အခန်း ၁၅၁၂
Vol. 102 Ch. 1512
အပိုင်း (၁၅၁၂)
ကျောက်စင်မြင့်ကြီး၏ အပေါ်တွင် ရေးထိုးထားသည့် ပုံပန်းသွင်ပြင်များကို ကြည့်ရှုရမည်ဆိုလျှင် ယစ်ပုလ္လင်နှင့်ပင် ဆင်တူလှ၏။ ရောင်မုန့်ယဉ် နှင့် အခြားသော အမဲရောင်ဝတ်စုံဝတ် ရှစ်ယောက်တို့သည် ညီညီစီစီနှင့် ရှိနေကြ၏။ ၎င်းတို့သည် တစ်စုံတစ်ခုကို ဆုတောင်းသကဲ့သို့ လက်အုပ်ချီကာ စောင့်မျှော်နေကြ၏။
သို့ပေမဲ့ တည်နေရာတွင် ပြဿနာတစ်ခု တည်ရှိနေခဲ့၏။ တည်နေရာတွင် လူဆယ်ယောက်စာ တည်ရှိနေ၏။ သို့ပေမဲ့ တစ်ယောက်မှာတော့ လွတ်လပ်နေ၏။ အသုံးသတ်မှာတော့ ဤယစ်ပုလ္လင်ကြီးသည် အသက်ဝင်သွားခဲ့သော်လည်း အလုံးစုံသော အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။ အခြေအနေသည် အဆိုးဆုံးဖက်သို့ ဦးတည်နေခဲ့သည်။
ယစ်ပလ္လင် နှင့် ယင်း၏ အစိတ်အပိုင်းများ မည်ကဲ့သို့ အလုပ်လုပ်သည် ဖြစ်စေ ကိစ္စမရှိလှပေ။ အရေးကြီးသည်မှာ ရောင်မုန့်ယဉ် ၏ အသက်ဓာတ်များသည် တဖြည်းဖြည်းနှင့် ကျဆင်းနေခြင်းပင်။ ထိုအရာသည် လူဆယ်ဦး မစုစည်းနိုင်သောကြောင့်ပင် ဖြစ်လိမ့်မည်။ သူမ၏ အသက်အန္တရာယ်သည် ဆိုးဆိုးဝါးဝါး ထိခိုက်နေ၏။
ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်သွားမိ၏။ သူသည် သူ၏တပည့်ကို အပြင်ဖက်သို့ ဆွဲချချင်နေမိ၏။ သို့ပေမဲ့ သူသည် သူမကို လှမ်းကိုင်၍မရချေ။
အဆုံးသတ်မှာတော့ သူသည် လွတ်နေသည့် ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်အဖြစ် ခပ်တည်တည် နေရာဝင်ယူလိုက်၏။ အခြေအနေတစ်ခုလုံးသည် ကြောင်တောင်တောင် နိုင်လွန်းလှ၏။
"မင်း ရူးနေပြီလား"
စနစ်က ရုတ်တရက် ထအော်လိုက်၏။ "တစ်စုံတစ်ခုဖြစ်လာရင် ရောင်မုန့်ယဉ် ကိုသာမဟုတ်ဘူး။ မင်းကိုပါ သက်ရောက်လိမ့်မယ်။ "
လာရာလမ်းဖက်သို့ လှမ်ကြည့်ပြီး ကျွင်းချောင်ရှောင်းသည် ခပ်ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "တပည့်တစ်ယောက်ကိုတောင် မကယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ထိုက်တန်တော့မှာလဲ"
ဝှစ် ဝှစ် …။
ဆယ်ယောက်မြောက်လူ ဖြစ်တည်လာသည်ကို အတည်ပြုပြီးနောက် အလင်းတန်းများသည် ရူးရူးမူးမူးဖြင့် လင်းလက်လာခဲ့၏။ တစ်ခြားသော လူကိုးယောက်နှင့် ကျွင်းချောင်ရှောင်းတို့ သည် ချိတ်ဆက်သွားခဲ့ပြီး အလင်းတန်းများအား ကျွင်းချောင်ရှောင်းအား လွှမ်းခြုံသွား၏။
ဤတစ်ကြိမ်မှာတော့ ကုန်းရှန့်၏ တစ်ကိုယ်လုံးသည် အလင်းတန်းများနှင့် ပြည့်နှက်နေပြီး အလုံးစုံသော လူတို့၏ လေးစားမှုကိုခံရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ဒွီ ဒွီ
အလင်းတန်းများသည် မြွေကဲ့သို့ပင် ရွေ့လျား သွားလာနေပြီး ခြေထောက်မှတဆင့် ခါး၊ ခါးမှာတဆင့် တစ်ကိုယ်လုံးကို လွှမ်းခြုံလာ၏။ တစ်ချိန်တည်းမှာပဲ ကျွင်းချောင်ရှောင်းသည် ဆယ်ယောက်မြောက်လူအဖြစ် ဖြစ်တည်လာပြီးနောက် ဖြစ်တည်လာသည့် အလင်းတန်းများသည် တစ်စုံတစ်ခုကို အချက်ပေးလိုက်သလို ဖြစ်တည်သွားခဲ့၏။ လွတ်လပ်နေသည့် တည်နေရာသည် ပြည့်စုံသွားခဲ့သောကြောင့် အရေးကြီးသည့် အရာတစ်ခု စတင်ပြီဖြစ်ကြောင်း သတိပေးသံကဲ့သို့ပင်။
"ရောင်မုန့်ယဉ် ရဲ့ အသက်ဓာတ်တွေက ပြန်ပြီးတော့ ကောင်းမွန်လာခဲ့ပြီ" စနစ်၏ အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် စနစ်၏အသံကို နားထောင်ရန် အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် များပြားလှသော နတ်ဆိုးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသောကြောင့် ဖြစ်၏။ နတ်ဆိုး ရေစက်နယ်မြေထဲတွင် ရှိနေသော နတ်ဆိုးဘိုးဘေး၏ ပုလ္လင်ပေါ်တွင် ထိုင်ခဲ့ပြီးနောက် ထိုကဲ့သို့သော အခြေအနေမျိုးကို သူခံစားပြီးသားဖြစ်၏။ လက်ရှိအချိန်တွင်တော့ ထိုကဲ့သို့သော ခံစားမှုမျိုးကို နောက်တစ်ကြိမ် ခံစားနေရ၏။ အလွန်ပင် ခံစားမှုကောင်းလွန်းလှသည်။
အင်း
စနစ်က သက်ပြင်းချလိုက်၏။ "ကံကောင်းပါစေကွာ"
သူ့အနေဖြင့် ဘေးအန္တရာယ် အသက်ဝင်မှုကို အသက်မသွင်းခဲ့ချေ။ လက်ခံသူသည် သူ၏အမှတ်များကို အမှန်ပင် နှမြောတတ်သူတစ်ယောက် ဖြစ်၏။ အမှတ်များ သုညအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်ကို သိရှိပါက ကျိန်းသေပေါက် သေဆုံးသွားနိုင်သည်။
ဟူးဟူး …။
နတ်ဆိုးစွမ်းအင်များသည် တဖြည်းဖြည်း များပြားကာဖြင့် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသည်။ ကျွင်းချောင်ရှောင်းသည် မအော်ချေ။ လက်သီးကိုဆုပ်၊ အံ့ကိုကြိတ်၍ တောင့်ခံနေ၏။ သူသည် ငါ့ဘဝသည် ငါ့လက်ထဲတွင်သာ ရှိသည်ဟူသော အသွင်အပြင်မျိုးကို ထုတ်ဖော်ပြသလျက် ရှိ၏။
"ဂိုဏ်းချုပ်"
ရုတ်တရက် ရောင်မုန့်ယဉ်၏ အသံသည် ထွက်ပေါ်လာ၏။ သူမသည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေဆဲပင်။ သူမ၏ မျက်လုံးထဲမှာတော့ ပိုမိုရှင်းလင်းလာပုံပေါ်၏။ သူမ၏ အသိစိတ်ကို ပြန်လည်ရရှိလာပုံလည်း ပေါ်၏။
အလင်း၏ အတားအဆီးသည် အသက်ဝင်လာခဲ့ပြီးပြီဖြစ်သောကြောင့် သူမ အနေနှင့် ဤတည်နေရာကြီးကနေ လွတ်မြောက်နိုင်စွမ်းတော့မရှိချေ။ အခြားသော လူရှစ်ယောက်တို့မှာလည်း ပုံမှန်အသိစိတ် ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်၏။ တစ်ယောက်ပြီး တစ်ယောက် ခေါင်းမော့ကာ ကြည့်လိုက်သည့် အချိန်မှာတော့ ယောကျာ်း လေးယောက်နှင့် မိန်းမလေးယောက်ဖြစ်ကြောင်း သိလိုက်ရသည်။
တစ်ချို့သည် အသက် ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိပြီး တစ်ချို့မှာတော့ နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိ၏။ ၎င်းတို့အားလုံးသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့ကြပြီး အောက်နယ်မြေမှ အထက်နယ်မြေသို့ တက်ရောက်လာခဲ့ကြသူများလည်း ဖြစ်ကြသည်။တက်ရောက်လာခဲ့ကြသော အချိန်ကာလ ကွာခြားချက်ရှိသည်ဆိုလျှင်တောင်မှ ယနေ့တွင် တူညီသည့် အတွေ့အကြုံကို ခံစားရရှိနေကြသည်။ ထူးခြားသည့် နည်းလမ်းများနှင့် ယစ်ပူဇော်ခံနေကြသည်ဟုလည်း သတ်မှတ်နိုင်၏။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ တစ်စုံတစ်ခုအား ၎င်းတို့ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်သွားသလို ခံစားလိုက်ရ၏။ ထိုအရာများသည် အလင်းတန်းများအဖြစ် ဖြစ်တည်ပြီး ကောင်းကင်ယံသို့ ပျံတက်သွား၏။ ပြီးနောက် ကောင်းကင်ယံထက်တွင် တဖြည်းဖြည်း စုစည်းကာဖြင့် သန္ဓေသားတစ်ခု၏ ပုံပန်းသွင်ပြင် ဖြစ်တည်လာ၏။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် က ပြောလိုက်သည်။ "ကျွန်မရဲ့ သန္ဒေနတ်ဆိုးခန္ဓာကိုယ်ကို ဆွဲထုတ်သွားပြီ"
သူမ သာလျှင် မဟုတ်ပေ။ အခြားသော ခုနှစ်ယောက်မှာလည်း ထိုကဲ့သို့ပင် ဖြစ်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဖြစ်စဉ်တစ်ခုလုံး၌ ဘာမှမပြောချေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးစွမ်းအင်များသည် အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူ၏မျက်နှာတစ်ခုလုံး ခက်ထန်လို့နေ၏။ ထို့ပြင် သူ၏ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခုကို ရှာဖွေနေပုံပေါ်ပြီး ထိုအရာကို ရှာဖွေမတွေ့နိုင်ချေ။
မည်သည့်အရာကို ရှာဖွေနေသနည်း။ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပင် ဖြစ်ပေလိမ့်မည်။
အဘယ့်ကြောင့် ရှာဖွေမတွေ့ရသနည်းဆိုသော် ကျွင်းချောင်ရှောင်းသည် သန္ဓေနတ်ဆိုးခန္ဓာပိုင်ရှင် မဟုတ်သောကြောင့်ပင်။
မတတ်နိုင်ချေ။ လက်ရှိအချိန်တွင် အလင်းတန်းများသည် အသက်သွင်းခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့သည် လက်ဗလာနှင့် ပြန်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးအော်ရာများကို ပြင်းထန်စွာ စုပ်ယူလျက်ရှိနေ၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးအော်ရာများကို ပစ်မှတ်ထားလိုက်၏။
"ဖေဖေ …. အပြင်ကိုထွက်လိုက်မယ်"
ရှောင်ရှစ်သည် အော်ဟစ်လိုက်၏။ ပြီးနောက် နတ်ဆိုးအော်ရာများနှင့် ၎င်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာဖြင့် အပြင်ဖက်သို့ ထွက်လိုက်သည်။ ၎င်းသည် အပြင်သို့ ရောက်ရှိသည့် အခါမှာတော့ အခြားသော အမဲရောင်အော်ရာကိုးခုတို့နှင့် စတင်ကာ ပေါင်းစပ်တော့၏။ ပေါင်းစပ်ခြင်းသည် အလွန်ပင် လွယ်ကူလွန်းလှ၏။ ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်မှ လွဲလျှင် အခြားသော ရှစ်ခုတို့သည် သူနှင့် ပေါင်းစပ်မှုကို ငြင်းပယ်လျက် ရှိနေသည်။
၎င်းတို့သည် သူတို့နှင့် မတူသောအရာများကို ကောင်းကောင်းနားလည်နိုင်စွမ်းရှိနေသည့် အသိညဏ်ရှိသည့် အရာများကဲ့သို့ပင်။ မတူညီသည့် ဓာတ်သဘဝ၏ လာရောက် ပေါင်းစပ်မှုကို မည်သို့မှ လက်မခံနိုင်ကြချေ။
"သဘောမတူဘူးလား။ အဆင်မပြေဘူးလား။"
ရှောင်ဟော့သည် အခြားသူများကို ခြောက်လန့်ရန်သာ စဉ်းစားလိုက်၏။ ၎င်း၏ မိစ္ဆာအော်ရာများကို ပြင်းပြင်းထန်ထန် ထုတ်ယူလိုက်ပြီးနောက် အခြားသော ရှစ်ခုတို့သည် ငြင်းပယ်၍ မရနိုင်တော့ချေ။ `ငါ့စကားကို နားမထောင်တဲ့သူ သေ´ဟူသည့် သဘောမျိုးဖြင့် အခြားသော သန္ဓေခန္ဓာကိုယ် ရှစ်ခုတို့ကို ဖိနှိပ်လိုက်သည်။
သန္ဓေခန္ဓာကိုယ်တို့ို့သည် လူသားများ မဟုတ်ကြချေ။ ထို့ကြောင့် လူသားကဲ့သို့လည်းဇွဲမလွေယ်လွယ်ကူကူနှင့် အညံ့ခံ ပေါင်းစပ်လိုက်ရသည်။
ထင်မှတ်ထားသည့် အတိုင်းပင်။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာသည့် သားသည် ကျွင်းချောင်ရှောင်းကဲ့သို့ပင် မောက်မာလွန်းလှ၏။
ဆွစ် ဆွစ် …။
ဓာတ်သဘာဝကိုးခုနှင့် မိစ္ဆာဓာတ်သဘာဝတို့သည် အောင်အောင်မြင်မြင်နှင့်ပင် ပေါင်းစပ်သွားခဲ့ကြ၏။ တဖြည်းဖြည်းခြင်း ထိုဓာတ်သဘာဝတို့သည် ပေါင်းစပ်သွားကြပြီး လေဝဲထဲတွင် ပေါင်းစုံသွားကြသည်။
ချက်ချင်းပဲ စင်မြင့်ပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်း၊ ရန်မို့ယွင်နှင့် အခြားသောသူများအားလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြပြီး လေဝဲအထဲဆီသို့ ဝင်ရောက်သွားခဲ့ကြ၏။
ဖောက် ဖောက် ဖောက်
ထိုအချိန်မှာပဲ အမဲရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် လူများသည် အမှောင်ထဲမှ တိုးထွက်လာကြ၏။ သူတို့၏ အော်ရာများကို သုံးသပ်ရလျှင် အလွန်ပဲ အားကောင်းလှ၏။ ၎င်းတို့အားလုံးသည် အသုဘခန်းဆောင် မှ လက်ရွေးစင်များ ဖြစ်ပုံပေါ်၏။
"ပွင့်သွားပြီပဲ"
ရှေ့ဆုံးမှ ဦးဆောင်လာသူက ပြောလိုက်သည်။ "နတ်ဆိုးနယ်မြေရဲ့ အဝင်ဝက နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီပဲ"
၎င်း၏နောက်မှ လိုက်ပါလာခဲ့သော နောက်လိုက်များအား ရှင်းရှင်းလင်းလင်း မမြင်ကျရချေ။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် လက်ရှိအချိန်မှာတော့ အလွန်စိတ်လှုပ်ရှားလျက် ရှိနေကြ၏။
"အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဒါကို ကျိန်းသေပေါက် တွေးမိမှာမဟုတ်ဘူး။ ငါတို့ရဲ့ ဘိုးဘေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အစိတ်အပိုင်းဆယ်ခုအဖြစ် ခွဲပြီးတော့ သေမျိုးလောကထဲကို ပို့လွှတ်လိုက်တယ်။ သူ့ရဲ့ အစစ်အမှန်ရည်မှန်းချက်က သူကိုယ်တိုင် ပြန်လည်ရှင်သန်လာဖို့တင် မဟုတ်ဘဲ နှစ်ပေါင်းတစ်သိန်းကျော် စည်းခတ်ခံထားရတဲ့ နတ်ဆိုးနယ်မြေကြီး ပွင့်လှစ်လာဖို့ ဆိုတာကိုလေ။ ဟား ဟား ဟား"
ရယ်မောသံကြီးသည် နတ်ဆိုးနယ်မြေတည်နေရာထဲတွင် ပြန့်နှံ့လျက် ရှိနေသည်။
ဆွစ် …။
ရုတ်တရက် အလင်းတန်းတစ်ခုသည် ရောက်ရှိလာ၏။ အမဲရောင်ဝတ်စုံနှင့် လူသည် လက်ထဲတွင် တစ်စုံတစ်ယောက်ကို ချီပိုးကာဖြင့် ဒေါသတကြီးပြောလိုက်၏။ "ချီးတဲ့မှ … လာတဲ့လမ်းမှာ မတော်တဆ နည်းနည်းဖြစ်သွားလို့ အချိန်နည်းနည်း နှောင့်နှေးသွားတယ်။ ဒါပေမဲ့ အခမ်းအနားကို စလို့ရပြီထင်တယ်"
ကောင်းကင်တွင် ဖြစ်တည်နေသည့် လေဝဲကြီးကို မြင်ရသည့် အချိန်မှာတော့ သူ၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ဖြစ်မိနေ၏။
"အစောင့်အရှောက်ကြီး …”
“ခင်ဗျား …"
မူလက ရယ်မောလျက်ရှိနေသော သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ၎င်းတို့သည် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ "ဘာတွေဖြစ်ကုန်တာလဲ"
ယခုမှ ရောက်ရှိလာသည့် အမဲရောင်ဝတ်စုံနှင့်လူသည် အသုဘခန်းဆောင်၏ အစောင့်အရှောက်ကြီးပင် ဖြစ်၏။ ဤယစ်ပုလ္လင်ကို ဖွင့်လှစ်ရန်အတွက် တာဝန်ယူထားသည့်သူများထဲမှ တစ်ယောက်လည်း ဖြစ်၏။ သူ၏တာဝန်သည် ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အချိန်မီ သွားရောက်ခေါ်ယူရန် ဖြစ်၏။ သို့ပေမဲ့ မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့နေရသောကြောင့် အချိန်အနည်းငယ် နှောင့်နှေးခဲ့ရသည်။ ထိုသို့ဆိုလျှင် ပြဿနာတစ်ခုက ရှိနေသည်။
ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာ ရောက်ရှိမလာသေးဘဲ အခမ်းအနားသည် အဘယ့်ကြောင့် စတင်ပြီး နယ်ဆိုးနယ်မြေ၏ လေဝဲက ပွင့်လှစ်သွားခဲ့ရသနည်း။
"သောက်ကျိုးနည်း …. ဘာတွေဖြစ်ကုန်တာလဲ"
အစောင့်အသေို့ပေမဲ့ အသက်ခုနှစ်ဆယ် အရွယ်ခန့် ရှိကြောင်း ထင်ရှား၏။ လက်ရှိအချိန်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ လေဝဲကြီးကို ဖွင့်လှစ်ရန်အတွက် ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာပိုင်ရှင်သည် လိုအပ်နေ၏။ လက်ရှိ လူတစ်ယောက်လိုအပ်နေသော်လည်း လေဝဲကြီးသည် ပွင့်လှစ်သွားခဲ့၏။ ဤအရာသည် အကျိုးအကြောင်း မဆီလျော်လှချေ။
သိချင်လျှင် အထဲကိုဝင်၍ ကြည့်ရှုသင့်သည် မဟုတ်ပါလား။ သို့ပေမဲ့ သူတို့သည် ကံဆိုးစွာဖြင့် အထဲကိုဝင်၍ မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤလေဝဲကြီး ပေါ်ပေါက်လာပြီးနောက် အထဲသို့ ဝင်ရောက်နိုင်သည့် လူများသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူများသာလျှင် ဖြစ်သောကြောင့်ပင်။
"မဟုတ်ဘူး မဟုတ်ဘူး"
အစောင့်အရှောက်ကြီးသည် စိတ်ကိုတည်ငြိမ်စွာဖြင့် လေးနက်တည်ကြည်စွာပြောလိုက်၏။ "တစ်စုံတစ်ယောက်က ဆယ်ယောက်မြောက် ပိုင်ရှင်အဖြစ် ဟန်ဆောင်ပြီးတော့ ဝင်သွားတာပဲ ဖြစ်ရမယ်"
"ဆယ်ယောက်မြောက်ပိုင်ရှင်မဟုတ်မှတော့ ပြဿနာတတ်သွားရမှာပေါ့"
"မဟုတ်သေးဘူး" အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူသည် အနည်းငယ် ပူပန်လို့နေခဲ့၏။
အစောင့်အရှောက်ကြီးက ပြောလိုက်၏။ “သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးတော့ လေဝဲကြီးထဲကို ဝင်သွားနိုင်တယ် ဆိုတော့က ဒီဆယ်ယောက်မြောက်လူက ငါတို့ထဲကပဲ ဖြစ်ရမယ်လေ"
"ဟုတ်တယ်။ ဒါအမှန်ပဲ။ ဒါဆိုရင် ကောင်းတာပဲ"