သည်။ “အိမ်မက်ဖြစ်ဖို့ ငါမျှော်လင့်မိတယ်။”

ရောင်မုန့်ယဉ်သည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ် .. ဂိုဏ်းချုပ်သတိလစ်နေတုံးမှာ စစ်သည်ပေါင်းတစ်သန်းကို စုစည်းမိသွားပြီ။ သူတို့အားလုံးက နန်းတော်ရဲ့အပြင်ဘက်မှာ စောင့်နေကြတယ်။ထွက်ပြီးတော့ ကြည့်အုံးမလား။”

“ကြည့်မယ်လေ။”

“ကောင်းပါပြီ။”

ကျွင်းချောင်ရှောင်းသည်အလောတကြီး မတ်တပ်ထရပ်ကာဖြင့်နန်းတော်၏အပြင်ဘက်ဆီသို့လျှောက်ထွက်လိုက်သည်။ကျယ်လောင်လှသော မြေကွက်တည်နေရာကြီးထဲတွင်အရပ်ရှည်ရှည်နှင့် သန်မာကြံ့ခိုင်လွန်းလှသော နတ်ဆိုးစစ်သည်တစ်သန်းတို့သည်ညီညီညာညာနှင့် ရပ်လျက်ရှိသည်။

“ဂါရဝပြုပါတယ်။”

စစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သော ကွိတုသည်အော်ဟစ်လိုက်၏။

ဆွစ်ဆွစ်

စစ်သည်ပေါင်းတစ်သန်းတို့သည်ရင်ဘတ်ပေါ်သို့လက်တင်ကာဖြင့်အော်ဟစ်လိုက်ကြသည်။ “ဂိုဏ်းချုပ်ကျွင်းက ဉာဏ်ပညာရှိတယ်။တော်လွန်းလှတယ်။သာမန်လူတွေကို ကောင်းကျိုးပြုပြီး ကောင်းကင်ပေါ်ကို တက်လှမ်းနိုင်တယ်။”

“……”

၎င်းတို့၏အသံများသည်ကောင်းကင်ယံကိုပင်တုန်လှုပ်စေသည်အထိ ကျယ်လောင်လွန်းလှ၏။ဤကဲ့သို့သော အရှက်မဲ့လှသည့်စကားလုံးများကို အော်ဟစ်နေခြင်းသည်ရောင်မုန့်ယဉ်၏စနက်မကင်းကြောင်း ကျွင်းချောင်ရှောင်း က နားလည်လိုက်မိ၏။

နန်းတော်၏ရှေ့တွင်မတ်တပ်ရပ်လျက်ရှိနေသည့်ကုန်းရှန့်သည်အင်ပါယာတစ်ယောက်ကဲ့သို့ပင်ခံစားနေမိ၏။ သူသည်မျက်လုံးကို မှိတ်ထားပြီး တစ်ဖက်လူများ၏ အော်ဟစ်သံကို ဘဝင်ခိုက်စွာဖြင့်နားထောင်နေမိသည်။

ဒင်

“လက်ခံသူသည်ဖုံးကွယ်ထားသည့်တာဝန်ပြည့်စုံစေသည့်အတွက်ဂုဏ်ယူပါတယ်။ဂိုဏ်းစုဆောင်းမှတ် ၁သန်းအား ဆုလာဘ်အဖြစ်ရရှိသည်။”

ဒင်

ဂိုဏ်းစုဆောင်းမှတ်

…..

ဒင်

“လက်ခံသူသည်ဖုံးကွယ်ထားသည့်ဆုလာဘ်ကို ပြည့်စုံစေသည့်အတွက်ဂုဏ်ယူပါသည်။အတွေ့အကြုံ အဆောင် ၅ခု။ စည်းဖွင့်ခြင်းအဆောင်နံပါတ်(၄) တစ်ခု၊ ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်ကျမ်း ၁ ခု”

All Chapters