သူ့လိုလူမျိုး ကိုးဆယ့်ကိုးယောက်ကျော်ရှိသေးတယ်
Vol. 7 Ch. 96
ဖန့်ကြွယ်ယွီက အလွန်မြန်သောအရှိန်နှုန်းဖြင့် မောင်းနှင်နေသဖြင့် တစ်နာရီသွားရမည့် ခရီးကို မိနစ်လေးဆယ်အတွင်းမှာ ရောက်ရှိလာသည်။
ကံကောင်းချင်တော့ ရုံးဆင်းရုံးတက်အချိန်မဟုတ်သဖြင့် လမ်းသိပ်မကြပ်ပေ။ သို့သော် လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးမှုများကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဌာန၏ အာရုံစိုက်မှုမှ မလွတ်နိုင်ပေ။
သူဌေးသားတစ်ဦးက စိတ်လွတ်ကိုယ်လွတ်မောင်းနှင်နေသည်ဟု ထင်မြင်မိပြီး ရုတ်တရက်ဆိုသလို ကားကိုအရှိန်လျှော့ခိုင်းလိုက်သည်။
“သေစမ်း..ဘာလို့ ယာဉ်ထိန်းရဲတွေရှိနေတာလဲ” သူက ကျန်းနန်မြို့မှ ထွက်ခါနီးအချိန်တွင် မြို့အထွက်ဂိတ်နားမှာရှိနေသော ယာဉ်ထိန်းရဲများက သူ၏ကားကိုလှမ်းတားသည်။
“ဆောရီးပါ..ငါ့မှာ အရေးကြီးကိစ္စပေါ်လာလို့ပါ” ဖန့်ကြွယ်ယွီက နောက်ကျလို့အဆင်မပြေပေ။
“ငါ့ချစ်သူရဲ့ မောင်လေးကို ကားတစ်စီးက ဆွဲခေါ်သွားလို့ အဲ့ကားနောက်ကိုလိုက်နေရတော့ စိတ်ကလောပြီး အရှိန်မြှင့်လိုက်မိတာပါ”
“မရဘူး။ မင်းအဲ့လိုမောင်းတာက မင်းရဲ့ လုံခြုံမှုအတွက်လည်း အန္တရာယ်ရှိသလို တခြားသူတွေကိုလည်း ဒုက္ခရောက်စေတယ်။ မင်း အဲ့ဒီ့အကြောင်းကို ရဲတိုင်ပြီးပြီလား”
ယာဉ်ထိန်းရဲက ဖန့်ကြွယ်ယွီအလျင်စလိုဖြစ်နေတာကို သတိထားမိသည်။
“မပို့ရသေးပါဘူး။ ကလေးက ပျောက်နေတာ တစ်နာရီလောက်ပဲရှိသေးတယ်။ လူပျောက်တိုင်ဖို့က ၂၄ နာရီကျော်မှရတာဆိုတော့ မတိုင်ရသေးပါဘူး။ ဘယ်လိုပြစ်ဒဏ်ပဲပေးပေး လက်ခံပါမယ်။ လိုအပ်မယ်ဆို ငါ့လိုင်စင်ကိုလည်း ယူထားပါ။ ငါ ထွက်မပြေးပါဘူး။ ပျောက်နေတဲ့ကလေးကို အရင်ဆုံးရှာခွင့်ပေးပါ”
“မရဘူး။ မင်းပြောတာတွေက အမှန်တွေ ဖြစ်နေပါတယ်ဆိုဦးတော့ စည်းမျဉ်းက စည်းမျဉ်းပဲ။ အစစ်ဆေးခံဖို့၊ ပြစ်ဒဏ်ခံယူဖို့ ကားပေါ်ကဆင်းလာပါ” ဥပဒေမှာ ခြွင်းချက်ဟူပြီးမရှိပေ။
“ငါတို့ မင်းကိုကူညီပေးမယ်။ မင်းပြောသလိုသာအမှန်ဖြစ်မယ်ဆို ရဲတွေက မင်းကိုကူညီပြီး ကလေးကို မြန်မြန်ရှာတွေ့အောင် လုပ်ပေးနိုင်တယ်”
“ဒါပေမဲ့ အဲ့တိုင်းသာဆို အချိန်ကြန့်ကြာနေမယ်” ဖန့်ကြွယ်ယွီ၏ စိတ်ထဲပိုပိုပြီး လောလာတော့သည်။ သူက ကူးရီဘက်ကိုလှည့်ကြည့်ပြီး အကူအညီတောင်းသည်။
“သခင်လေး သူတို့ကို အိပ်မွေ့ချလိုက်လို့ရတယ်။ လုပ်လိုက်ရမလား” ကူးရီ၏ ပါးစပ်က မလှုပ်ရှားပေမဲ့ သူ၏ အသံကို ကြွယ်ယွီက ကြားနေရသည်။
“မလုပ်ပါနဲ့။ အဲ့လိုလုပ်မယ်ဆို ကိစ္စတွေကပိုပြီးရှုပ်ထွေးလာလိမ့်မယ်”
“ရှောင်းရီ..မင်းမှာတခြားနည်းလမ်းရှိသေးလား” ဟု ဖန့်ကြွယ်ယွီကမေးသည်။
“ကျွမ်းရီဆိုတဲ့ မိန်းကလေးကို မေးကြည့်ပါ။ သူ့မှာ အဆက်သွယ်ကောင်းတွေရှိတယ်”ဟု ရှောင်းရီကပြန်ဖြေသည်။
“ဟုတ်တယ်”
ကျွမ်းမိသားစုက ချမ်းသာသည့်အပြင် သူတို့မှာ အဆက်အသွယ်ကောင်းများရှိသည်။
“အမရီ..ရှင်းယွီရဲ့ မောင်လေးက ပျောက်နေတာ။ ဘယ်လို..မင်းသိပြီးသားဟုတ်လား။ အင်းအင်း။ အခုလည်း ငါက မြို့အထွက်ကိုရောက်တဲ့အချိန်မှာ ယာဉ်ထိန်းရဲတွေက ငါ့ကိုတားထားတာ။ ရှောင်းယွီက ကျန်းနန်မြို့ပြင်က စက်ရုံထဲမှာရှိမယ်လို့ ထင်တာပဲ”
ကျွမ်းရီထံမှရရှိသော သတင်းများက အချိန်နှင့်တပြေးညီ သစ်လွင်သည်။ သူမက အိမ်ထဲမှ မထွက်ဘဲနှင့် ကိစ္စတိုင်းကို သိနေသည်။
တခဏအကြာမှာ ယာဉ်ထိန်းရဲ၏ စကားပြောစက်မှ အသံမြည်လာသည်။ တစ်ဖက်က လူကြီးတစ်ဦး၏ အသံကို ဖန့်ကြွယ်ယွီက အတိုင်းသားကြားနေရသည်။ ထို့နောက် ယာဉ်ထိန်းရဲက သူ့ကို ထူးဆန်းသည့်ပုံစံဖြင့်ကြည့်သည်။
“သူ့ကို လွှတ်ပေးလိုက်” မမျှော်လင့်ဘဲ ယာဉ်ထိန်းရဲက စစ်ဆေးရေးဂိတ်ကို ဖွင့်ပေးလိုက်သည်။
“ဆရာ..ဒါက”
“ဒါက ဗျူရိုက အမိန့်ပေးတာက။ ဗဟိုက အမိန့်ကွ” သူတို့အနေနှင့် အမိန့်များကိုမလွန်ဆန်လိုပေ။
“ကျေးဇူးပါဗျာ။ ကိစ္စတွေအားလုံးပြီးလျှင် ပြန်လာပြီး ပြစ်ဒဏ်လာခံပါ့မယ်”ဟု ဖန့်ကြွယ်ယွီကမေးသည်။ သူ့အဆက်အသွယ်များမှတဆင့် ကြုံနေရသောပြသနာများကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ခဲ့သည်။
မြို့ပြင်မှာ မြက်ရိုင်းများထူထပ်နေသည်။လမ်းအသစ်၏ ဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများနှင့် စက်ရုံများရှိသည်။ ထိုနေရာမျိုးကို ဒီဘက်ခေတ်မှာ မြင်တွေ့နေကျမဟုတ်ပေ။ ဖြစ်နိုင်တာက လွန်ခဲ့သည့် ဆယ်နှစ် သို့ အနှစ်နှစ်ဆယ်လောက်က တည်ဆောက်ခဲ့တာဖြစ်မည်။ သို့သော် နောက်နှစ်ဆို ဤနေရာမှာ မြို့ပြတည်ထောင်လာတော့မည်။
လယ်ကွင်းနားက ဂိုဒေါင်ဟောင်း၏ ရှေ့တွင် မီးခိုးရောင်ကားတစ်စီးရပ်ထားသည်။ လူတစ်စုက ဆေးလိပ်အတူတူသောက်နေကြသည်။ တရုတ်လူမျိုးအများစုဖြစ်ပြီး နိုင်ငံခြားသားများလည်း တချို့တဝက်ပါဝင်သည်။
သူတို့က ပြန်ပေးဆွဲဂိုဏ်းလိုမျိုးဝတ်ဆင်ထားတာမျိုးမဟုတ်ဘဲ တူညီဝတ်စုံများကိုဝတ်ဆင်ထားသဖြင့် အဖွဲ့အစည်းတစ်ခုခုနှင့်တူသည်။
“ခုတလော လုပ်ရကိုင်ရခက်လာလိုက်တာ” တရုတ်လူမျိုးတစ်ဦးက သက်ပြင်းချပြီးပြောသည်။
“ဘာမှမတတ်နိုင်ဘူးလေ။ ဒီနိုင်ငံက လုံခြုံရေးစနစ်က တဖြည်းဖြည်းအဆင့်မြင့်လာလိုက်တာ။ ငါတို့အတွက် ဂွင်ဖန်လို့မရတော့ဘူး။ တခြားနိုင်ငံတွေမှာ လုပ်ကိုင်နေတဲ့လူက ငါတို့ထက်ပိုပြီးအဆင်ပြေတယ်။ သူတို့ဘက်မှာ လူတွေပျောက်လည်း သိပ်ပြီးသတိမမူမိကြလို့ အဲ့ဘက်ကအဖွဲ့ဝင်တွေက တော်တော်လေးအဆင်ပြေတယ်”
“အရင်တစ်ခေါက်တုန်းကလည်း ငါတို့လုပ်တဲ့အလုပ်တွေအဆင်မပြေတာများလို့ ခေါ်ပြီးအကြိတ်ခံခဲ့ရပြီးပြီ။ ဒါပေမဲ့ ငါတို့အခက်အခဲကို သူတို့သိရအောင် သူတို့ဘာသာ လာပြီး စမ်းကြည့်သင့်တယ်”
“မင်းအသံကိုတိုးစမ်းပါကွ” တခြားတစ်ဦးကလှမ်းပြီး သတိပေးသည်။
“ငါတို့အဖွဲ့က လူတွေဒီနေ့လာမယ်ဆိုတာ မင်းသိတယ်မဟုတ်လား။ မင်းပြောတာသူတို့ကြားသွားရင် ဒုက္ခရောက်လိမ့်မယ်”
“သူတို့မှမရောက်သေးတာကွ..ငါပြောတာမကြားပါဘူး”
“ကျွီ” ဂိုဒေါင်ရှေ့မှာ ဘန်တလေကားက တဟုန်ထိုးရပ်လိုက်သဖြင့် အားလုံးက စိတ်ဝင်တစား လှမ်းကြည့်ကြသည်။
ဒီအချိန်မှာ ဒီနေရာကိုဘယ်သူရောက်လာတာလဲ!!
အသက် နှစ်ဆယ်အရွယ်လူငယ်တစ်ဦးနှင့် ခပ်တည်တည်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကားထဲမှ ထွက်လာပြီး ဂိုဒေါင်ဘက်ကို တည့်တည့်လျှောက်လှမ်းလာသည်။
“မင်းတို့ကဘယ်သူလဲ…ဘာလိုချင်လို့လဲ”
သူတို့၏ လမ်းကို လူဆိုးဂိုဏ်းအဖွဲ့က ပိတ်လိုက်သည်။
“ဟမ်” သူတို့ကို သာမန်ပြန်ပေးဆွဲသူဟု ထင်ခဲ့သော်ငြား တူညီဝတ်စုံများဝတ်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် သာမန်ဂိုဏ်းတစ်ခုထက်ပိုသာသည်။
သူ၏ မျက်လုံးအစွန်းထောင့်ကကြည့်သောအခါ မီးခိုးရောင်ကားတစ်စီးကိုတွေ့လိုက်ရပြီး ဖန့်ကြွယ်ယွီမျက်နှာကွက်ခနဲပျက်သွားသည်။
သူ့ချစ်သူ၏ မိဘများနှင့် ပထမဆုံးတွေ့ဆုံရသည့်နေ့တွင် ထိုလူများကြောင့် အပျော်များပျက်ခဲ့ရသည်။
“မင်းတို့ခေါ်သွားတဲ့ကလေးတွေကဘယ်မှာလဲ” ကူးရီက အနောက်မှာရှိနေသဖြင့် ဖန့်ကြွယ်ယွီက လူဆိုးဂိုဏ်းနှင့်တွေ့သော်ငြား ယုံကြည်ချက်အပြည့်ရှိသည်။
“ဘာတုန်းဟ သူက ကလေးတစ်ယောက်အတွက် ဒီကိုရောက်လာတာပဲ”
တစ်နာရီအတွင်းမှာ ကလေး၏မိသားစုမှသူတို့၏ တည်နေရာကို နောက်ယောင်ခံလိုက်နိုင်ခဲ့သည်။
သူတို့အကြောင်း သိကုန်ကြပြီလားဟုတောင် တွေးမိသည်။
“ငါတို့ဘာလုပ်ကြမလဲ” ဟု နိုင်ငံခြားသားတစ်ဦးက မေးသည်။
“သူတို့ကိုရှင်းလိုက်ပေါ့ကွာ။ အရင်တုန်းကလည်း ဒါမျိုးတွေကြုံဖူးတာပဲလေ”
ချက်ချင်းဆိုသလို လက်နက်များစွာက ဖန့်ကြွယ်ယွီ၏ ဦးခေါင်းဘက်ကို ချိန်ရွယ်လိုက်သည်။
“မင်းတို့နှစ်ယောက်ထဲနဲ့ ငါတို့ကိုစိန်ခေါ်ရဲတယ်။ မင်းတို့ သေချင်ပြီလား”
“သေနတ်တွေ” ဖန့်ကြွယ်ယွီက ထိတ်လန့်သွားသည်။
“ကူး..ကူးရီ”
“သခင်လေး ကျွန်တော့်တာဝန်ထားပါ” ကူးရီက သူ့ရှေ့မှာရှိနေသော သေနတ်များကို မမှုဘဲ ရှေ့ကိုလျှောက်လာသည်။
“ဒိုင်း ဒိုင်း ဒိုင်း”
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လူဆိုးဂိုဏ်းက သေနတ်မောင်းကိုဆွဲပြီး ကူးရီကို ပစ်လိုက်ကြသည်။
ကူးရီထံသွားသော ကျည်ဆန်များက ကူးရီရှေ့မရောက်ခင် တစ်မီတာအကွာမှာ မမြင်ရသော သို့ မထိုးဖောက်နိုင်သော နံရံကို ထိရိုက်မိသလို လေထဲမှာရပ်တန့်သွားသည်။
“ဘာပါလိမ့်” မြင်လိုက်ရသည့်မြင်ကွင်းအပေါ် သူတို့တစ်ဖွဲ့လုံး အံ့အားသင့်ကြသည်။ ထိုအရာက သိပ္ပံဆန်းကြယ်ဇာတ်ကားတစ်ကားကို ကြည့်နေရသလိုဖြစ်သည်။
သူတို့ အိမ်မက်မက်နေကြတာလား!
“ဟား ဟား မင်းတို့ကြောက်နေကြပြီမဟုတ်လား”
ဖန့်ကြွယ်ယွီက ရှောင်းယွီ၏မှတ်တမ်းထဲမှာသူမြင်ခဲ့ရသော သူ့ဖခင်၏ဖြစ်ရပ်ကိုပြန်ပြောင်းအမှတ်ရမိသည်။
“မင်းတို့ကများ ငါ့ကောင်မလေးရဲ့ မောင်လေးကိုပြန်ပေးဆွဲရဲတယ်။ မင်းတို့ကိုပြောရဦးမယ်။ ငါတို့မိသားစုမှာ သူ့လိုအစွမ်းထက်တဲ့ လူပေါင်း ၉၉ယောက်ကျော်ရှိသေးတယ်”
“မင်းသေချင်နေပြီလား” ဖန့်ကြွယ်ယွီဘက်ကို သေနတ်ချိန်လိုက်သည်။ ကျည်ဆံက သူ၏ရင်အုပ်ဆီသို့ ပြေးဝင်လာသည်။
ဖန့်ကြွယ်ယွီက မျက်လုံးကိုခပ်တင်းတင်းမှိတ်ထားသည်။ သူ့၏ ခန္ဓာကိုယ်က သန်မာသော်လည်း ကူးရီကဲ့သို့ ကျည်ဆန်မပြီးပေ။
သို့သော် သေနတ်ပစ်ပြီးနောက် ခဏအကြာမှာ သူ၏မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
ကျည်ဆန်က လေထဲမှာတန့်နေပြီး မရွေ့လျားပေ။ သူကကျည်ဆံကိုတောင် ထိနိုင်သည်။
“အား” ကျည်ဆံက ပူနေသဖြင့် သူ့လက်ချောင်းလေးပါ ပူသွားသည်။ “ကူးရီ သူတို့ကိုရှင်းလိုက်တော့”
“ဟုတ်ကဲ့” သိပ်မကြာလိုက်ခင်မှာ ပြန်ပေးဆွဲဂိုဏ်းတစ်ခုလုံး အလဲလဲအကွဲကွဲဖြစ်ကုန်သည်။
“အားလုံးကိုရှင်းပြီးပါပြီ သခင်လေး”
ကူးရီက သူ၏နောက်မှာ ပြန်ပေါ်လာသည်။
“မင်း” ဖန့်ကြွယ်ယွီက ဘာစကားမှ မပြောနိုင်ဘဲ အံ့အားသင့်နေရသည်။
“မိုက်တယ်..ကဲ ကလေးတွေကိုရှာကြစို့”
ဖန့်ကြွယ်ယွီက ဂိုဒေါင်ထဲဝင်သွားသည်။
ဂိုဒေါင်ထဲမှာ ဘာမှမရှိဘဲ ဗလာကျင်းဖြစ်နေသည်။ သစ်သားပြားများဖြင့်လုပ်ထားသော အခန်းငယ်လေးထဲတွင် ကောကျွင်းယွီက သတိမေ့မြောနေသည်။ သူနှင့်အတူ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်နှင့် ကောင်မလေးတစ်ဦးပါ ရှိနေသည်။
“ရှောင်းယွီ ရှောင်းယွီ” ဖန့်ကြွယ်ယွီက သူ့ကိုလှုပ်နိုးသော်လည်း ဘာမှပြန်မထူးပေ။
“သခင်လေး ကလေးတွေက ကြည့်ရတာ ဓာတ်ငွေ့အဆိပ်တစ်ခုခု ရှုမိတဲ့ပုံပဲ။ ဘာမှပြသနာမရှိဘူး။ ဆေးရုံမှာကုသလည်းရသလို အတွင်းအား ကို သုံးရင်လည်းရတယ်”
“ကူးရီ ကလေးတွေက သတိမေ့မြောနေတာ။ မင်း သူတို့ကိုနှိုးပေးပါလား”သူ၏အတွင်းအားကို သုံးသောအခါ လုံးဝပင်ပန်းနွမ်းနယ်ခဲ့သည်ကို သတိရမိသည်။ သူက မေ့မြောနေသော ကလေးတွေကို ထိခိုက်မှုမရှိဘဲ နှိုးနိုင်ပါ့မလားဆိုတာ သံသယဖြစ်မိသည်။
ကံကောင်းချင်တော့ ကူးရီရှိနေသဖြင့် အဆင်ပြေသည်။
“ဟုတ်ကဲ့။ ဒါပေမဲ့ ငါ့အတွင်းအားက သာမန်လူနဲ့မတူဘူး။ ကလေးတွေ ဒုက္ခရောက်မှာဆိုးတယ်”
“ဒါဆိုလည်း ထားလိုက်ပါတော့။ အနီးအနားက ဆေးရုံကို သွားကြတာပေါ့။ သူတို့နိုးလာရင် မိဘတွေကို သတိရပြီး ထငိုရင် ဒုက္ခပါပဲ”
ကောရှင်းယွီကို သူ့မောင်လေးသတင်းကို အကြောင်းကြားလိုက်သည်။ ထိုသတင်းကိုကြားပြီး ယောင်ရီဖန်းက ဝမ်းသားလွန်းပြီး ငိုမိသည်။ ကောရှုကလည်း ယခုမှသာ သက်ပြင်းကောင်းကောင်းချနိုင်သည်။
“နည်းနည်းတော့ ရှုပ်တယ်။ တခြားကလေးတွေလည်းပါနေတော့ ကလေးတွေကိုငါပဲ ဆေးရုံခေါ်သွားလိုက်မယ်။ မင်းနောက်မှ ဆေးရုံကိုလိုက်လာခဲ့တော့” ဟု ဖန့်ကြွယ်ယွီက စီစဉ်ပေးသည်။
စာစဉ်ပြီး၏