← Chapters

ဝင်ရောက်ခွင့်ထိန်းချုပ်တယ်

Vol. 7 Ch. 86

ဝင်ရောက်ခွင့်ထိန်းချုပ်တယ်

Vol. 7 Ch. 86

“မန်နေဂျာဟုန်..ဒီပစ္စည်းတွေကို ကျန်းနန် ဗီလာနံပါတ်တစ်ကို တိုက်ရိုက်ပို့ပေးလို့ရမလား။ ခင်ဗျားတို့ဆီမှာ ပို့ပေးတဲ့ဝန်ဆောင်မှုရှိတယ်မဟုတ်လား”ဟု ဖန့်ကြွယ်ယွီက မေးသည်။

“စိတ်မပူပါနဲ့ မစ္စတာဖန့်။ ဒီပစ္စည်းတွေကို သေသေချာချာလေး ပို့ပေးပါ့မယ်။ လူကြီးမင်းဖန့်ရဲ့ အိမ်ဆီကို ဘာမှမဖြစ်ဘဲနဲ့ ရောက်အောင်ပို့ပေးပါ့မယ်” ဟုန်ယန်က သူ၏ရင်ဘတ်ကိုပုတ်ရင်း ဆိုသည်။

ဤရတနာများသည် ဘီလီယံနှင့်ချီပြီး အဖိုးတန်တာမို့ သေသေချာချာ လုံခြုံရေးနှင့် လိုက်ပါပြီး ပို့ဆောင်ရမည်။

“ဒီအိန်ဂျယ်နှလုံးသားလည်ဆွဲကို အခုယူသွားလို့ရမလား” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“ဟုတ်ကဲ့ခင်ဗျ အခုချက်ချင်း ယူသွားလို့ရပါတယ်” ဖန့်ကြွယ်ယွီက သူ့ဘဝအတွက်လာဘ်ကောင်လေးဖြစ်သည်။ သူ၏ ပြိုင်ဘက်များက သူ၏အနေအထားကိုသိရပါက ဖြစ်ပျက်သွားမည့်အမူအရာကိုမှန်းဆမိသည်။

“ဒီမှာခင်ဗျ ဒီဆွဲကြိုးလေးကိုယူလို့ရမလား” ဆိုင်ထဲမှာရောက်နေသော ထိုအမျိုးသားက နှစ်သောင်းတန်ပလက်တီနမ်ဆွဲကြိုးကို ကောက်ယူလိုက်သည်။ သူရွေးလိုက်သော ဆွဲကြိုးသည် ခြောက်ဘီလီယံတန်သည့် ရတနာများနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။ ထိုပမာဏသည် သူ့အတွက် ပါမွှားလောက်သာဖြစ်သည်။

“ငါ ပြောတဲ့အတိုင်းကတိတည်ရမှာပေါ့” ဟု ဖန့်ကြွယ်ယွီကဆိုသည်။

“မန်နေဂျာဟုန် ဒီဆွဲကြိုးကတော့ ပိုက်ဆံရှင်းတဲ့ထဲမပါသွားဘူးထင်တယ်..အင်း”

“ဟား..ရပါတယ်ဗျာ ဒီဆွဲကြိုးကို မစ္စတာဖန့်အတွက် လက်ဆောင်ပေးတယ်လို့ သဘောထားပေးပါဗျာ” နှစ်သောင်းက ဟုန်ယန်အတွက် ဘာမှ မပြောပလောက်ပေ။

“ကျေးဇူးတင်ပါတယ် မန်နေဂျာာဟုန်”

နတ်သမီးလည်ဆွဲကို ကောရှင်းယွီကို ဝတ်စေချင်နေပြီဖြစ်သည်။ ဆိုင်ဝန်ထမ်းက လုံခြုံရေးအရ သော့ခတ်သိမ်းဆည်းထားသော လည်ဆွဲတစ်ခုခုဖြစ်မှာဆိုးသောကြောင့် လက်အိတ်ဝတ်ပြီး သေသေချာချာယူပေးသည်။

“မင်းအတွက် ငါ ဆွဲပေးမယ်”

“ဟုတ်ပြီလေ” ကောရှင်းယွီက ခေါင်းညိမ့်ပြသည်။ ထိုလည်ဆွဲက တန်ဖိုးကြီးလှသည်။ သာမန်ငွေဆွဲကြိုးဖြစ်နေလျှင်တောင်မှ ဖန့်ကြွယ်ယွီပေးသောလက်ဆောင်ဖြစ်သောကြောင့် အဖိုးမဖြတ်နိုင်ပေ။

ဖန့်ကြွယ်ယွီ ထင်ထားသည့်အတိုင်း ကောရှင်းယွီက လည်ဆွဲနှင့် အလွန်လိုက်ဖက်လှသည်။ သူမ၏ ဖြူလျလျလည်ပင်းပေါ်တွင် နတ်သမီးနှလုံးသားလည်ဆွဲက အလွန်လှပသည်။

“မင်း သဘောကျလား” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“ကြိုက်တယ်..ဒါပေမဲ့ နည်းနည်းတော့လေးတယ်” ဤမျှလောက် တန်ဖိုးကြီးသောအရာကို သူမဘဝမှာ တစ်ခါမှမဝတ်ဆင်ဘူးပေ။ စိန်ကာရက်ပေါင်းများစွာ၏ အလေးချိန်ကို အခုမှ သိရသည်။

“ဟားဟားဟား” ကောရှင်းယွီ၏ချစ်ဖို့ကောင်းသော အမူအရာကိုမြင်ရပြီး ဖန့်ကြွယ်ယွီ သဘောမကျဘဲမနေနိုင်ပေ။

“ဒီလည်ဆွဲက အရမ်းလေးတယ်ဆို ငါနဲ့လက်ထပ်ပြီးမှ မင်းဝတ်လေ”

“ဟုတ်ပါပြီ” ကောရှင်းယွီ၏ ဦးခေါင်းက ဖန့်ကြွယ်ယွီ၏ ရင်ဘတ်နားကိုကပ်ထားသည်။

“အဟမ်း..မစ္စတာဖန့် ညစာလိုက်ကျွေးပါရစေ” ဟုန်ယန်က အလွန်ပျော်ရွှင်နေသည်။

ဖန့်ကြွယ်ယွီက ငယ်ရွယ်သော်လည်း သူက အလွန်ချမ်းသာလှသည်။ ဤအသက်အရွယ်နှင့် အလွန်ချမ်းသာနေသော ဖန့်ကြွယ်ယွီနှင့် ခင်မင်ရင်းနှီးခွင့်ရခြင်းက သူ့အတွက် ကောင်းကျိုးများစွာရနိုင်သည်။ သူ့မိသားစု၏လုပ်ငန်းကိုဆက်ခံသောအခါမှာလည်း အကျိုးအမြတ်ရှိနိုင်သည်။

“နောက်တစ်ချိန်မှပေါ့” ဖန့်ကြွယ်ယွီက ချက်ချင်းငြင်းပယ်လိုက်သည်။

သူက ကောရှင်းယွီနှင့် ပထမဆုံးအကြိမ်ချိန်းတွေ့သည့်နေ့မှာ အခြားလူတစ်ဦးအတွက်အချိန်မပေးလိုပေ။

“အို..ဟား…ဆောရီးပါဗျာ။ ကျွန်တော်အလိုက်မသိသလိုများဖြစ်နေမလား” သူ၏ ဖိတ်ကြားမှုက အချိန်အခါမကျပေ။

“ဒါဆိုလည်း နောက်တစ်ခေါက်မှညစာလိုက်ကျွေးပါရစေ။ ဒီပစ္စည်းတွေကိုမနက်ဖြန်နေ့လည်နောက်ဆုံးထားပြီး လူကြီးမင်းဖန့်အိမ်ကိုပို့ပေးပါ့မယ်”

“ကျေးဇူးပါ” ဖန့်ကြွယ်ယွီက ထိုသို့ပြောပြီး ကောရှင်းယွီနှင့်အတူဆိုင်ထဲက ထွက်သွားသည်။

“ထူးဆန်းတာ ကျန်းနန်မြို့မှာ ဒီလိုငယ်ငယ်လေးနဲ့ လူချမ်းသာရှိနေတာလား”ဟုန်ယန်က နားမလည်နိုင်အောင်ဖြစ်ရသည်။ ဟုန်ယန်ရတနာလုပ်ငန်းကိုကျန်းနန်မြို့က လူချမ်းသာအသိုင်းအဝိုင်းက မသိသူမရှိပေ။ မျိုးရိုးနာမည် ဖန့်ရှိသော သူဌေးနာမည်မကြားဖူးပေ။

“မန်နေဂျာ..သူက ဝီဘိုမှာနာမည်ကြီးနေတဲ့ ဥက္ကဌဖန့် မဟုတ်လား” ဝန်ထမ်းတစ်ဦးက ရှန်ဟိုင်းမှာရိုက်ထားသော ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီပုံကို အမှတ်ရမိသည်။

“သူကိုး ..အဲ့တာဆိုရင်တော့ မထူးဆန်းတော့ပါဘူး” ဟုန်ယန်က ဝမ်ချုံးနှင့်ရင်းနှီးတာမို့ ဖန့်ကြွယ်ယွီအကြောင်းကို အထိုက်အလျောက်သိသည်။

“မန်နေဂျာ ဒီဆိုင်က..”

“ဒီဆိုင်က ပစ္စည်းတွေအကုန်ရောင်းပြီးပြီလေ။ ဘာကြောင့်ဖွင့်ဖို့လိုဦးမလဲ။ ဆိုင်ကိုပိတ်ပြီး ဝန်ထမ်းတွေကို ၃လစာပေးပြီး ခွင့်ပေးလိုက်ပါ။ ငါက ဟုန်ရတနာလုပ်ငန်းကို ဆက်ခံမှသာမင်းတို့ဒီဆိုင်ကို ပြန်လာခဲ့”

ဟုန်ယန်၏ စကားကိုကြားပြီး ဆိုင်ဝန်ထမ်းများက အံ့အားသင့်ကုန်ကြသည်။ ယနေ့က သူတို့အတွက် ကံကောင်းသော နေ့ဖြစ်သည်။ လူတစ်ဦး၏အောင်မြင်မှုက လူအများကို ကောင်းကျိုးဖြစ်စေသည်။

ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီက လက်ချင်းချိတ်ပြီး လမ်းလျှောက်နေကြသည်။

“နောက်တစ်ကြိမ်ကျရင် ပိုက်ဆံကို အလဟသမဖြုန်းပါနဲ့”

“ဒါက အလဟသဖြုန်းတာမှမဟုတ်တာ။ မင်းကြိုက်တယ်ဆို ဘယ်လောက်သုံးရသုံးရ ကိစ္စမရှိဘူး”

“မရပါဘူး။ ပိုက်ဆံတွေကုန်သွားရင်ဘယ်လိုလုပ်မလဲ”

“ဒါဆိုလည်း မင်းက နာမည်ကြီးမင်းသမီးဖြစ်သွားရင် မင်းအနားမှာနေပြီး ကပ်စားမှာပေါ့..ဟားး”

“ငါက သူဌေးသမီးမှ မဟုတ်တာ” ဟုဆိုကာ ရှင်းယွီက ရယ်မောသည်။

“ဒါနဲ့ ငါ သီချင်းသွင်းဖို့အဆင်သင့်ဖြစ်နေပြီ။ ဆရာမကပြောတာတော့ စတူဒီယိုမှာအသံသွင်းလို့ရပြီ ပြောတယ်”

“တကယ်လား။ ကုမ္ပဏီနေရာအခြေကျပြီဆိုတာနဲ့ ငါတို့စကြမယ်လေ”

ရှင်းယွီမီဒီယာအတွက် စာရွက်စာတမ်းများအဆင်သင့်ဖြစ်သည်နှင့် ကျွမ်းရီကို ပစ္စည်းကိရိယာများ အဆင်သင့်တပ်ဆင်နိုင်ရန် ပြောထားရမည်။

“ကျွန်မသေချာလေး ဆိုပေးပါ့မယ်” ဒီသီချင်းသည် ဖန့်ကြွယ်ယွီက သူမအတွက် ပထမဆုံးရေးပေးသော သီချင်းဖြစ်သည်။ သူမက သေချာပိုင်နိုင်စွာဆိုနိုင်ပြီဆိုမှ အသံသွင်းဖို့စိတ်ပိုင်းဖြတ်ထားသည်။

ရုတ်တရက်ဆိုသလို ရှင်းယွီမျက်စိမျက်နှာပျက်လာသည်။

“သွားပြီ နောက်ကျပြီ”

“ဘာဖြစ်တာလဲ”

“ကျွန်မတို့အဆောင်ကဆယ်နာရီခွဲပိတ်တာ အခုက ဆယ့်တစ်နာရီရှိနေပြီ” ကောရှင်းယွီက ဖုန်းကိုကြည့်သောအခါ သူ၏အခန်းဖော်များ၏ ဖုန်းခေါ်ဆိုမှုပေါင်းများစွာကိုတွေ့ရသည်။ ရဲခေါ်ဖို့ လိုနေပြီလားဟုလည်း group chat ထဲမှာ စနောက်ထားကြသည်။

“နင်ရောက်နေပြီလား။ ဘယ်မှာလဲ။ အလုပ်တွေများနေပြီလား”

“ရှင်းယွီ နင်ယောကျာ်းနောက်လိုက်သွားတာလား”

“ရှင်းယွီ ငါရဲခေါ်လိုက်ရတော့မလား။ နင်အတင်းအကြပ်တစ်ခုခုလုပ်ခံနေရပြီဆို ငါတို့ကိုပြောပါ”

အခန်းဖော်များ၏ အသံမက်ဆေ့ချ်များက အစီအရီဝင်လာသည်။

“ဟား” ဖန့်ကြွယ်ယွီက အားပါးတရရယ်မိသည်။

“ကဲ အာ့ဆို ခုဘယ်လိုလုပ်မလဲ” ရှင်းယွီ၏ အိမ်သားများကလည်းအိပ်နေပြီဖြစ်တာမို့ ဒီအချိန်မှ အိမ်ပြန်ဖို့မသင့်တော်ပေ။

“ဒီနေ့ည ငါ့အိမ်မှာလိုက်အိပ်ရင်ရော”

“ဟမ်” ကောရှင်းယွီ၏ မျက်နှာရဲတက်လာသည်။ သူတို့၏ ချစ်သူဘဝပထမဆုံးနေ့မှာတင် အိမ်မှာလိုက်အိပ်ဖို့ ခေါ်တာက မြန်သည်ဟု ထင်မြင်မိသည်။

“စိတ်မပူပါနဲ့..ငါ့အိမ်က ကျယ်ပါတယ်။ငါညဘက်မှာ မဟုတ်တာတစ်ခုခုလုပ်မှာမင်းမကြောက်ရင်ပေါ့ ဟား”

“ဘယ်သူက ရှင့်ကိုကြောက်လို့လဲ” ကောရှင်းယွီကလေထဲကိုလက်သီးတစ်ချက်ထိုးလိုက်သည်။

“ရှင်တစ်ခုခုလုပ်ကြည့်လေ ထိုးပစ်လိုက်မယ်”

All Chapters