ရိုးသားမှုကို ဖုံးကွယ်ရန် ဆိုးသွမ်းမှုကိုချုပ်တည်းထားခြင်း
Vol. 123 Ch. 1719
ချင်ယိနှင့် ရှောင်ချီတို့ ရှင်းပြပြီးနောက်တွင် ဝိညာဉ်သစ်ပင်သည် ဤနေရာတွင် ဘာကြောင့်အဆိပ်မိသည် သူတို့ဘာကြောင့် စိုးရိမ်နေသည်ကို ရှီမာယူယူ နားလည်သွားသည်။
ဝိညာဉ်သစ်ပင်သည် အတိတ်များဆီက သူတို့လိုပင် လွတ်လပ်သည်။ သို့သော် လွန်ခဲ့သည် နှစ်တစ်သောင်းခန့်က လူတချို့သည် သူ့ကို အကွက်ဆင် ကာ ဤနေရာတွင်မှာမှ ချိပ်စည်းသုံးခဲ့ကာ ဤနေရာထဲတွင် ပိတ်မိနေခဲ့၏။
အပြင်အမျိုးအစား သားရဲများအတွက် ဤမြေဆီလွှာမှ ထွက်သွားရန် ပြဿနာမဖြစ်လှသော်လည်း ချိပ်စည်းမှာ အမှောင်အမျိုးအစားဖြစ်နေသည်။ အမှောင်ချိပ်စည်းသည် မြေဆီလွှာ အာဟာရများကို စုပ်ယူသွားရာ ဝိညာဉ် သစ်ပင်သည် အာဟာရများမရနိုင်တော့ပေ။
ပြီးနောက် ချိပ်စည်းပေါ်မှ အမှောင်ဝိညာဉ်သည် ဝိညာဉ်သစ်ပင်၏ ကိုယ်တွင်းသို့ ဝင်ရောက်ကာ သူ၏အားကို လှိုက်စားခဲ့သည်။
“ဘာလို့လဲ အကြီးအကဲဖြူသေသွားရင် ပညာရှိစံအိမ်တော်က နောက်ထပ် အင်အားမရနိုင်တော့ဘူးမလား” ရှီမာယူယူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီလိုချိပ်စည်းကပဲ အကြီးအကဲဖြူကို ပိတ်ထားနိုင် မှာ၊ အကြီးအကဲဖြူရဲ့ အားနဲ့ဆိုရင် နှစ်ပေါင်းသောင်းချီကြာမှ သေနိုင်မှာ၊ သူတို့က ဒီနှစ်သောင်းချီအတွင်းကို ချမ်းသာအောင်လုပ်လို့ရတယ်လေ” ချင်ယိ ပြောလိုက်သည် “ပြီးတော့ ပညာရှိစံအိမ်တော်ကလူတွေဥိုကြည့်လိုက်လေ သူတို့ရဲ့ ဝိညာဉ်စွမ်းအားက သာမာန်လူနဲ့ အံဝင်ခွင်ကျဖြစ်နေတာ အကုန်လုံးက အကြီးအကဲဖြူရဲ့ အားထုတ်မှုကြောင့်ပဲ”
“အဲတော့ မင်းပြောတာက အကြီးအကဲဖြူကို ပိတ်လှောင်ထားရင်း သူတို့က အကြီးအကဲဖြူရဲ့အားကို သုံးနေတာပေါ့ အဲဒါကြောင့် ပညာရှိစံအိမ် တော်က အရှက်မရှိလောက်အောင် ဒီလောက်ကြီးကြီးထွားလာတာကိုး” ရှီမာယူယူ နှာမှုတ်လိုက်သည်။ သူမ၏ ပညာရှိစံအိမ်တော်ကို အထင်သေးမှုမှာ ပိုကြီးမားလာခဲ့သည်။
“ယူယူ ဘိုးဘိုးဖြူက အားပိုပိုနည်းလာပြီ သူဒီမှာဆက်နေရင် နောက် နှစ်တွေအတွင်း သေလိမ့်မယ်၊ ချင်ယိနဲ့ ရှောင်ချီက ဘာမှမလုပ်နိုင်ဘူး အဲဒါ ကြောင့် ယူယူ့ကိုပဲ အားကိုးရတော့မယ်” ရှောင်ချီ ပြောလိုက်သည်။
ရှောင်ချီနှင့် ချင်ယိတို့ ဘာကြောင့် ဘာမှမတတ်နိုင်သည်ကို ရှီမာယူယူ မသိပေ။ သို့သော် ဤနေရာမှအခြေအနေကို စစ်ဆေးပြီးနောက် သူမ နားလည် သွားလေပြီ။
အောက်မှချိပ်စည်းသည် အမှောင်ဝိညာဉ်ကျောက်တုံးများဖြင့် အပြည့် ပြုလုပ်ထားသည်။ ထိုကဲ့သို့ ဝိညာဉ်ကျောက်အမျိုးအစားသည် ရရန်ခက်ခဲ၏။ ကျောက်တစ်တုံးစီတွင် ဝိညာဉ်စွမ်းအင်များစွာ ပါဝင်သော်လည်း လူနည်းစုသာ သုံးရဲကြသည်။ အကြောင်းမှာ ဝိညာဉ်စွမ်းအင်သည် အမှောင်အရည်ချင်းဖြစ် သောကြောင့် လူအများစုမှာ မစုပ်နိုင်သောကြောင့်ပင်။
အမှောင်မီးအရည်အချင်းများသည် ချင်ယိနှင့် အကြီးအကဲဖြူတို့ကဲ့သို့ သစ်ပင်များအတွက်တော့ အဆိပ်ပင်။ သူတို့သည် အနည်းငယ်ထိလိုက်လျှင် တောင် ကြီးစွာသောနာကျင်မှုကို ခံစားရသည်။
ထိုလူများသည် သူတို့ကိုချိပ်စည်းခတ်ရန် အမှောင်ဝိညာဉ်ကျောက်များ ကိုသုးခဲ့သည်။ ထို့ကြောင့်ပင် အကြီးအကဲဖြူသည် နှစ်ပေါင်းများစွာ ပိတ်မိနေ ခြင်းဖြစ်သည်။
ပတ်ပတ်လည်မှ အခြေအနေကို စစ်ဆေးပြီးနောက် သူမသည် အကြီးအကဲဖြူကို ပို၍လေးစားလာသည်။
“အပင်တွေ ဒီနားမှာ အသက်မရှင်နိုင်ဘူး အမှောင်ဝိညာဉ်ကျောက်ရဲ့ စွမ်းအားကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်မရှိကြဘူး၊ ဒါပေမဲ့ အကြီးအကဲဖြူက သူ့ရဲ့ စွမ်းအားကိုသုံးပြီး အမှောင်ဝိညာဉ်ကျောက်ရဲ့ စွမ်းအားကို အမြစ်ထဲထိ စုပ်ယူ လိုက်တော့ တခြားအပင်တွေ အသက်ရှင်နိုင်တာပဲ”
“ယူယူ ဘယ်လိုလဲ ချိပ်စည်းဖျက်နိုင်မလား” ရှောင်ချီသည် ရှီမာယူယူ အား စိတ်စော၍မေးလေသည်။
“နည်းနည်းတော့ ခက်မယ် ဒါပေမဲ့ မဖြေရှင်းနိုင်တာတော့ မဟုတ်ဘူး” ရှီမာယူယူ၏ မျက်နှာမှာ လေးနက်နေသည် “ချိပ်စည်းက ရှုပ်ထွေးနေတယ် ဒါပေမဲ့ ကံကောင်းတာက နှစ်တွေအများကြီးကြာနေပြီဆိုတော့ သူ့စွမ်းအားက လည်း လျော့နေပြီ”
“ချိပ်စည်းရဲ့စွမ်းအားပျောက်သွားရင် ဘိုးဘိုးဖြူအဆင်ပြေသွားမှာလား” ရှောင်ချီ မေးလိုက်သည်။
“မပြေဘူး ချိပ်စည်းသက်တမ်းကုန်သွားရင် သူချိပ်ပိတ်ထားတဲ့ သတ္တဝါ ကိုပါ ချုပ်ငြိမ်းစေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် သူစွမ်းအားမကုန်ခင် ရှင်းထုတ်ပစ်ရမယ် ငါတို့မင်းကိုပဲ အပ် လိုက်ပြီ” ချင်ယိသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် နားဝင်ချို အောင်မပြောသော်လည်း သူ၏စကားများမှာ လေးနက်သည်။
“စိတ်ချပါ ဒီကိစ္စကို ငါ့ကိုအပ်ထားလိုက် အမှောင်ဝိညာဉ်က ငါ့အပေါ် သက်ရောက်မှုမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဲမတိုင်ခင် ဒီက အပင်တွေကို ရှင်းပစ်ရမယ် မဟုတ်ရင် စွမ်းအားက အပြင်ကိုပေါက်ထွက်ရင် သူတို့တွေ ခံနိုင်မှာမဟုတ်ဘူး”
“အဲကိစ္စကို ငါတို့ကိုအပ်ထားလိုက်” ချင်ယိ ပြောလိုက်သည်။
“ဟုတ်ပြီ” ရှီမာယူယူသည် မြေဆီလွှာကို စတင်ဖယ်ရှားသည်။ အကြီးအကဲဖြူ ဘေးပတ်ပတ်လည်မှ မြေဆီလွှာများကို ဖယ်ပြီးသည်နှင့် အမှောင်ဝိညာဉ် ပေါ်လာသည်။ အကြီးအကဲဖြူ၏ အမြစ်များသည် တွင်း အလယ်တွင်ရှိနေသည်။ အမှောင်ဝိညာဉ် ပြည့်နှက်နေသော အမှောင်ဝိညာဉ် ကျောက်များသည် အလယ်ရှိအမြစ်များကို ဝန်းရံထားသည်။
“တကယ်ပဲ ရှုပ်ထွေးတာပဲ” သူမသည် ထိုအမှောင်ဝိညာဉ်ကျောက်များ ကို ကြည့်ပြီး မည့်သည်နေရာက စရမည်ကို စဉ်းစားနေသည်။ ရှောင်ချီနှင့် ချင်ယိတို့သည် အပင်များကို ဖယ်ရှားပြီးနောက် ရှီမာယူယူ ဘေးသို့ ပြေးလာကြ သည်။ ရှီမာယူယူသည် အမှောင်ကျောက်များကိုကြည့်ပြီး ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။
“ယူယူ ဘယ်လိုကိုင်တွယ်ရမလဲမသိဘူးလား” ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် အမှောင်ဝိညာဉ်ကျောက်များထဲမှ တစ်တုံးကိုညွှန်ပြ လိုက်သည် “ဒါက ချိပ်စည်းတစ်ခုလုံးရဲ့ ပင်မဖြစ်ရမယ်၊ ဒါကို ဖျက်နိုင်ရင် တစ်ဝက်လောက်ပြီးသွားပြီ”
“နောက်ပိုင်းဖြစ်လာမှာကို စိုးရိမ်နေတာလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “တစ်ဝက်လောက်က အကြီးအကဲဖြူ ရဲ့ အမြစ်တွေထဲကို ဝင်ပြီးနေပြီ အဲဒီအမှောင်ကျောက်တွေကို ငါ ဖယ်လိုက်ရင် အကြီးအကဲဖြူကို ခိုက်မိလိမ့်မယ်၊ ငါက အကြီးအကဲဖြူနဲ့ မရင်းနှီးဘူးလေ ဒီလို ကိစ္စမျိုးကိုအရင်ကလည်း မကြုံဖူးတော့ ရလဒ်ကဘယ်လိုဖြစ်မလဲ မသိဘူး၊ အကြီးအကဲဖြူ ခံနိုင်ရည်ရှိပါ့မလားလည်း မသိတော့ အလောတကြီးလုပ်လို့မရ ဘူး”
“ပြဿနာမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကတော့ အရင်ကထက်တော့ ပိုမဆိုးနိုင်ပါဘူး စဉ်းစားထားတဲ့အတိုင်းသာ လုပ်လိုက်ပါ တခြားဟာကို အများ ကြီး စဉ်းစားဖို့မလိုပါဘူး” အကြီးအကဲဖြူသည် သူမကို နှစ်သိမ့်လေသည်။
“ဒါပေမဲ့ တစ်ခုခုဖြစ်လာရင်….”
“တစ်ခုခုဖြစ်လာရင် ငါ့ကံတရားပဲပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ နေရ တာထက်စာရင် ကောင်းပါတယ်”
လွတ်လပ်ခြင်းမရှိ ဤနေရာတွင် အပိတ်ခံထားရသည်။ အမှောင်ဝိညာဉ် များနှင့် နေ့စဉ် တိုက်ခိုက်နေရသည်။ ဤကဲ့သို့ဘဝသည် သူ့အတွက် ရှေ့ဆက် ရန်ခက်ခဲမည်။ သူသေသွားလျှင်လည်း လက်ရှိအခြေအနေထက်တော့ သာဦး မည်။
“ယူယူ ဘိုးဘိုးဖြူ နာကျင်နေတာ ဒါပေမဲ့ ရှောင်ချီက ဘိုးဘိုးဖြူကို မပျောက်သွားစေချင်ဘူး” ရှောင်ချီသည် မျက်ရည်များဝဲကာ သူမကို ကြည့်လေ သည်။
ရှီမာယူယူသည် သူမခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “ဘိုးဘိုးဖြူကို ငါလည်း အပျောက်မခံပါဘူး၊ ဒီချိပ်စည်းကို ရှင်းဖို့ဆိုရင် နည်းလမ်းတစ်ခုထက် ပိုရှိမှာပါ ငါတို့မှာ အချိန်ရှိပါတယ် အဲဒါကြောင့် ထပ်လေ့လာပြီး နောက် နည်းလမ်း ရှာကြတာပေါ့ တစ်ခုမှမရှိဘူးဆိုမှ ဒီနည်းလမ်းကို ကြိုးစားကြည့် တာပေါ့”
“ကောင်းပြီ”
“ဒီကျောက်တွေက မင်းတို့ကို ထိခိုက်စေလိမ့်မယ် ဟိုမှာပဲ ငါ့ကိုစောင့်နေ ကြ ငါအောက်ဆင်းပြီးကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီးနောက် တွင်းကြီးထဲသို့ ပျံဆင်းလိုက်သည်။ သူမသည် အကြီးအကဲဖြူ၏ အမြစ်များ အကြားတွင် ဆင်းသက်လိုက်သည်။
“ယူယူ မီအာ့ကို စမ်းကြည့်ခိုင်းပါလား” ရှောင်ချီသည် အပေါ်မှ အကြံပေး လေသည် “မီအာက အရမ်းအားကောင်းပြီး ကျောက်တုံးကထွက်လာတာပဲလေ ဒီကျောက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူသိမှာပဲ”
ရှီမာယူယူ စဉ်းစားကြည့်လိုက်ပြီး သဘောတူလိုက်သည်။ ထို့ကြောင့် မီအာကိုခေါ်လိုက်သည်။ မီအာသည် ကျောက်တုံးများကို ကြည့်ပြီး ခေါင်းခါ ကာ ပြောလိုက်သည် “ဝိညာဉ်စွမ်းအားက ကျောက်တုံးထဲကလာတာ၊ သူတို့ကို ခွဲပစ်ချင်ရင် လွယ်ပါတယ် ဒါပေမဲ့ လေ့လာမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူး”
ဆိုလိုသည်မှာ အကြီးအကဲဖြူ မထိခိုက်အောင် လုပ်စေချင်လျှင် သူ မလုပ်နိုင်ပေ။
ရှီမာယူယူသည် စိတ်ပျက်သွားသည်။ သူမသည် မီအာကိုလုပ်နိုင်လိမ့် မည်ဟု ထင်ထားသည်။ သူလည်း မလုပ်နိုင်ဟု ပြောလာလိမ့်မည် ထင်မထား ပေ။
“ငါ ချိပ်စည်းကိုရှင်းချင်တယ်ဆိုရင် ဒီကျောက်တွေထဲက စွမ်းအားကို ရှင်းဖို့ နည်းလမ်းကိုအရင်ရှာရမယ်၊ ငါ ကျောက်တွေကိုရွေ့လိုက်တာနဲ့ ဝိညာဉ် စွမ်းအားက သေချာပေါက် ပြန်ကန်ထွက်မှာပဲ” သူမသည် မျက်မှောင်ကြုတ် လိုက်သည်။ သူမ ထိုသို့လုပ်လိုက်လျှင် အကြီးအကဲဖြူကို ခိုက်မိစေမည်။
“အဲဒီကျောက်တွေသာ အမှောင်မီးအရည်အချင်းမဟုတ်ရင် ရှောင်ချီ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်မယ်” ရှောင်ချီသည် နှုတ်ခမ်းတွန့်ပြီး အလွန်ပင် ဝမ်းနည်းနေသည်။
“အမည်းလေးကို ဘာလို့ မစမ်းခိုင်းရမှာလဲ” မီအာကြောက်သည့်သူကို ပြောရလျှင် အမည်းလေးပင်ဖြစ်သည်။ သူ မလုပ်နိုင်လျှင် အမည်းလေး လုပ်နိုင် မည်။
ရှီမာယူယူသည် အမည်းလေး၏ အသွင်မှန်ကို ပြန်တွေးလိုက်သည်။ သူ သည် ထိုကျောက်တုံးများကို ကိုင်တွယ်ရန် နည်းလမ်းရှိနိုင်သည်။ အခုချိန်တွင် သူသည် အသုံးမဝင်သည့်အရာဖြစ်နေသော်လည်း ဤအရာကိုတော့ ကိုင်တွယ် နိုင်လိမ့်မည်။
***