← Chapters

ပျောက်ဆုံးနေသောကောကျွင်းယွီ

Vol. 7 Ch. 95

ပျောက်ဆုံးနေသောကောကျွင်းယွီ

Vol. 7 Ch. 95

“ခုထိ ဘာသတင်းမှ မရသေးဘူးလား” သူတို့လေးယောက်သည် တစ်ယောက်တစ်နေရာစီ နာရီဝက်နီးပါးလောက် တစ်လမ်းလုံး မြေလှန်ရှာခဲ့သည်။

“မတွေ့ဘူး။ ဒီနားက စတိုးဆိုင်ကလည်း ရှောင်းယွီကိုမတွေ့မိဘူးတဲ့” ယောင်ရီဖန်းက မျက်ရည်စမ်းတမ်းတမ်းဖြစ်နေသည်။ ကျောင်းကဆင်းပြီး တစ်နာရီကျော်ကြာသည်အထိ ပြန်မတွေ့သေးတာမို့ တစ်ခုခုဖြစ်နေသည်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

“ဒုက္ခပါပဲ” ဖန့်ကြွယ်ယွီက ချက်ချင်းပင် မီးပွိုင့်နားမှာရှိသော ကင်မရာများကို သတိထားမိသည်။ ကျန်းနန်လိုမြို့ကြီးမှာ လမ်းတစ်လျှောက် cctvများ ရှိလောက်ပေမည်။

“ရှောင်းရီ..ကလေးက ဘယ်မှာရှိနေလဲဆိုတာ မင်းစုံစမ်းပေးမလား”

အခုချိန်မှာ ရှောင်းရီပဲကူညီနိုင်တော့မည်။

“ကြိုးစားကြည့်မယ်လေ” ရှောင်းရီက အဖြေကို ရေရေရာရာမပေးသွားပေ။ သူက ကမ္ဘာအနှံ့က ဒေတာများကို ယူနိုင်သော်ငြား ကင်မရာမျက်ကွယ်မှာရှိနေသော နေရာများမှာတော့ ကျွင်းယွီ၏ သတင်းအစအနကို လိုက်ရန် ခဲယဉ်းပေမည်။

“ပိုင်ရှင်..ငါတွေ့ပြီ” တစ်ခဏအကြာမှာပင် ရှောင်းရီထံမှ အားတက်ဖွယ်သတင်းပြန်ရလာသည်။

“ဘာဖြစ်ခဲ့တာလဲ” ဟု ဖန့်ကြွယ်ယွီက စိတ်မရှည်နိုင်ပဲမေးမိသည်။

“သူ ဒုက္ခရောက်နေတာ” ရှောင်းရီက cctv မှတ်တမ်းရလာသည်။

ကောကျွင်းယွီသည် ၁၁နာရီထိုးခါနီးမှာ ကျောင်းမှထွက်လာပြီး အရှေ့ကလမ်းဆုံကို ရောက်ရှိချိန်တွင် ကားတစ်စီးက သူ့ဘေးမှ အရှိန်ဖြင့်ဖြတ်လာပြီး သူ့ကို ကားပေါ်ကို ဆွဲခေါ်တင်သွားသည်။ သူတို့၏ လုပ်ပုံကိုင်ပုံကိုကြည့်ရတာ အတွေ့အကြုံရှိသည့် လူဆိုးဂိုဏ်းပုံပေါ်သည်။

“သေစမ်း..ဘယ်လိုဖြစ်တာပါလိမ့်” မှတ်တမ်းကိုပြန်ကြည့်သောအခါ ကားသည် အနောက်ဘက်ကို ဦးတည်မောင်းသွားပြီး ယခုအခါ ကျန်းနန်မြို့ပြင်လောက်မှာ ရောက်နေလောက်မည်။ ဆက်ပြီး ကားကို ခြေရာခံမရပုံကိုကြည့်ပြီး cctvမရှိသောနေရာသို့ ရောက်သွားပုံရသည်။

“ဘယ်လိုလုပ်ကြမလဲ..သူတို့ကိုပြောလိုက်ရတော့မလား” မကောင်းမှုဒုစရိုက်များစွာလုပ်နေသော လူဆိုးဂိုဏ်းများစွာရှိသည်။ ကောကျွင်းယွီကို အချိန်မီမကယ်တင်နိုင်ပါက သေချာပေါက် သတင်းဆိုးသာကြားရမည်။

“အန်ကယ် အန်တီ အိမ်ကိုခဏပြန်လိုက်ပါဦး။ကျွန်တော် ရှာကြည့်လိုက်မယ်” သူ သေချာစဉ်းစားကြည့်သောအခါ သူတို့ကို စိတ်မပူစေတာက ပိုပြီးကောင်းပေလိမ့်မည်။

“သာလေး ဖန့်..အန်တီတို့ဘာဆက်လုပ်ရမလဲ” ယောင်ရီဖန်းက ဝမ်းနည်းလာပြီး ငိုကြွေးမိသည်။ သူမ၏ ယောကျာ်းက နေပြန်ကောင်းလာစအချိန်တွင် သားဖြစ်သူက ပျောက်ဆုံးပြန်သည်။ ကောင်းကင်ဘုံက သူမကို ရက်ရက်စက်စက်ကျီစယ်သည်ဟု တွေးမိသည်။

“အန်တီ စိတ်အေးအေးထားပါ။ အခြေအနေအရမ်းမဆိုးလောက်ပါဘူး။ ကျွန်တော့်အဆက်အသွယ်ကနေတစ်ဆင့် ညီလေးကို ရှာကြည့်ပါဦးမယ်။ အဲ့တာမှ မတွေ့တော့ဘူးဆို ရဲစန်းသွားပြီး အမှုဖွင့်ကြမယ်လေ”

“ဒါပေမဲ့”

“ရီဖန်း စိတ်ကိုအေးအေးထားစမ်းပါ။ ခုချိန်မှာ သားလေးဖန့်ပြောသလိုပဲလုပ်ကြတာပေါ့” ဖန့်ကြွယ်ယွီ၏ နည်းလမ်းက ပိုပြီး သဘာဝကျသည်ဟု ကောရှုတွေးမိပြီး ပြောလိုက်သည်။

“ရှင်းယွီအန်တီ့ကို ဂရုစိုက်လိုက်ဦး။ ငါ့ဆီက သတင်းကိုစောင့်နေနော်” ဖန့်ကြွယ်ယွီက ကားကို ကျန်းနန်မြို့၏ အနောက်ဘက်ကို ဦးတည်ပြီးမောင်းသွားသည်။

“ရှောင်းရီ..ကျန်းနန်မြို့အနောက်ဘက်မှာ ဘာရှိတာလဲ” ထိုကားက မြို့နှစ်မြို့၏ နယ်စပ်နားမှာပဲရှိဦးမည်ဟု သူယူဆသည်။ ရှောင်းရီက ဘေးပတ်ဝန်းကျင်မြို့များမှာ ရှာဖွေသင့်သည်။

“လယ်ကွင်းနဲ့ စက်ရုံတွေရှိတယ်” “အဲ့နေရာတွေမှာရှာကြည့်ပြီးပြီ မတွေ့ဘူး”

“ဂြိုဟ်တုနဲ့ချိတ်ဆက်ပြီးပြီလား”

“ဒါပေါ့..ဒါပေမဲ့ လူသားတွေသုံးတဲ့ ဂြိုဟ်တုတွေမှာကကြည်လင် ပြတ်သားမှုအားသိပ်မကောင်းနေတော့ ကားရဲ့ပုံကို တိတိကျကျ မရိုက်ထားနိုင်ဘူး”

“သေစမ်းကွာ” ဖန့်ကြွယ်ယွီက ဒေါသထွက်ပြီး ကားစတီယာတိုင်ကို ထုမိသည်။ သူ့မှာ ကောင်းမွန်သော နည်းပညာပံ့ပိုးမှုရှိနေသော်ငြား လူတစ်ယောက်ကိုတွေ့အောင်မရှာနိုင်သည့်အပေါ် အသုံးမကျဘူးဟု ခံစားလာမိသည်။

“ပိုင်ရှင် ခဏလေး။ အဲ့နားမှာ စွန့်ပစ်ထားတဲ့ ဂိုဒေါင်တွေရှိတဲ့နေရာတစ်ခုရှိတယ်”

“သံထည်ပစ္စည်းတွေသိုလှောင်ဖို့သုံးတာ။ -နောက်ပိုင်းမှာစက်ရုံက နေရာရွှေ့သွားတော့ နေရာဟောင်းကို အသုံးမပြုတော့ဘဲ ပစ်ထားခဲ့ကြတာ”

“ဒါဆို ရှောင်းယွီကို အဲ့နေရာကို ဖမ်းခေါ်သွားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အရင်ဆုံးသွားကြည့်ရမှာပဲ”

ဖန့်ကြွယ်ယွီက ထိုနေရာကိုမြန်မြန်ရောက်နိုင်ရန် ကားကိုအသားကုန် အရှိန်တင်ပြီးမောင်းသည်။

“ပိုင်ရှင် ဒီလိုပျာယာခတ်နေမယ်ဆို ကောင်လေးကိုကယ်နိုင်ပါ့မလား။ တစ်ခုခုစီစဉ်ပေးရမလား”

ဖန့်ကြွယ်ယွီ၏ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းသော်လည်း လူဆိုးဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်းရင်ဆိုင်ခြင်းက အန္တရာယ်များလှပေသည်။

“အကူအညီ..ဒီအချိန်ကျမှ ဘယ်နားကနေ အကူအညီသွားတောင်းမလဲ”

“စိတ်မပူပါနဲ့..ငါရှာတဲ့အကူအညီနဲ့ဆို တစ်ဖက်လူဆိုးဂိုဏ်းက စစ်တပ်ဖြစ်နေရင်တောင် အသာလေးအမှုန့်ကြိတ်နိုင်တယ်”

“အင်း” သူ၏ မိထွေးဖြစ်သူက ကမ္ဘာမှာအစွမ်းထက်ဆုံး စွမ်းအားရှင်အဖွဲ့အစည်းတစ်ခုကို စီမံအုပ်ချုပ်နေသည်ဟု ရှောင်းရီပြောဖူးတာသူအမှတ်ရသည်။

“ဒါဆို မင်းပြောတဲ့အကူအညီကအချိန်မီရနိုင်ပါ့မလား”

“ရနိုင်တာပေါ့..ပိုင်ရှင်တောင့်တလိုက်ရုံနဲ့ တစ်မိနစ်အတွင်း ပိုင်ရှင်ရဲ့ဘေးကို ရောက်လာမှာ”

“တကယ်ကြီး”

“ငါလိမ်ပြောခဲ့မယ်ဆို ပိုင်ရှင်ခိုင်းသမျှအကုန်လုပ်ပေးမယ်”

“ခဏလေး ပိုင်ရှင်ကို ကူညီဖို့ တစ်ယောက်လောက်ခေါ်လိုက်ဦးမယ်”

“ဒီတစ်ကြိမ်တော့ မင်းကိုယုံလိုက်မယ်”

အချိန်တစ်နာရီအတွင်း ဘာမဆိုဖြစ်သွားနိုင်တာမို့ လမ်းမထက်မှာ မောင်းနှင်ခွင့်ပြုထားသည့် အမြင့်ဆုံးအရှိန်နှုန်းဖြင့် ထိုနေရာကို ဦးတည်ပြီး မောင်းနေခဲ့သည်။

“ပိုင်ရှင် သူရောက်လာပါပြီ” ဆယ်စက္ကန့်အကြာမှာ ရှောင်းရီ၏ အသံကိုကြားလာသည်။

ရှောင်းရီပြောသလိုပင် တစ်ကိုယ်လုံးအနက်ရောင်ဆင်မြန်းထားသော လူတစ်ဦးက သူ့အနားမှာ ရုတ်တရက်ပေါ်လာသည်။

ဖန့်ကြွယ်ယွီက ထိုလူကိုရုတ်တရက်မြင်လိုက်ရသဖြင့် ထိတ်လန့်သွားမိသည်။

“မင်း..မင်း ဘယ်သူလဲ” သူ့အသံများက တုန်ရီနေသည်။

ဒီလူက စွမ်းအားရှင်များလား!

သူက ထိုလူကိုအကဲခတ်ကြည့်သောအခါ အသက်သုံးဆယ်အရွယ်ရှိလောက်မည်ဟု ယူဆရသည်။ ဆံပင်တိုတို၊ အေးတိအေးစက်မျက်နှာထားနှင့် ထိုလူက ထူးဆန်နေသည်။

“သခင်လေး..ငါ့နာမည်က ကူးရီ ပါ။ ငါက ကျန်းနန်မြို့မှာရှိတဲ့ မင်းရဲ့ သက်တော်စောင့်ပါ”

“ဒါကရော ငါ့အဖေစီစဉ်ခဲ့တာပဲလား။ ဒါပေမဲ့မင်းကိုတစ်ခါမှ မတွေ့ဖူးပါဘူး”

“ဟုတ်ပါတယ်။ မစ္စတာ ဖန့်ဟွိုက်စီစဉ်ခဲ့တာပါ။ ငါက သခင်လေးဘေးမှာ အမြဲရှိပါတယ်။ သခင်လေးက မမြင်နေရတာပါ”

“ပိုင်ရှင်..ကူးရီရဲ့ ဘိုးဘေးတွေက စစ်သူကြီးတွေပေါ့။ ဒါပေမဲ့ မကောင်းတဲ့လူတွေကြောင့် မတရားသဖြင့်ကွပ်မျက်ခံရမဲ့အချိန် ဖန့်မိသားစုဘိုးဘေးတွေက ကယ်တင်ပေးခဲ့တာ။အဲ့ကတည်းက ကူးမိသားစုက ဖန့်မိသားစုမျိုးရိုးစဉ်ဆက်နောက်ကို လိုက်ပြီး စောင့်ရှောက်ပေးခဲ့တာ”

“သူက အစွမ်းထက်လား” ဟု ဖန့်ကြွယ်ယွီက တိတ်တိတ်လေးမေးသည်။

“မဆိုးပါဘူး။ ကူးမိသားစုကလည်း အစွမ်းထက်ပါတယ်။ ပိုင်ရှင်ရဲ့မိဘတွေလောက်တော့မဟုတ်ပေမဲ့ သာမန်တပ်တစ်ခုလောက်ကို အသာလေးအလဲထိုးနိုင်တယ်”

“အဲ့လောက်တောင်ပဲလား” ကူးရီ၏ ပုံစံကထိုမျှ အစွမ်းထက်သည်ဟု မထင်ရသဖြင့် ဖန့်ကြွယ်ယွီ အံ့အားသင့်သွားသည်။

“ဘာပဲဖြစ်ဖြစ် ငါ့အဖေက ငါဒုက္ခရောက်အောင်မလုပ်ပါဘူး” ရှောင်းရီကို ဒီတစ်ကြိမ်တော့ ယုံလိုက်မည်။ ဒီအချိန်မှာ ကောကျွင်းယွီ၏ လုံခြုံရေးထက် မည်သည့်အရာကမှ အရေးမကြီးပေ။

“ကူးရီ ငါနဲ့လိုက်ပြီး ကလေးတစ်ယောက်ကိုကယ်ပေးပါဦး”

All Chapters