← Chapters

....လှပတဲ့မနက်ခင်း

Vol. 7 Ch. 88

....လှပတဲ့မနက်ခင်း

Vol. 7 Ch. 88

ဖန့်ကြွယ်ယွီအတွက်တော့ ဤဖြစ်ရပ်သည် စမ်းသပ်မှုကြီး တစ်ခုဖြစ်သည်။

ကောရှင်းယွီက သူ၏ အသက် ရှုသံကိုကြားရပြီး အိပ်မောကျ နေခဲ့သည်။

မနက်ခင်းအလင်းရောင်ထွက်လာသောအခါ ဖန့်ကြွယ်ယွီနိုး ထလာပြီး သူ၏လက်ထဲမှာ တစ်စုံတစ်ရာကို ဆုပ်ကိုင်ထား သည်ဟု ရုတ်တရက်ခံစားမိပြီးအလျင်အမြန်ထလိုက်သည်။

သူ၏ အိပ်စက်ပုံက ဘယ်အချိန်ကများ ပြောင်းလဲသွားခဲ့ တာလဲ။

ကံကောင်းချင်တော့ ကောရှင်းယွီက မနိုးသေးပေ။ မဟုတ်ပါက ဖန့်ကြွယ်ယွီ၏ ပါးပြင်ပေါ်တွင် လက်ဝါးရာ ထင်နေလိမ့်မည်။

“အာ..ငါ့ခန္ဓာကိုယ်ကြီးထဲမှာ ဘာမှ မရှိသလို ခံစားချက်ကြီး” ဟုဆိုကာ ဖန့်ကြွယ်ယွီ သက်ပြင်းချသည်။ သူ၏ခန္ဓာကိုယ်နှင့် အတွေးများကို ချုပ်တည်းနိုင်သော်လည် သဘာဝအလျောက် တုံ့ပြန်မှုများကိုတော့ မရပ်တန့်နိုင်ပေ။

တစ်ညလုံးစိတ်ကိုချုပ်တည်းနေထိုင်ခဲ့ရသည်မှာ အလွန်ခဲယဉ်း လှပေသည်။

“ဒါက ဘာလဲ” တဖြည်းဖြည်းချင်းနိုးထလာသော ကောရှင်းယွီ သည် တစ်စုံတစ်ရာက သူမ၏ နောက်ကျောကို ပွတ်သပ်နေ သယောင် ခံစားမိသည်။

ထိုအရာက ဘာဖြစ်မလဲဆိုတာကိုတွေးတောနေရင်း အိပ်စက်ခြင်းမှ နိုးထလာသည်။

“ရှင်..လူယုတ်မာကောင်”

ကောရှင်းယွီက စောင်ကိုအလျင်အမြန်ဆွဲယူလိုက်ရင်း သူမကိုယ်သူမ ရစ်ပတ်လိုက်သည်။

“ငါတို့ အတူတူတောင် အိပ်ခဲ့ကြသေးတာကို..ဘာလို့ လူယုတ်မာလို့ ပြောနေရသေးတာလဲ” ဖန့်ကြွယ်ယွီက ခပ်တိုးတိုးလေးပြောသည်။

“မင်းက စိုးရိမ်တယ်သာပြောတယ်။ ဒါပေမဲ့ တစ်ညလုံး ငါနဲ့အတူတူအိပ်ဖို့ ငြင်းဆန်ခဲ့ပြီးမှ ခုမှငါကဘာလို့ လူယုတ်မာဖြစ်သွားရတာလဲ” ဟု ဖန့်ကြွယ်ယွီက အိပ်ရာနိုးနိုးချင်း သူလုပ်ခဲ့မိသည့်အရာကို မေ့လျော့ပြီး အရှက်မရှိပြောနေခဲ့မိသည်။

“မသိဘူး သွား..ရှင်က ယုတ်မာတာပဲ” ကောရှင်းယွီက သူ့ကို ရှက်ရွံ့သောအကြည့်နှင့် ကြည့်နေသည်။

“ငါ မနေ့ညက မင်းကိုဘာမှ မလုပ်ခဲ့ပါဘူးကွာ။ မင်းက သားရဲကောင်လည်းမဟုတ်ပါဘူး။ ခုတော့ မင်းက ငါ့ကို လူယုတ်မာကောင်လို့ ပြောနေတာ။ ခံစားရတယ်” ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“မွ” ကောရှင်းယွီက သူ့ပါးကို ညင်ညင်သာသာနမ်းလိုက်သည်။

“ဒါက မနေ့ညက ရှင့်ရဲ့ အပြုအမူကောင်းတွေအတွက် ဆုချပေးတာ”

“ဟင် ဒီလောက်ပဲလား။ “ဖန့်ကြွယ်ယွီက စိတ်ထဲမကျေနပ်ပေ။ သူက တစ်ညလုံး ခံစားချက်များကို ချုပ်တည်းခဲ့ရသည်။

“မရဘူးကွာ…ငါ ဒီ့ထက်ပိုပြီးလိုချင်သေးတယ်”

“အား”

ဖန့်ကြွယ်ယွီက ကောရှင်းယွီကို ဖက်ထားပြီး မနက်ခင်း စောစောမှာ အနမ်းများတရစပ်ခြွေလိုက်သည်။

“တွီ တွီ တွီ”

ထိုအချိန်မှာ ဖုန်းသံကိုကြားလိုက်သောအခါ ချစ်ခင်ကြင်နာ နေကြသော နှစ်ဦးသား ပုံမှန်အသိစိတ်ပြန်ဝင်လာကြသည်။

“အဲ့တာ..ကျွန်မဖုန်း” ကောရှင်းယွီက ခေါင်းအုံးအောက်က သူမ၏ဖုန်းကို ညွှန်ပြသည်။

ဖန့်ကြွယ်ယွီက မယုံသင်္ကာအကြည့်ဖြင့်ကြည့်သည်။ ထိုဖုန်းက ဤအချိန်ကျမှ အချိန်ကိုက်ဝင်လာသည်။ ဖုန်းဆက်တဲ့လူက ဘယ်သူလဲဆိုတာသိချင်သည်။ သိရပါက ထိုလူကို တစ်စစီဆွဲဖြဲလိုက်ချင်သည်။

“ကောရှင်းယွီ..မနေ့ညက နင်ဘယ်တွေရောက်နေတာလဲ။ ငါတို့ အဖွဲ့ထဲမှာ ပို့တဲ့စာကိုလည်း အကြောင်းလည်းမပြန်။ ငါတို့ဖုန်းလည်းမကိုင်ဘူး။ ငါတို့က ရဲတောင်ခေါ်တော့မလို့” ဒေါသတကြီးဖြစ်နေသော အမျိုးသမီးအသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ငါတို့မနေ့ညကကြည့်တဲ့ရုပ်ရှင်က နောက်ကျမှပြီးတာ။ ပြီးတဲ့အချိန်ကျတော့ ကျောင်းတံခါးကပိတ်နေပြီ။ အဲ့တာမို့ ငါမပြန်လာတော့တာ” ကောရှင်းယွီက မျက်နှာစူပုပ်နေသော ဖန့်ကြွယ်ယွီကိုတစ်ချက်ခိုးကြည့်သည်။

“ဒါဆို နင်တို့မနေ့ညက ဘယ်ကိုသွားနေကြလဲ။ ဟိုတယ်မှာအိပ်ကြတာလား။ ကောရှင်းယွီ နင့်ဦးနှောက်လေးနဲ့ နည်းနည်းပါးပါးစဉ်းစားဦး။ နင် ဒီလောက်လွယ်လွယ်လေးနဲ့ ပါသွားတာလဲ။ ပြောစမ်း။ သူက မနေ့ညက နင့်ကိုတစ်ခုခု လုပ်လိုက်သေးလား”

“ဟာ ဘယ်ကသာ။ နင်တို့ဘာတွေလျှောက်ပြောနေတာလဲ။ ငါတို့ဟိုတယ်မှာမအိပ်ကြဘူး”

“ဟူး..တော်သေးတာပေါ့” ရှောင်လင်းက သက်ပြင်းချသည်။

“မနေ့ညက သူ့အိမ်မှာလိုက်နေခဲ့တာ”

“ဘယ်လို နင်က သူ့အိမ်မှာလား” ကောရှင်းယွီ၏ အဖြေက ရှောင်လင်းကို ပေါက်ကွဲစေသည်။

ရှင်းယွီက ကျားသားရဲတွင်းထဲ လိုလိုလားလား ခုန်ဆင်းခဲ့ တာလား။

ကောရှင်းယွီ၏ စိတ်သဘောထားအရဆို လွယ်လွယ်ပါမည့်လူ မဟုတ်လောက်ပေ။

“စိတ်ချပါဟာ။ ငါတို့ ဘာမှ မဖြစ်ခဲ့ကြပါဘူး။ သူက ငါ့ကို အရမ်းတန်ဖိုးထားတာ” ဟု ကောရှင်းယွီက ရှင်းပြသည်။

“ဒါတောင် ငါ့ကို လူယုတ်မာလို့ ခေါ်သေးတာ” ဟု ဖန့်ကြွယ်ယွီ က တိုးတိုးလေး ရေရွတ်သည်။

“တော်သေးတာပေါ့” ကောရှင်းယွီ၏ စကားကိုကြားရတာ လိမ်မည့်ပုံတော့မဟုတ်နိုင်ပေ။

“ဒီလိုလုပ်လေ။ နောက်တစ်ခါကျ နင့်ရည်းစားကိုပါ ခေါ်လာခဲ့။ ငါတို့ တစ်ခုခု အတူတူစားကြရင်း သူ့အခြေအနေကို အကဲခတ်ကြတာပေါ့”

“နောက်တစ်ခါလုပ်မနေနဲ့။ ဒီညပဲဆိုရင်ရော” ကောရှင်းယွီ၏ ဘက်ကိုရွှေ့လိုက်ရင်း ဖန့်ကြွယ်ယွီက ပြောသည်။

“ရှင်းယွီ သူက နင်နဲ့အတူရှိနေတာလား”

“အင်းအင်း ဆိုပါတော့” ကောရှင်းယွီက ဖန့်ကြွယ်ယွီကို လှမ်းကြည့်သည်။

“နင်ဘာလုပ်နေတာလဲ”

“ဘာဖြစ်လဲ။ ဘာပဲဖြစ်ဖြစ် တွေ့ကြရမှာပဲလေ။ ဒီည မင်းရဲ့အတန်းဖော်တွေနဲ့တွေ့လိုက်မယ်လေ။ စောစောစီးစီး တွေ့လိုက်မယ်ဆို သူတို့လည်း အကဲခတ်ဖို့ အချိန်ပိုရတာပေါ့”

“ဟား ရှင်းယွီ..နင့်ကောင်လေးက အလိုက်အထိုက်နေတတ် သားပဲ”

ကောင်မလေးတစ်ယောက်က ချစ်မိလျှင် သူငယ်ချင်းများကို အထောက်အပံ့ပြုနိုင်သည်။ သို့သော် မိန်းကလေးတစ်ဦးက အချစ်ရေးမှာ ဒုက္ခရောက်လျှင် သူငယ်ချင်းများ၏ စိတ်ခွန်အားပေးမှုကို လိုအပ်ပေသည်။

“ကဲ အဲ့တာဆို ဒီနေ့ည ငါးနာရီခွဲမှာ ကျောင်းပေါက်ဝမှာ စောင့်နေမယ်။ ကိုလူချောရေ ငါတို့သူငယ်ချင်းရှင်းယွီကို သေချာပြန်လိုက်ပို့ပေးနော်”

“မှဲ့တစ်ပေါက်မစွန်းစေရပါဘူးဗျာ။ စိတ်ချ…အကောင်း ပကတိအတိုင်းပြန်ပို့ပေးပါ့မယ်ဗျာ” ဟု ဖန့်ကြွယ်ယွီက ရယ်မောရင်းဖြေသည်။

“ရှင်ဘာလို့ လွယ်လွယ်လေး သဘောတူလိုက်တာလဲ။ ကျွန်မသူငယ်ချင်းတွေက မလွယ်ဘူးနော်။ ရှင့်ပိုက်ဆံတွေကုန်သွားအောင် သူတို့ လုပ်ကြလိမ့်မယ်”

“ဘာဖြစ်လဲ။ မင်းနဲ့တစ်ညလုံးတောင်ရှိနေတာပဲဟာ။ မင်းက ငါ့ကို ပိုက်ဆံစုခိုင်းဖို့ စဉ်းစားနေပြန်တာလား” သူမ၏ နှာခေါင်းကို အသာအယာဖျစ်ညှစ်ရင်း ဖန့်ကြွယ်ယွီကဆိုသည်။

“တော်တော့..မလုပ်နဲ့တော့။ ကျွန်မနှာခေါင်းကျိုးတော့မယ်”

“ကျွန်မသူငယ်ချင်းတွေကိုလွယ်လွယ်နဲ့ ရှင့်ဘက်ပါအောင် လုပ်လို့ရမှာမဟုတ်ဘူးနော်။ သူတို့က ရှင့်ကို စိတ်ကျဉ်းကြပ် အောင် လုပ်ကြမှာ သေချာတယ်”

“မထင်ပါဘူး။ မင်းမိဘတွေတောင် ငါ့ကိုအနေခက်အောင် မလုပ်ခဲ့ဘူးလေ။ ဪဟုတ်သားပဲ။ ဦးလေးကောတို့ဆီလည်း သွားလည်ရဦးမယ်”

ကောရှင်းယွီ၏ အခန်းဖော်များက ပေါင်းရခက်မည်မထင်ပေ။ သူတို့ကို အစားအသောက်ကောင်းကောင်းလေးကျွေးပြီး လက်ဆောင်လေးပေးလိုက်ပါကအလွယ်တကူမိတ်ဖွဲ့နိုင်သည်။

“ကျေးဇူးတင်ပါတယ်” ကောရှင်းယွီက ဖန့်ကြွယ်ယွီ၏ရင်ဘတ် နားကို မှီလိုက်ချိန်တွင် စိတ်ထဲနွေးထွေးသွားမိသည်။

“ငါတို့ကြားမှာ ကျေးဇူးတင်ဖို့မလိုပါဘူးကွာ” ဖန့်ကြွယ်ယွီက ပြုံးပြသည်။

“ဒါပေမဲ့ ခုလေးတင်ဖြစ်ခဲ့တဲ့အရာတွေအတွက် ငါ့ကိုဘယ်လို လျော်ပေးမှာလဲ”

“ဟမ်” ကောရှင်းယွီက ဇဝေဇဝါဖြစ်နေသည်။

“ဟဲဟဲ” ဖန့်ကြွယ်ယွီက သူမကို တစ်ချက်ရိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို သူတို့၏အခန်းမှ ချစ်ကြည်နူးသံများ ပေါ်ထွက်လာသည်။

အဆုံးသတ်အချိန်ထိ ဖန့်ကြွယ်ယွီက ဘာမှမလုပ်မိအောင် စိတ်ထိန်းထားနိုင်သည်။ သူက စိတ်ထဲလန်းဆန်းသွားစေရန် ရေချိုးခန်းဝင်လိုက်ရသည်။

“ရှောင်းရီ ငါလုပ်ရမဲ့မစ်ရှင်က ခုထိဘာလို့ မပြီးသေးတာလဲ။ ရှင်းယွီနဲ့ရည်းစားဖြစ်ပြီဆို မစ်ရှင်ပြီးပြီဆို။ ဘယ်မှာလဲ ငါ့အတွက်ဆုလာဘ်” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“ပိုင်ရှင်..မစ်ရှင်က ပြီးတယ်လို့ ယူဆလို့မရသေးပါဘူး။ မစ်ရှင်ပြီးဖို့ဆို လုပ်ရမဲ့ ကိစ္စလေးတွေရှိသေးတယ်”

“ဘယ်လို” ဖန့်ကြွယ်ယွီ ထဆဲမိမတတ်ဖြစ်သွားသည်။ သူက ရှင်းယွီနှင့် ရည်းစားဖြစ်ပြီးသည့်တိုင် ဘာများထပ်လုပ်ဖို့ လိုသေးတာလဲ။ ဤဥာဏ်ပညာစနစ်က တစ်ခုခုတော့ ထူးဆန်းလှသည်။

“အပြုအမူတွေပေါ့..ငါ့ကိုအပြစ်မတင်ပါနဲ့။ အရင်ပိုင်ရှင်က ဆုံးဖြတ်ခဲ့တာ။ ရပိုင်ခွင့်အဆင့်တစ်ကိုရချင်တယ်ဆို အရင်ပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်”

“ဟုတ်ပါပြီ…အဖေ.. ဒီတစ်ခါတော့ အသာစီးရပါပြီ” သူလျှောက်ရမည့်ခရီးက အဝေးကြီးလိုသေးသည် ဟု ခံစားမိလာသည်။

တစ်ခြားလောကတွင်...

“ဘာဖြစ်တာလဲ” ဟု ချောင်လန်ကမေးသည်။

“ဘာမှ မဟုတ်ဘူး။ ငါ့သားက ငါ့ကို သတိရနေပုံပဲ” ဟု ဖန့်ဟွိုက်က ပြန်ဖြေသည်။

“ငါတို့မိဘတွေရဲ့ သဲလွန်စက ဒီနေရာမှာ ပျောက်သွားတာ ဆိုတော့ ဒီနားတစ်ဝိုက်မှာတစ်ခုခုရှိရမယ်။ ဖြည်းဖြည်းချင်း ထပ်ရှာကြတာပေါ့”

All Chapters