.. နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့လမ်း
Vol. 7 Ch. 93
ချီတုံက ဖန့်ကြွယ်ယွီကို ဝမ်းပန်းတသာကြိုဆိုသည်။ သူ့အတွက် ရေနွေးကြမ်းတစ်အိုးအား သူ့မိန်းမကို ပြင်ခိုင်းခဲ့သည်။ ဖန့်ကြွယ်ယွီအဖို့တော့ ရေနွေးကြမ်းကို အရသာခံပြီး မသောက်တတ်ပေ။ သူ့အတွက် ရေနွေးကြမ်းက ရေနှင့် မခြားနားပေ။
“ဒါနဲ့ မင်းနာမည်ကဘယ်လိုခေါ်လဲ”
“ဟုတ်..ကျွန်တော်က ဖန့်ကြွယ်ယွီပါ” ထိုသို့မေးမှ သူ့ကိုယ်သူမိတ်ဆက်ဖို့ မေ့နေတာ သတိရသွားသည်။ “ခုလက်ရှိ ကျန်းနန်တက္ကသိုလ်ရဲ့ သတင်းအချက်အလက်နည်းပညာဌာနမှာ ပညာသင်ကြားနေပါတယ်။ ဖန့်လို့ တရင်းတနှီးခေါ်နိုင်ပါတယ်”
“ကွန်ပျူတာသိပ္ပံမေဂျာကလား” ချီတုံက ယခုမှ ပိုပြီးတအံ့တဩဖြစ်ရသည်။
ကွန်ပျူတာသိပ္ပံကျောင်းသားက ဘယ်လိုလုပ်ပြီး ဇီဝဗေဒနှင့် မျိုးရိုးဗီဇအပိုင်းမှာ ပါဝင်နေတာလဲ။
သို့သော် ထိုအရာများက အရေးမကြီးပေ။ သူသိချင်သည်မှာ ထိုမျိုးရိုးဗီဇအစိတ်အပိုင်းတစ်ခုကိုအပင်၏ မူလ DNA ထဲကို အမှားအယွင်းမရှိ မည်သို့မည်ပုံ လုပ်ဆောင်ခဲ့လဲဆိုတာဖြစ်သည်။
သူတို့နှစ်ဦးက စကားစမြည်ပြောကြသည့်အခါ ဖန့်ကြွယ်ယွီ၏ ပညာအရည်အချင်းက မနိမ့်ပါးကြောင်း ချီတုံ သိလိုက်ရသည်။ ဖန့်ကြွယ်ယွီ၏ အတွေးအမြင်သစ်များက သူ၏လက်ရှိအမြင်များကိုပါ စိန်ခေါ်နေသည်။
“ဖန့်..ဆရာ မင်းရဲ့ မျိုးရိုးဗီဇမျိုးပွါးခြင်း စနစ်ကို အရင်ဆုံးကြည့်လို့ရမလား” ချီတုံက သိချင်စိတ်ကို အချိန်အကြာကြီး မျိုသိပ်ခဲ့ရသည်။
“မင်းစိတ်ပူတယ်ဆို ဒီဖြစ်စဉ်တစ်ခုလုံးကိုမှတ်တမ်းယူထားချင်ထားပါ။ ဒါမှမဟုတ် လျှို့ဝှက်ချက်မပေါက်ကြားစေရပါဘူးဆိုတဲ့သဘောတူညီချက်မှာ လက်မှတ်ထိုးထားမလား”
“ပရော်ဖက်ဆာချီ..အဲ့လိုလုပ်ဖို့မလိုပါဘူး။ ဆရာ့ကို ယုံကြည်ပါတယ်” သူသာ ချီတုံကို မယုံပါက ချဉ်းကပ်ခဲ့မည်မဟုတ်ပေ။ ဖန့်ကြွယ်ယွီက သူ့ကွန်ပျူတာနှင့်တကွ ဆက်စပ်ပစ္စည်းများကို ယူထုတ်လာသည်။
ချီတုံ၏ လက်က ကွန်ပျူတာ mouseကို ကိုင်ရင်းတုန်ရီနေသည်။ သူက မျက်မှန်ကြီးတပ်ပြီး စာထဲမှာပါဝင်သောအကြောင်းအရာများကို တစ်ခုမကျန် အသေးစိတ်ဖတ်ရှုနေသည်။
ဤသုတေသနတွင် သုံးထားသော နည်းလမ်းများက ဆန်းသစ်သည်။ ဖန့်ကြွယ်ယွီက အသေးစိတ်ရှင်းပြနိုင်ပုံကိုကြည့်ပြီး ဤသုတေသန ဖော်ထုတ်နိုင်မှုအပေါ် ယုံကြည်သွားမိသည်။ သူက ဤသုတေသနကို ခိုးယူထားလျှင်တောင်မှ သေချာရှင်းပြနိုင်မည်မဟုတ်ပေ။
သူပိုပြီးဖတ်ကြည့်လေလေ အံ့အားသင့်ရလေလေဖြစ်သည်။သူ၏ နည်းလမ်းများကို စမ်းသပ်ခန်းမှာလုံးဝလုပ်ဆောင်နိုင်သည်။ သူတွေးသလို မည်သူကမှ မတွေးနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ သုတေသနစွမ်းဆောင်ချက်များက အမှန်တကယ်လေးစားလောက်ပေသည်။
သူက ထိုသုတေသနတစ်ခုလုံးကို နှစ်နာရီကြာ သေချာဖတ်ရှုလေ့လာနေမိသည်။ တစ်ချိန်လုံးရှင်းပြနေရသော ဖန့်ကြွယ်ယွီလည်း ရေနွေးတစ်အိုးလုံးကုန်သည်အထိ သောက်ခဲ့ပြီးပြီဖြစ်သည်။
“ဝိုး မိုက်လိုက်တာ”ချီတုံက အကုန်လုံးကို ဖတ်ခဲ့ပြီးဖြစ်သည်။ တချို့ရလဒ်များက ပြန်လည်ဆန်းစစ်ရန်လိုသော်လည်း ၉၀% သောရလဒ်များက သေချာပေါက်အဆင်ပြေသည်။ ဖန့်ကြွယ်ယွီအနေဖြင့် သုတေသနမေးခွန်းတစ်ခုအတွက် အဖြေထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
သူက mouse ကို လက်မှချပြီး ဖန့်ကြွယ်ယွီကို လူထူးဆန်းတစ်ဦးကဲ့သို့ ကြည့်နေမိသည်။
“ဖန့်..မင်းသုတေသနကို တကယ့်အဆင့်မြင့်ဂျာနယ်တွေမှာ တင်သွင်းလို့ရတယ်။ မျိုးရိုးဗီဇပြောင်းလဲခြင်းအပိုင်းသာ အဆင်ပြေပြေဖြတ်ကျော်နိုင်ရင် မင်းသုတေသနက ကမ္ဘာကျော်ပြီ။ နိုဘယ်ဆုတောင်မှန်းလို့ရတယ်။ အဲ့တာကို ဘာြဖစ်လို့ငါ့ဆီလာတာလဲ”
“ပရော်ဖက်ဆာချီ..ဘယ်သူမှ မဖြေရှင်းနိုင်တဲ့ သုတေသနတစ်ခုကို အသက်၂၀အရွယ် ကွန်ပျူတာမေဂျာကျောင်းသားက လုပ်နိုင်တယ်ဆို ဆရာဘယ်လို ယူဆမလဲ”
“အင်း..ဒီကောင်က လူထူးလူဆန်းမလား”
“ဟားး..တွေ့လား ဆရာတောင် အဲ့လိုထင်တယ်မဟုတ်လား။ အဲ့တာကြောင့် ဒီရလဒ်ကို ထုတ်လို့မရတာပေါ့”
“ဒါဆို…ဘာလို့လဲ”
“ဒီသုတေသနကို ဆရာတို့အဖွဲ့ကပဲ ထုတ်ပြန်ပေးနိုင်မှာ။ ဆရာသိတဲ့အတိုင်း ကမ္ဘာကြီးမှာ ပတ်ဝန်းကျင်ပြသနာတွေက တစတစများပြားလာတာ။အဲ့ထဲကမှ သဲကန္တာရဖြစ်ထွန်းတဲ့ပြသနာက ဆိုးရွားတယ်လေ။ ဒီသုတေသနက အရမ်းကို အသုံးတည့်မယ်ဆို သေချာပြောရဲတယ်”
“မဖြစ်နိုင်ဘူးလေ။ ငါတို့အဖွဲ့လုပ်တာမှမဟုတ်တာ” ဖန့်ကြွယ်ယွီ၏ ဆိုလိုရင်းကို သူသဘောပေါက်သော်လည်း သူ၏ သုတေသနဆိုင်ရာကိုယ်ကျင့်တရားအရ ထိုအရာကိုမလုပ်ပေးနိုင်ပေ။
“ပရော်ဖက်ဆာချီ အရင်မငြင်းပါနဲ့ဦး။ ကျွန်တော်တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို နားထောင်ကြည့်ပါ” ထိုသို့ငြင်းဆန်လိုက်သဖြင့် ချီတုံကို သူပိုလို့တောင်လေးစားမိသည်။
“ကောင်းပြီလေ..နားထောင်ကြည့်မယ်”
“ကျွန်တော်နဲ့သူငယ်ချင်းတစ်ဦးက ရုပ်ရှင်မြို့တော်တည်ထောင်ဖို့ ကြိုးပမ်းနေကြတာပါ။ အဲ့အတွက်မြေနေရာကျယ်ကြီးတစ်ခုလိုအပ်တယ်။ သိတဲ့အတိုင်း မြေက ရဖို့ခက်ခဲတာမို့။ သဲကန္တာရမှာ ဆောက်ဖို့ ကြိုးပမ်းနေတာပါ”
“ခဏလေး” ဒါက ပညာရေးနှင့် မသက်ဆိုင်တော့ပေ။
“ဘယ်လိုလုပ်ပြီး ရုပ်ရှင်မြို့တော်နေရာဖြစ်သွားတာလဲ။ ငါမင်းပြောတာတွေကို မနည်းအမှီလိုက်နေရတယ်။ ဒီအပင်တွေကို သဲကန္တာရမှာစိုက်ပြီး ရုပ်ရှင်မြို့တော်တည်ထောင်ချင်တာလား”
“ဟုတ်ပါတယ်။ အဲ့သဘောမျိုးပါ။ မဖြစ်နိုင်လို့လား” ဟု ဖန့်ကြွယ်ယွီက မဝံ့မရဲမေးသည်။
“ဟား..မင်းက တကယ့်ကိုလူထူးလူဆန်းပဲ။ ငါ့ကိုချဉ်းကပ်ပြီး ဒီသုတေသနကို ထုတ်ပြန်ခိုင်းမယ်။ ပြီးတော့ လက်တွေ့စမ်းသပ်နိုင်ဖို့ အစိုးရဆီက မြေတောင်းမယ်။ စမ်းသပ်မှုပြီးတာနဲ့ မင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ စတော့မယ်”
ချီတုံက သူ့အကြံကို ခပ်မြန်မြန်သဘောပေါက်သည်။
“မင်းတွေးသလိုဆို လကမ္ဘာပေါ်မှာ ရိုက်ကွင်းတည်နေရာဖန်တီးချင်တယ်ဆို ပတ်ဝန်းကျင်အနေအထားကို အရင်ပြောင်းဖို့လိုတယ်လေ”ဟု ချီတုံက စနောက်သည်။
“ဒါပေမဲ့ ဒီအကြံကတကယ်ကောင်းတာပါ။ နည်းနည်းထူးဆန်းပေမဲ့လူသားတွေအတွက် တကယ်အကျိုးရှိတာပါ။ မင်းကိုယ်တိုင်လုပ်ဖို့မလိုပါဘူး။ ငါကိုယ်တိုင် အစိုးရအာဏာပိုင်တွေကို ဆက်သွယ်ပါ့မယ်။ မင်းက ဒီနည်းပညာကိုဖြန့်ဝေပေးမယ်ဆို အစိုးရဘက်က အထူးပေါ်လစီတစ်ရပ်အနေနဲ့ မင်းကို ထောက်ပံ့ပေးမှာပါ”
“တကယ်လား” ချီတုံက သူ့ကို လိုလိုလားလား ကူညီပေးလိမ့်မည်ဟု မတွေးထားပေ။
“ဒါပေါ့..ဒီသုတေသနက ငါအကြာကြီးလေ့လာခဲ့တာတွေကို ဖြေရှင်းပေးနိုင်ခဲ့တာလေ။ ဒါပေမဲ့ နည်းပညာကို ဘယ်သူတီထွင်လဲဆိုတာနဲ့ပတ်သက်ပြီး နည်းနည်းပြသနာရှိတယ်။ ဒီလိုလုပ်ပါ့လား”
“ဟုတ်ကဲ့ပြောပါ”
“ဒီရလဒ်ကို တက္ကသိုလ်နာမည်သုံးပြီးထုတ်ပြန်လိုက်ပါ။ ရတဲ့အကျိုးအမြတ်ကို မင်းပဲသိမ်းထားမယ်ဆို နှစ်ဖက်လုံး အကျိုးရှိတယ်မဟုတ်လား”
“ဟုတ်သားပဲ။ ကျွန်တော်ဘာလို့ မတွေးမိပါလိမ့်” သမ္ဘာနှင့် ဝါ၏ စဉ်းစားတွေးခေါ်နိုင်မှုကို အသိအမှတ်ပြုရပေမည်။
“ဒါဆို တက္ကသိုလ်ကလည်း မင်းရဲ့ရလဒ်အပေါ်မှာ အကျိုးခံစားရမှာပေါ့”
“ဖြစ်သင့်တာပေါ့။ တက္ကသိုလ်က ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့တာလေ။ ကျေးဇူးပြန်ဆပ်တဲ့သဘောပဲပေါ့”
“ဟုတ်ပြီ။ ဒါဆို ငါ အစိုးရပိုင်းကိုဆက်သွယ်ပေးမယ်။ အဆင်ပြေပြီဆိုမင်းကိုပြန်ပြီးဆက်သွယ်ပေးမယ်။ အဆင်သင့်တော့ပြင်ထားလေ။ သူတို့မေးလာခဲ့လျှင် ရှင်းပြလို့ရတာပေါ့။ ဒါမှ ဆွေးနွေးတဲ့အခါ အဆင်ပြေမှာ”
“ခုလိုကူညီပေးလို့ ကျေးဇူးအထူးတင်ပါတယ် ပရော်ဖက်ဆာချီ”