← Chapters

ငါရွေးချယ်ခဲ့တယ်

Vol. 7 Ch. 87

ငါရွေးချယ်ခဲ့တယ်

Vol. 7 Ch. 87

“ဒါက မင်းနေရမဲ့နေရာပါ” ကောရှင်းယွီက တွေးထားသည့် ဖန့်ကြွယ်ယွီ၏ အိမ်ပုံစံထက် လက်တွေ့ဘဝမှာရှိနေသော အိမ်ပုံစံက ပိုပြီးကြီးကျယ်ခမ်းနားလှသည်။

“ဟုတ်တယ်..ဒါပေမဲ့ ဒီအိမ်မှာတစ်ယောက်ထဲနေရတာပျင်းစရာကြီး..ဒီအိမ်မှာ နေပေးဖို့ ကောင်မလေးတစ်ယောက်လောက်လိုနေပြီ” ဟု ဖန့်ကြွယ်ယွီက မရှက်မရွံ့ဘဲ ပြောသည်။

“ရှင်က ဘာလို့ ဒီလောက်တောင်စကားပြောကောင်းတဲ့သူဖြစ်လာရတာလဲ”

“ကျွန်မ ဒီမှာ တစ်ညပဲအိပ်မှာနော်။ မနက်ဖြန်ကျရင် အဆောင်ကိုပြန်မှာ”

မနက်ဖြန်မှာ သူ၏အခန်းဖော်များကို အာပေါက်မတတ်ရှင်းပြရမည့်အတွေးကို သူမတွေးထားမိသည်။

“ဗိုက်ဆာပြီလား။ တစ်ခုခုစားမလား။ ငါ့စားဖိုမှူးတွေက ၂၄နာရီ ခုနှစ်ရက်လုံး အသင့်ရှိနေတာ”

“ရပြီ တော်ပြီ။ မစားတော့ဘူး။ ညဘက်မှာအများကြီးစားမယ်ဆို အစာအိမ်အတွက်မကောင်းဘူး။”

“ဟား မင်းက ကျန်းမာရေးလိုက်စားတာပဲ”

“ရှင်က အနုပညာခံစားမှုကောင်းတာပဲ။ ရှင့်အိမ်မှာပန်းချီကားတွေအများကြီးပဲ” သူမ၏မိဘများက ပညာတတ်ဖြစ်ကြပြီး သူမကိုငယ်စဉ်ကတည်းက ကောင်းမွန်သောပညာရေးဖြင့် ထိတွေ့စေခဲ့သည်။

“ဒီပန်းချီလက်ရာတွေက မူရင်းအနုပညာရှင်ရဲ့လက်ရာအတိုင်း အနီးစပ်ဆုံး တူအောင်ဆွဲနိုင်တာပဲ”

“မင်းမှားနေပြီ။ ဒါတွေအားလုံးက မူလအနုပညာရှင်ရဲ့ လက်ရာတွေပဲ”

“မဖြစ်နိုင်တာ။ ရှင်က ဘယ်လောက်ပဲချမ်းသာနေပါစေ ဒါတွေက ဥရောပတိုက်မှာဆို နိုင်ငံ့ရတနာတွေလေ။ အပိုင်ရဖို့ လွယ်မှမလွယ်တာ” ရှင်းယွီက ဧည့်ခန်းမှာလိုက်ပတ်ကြည့်ရင်း ပြောနေမိသည်။

သူမက စန္ဒရားမေဂျာအထူးပြုယူထားသူဖြစ်တာမို့ သူမ၏အာရုံက ချိုပင်၏ စန္ဒရားကိုမျက်စိကျသွားသည်။

“ဒီစန္ဒရားက နှစ်အတော်ကြာပြီမဟုတ်လား” သူမက စန္ဒရားကီးဘုတ်ကိုထိသောအခါ ဖုန်တစ်စက်မှမရှိသဖြင့် ထိန်းသိမ်းမှုကောင်းမွန်လှသည်ဟု စိတ်ထဲမှချီးကျူးမိသည်။

“ဒါက ချိုပင်ကို ငါ့ရဲ့ဘိုးဘွားတွေက လက်ဆောင်ပေးခဲ့တာ။ ချိုပင်ကွယ်လွန်တော့ ဒီစန္ဒရားကို ငါ့တို့ဆီပြန်ပို့ပေးလိုက်တာ” ဘေးနားမှာ ထွင်းထားသော စာလုံးများကိုပြသသည်။

“ဒါက တကယ့်အစစ်ပဲ” သူမက လက်ရေးအစစ်ဟုတ်မဟုတ်မသိသော်လည်း စန္ဒရား၏ သမိုင်းကြောင်းအရတော့ အစစ်ဖြစ်လောက်သည်။

“ရှင့်မိဘတွေ ဘာလုပ်လဲဆိုတာတော့ ကျွန်မမသိဘူး။ ဒါပေမဲ့ ထင်ထားတာထက်ပိုပြီးချမ်းသာမဲ့ပုံပါ”

“မင်းယုံမလားတော့မသိ။ ငါက ဒီကမ္ဘာမြေရဲ့ ဧကရာဇ်တစ်ဦးပါ။ ဒီကမ္ဘာမြေမှာ ရှိသမျှ အရာအားလုံး မင်းအပါဝင်ပေါ့ အားလုံး ငါပိုင်တယ်” ဖန့်ကြွယ်ယွီက ရှင်းယွီ၏ ခါးကိုလှမ်းဖက်သည်။ အိမ်ကိုရောက်သောအခါ သူက ထင်ထားသည်ထက်ပိုပြီးရဲတင်းလာသည်။

“သိသားပဲ။ ရှင့်အိမ်ကို လိုက်လာဖို့ခေါ်ထဲက တစ်ခုခုရှိမယ်ဆိုတာ သိပါတယ်” ကောရှင်းယွီက သူ၏အကြည့်ကို ရင်မဆိုင်နိုင်ပေ။ သူမ၏မျက်နှာက ချက်ချင်းဆိုသလို နီမြန်းလာသည်။

ဖန့်ကြွယ်ယွီ၏ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။

“ဒါပေမဲ့ ရှင်မဟုတ်တာ တစ်ခုခုလုပ်မယ်ဆို ရှင့်ကိုထိုးပစ်မှာနော်”

ကောရှင်းယွီသည် ရှေးဆန်သောကောင်မလေးတစ်ဦးဖြစ်သည်။ သူမ၏ ဘဝတစ်လျှောက်လုံးစာကိုသာတစိုက်မတ်မတ်ကြိုးပမ်းခဲ့သည်။ ကောလိပ်ရောက်သောအခါ မိသားစုပြသနာများကို ဖြေရှင်းပေးရသူမို့ ဖန့်ကြွယ်ယွီက သူမ၏ဘဝမှာ ပထမဆုံးချစ်ခဲ့ရသူဖြစ်သည်။

သူမက လူတစ်ဦးကိုချစ်မိသည်နှင့် သူမ၏ ခံစားချက်ကိုမပြောင်းလဲပေ။ သူမကို ဖန့်ကြွယ်ယွီက စွန့်ပစ်လျှင်တောင်မှ သူ့အနားမှာတွယ်ကပ်နေဦးမည်။ သို့သော် တချို့ကိစ္စများအတွက်တော့ သူမအဆင်သင့်မဖြစ်သေးပေ။

“သူ့ဘက်က ဒီညမှာ ဇာတ်လမ်းစလာလျှင် ငါငြင်းလိုက်ရမလား” ကောရှင်းယွီက အတွေးကမ္ဘာနယ်ချဲ့နေမိသည်။

“ဟုတ်ပြီ။ရေချိုးလိုက်ဦး။ ခုချိန်မှာ မင်းကို ဘာမှမလုပ်ပါဘူးကွာ” သူလုပ်နေကျအတိုင်း သူမ၏ဆံပင်ကို ခပ်ဖွဖွသပ်ရင်း “မင်းဝတ်ဖို့ မင်းနဲ့တော်တဲ့ အဝတ်အစားတွေပြင်ထားပေးတယ်။ ရေချိုးခန်းက ဒုတိယအထပ်မှာရှိတယ်။ ငါ့အခန်းဘေးမှာပေါ့။ မင်း ဒီညမှာတော့ ဘေးအခန်းမှာအိပ်လေ”

ထိုသို့ပြောရင်း ဖန့်ကြွယ်ယွီက တတိယအထပ်မှာရှိနေသော ရေချိုးခန်းဆီ လျှောက်လှမ်းသွားသည်။

ဖန့်ကြွယ်ယွီထွက်ခွါသွားတာကိုမြင်ရပြီး ကောရှင်းယွီတစ်ယောက်စိတ်ထဲတမျိုးဖြစ်မိသည်။

သူ့ဘက်ကရှေ့ဆက်တိုးလျှင်တောင်မှ သူမက ငြင်းဆိုနိုင်မည်မဟုတ်ပေ။ ဖန့်ကြွယ်ယွီက သူမကို တန်ဖိုးထားတာမို့ သူမ၏ ဆန္ဒမပါဘဲ ရှေ့ဆက်မတိုးပေ။ ခုခေတ်မှာ ထိုကဲ့သို့ယောကျာ်းမျိုးရှားပါးနေပြီဖြစ်သည်။

“ဪ သူက လွယ်တာကိုခက်အောင်လုပ်နေတာပဲ” ဖန့်ကြွယ်ယွီက အပေါ်ထပ်ကိုတက်သွားသောအခါ သူ၏လမ်းလျှောက်သည့်ပုံစံ ပြောင်းလဲသွားသည့်အပေါ် ရှောင်းရီက မှတ်ချက်ပြုမိသည်။

“ပိုင်ရှင်..ဘာလို့အခွင့်အရေးရနေရဲ့သားနဲ့ ဆုံးရှုံးခံတာလဲ”

“မင်း ဘာသိလို့လဲ။ ငါက ငါ့အဖေလိုမဟုတ်ဘူး။ ဒီညမှာ ငါဘာပဲဖြစ်ဖြစ် သူ့ကိုလက်ဖျားနဲ့တောင် မတို့ဘူးလို့ ကျိန်ရဲတယ်”

ရေအေးနှင့် ရေချိုးပြီးနောက် သူ၏စိတ်များလန်းဆန်းလာသည်။ရည်းစားနှင့်တအိမ်ထဲအတူရှိနေပြီး ဘာမှမလုပ်ဘဲနေနိုင်ဖို့ သူအတော်လေး ထိန်းချုပ်ထားရသည်။

သူ့အခန်းကိုပြန်ရောက်သောအခါ အခန်းမီးလင်းနေဆဲဖြစ်ပြီး ရေတစ်စက်စက်ကျသံများကြားနေရသည်။

“မိန်းကလေးတွေ ရေချိုးတာ အတော်ကြာတာပဲ”

“ပိုင်ရှင် ဝင်သွားတော့လေ”

“မင်းပါးစပ်ပိတ်ထား။ မင်းက ဥာဏ်ရည်စနစ်လား ဘယ်လိုစနစ်လဲ”

သူ၏အခန်းထဲကိုရောက်သောအခါ ကွန်ပျူတာကိုဖွင့်ပြီး ဝီဘိုအကောင့်ကိုကြည့်သည်။ သူ၏

ဖော်လိုဝါအရေအတွက်က သန်း၂၀နီးပါးရှိနေပြီဖြစ်သည်။ သို့သော် သူ၏ လုပ်ပိုင်ခွင့်အဆင့်ပြီးမြောက်မှုက ၃၀%ပဲရှိတာမို့ ပြီးမြောက်ရန်အတော်လေးလိုသေးသည်။

“ဒီနေ့မှာ ငါ စာအိတ်နီ ၁၀၀၀လက်ဆောင်ပေးမယ်။ တစ်ယောက်ကို တစ်သောင်းစီရမယ်။ ဘာလို့ပေးတာလဲ မမေးပါနဲ့။ ဒီတိုင်းစိတ်ပါလို့ ပေးတာပါ”

လက်ဆောင်ပေးဖို့က သူ့အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်လာသည်။

“ဟား ဒီအချိန်အခါကိုစောင့်နေတာကြာပြီ။ ဥက္ကဌဖန့် လက်ဆောင်ပေးမဲ့အချိန်ကို စောင့်နေတာ။ ဒီတစ်ခါတော့ ငါရမှာ”

“ငါတို့ကို လက်ဆောင်တွေပေးပြီး နှုတ်ပိတ်ဖို့ကျန်နေတာမလား။ မစ္စရှင်းယွီနဲ့ တွဲနေတာမလား။ သူမက liveလွှင့်တာ မတွေ့ရတာအတော်ကြာပြီ”

“ဒီနေ့ ဘိုင်တာပလာဇာမှာ ဥက္ကဌဖန့်က ကောင်မလေးတစ်ယောက်ကို ကားပေါ်ခေါ်တင်သွားတယ်လို့ ပြောနေကြတယ်။ အဲ့ကောင်မလေးက ရှင်းယွီများလား”

“အဲ့သတင်းက သေချာလား”

“မဟုတ်တာ။ငါ့ယောကျာ်းက ငါ့ဘေးမှာရှိနေတယ်။ မဟုတ်တာလျှောက်မပြောကြပါနဲ့”

“မဟုတ်တာတွေမပြောကြပါနဲ့။ သူက ငါ့ယောကျာ်းပါ”

“ဒီလိုလူတွေက နေရာတိုင်းမှာရှိတာပဲ သေစမ်း”

ညနေဘက်တုန်းက ချိန်းတွေ့သည့်အကြောင်းကို သိကြလိမ့်မည်ဟု သူ မထင်မိပေ။

“ကလစ်” ဖန့်ကြွယ်ယွီ အိပ်မောကျခါနီးမှာ သူ၏အခန်းတံခါးပွင့်လာသည်။

ရေချိုးပြီးနောက် ကောရှင်းယွီက ဘောင်းဘီတိုနှင့် တီရှပ်အပွစားဝတ်ထားသော်လည်း သူမကလှပနေဆဲဖြစ်သည်။ သူမ၏ ဆံပင်က မခြောက်သေးပေ။

“သူမက ငါပြစ်မှုကျူးလွန်မိအောင် ဆွဲဆောင်နေတာပဲ”

“အာ ရှင့်အိမ်ကြီးက ကျယ်လိုက်တာ။ တစ်ယောက်ထဲနေရတာ ကြောက်ဖို့ကောင်းလိုက်တာ။ ဒီမှာရှင်နဲ့အတူတူ အိပ်လို့ရမလား” ကောရှင်းယွီက မေးသည်။

“အို..ဘုရားရေ ဒီည ငါမင်းကို ဘာမှမလုပ်ဘူးလို့ပြောထားတယ်လေ။ မင်းဘာလို့ မကြောက်မရွံ့ ရှေ့တိုးနေတာလဲ”

“ဟမ်..ဘာမှမဖြစ်ပါဘူး” ကောရှင်းယွီက ပြေးလာပြီး ဖန့်ကြွယ်ယွီ၏ ဘေးနားမှာလှဲချသည်။

“ငါ ဒီည ဒီမှာအိပ်မှာ” ကောရှင်းယွီက ရှက်ပြုံးပြုံးပြီးပြောသည်။

“ဒီကောင်မလေးက ငါ့ကိုလာစမ်းနေတာပဲ” ကောရှင်းယွီ၏ စိတ်ကို ဖန့်ကြွယ်ယွီက ချက်ချင်းသိလိုက်ရသည်။

“ကလစ်” ဖန့်ကြွယ်ယွီက မီးကိုပိတ်လိုက်သည်။ အခန်းတစ်ခန်းလုံး အသံတိတ်နေပြီး သူတို့နှစ်ဦး၏ အသက်ရှုသံများကိုသာကြားနေရသည်။

သူမ၏ခါးကို လာဖက်သောအခါ စိတ်လုံခြုံမှု နှင့် နွေးထွေးမှုကို ကောရှင်းယွီခံစားမိသည်။ဖန့်ကြွယ်ယွီ ဆိုသည်မှာ သူမ အမှတ်မမှားပေ။

All Chapters